Saturday 28 May 2011

Chernobyl Nuclear Accident Part 2

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၂)

၁၉၈၆ မှာ (USSR) လို့ခေါ်တဲ့ ဆိုဗီယက်မှာ ညူဓါတ်ပေါင်းဖို ၄၃ လုံးကနေကမ္ဘာစွမ်းအင် ရဲ့ ၁၀ ရာခိုင်နုန်း လောက်ကို ထုတ်ပေးနေတယ်လို့သိရတယ်။ မီဂါဝပ်အားဖြင့်ကတော့ ၂သောင်း၇ထောင်လောက်ရှိမယ်။ အဲ့တုန်းက နောက်ထပ် ပေါင်းဖို ၃၆လုံးကို တည်ဆောက်နေဆဲ ဖြစ်ပီး မီဂါဝပ် ၃သောင်း ၇ ထောင် လောက်ထုတ်ဖို့မှန်းထားခဲ့တယ်လို့သိရတယ်။ ၁၉၈၆ တုန်း ညူကလီးယားပေါက်ကွဲမှု့မ တိုင်ခင်မှာ ချာနိုဘိုင်းမှာ နောက်ဆုံးပေါ် ဓါတ်ပေါင်းဖိုအမျိုးအစား RBMK-type ၄ လုံးလည်ပါတ် နေတယ်လို့သိရပီး၊
နောက်ထပ် ၂ လုံးကတော့ တည်ဆောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။  RBMK ဟာ ရုရှလို အတိုကောက်ခေါ်တာဖြစ်ပီး အနီးစပ်ဆုံးဘာသာပြန်မယ်ဆိုရင်တော့ Reactor Cooled by Water and Moderated by Graphite လို့ English လို့ပြန်လို့ရပါတယ်။ ဒီအမျိုးအစားဟာ ဆိုဗိယက်အနေနဲ့ ညူကလီးယားလက်နက် ထုတ်ရန်အတွက် တည်ဆောက်ခဲ့တဲ့ ဓါတ်ပေါင်းဖို အမျိုးအစား ၂ မျိုးထဲက တမျိုး ဖြစ်ကြောင်း သိရပါတယ်။ (စကားချပ်။ ။ဒီနေရာမှာ ဓါတ်ပေါင်းဖိုကနေ စွမ်းအင်ထုတ်ဖို့ သက်သက် သုံးတာနဲ့။ စွမ်းအင်ကော ဘေးထွက်လောက်စာကို ညူကလီယားလက်နက် အတွက်ရအောင် လုပ်ပေးတဲ့ ဓါတ်ပေါင်းဖို ဆိုပီးတော့ အကြမ်းအားဖြင့် ၂ မျိုး ခွဲနိုင်ပါတယ်။ တချို့ဓါတ်ပေါင်းဖိုတွေက စွမ်းအင်ထုတ်ပေးသလို ကျွင်းကျန်နေတဲ့ လောင်စာတွေဟာ ညူကလီးယားဗုံး ထုတ်ရာမှာသုံးနိုင် ပါတယ်။ ဒါကြောင့်မို့လို့ ခု အီရန်က တည်ဆောက်နေတဲ့ ညူကလီးယားစက်ရုံ ကို အမေရိကန်နဲ့ တခြားနိုင်ငံတွေက ပြဿနာရှာနေတာဖြစ်တယ်။ အီရန်ဆောက်နေတဲ့စက်ရုံအမျိုးအစားက စွမ်းအင်သက်သက်သာမက ဘေးထွက်လောင်စာအကျွင်းအကျန်ကို ပါ ညူကလီးယားဗုံး ထုတ်ရာမှာ သုံးလို့ရနိုင်လို့ပါ။ ဒီအကြောင်းအသေးစိပ်ကို ဒီထက်ပိုရေးရင်တော့ နောက်ထပ် ဆောင်းပါးတခုဖြစ်သွားနိုင်လို့လောလောဆယ်အဲ့ဒီ လောက်ပဲ မှတ်ထားလိုက်ကြပါဦး။)

