Sunday 20 March 2011

Adding Blog Lists





ဒီနေ့တော့ ကိုယ်ဖတ်လေ့ ဖတ်ထရှိတတ်တဲ့ ဘလောဂ်တွေကို ကိုယ့် List မှာ ပေါင်းထည့်ထား လိုက်တယ်။ အဲ့ဒီတော့ နောက်ပိုင်းကြတော့ ရှာရလွယ်သွားတာပေါ့။ မဟုတ်ရင် ကွန်ပျုတာပြောင်းသွားရင် တခါပြန်ပြန်မှတ်နေရတယ်။ Google Bookmark ဆိုတာကလဲ ရှိတယ်ပြောတယ်၊တခါလောက်စမ်းသုံးကြည့်ပီးနောက်ထပ်မသုံးဖြစ်တော့ဘူး၊သိပ်အဆင်မပြေသလိုပဲ
ခုတော့ ကိုယ်ဆိုက်ဒ် ကနေ အလွယ်တကူ သွားလို့ရသွားပီ။ 

ဒါတောင်သတိရသလောက်၊မှတ်မိသလောက်ပဲထည့်ရသေးတယ်။ တချို့ဘလောဂ်တွေကသူများဘလော့ဂ်ကိုဖတ်တာကနေတဆင့် သွားတာဆိုတော့ရှာမတွေ့တာ မျိုးရှိသေးတယ်။ ဥပမာ အာဖကန်နစ်စတန်ကနေ မောင်မောင်ဆိုတဲ့သူ တယောက်သူ့အတွေ့အကြုံလေးတွေ ရေးနေတာဆို ထည့်မလိုဟာ ရှာလို့မတွေ့သေးဘူး။ နောက် တောင်ကြီးအဖွဲဆိုတာလဲရှိသေးတယ်။တောင်ကြီးကစားသောက်ဆိုင်တွေအကြောင်းတခါဖတ်ဘူးတာ၊ မဆိုးဘူးကောင်းတယ်၊ပီးတော့ဆင်တဲ့ကလူတွေရေးတဲ့ဆင်တဲကဖီးလည်းအလွယ်တကူရှာမတွေလို့မထည့်ရသေးဘူး။ 
ကိုယ်ကလဲတီးဆိုင်ထိုင်ရမယ်ဆိုတမေ့တမောထိုင်တတ်တာဆိုတော့၊သူတို့ဆိုက်ဒ်ရောက်တော့မြန်မာ ပြည်ကိုအလွမ်း ပြေတာပေါ့။ 

နိုင်ငံခြားက မှန်လုံဆိုင်တွေ. အအေးခန်းနဲ့ဆိုင်တွေ၊ မက်ဘာဂါလို၊ စတားဘဂ်လို ဆိုင်မျိုးတွေ တော့ရှိတယ်။ ဒါပေမယ့်အဲ့လိုဆိုင်မျိုးတွေနဲ့စာရင်အကာအရံသိပ်မရှိပဲဟာလာ။ဟင်းလင်းသစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ဖွင့်ထားတဲ့ဆိုင်မျိုးတွေကိုပိုသဘောကျတယ်။ဥပမာရန်ကုန်ဆိုရင်လမ်းဘေးမှာခုံပုလေးတွေနဲ့ချ ရောင်းတဲံဆိုင်မျိုးတွေ၊နောက်မန်းလေးကဆို ရင် ယူနီဆန်လို၊ Friend လို ဆိုင်မျိုးတွေပေါ့။
ခုသိသလောက်ဂျပန်။အော်စီ။စလုံး၊ဟောင်ကောင်စတာတွေမှာ ဟာလာ၊ဟင်းလင်းဆိုင်မျိုးတွေ သိပ်မရှိ ဘူးလို့ထင်တယ်။ကိုယ်ပဲရှာတာညံတာလားတော့မသိဘူးခုထိမတွေ့ဘူးသေးဘူး။ 

