Monday 28 March 2011

ရေနံဆီ အပူပေးစက်များသုံးက သတိထားရန်

ဒီနေ့ ဂျပန်သတင်းမှာ ဖတ်လိုက်ရတာက အီဝတဲခရိုင်က အဖိုးအို တစ်ယောက် ဓါတ်ဆီတန်းစီ ရင်း သူ့ကားထဲမှာ သေနေတာတွေ့တယ်ပြောတယ်။ ဖြစ်တာက.ခုချိန်က ဓါတ်ဆီရှားတော့ ကားတွင်းပါတဲ့ အနွေးပေးစက်ကို မသုံးပဲ.. အိမ်တွေမှာ သုံးတဲ့ ရေနံဆီနဲ့ သုံးရတဲ့.. အပူပေးစက်ကို ကားထဲမှာ ထည့်သုံးတာတဲ့.. ဆိုတော့ ဘာဖြစ်လဲ ဆိုတော့ ကားမှန်တွေကလဲ..လေစိမ်းမဝင်အောင် အကုန်ပိတ်ထားတယ်။ ရေနံဆီအပူပေးစက်ကလဲ.. အောက်စီဂျင်ကိုလောင်ပီး ကာဘွန်မိုနောက်ဆိုဒ် တွေ ထုတ်ပေးဆိုတော့..အောက်ဆီ၈ျင်ပြတ်ပီး သေတဲ့သဘောပဲ။
အဲ့ဒါ..ကြောင့် ခုနလိုမျိုး အောက်ဆီဂျင်ကို လောင်စေတဲ့ ဟာတွေကားထဲမှာ မသုံးဖို့ကြေညာထားတယ်ပြောတယ်။ အမှန်ကတော့ ကားတင်မဟုတ်ပါဘူး။ တော်တော်လုံတဲ့ အခန်းတွေမှာလဲ မသုံးသင့်ဘူး။ သေတတ်တယ်ပြောတယ်။ နောက်ဆိုးတာက..သူက ရိုးရိုးအသက်ရှုကြပ်တာနဲမတူဘူး..ရိုးရိုးအဆက်ရှုကျပ်လာရင် လူက လန့်နိုးလာတတ်တယ်...ခုလိုဟာမျိုးက ကာဘွန်မိုနောက်ဆိုဒ်က အောက်ဆီဂျင်အစားဝင်လာတော့ အဲ့လို လန့်နိုးတာမျိုး ကိုဖြစ်စေတဲ့ နာဗ့်ကို အသက်မဝင်အောင် လုပ်ပစ်လိုက်တယ်ထင်ပါတယ်။ အိမ်တွေ မီးလောင်ရင် တခါတရံ သတင်းဖတ်ဘူးတာ..အိပ်ပျော်နေရင်းမီးလောင် သေသွားကြတယ်ဆိုတာ..ကာဘွန်မိုနောက်ဆိုဒ်များဝင်ရောက်သွားကာ.မထနိုင်ကြသော
ကြောင့်ဟူထင်ပါတယ်။ ဒါကြောင့်အခန်းများတအားလုံအောင်ပိတ်ကာ ရိုးရိုးမီးဖိုများဖြင့် အပူပေးခြင်း ကိုသတိထားရှောင်ကြရန်လိုကြောင်း နိုးဆော်လိုက်ရပေ သည်။
ကိုဆန်းမော် sannmaw.com

No comments:

Post a Comment