ဒီဓါတ်ပေါင်းဖို ရဲ့ ပုံစံကို လဲ အောက်မှာ ပြထားပါတယ်။ စာဖတ်ရင်း တွဲဖတ်ကြည့်ကြပေါ့ဗျာ။ ပုံတွေကိုတော့  ဒီနေရာ နဲ့ ဒီနေရာ ကနေယူပါတယ်။ ပုံတွေကို အကြီးကြည့်ချင်တယ်ဆိုရင်ဖြင့် ပုံပေါ်မှာ ကလစ်နှိပ်ပီးတော့သာ ကြည့်ကြပါဗျာ။ RBMK တွေဟာ ဟိုအရင် ဆိုဗီယက်မှာသုံးခဲ့တဲ့ ဓါတ်ပေါင်းဖို model အဟောင်းတွေ ကိုထပ်ဆင့် မွမ်းမံ ထားတဲ့အမျိုးအစားလို့သိရပါတယ်။ ဒီ model အဟောင်းတွေကလဲ ပဲ စွမ်းအင်နဲ့ ညူကလီးယား လက်နက်ထုတ်ရန်အတွက် အသုံးပြု့ခဲ့ တဲ့ အမျိုးအစားတွေလို့ သိရပါတယ်။

ပုံ (၁)


ပုံ (၂)