စလုံးကအဲ့လိုမြန်မာပြည်ကဆိုင်တွေနဲံစတိုင်တူတဲ့ ဆိုင်တွေတော့ တွေ့ဘူး ထိုင်ဘူးတယ်၊ ဒါပေမယ့် သူတို့လဘက်ရည်က လုံးဝအရသာခံလို့မရဘူး။ ဘယ်လိုပုံစံမှန်းကိုမသိတာ။ တချို့ကပြောတာတော့နွားမဒန်းသေးသောက်ရသလိုဆိုပါ့လား။
ကိုယ့်တော့သိဘူး။သောက်မကောင်းတာပဲသိတယ်။ အဲ့လိုလဲမပြောဘူး၊တော်ကြာမင်းသောက်ဘူးလို့လားဆို တချို့ကမေးနေဦးမယ်။ ဟုတ်လား ;) တချို့ က လဲ အဲ့ဒီလဘက်ရည်သောက်ပီး ကျင့်သားရသွားတော့ မြန်မာပြည်ပြန်ရောက်တော့၊ မြန်မာပြည်က လဘက်ရည်တောင် မသောက်တတ်တော့ဘူးဆိုပ့ါလား။ 

နောက်ပိုင်း  Research နဲ့ပါတ်သက်လို့ စာတမ်းဖတ်သွားရင်းနဲ့ EUဘက်ရောက်တော့အဲ့ဒီဘက်မှတော့.ပြင်သစ်နဲံအီတလီမှာလမ်းလယ်ခေါင်မှာအဲ့လိုသစ်ပင်တွေအောက်မှာ
ဖွင့်တဲ့ဆိုင်တွေတွေခဲ့ပီး၊တော်တော်ထိုင်လို့ကောင်း တယ်။ အစက ပြင်သစ်က ဆိုင်တွေကို မိုက်လှပါ့လား၊ထိုင်လို့ကောင်းပါ့လားအောက်မေ့နေတာ။နောက်တော့ဘယ်ဟုတ်မလဲ၊နာမည်ကြီးမှာ ပေါ့၊ မြန်မာပြည်မှာ ကိုယ်ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့စာအုပ်တွေမှာတောင် ပြင်သစ်မှာညနေ ပိုင်း ကော်ဖီသောက်ချင်ကြတယ်၊ ထိုင်ချင်တယ် ဆိုပီး တချို့နာမည်ကြီး ကဗျာဆရာတွေ..စာရေးဆရာတွေ ထည့်ထည့် ပြောပြောနေတဲ့ ရှောင်ဇေလီ လမ်းမကြီးက ဆိုင်တွေ ဖြစ်နေတာကိုး။

အီတလီကဆိုင်ကသောက်လို့လဲကောင်းသလိုထိုင်တဲ့နေရာလဲနည်မည်ကြီးလို့ပြောတယ်၊။နာမည် တော့ သတိမထားမိလိုက်ဘူး။ ပြောရင်နဲ့ချော်တော့ငေါ့သွားပီး၊ ဘယ်ဆိုင်တွေ ဘယ်လိုကောင်းကောင်း ထိုင်လို့ကောင်းတဲ့နေရာတော့ အဲ့ဒီပြင်သစ်က ရှောင်ဇေလီကဆိုင်နဲ့ မန်းလေးက ယူနီဆန် ရယ် Friend ရယ်က အကောင်းဆုံးလို့ထင်တယ်။ 

