Friday 18 March 2011

ယနေ့ ညနေပိုင်းဂျပန်သတင်း




ခုညနေပိုင်းထိသိသလောက်သတင်းတွေကတော့

၁) ညူကလီယား အန္တရာယ်အဆင့်ကို တိုးလိုက်တယ်ကြားတယ်၊ အရင် ၄ ကနေ ခု ၅ လို့ပြောတယ်၊တနည်း အားဖြင့် ဒါဟာ အမေရိကန်က ၃မိုင်ကျွန်းအရေးအခင်းနဲ့ အဆင့် တူသွားပီ ပြောလို့ရတယ်။

ဖူကူရှီးမားကြောင့် ဂျပန်အစိုးရ တရုတ်ရဲ့ နှပ်ပစ်ခံရခြင်း

 

 

 

ဖူကူရှီးမားကြောင့် ဂျပန်အစိုးရ တရုတ်ရဲ့ နှပ်ပစ်ခံရခြင်း


ဇတ်လမ်းကတော့ အတော်အခံရခက်ဖို့ကောင်းပါတယ်။ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးနေမယ်။
တရုတ်ကွန်မြူနစ်ဟာ ဘယ်တုန်းက မှ နိုင်ငံတကာ ကိုအသိမပေးပဲ (နောက်ဆုံးသူ့နိုင်ငံသားတွေတောင် အသိပေးတာမဟုတ်ဘူး၊တိုင်းပြည်တိုးတက်အောင်လုပ်တာတော့ မှန်တယ်။ ဒါပေမယ့်သူလုပ်ချင်ရာလုပ်တဲ့ ၊ပြည်သူလူထု့ကိုမျက်စိပိတ်နား ပိတ်။ ဟိုဟာပိတ်၊ဒီဟာပိတ်၊အင်တာနက်လိုဟာမျိုးတောင်ပိတ်ထားတယ်။ အဲ့လိုလုပ်ထားတဲ့အစိုးရပါ) လုပ်ချင်ရာလုပ်တဲ့သူကလာပီး၊ ဂျပန်အစိုးရကိုအပြစ်တင်သတဲ့ဗျိုး၊ ကြားလို့မှကောင်းကြသေးရဲ့လား၊ အရပ်ကတို့ရေ။

ပြင်ဆင်ချက်။ ။ ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

 

 

 

 

ပြင်ဆင်ချက်။ ။ ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

ပြင်ဆင်ဖတ်ရှုပါရန်။ နေ့လယ်က ရေးထားတာမှာ ပေါင်းဖို အမှတ်(၄) ဆိုပီးရေးထားတာ၊ ခု နောက်ဆုံးသတင်းအရ အမှတ်(၄) ကို မဖျန်းဖြစ်ပါဘူးတဲ့၊ ရဟတ်ယာဉ်ပေါ်ကနေရေဒီရေးရှင်းတိုင်းတော့ အမှတ်(၃)က ရေဒီရေးရှင်းပိုများနေတာတွေလို့ ပေါင်းဖိုအမှတ်(၃) ကိုပဲ ၄ ခေါက်ဖျန်းခဲ့တယ်လို့သိရပါတယ်။