RBMK တွေဟာ တခြား သောပေါင်းဖိုတွေလိုပဲ၊ ညူကလီးယား ပြိုကွဲမှု့ကနေ တဆင့် စွမ်းအင်ကို ထုတ်ပေးအောင်လုပ်ထားပါတယ်။  ဒီညူကလီးယား ပြိုကွဲမှုဖြစ်စဉ်ကို ဖြစ်ပေါ်နေစေရန်အတွက် ကတော့ Neutron လို့ခေါ်တဲ့ တိုက်ခိုက်မယ့် အမှုံနဲ့၊ Uranium လိုမျိုးအတိုက်ခံရမယ့် ပစ္စည်း တို့လိုပါတယ်။ ဒီလို Neutron နဲ့ Uranium ဆိုပီးခွဲပြေနေပေမယ့်တကယ့် တကယ်ကတော့ ဒီ Uranium ကနေပဲ Neutron တွေက သဘာဝအလျောက် ထွက်နေတာပါ။ ဒီလိုမျိုး သဘာဝအလျောက် Neutron တွေလွတ်ထွက် နေတဲ့ ပစ္စည်းမျိုးကို ရေဒီယိုသတ္တိကြွ ပစ္စည်းလို့ခေါ်ပါတယ်။ ဒီကောင်တွေကိုမှပြု့ပြင်မွမ်းမံ မှု့တွေလုပ်ပီး ညူစက်ရုံတွေမှာလောင်စာတောင့်တွေအနေနဲ့သုံးတာပါ။ ဆိုတော့ ဒီ Neutron ကနေပီးတော့ Uranium ရဲ့ Nucleus ကိုတိုက်ပီး Uranium ရဲ့ Nucleus ကိုပြိုကွဲသွားအောင်လုပ်ပါတယ်။ အဲ့ဒီပြိုကွဲမှု့ကနေမှ တဆင့် အပူစွမ်းအင် နဲ့ ရေဒီရေးရှင်း တချို့ကို ထုတ်လွတ်ပါတယ်။ ဒါပေမယ့် ဒီလို တိုက်ခိုက်ပြိုကွဲမှုတွေဖြစ်လာ ဖို့အတွက် ယူရေနီယမ်တွေကို ဒီအတိုင်းပုံထားရုံနဲ့ကတော့ အပူစွမ်းအင် လောက်လောက်လားလား ထွက်မလာနိုင်ပါဘူး။ အဲ့လိုပုံထားရင်တော့ အဓိက အနေနဲ့က Neutron တွေ ယူရေနီယမ်သတ္တု ကနေ လွတ်ထွက်လာလို့ ဖြစ်လာတဲ့ ရေဒီရေးရှင်း ရန်ကို သာ အများဆုံးကြုံရပါလိမ့်မယ်။
တကယ်လို့ ခင်ဗျားအနေနဲ့ ယူရေနီယမ် တောင့်တွေကို ယူပီး တနေရာမှာစုပုံထား လိုက်ရင် ဘာလို့ အပူစွမ်းအင် လောက်လောက်လားလားမရနိုင် သလဲဆိုတာက တော့ Neutron တွေရဲ့ အသွားနုန်းက လွတ်လပ်နေတဲ့ အတွက် အလွန်မြန်နေပါတယ်။ ဒါကြောင့် သူတို့ဟာ Uranium သတ္တု ရဲ့ Atom တွေ ရဲ့ Nucleus တွေကို တိုက်ခိုက်မိဖို့ အခွင့်အရေးက အတော် နည်းသွားသတဲ့ဗျ။ အဲ့ဒီတော့ Nucleus တွေကို မတိုက်မိတဲ့အတွက် Nucleus ပြိုကွဲမှု့ကနေ ရလာမယ့် အပူစွမ်းအင်ကို လဲမရနိုင်တော့ပဲ ၊ ရေဒီရေးရှင်းနဲ့သာ ညား ရဖို့ရှိပါတော့တယ်။ 
ဒါ့ကြောင့်မို့လို့ ညူစက်ရုံတွေဟာ Neutron တွေရဲ့ သွားနုန်းကို လျော့ကျသွားစေဖို့အတွက် Moderator လို့ခေါ်တဲ့ ကြားခံ တမျိုးမျိုးကို ဓါတ်ပေါင်းဖိုထဲမှာ သုံးပါတယ်။ အမေရိကားနဲ့ ကနေဒါ နိုင်ငံတွေက .. ရေ.. ကို moderator အနေနဲ့သုံးပါတယ်။ RBMK ပေါင်းဖိုမှာတော့ Solid Graphite လို့ခေါ်တဲ့ ကာဗွန် တမျိုးကို သုံးပါတယ်။ နမူနာမြင်သာအောင် ပြောရရင် ခဲ တံမှာ သုံးတဲ့ ခဲသား လို့ဟာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပေါင်းဖိုမှာ သုံးတာကတော့ ပိုမိုပီး သန့်စင်တဲ့ အမျိုး အစားဖြစ်တာပေါ့။ ဒီကောင်တွေက ကာဗွန် ဆိုတော့ မီးလောင်လို့သိပ်ကောင်းတဲ့ ဟာမျိုးတွေပေါ့ဗျာ။ နောက်ပိုင်းမှာတွေ့ပါလိမ့်မယ် ။ မီးလောင်မှုဖြစ်တော့ သူတို့ကြောင့် ပိုမို ဆိုးရွားသွားစေတာကို။  RBMK ပေါင်းဖိုကို အောက်က်ပါ အဓိက အစိတ်အပိုင်း ၃ခု နဲ့ တည်ဆောက်ထားတယ်။
၁။ The Reactor Vessel 
သူထဲမှာ ပေါင်းဖိုရဲ့အစိတ်အပိုင်းတွေကို ငုံ ပီးထည့်ထားတယ်။ ပီးတော့ အပြင်ပါတ်ပါတ်လည်ကနေပီးတော့ Biological Shield နဲ့ကာထားတယ်။ကြည့်ရတာ ရေဒီရေးရှင်း လူတွေကို သိပ်မထိခိုက်အောင် လုပ်ထားတာဖြစ်မယ်။
၂။ The Core
ဒီကောင်ကတော့ ညူလောင်စာတွေရှိတဲ့ အပိုင်းပေါ့။ ပုံမှာဆိုရင် ဘယ်ဘက် အခြမ်းက အမည်းရောင် Fuel Bundles တွေထည့်ထားတဲ့အပိုင်းကိုပြေတာပါ။
၃။ The Control Rods
သူတို့ကတော့ ရှည်လျားတဲ့ သတ္တုချောင်းတွေ ကိုပြောတာ ပုံ (၂) မှာ မီးခိုးရောင် ပြောင်နဲ့ ပြထားတယ်။ များသောအားဖြင့် ဘိုရွန် တွေနဲ့ ပြု့လုပ်ထားတဲ့ အချောင်းတွေဖြစ်တယ်။ သူတို့ကို အမည်းရောင် လောင်စာချောင်းတွေ ကြားမှာ ထိုးသွင်းထားလိုက်ရင် ဒီကောင်တွေက လွတ်ထွက်လာတဲ့ Neutron တွေကို စုပ်ယူထားလိုက်ပီး ညူကလီးယားဓါတ်ပြု့မှု့ကို တားဆီးပေးထားတယ်။ ဒါဆိုရင် Nucleus ပြိုကွဲမှု့ မဖြစ်တော့တဲ့အတွက် အပူထွက်ရှိမှု ကို ဟန့်တားပေးပီးသားဖြစ်သွားတယ်။ တကယ်လို့ အပူစွမ်းအင်းများများ ထုတ်ချင်တယ်ဆိုရင်..ဒီ control rods အချောင်းတွေကို အပြင်ကို ဆွဲထုတ်ထားရတယ်။ ဒါဆို Neutron တွေကို စုပ်ယူထားမယ့် ဒီကောင်တွေမရှိတော့ Nucleus ပြိုကွဲမှု့တွေ များများဖြစ်လားပီး အပူစွမ်းအင် ပိုများများထွက်လာမှာဖြစ်တယ်။