ယူနီဆန်ကတော့ တခုဆိုးတာက ဆိုင်ကသာနေရာလေးကောင်းလို့ထိုင်ချင်တာ စားပွဲထိုး၊ နဲ့လဘက်ရည်က ပုံမလာဘူး။ Service ကတော့ တခါဆက်ဆံ အခါ၁၀၀ လန်ဆိုတာဆိုင်မျိုးပေါ့။ နောက်ပိုင်း Friend လဲမကောင်းတော့ဘူးကြားတယ်။အရင်ဖွင့်ခါစကတော့လဘက်ရည်လဲကောင်းတယ်၊အစားအသောက်ကလ
ဲအကုန်ရတယ်လေ။ပီးရင်ဝါသနာပါရင်မျက်စိအစာလေးလဲကျွေးလို့ရသေးတယ်။
သူငယ်ချင်းတွေဆိုအချင်းချင်းဆုံရင်ပြောနေကြစကားရှိတယ်။ အုန်းလွဲဦးမယ်ဆိုတာ ခေါင်းက ဟိုဘက်လှည့်လိုက်၊နောက်ခနနေဒီဘက်လှည့်လိုက်နဲံဆိုတော့။ နောက်သီချင်းလဲနားထောင် လို့ကောင်းတယ်။ လဘက်ရည်လေးသောက်လိုက်၊ စာအုပ်လေးဖတ်လိုက်။ မျက်လုံးညောင်းရင် ဟိုဟိုဒီဒီ ကြည့်လိုက်၊ သီချင်းလေးနားထောင်လိုက်၊ ဘော်ဒါတွေနဲ့ ညင်းလိုက်ခုံလိုက်နဲ့ တခါတလေ ညနက်လို့ ဆိုင်ပိတ်ရင်တောင် စကားဝိုင်းက ကောင်းတုန်း၊ အရှိန်ရတုန်း။ မပီးသေးဘူး၊ ဒါမျိုးဆို တခါတလေ ၃၅လမ်းက တင်ဝင်းတို့ ဘာတို့အလင်းဆိုင်တွေဖက်ရောက်သွား၊ ဆက်သွားတာ။ အရင်တုန်းကတော့ အဲ့ဒီဆိုင်တွေက အလင်းဖွင့်တယ်လေ။ ခုတော့ သိတော့ဘူး။ 

ခုတောင်ရေးရင်နဲ့ မန်းလေးပြန်ပီး Friend ထိုင်ချင်စိတ်ပေါက်လာပီ။ ဟဟ။။ အဲ့ဒါကြောင့် ဆင်တဲကဖီးဆိုတဲ့ ဆိုက်ဒ်ကို အမှတ်တရရှိနေတာ။ အဲ့မှာက ဘလက်ကော်ဖီတို့၊ ချိုပေါ့တို။ ပေါ့ဆိမ့်တို အဆုံရှိတယ်ဆိုပါ့လား။  ဒီဆိုက်လေးတွေကို တော့ နောက်ရှာတွေ့မှ ပဲ အေးအေးဆေးဆေး ထပ်ဖြည့်မယ်။ ဒီ List တွေအကုန် နေတိုင်းဖတ်တိုင်းတော့ မဟုတ်ဘူး။ တချို့ဘလောဂ်တွေကို နေတိုင်းရောက် ဖြစ်ပေမယ့် တချို့ဘလောဂ်ကျတော့ ရံဖန်ရံခါမှ သာရောက်ဖြစ်တယ်။ နောက်မှထပ် ဖြည့်မယ်စိတ်ကူထားတာက သတင်းဆိုက် တွေ၊ ဖိုရမ်တွေ၊ နည်းပညာ ဗဟုသုတဆိုက်ဒ် တွေလဲထပ်ဖြည့်ရဦးမယ်။ ဒါဆိုရင် ကိုယ်တခုခုပြန်ရှာချင်တယ်သွားဖတ်ချင်တယ်ဆို ပိုအဆင်ပြေသွားတာပေါ့။ 

ကိုယ့် ဆိုက်ဒ်ကနေ မှသွားကြမယ့်လူတွေ လဲဘာပဲပြောပြောလွယ်သွားမယ်လို့ထင်တယ်။ ဘာပဲပြောပြော ဒါမျိုးကိုတော့ WIN-WIN Condition လို့ခေါ်ရမယ်ထင်တယ်။ ခုထည့်လိုက်တာ၊လင့်ချိတ်ထားတာကို မကြိုက်တဲ့Blog ပိုင်ရှင်များရှိရင် ပြောပါနော်။ ပြန်လည်ဖြုတ်ပေးပါ့မယ်။ တော်တော်များများက ရေးတယ်ဆိုတာ လူတွေသိလေကောင်းလေ လို့ပြောလို့ရပေမယ့်။ လူသိပ်မသိစေ ချင်တဲ့လူတွေလဲရှိ ရင်ရှိနိုင်တာမို့၊ တကယ်လို့အဲ့လို ရှိခဲ့ရင် ကွန့်မန့်မှာဖြစ်စေမှာခဲ့နိုင်ပါတယ်။
ဖတ်လို့ကောင်းတဲ့ website တွေများများပေါ်လာပါစေ။
ကိုဆန်းမော် (sannmaw.com)

No comments:

Post a Comment