ဒီပေါင်းဖိုရဲ့ အလုပ်လုပ်ပုံကတော့ ရှင်းပါတယ်။ ကျနော်တို့ လျပ်စစ် စွမ်းအင်များများလိုရင် Control Rods တွေကို အပြင်ကို များများဆွဲ ထုတ်ထားလိုက်။ ဒါဆို ဓါတ်ပြု့မှု့များများ ဖြစ်ပေါ်ပီး အပူစွမ်းအင်းများများ ထွက်လာ မယ်။ ဒီအပူစွမ်းအင်က လောင်စာတောင့်တွေက နေ ထွက်နေတာဖြစ်တယ်။ ဒီလောင်စာတောင့်တွေကို ရေတွေဖြတ် စီးစေခြင်းအားဖြင့် ဒီရေတွေဟာ ရေငွေ့အဖြစ် အသွင် ပြောင်းသွားပီး ထွက်လာမယ်။ ဒီရေနွေးငွေ့ တွေကိုမှ ညာဘက် အစွန်ဆုံးမှာ ပြထားတဲ့ တာဘိုင်ထဲကို ဖြတ်ခိုင်းလိုက်တော့ တာဘိုင်ကို လည်စေတယ်။ ဒီတာဘိုင်ကို ဂျင်နရေတာနဲ့ ဆက်ထားခြင်းအားဖြင့် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိစေတယ်။ တာဘိုင်က နေသုံးပီး ပြန်ထွက်လာတဲ့ ရေနွေးငွေ့တွေကို မှ တခါ Condenser ထဲဖြတ်ပီး အအေးခံကာ ရေအဖြစ်ပြန်ပြောင်းပါတယ်။ ဒီရေကိုမှ တခါ Pump ရေစုပ်စက်တွေနဲ့ မှုတ်ထုတ်ပီး ပူနေတဲ့ လောင်စာချောင်းတွေကို တခါ ပြန်ဖြတ်စေပါတယ်။ ဒီနည်းအားဖြင့် လောင်စာချောင်းတွေလဲ အပူလွန်ကဲပီး အရေပျော်ကျတာမျိုး မဖြစ်တော့သလို ရေကလဲ ရေနွေးငွေ့ အသွင်ပြောင်းပီး တာဘိုင်ကို လည်ပါတ်စေပါတယ်။ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား အနည်းအများ ပမာဏကိုတော့ ပုံ (၂)  မှာ ပြထားသလို မျိုး Control Rods တွေကို အထုတ် အသွင်း လိုသလို ကစားခြင်းဖြင့် ထိမ်းချုပ်နိုင်ပါတယ်။
ကဲ ဒီနေ့ အပိုင်း (၂) ကတော့ ဒီလောက်ပဲဗျာ။ နောက်မှ အပိုင်း ၃ ဆက်ကြသေးတာပေါ့။ စိတ်နှလုံး ကျန်းမာရွှင်လန်းကျပါစေဗျား။
ကိုဆန်းမော်




1 comment:

  1. ရင်သတ်ရှုမောဘွယ်ပဲနော်။ ဒါတောင် ဟိုတုန်းခေတ်က။ ရည်ရွယ်ချက်ကလက်နက်အတွက် အဓိကဖြစ်နေတာ လျှပ်စစ်ဓါတ်အားအတွက်မဟုတ်ဘူးပဲ ဘေးထွက်ကနေ ပြန်လုပ်တယ်ဆိုပေမယ့် ဒီကိစ္စက ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့ ဆိုသလိုဖြစ်နေတယ်နော်။

    ReplyDelete