Friday 27 September 2013

KEIO University တွင် ဒေါက်တာဘွဲ့တိုက် ရိုက် တက်ရောက်လိုသူတဦး မှ မေးလာသော မေးခွန်း အတွက် ပြန်ကြားချက် အပိုင်း (၁)

Question: လက်ရှိ အစိုးရဝန်ထမ်းအနေနဲ. တာဝန်ထမ်းဆောင်နေပီး IT မေဂျာနဲ. မာစတာပြီးထားသူ တစ်ဦးက မေးခွန်းအချို.ကို အီးမေးလ်မှ တဆင့်မေးလာပါတယ်။မေးခွန်းများက - မာစတာပီးထားပြီးဖြစ်သဖြင်. PhD ကို KEIO University မှာ တက်ဖို.စိတ်ဝင်စားကြောင်း၊ အစိုးရဝန်ထမ်းဖြစ်သဖြင်. ရုံးက ခွင်.ပြုလျှင် တက်လို.ရမရ ၊PhD က ဘယ်နှစ်နှစ်တက်ရမလဲ။စကော်လာရှစ်လျှောက်လို.ရမရ စတာတွေဖြစ်ပါတယ်။ ထို ညီမငယ်သိလိုသော အချက်များကို ဖြေကြားရင်း အများပါသိအောင် ပို.စ်အနေနဲ .ရေးသားလိုက်ပါတယ်။

Reply: အထက်က မေးခွန်းက မြန်မာပြည်က မိန်းကလေးတစ်ယောက် အမေးပါ။ emailနဲ့ ပို့လိုက်တာကို သူဆီမှာ ခွင့်တောင်းပီး တခြားသော ကျောင်းသား၊သူများလဲ..သိရအောင် facebook and website (www.sannmaw.com)မှာ ပြန်တင်ပေးလိုက်တာပါ။ သူ့မေးခွန်းအရ ဒေါက်တာဘွဲ့အတွက် တန်းပီးတော့ဒီကျောင်းမှာ ဆက်တက်လို့ရလားလို့ မေးထားတာပါ။ နိုင်ငံတော်တော်များများက(မြန်မာပြည်အပါအဝင်) မာစတာဘွဲ့ တွေ ကို ဒီကျောင်းက ယေဘုယျ အားဖြင့် လက်ခံပါတယ်။ဒါ့ကြောင့် မြန်မာပြည်က မာစတာဘွဲ့ရထားပီးသား ကျောင်းသားများအနေနဲ့.. ကေးအိုးတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် တိုက်ရိုက်တန်းပီး တက်ရောက်ရန် လျှောက်ထားလို့ရပါတယ်။ဒါပေမယ့် တခုပြောစရာရှိတာက.. အဲ့ဒီလိုလျှောက်ထားချိန်မှာ အရင်ပို့စ် တုန်းကပြောထားသလိုပဲ ဒီဘက်ကျောင်းက နေလက်ခံမယ့် ပရော်ဖက်ဆာ တစ်ယောက်ကို အရင်ရှာပီးချိတ်ရပါ့မယ်။ အဲ့လိုချိတ်လို့ရပီးပရောက်ဖက်ဆာလက်ခံမယ်ဆိုရင်.တခြားလိုအပ်သောစာရွက်စာတမ်းတွေနဲ့အတူ. ကျောင်းကိုဒေါက်တာဘွဲ့တက်ရောက်ရန် လျှောက်လို့ရပါပီ။ ကျောင်းဝင်ခွင့်ရမရကို လျှောက်ထားပီးလအတန်ကြာရင် ကျောင်းကနေ အကြောင်းပြန်ကြားပါလိမ့်မယ်ဗျား။
ဒေါက်တာဘွဲ့ ကိုတိုက်ရိုက်တန်းပီး တက်ရောက်လိုသူများအတွက်သိသင့်တဲ့ အချက် ၂ ချက်တော့ ရှိပါတယ်။
၁။ အချက်ကတော့ ဒေါက်တာဘွဲ့တက်ရောက်ရန် GREအမှတ်ပြစရာမလိုပါဘူး. တနည်း GRE စာမေးပွဲ မဖြေလဲ ရတယ်ပေါ့ဗျာ၊ ဆိုတော့ ရုတ်တရက်ကြည့်ရင် GRE ဖြေစရာမလိုတဲ့ အတွက် မာစတာ ပီးထားသူများ ကေးအိုးမှာဒေါက်တာဘွဲ့တန်းတက်ရောက်တာက ပိုလွယ်တယ်လို့တော့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့်များသောအားဖြင့် ဘယ်လိုလူတွေ. ဒေါက်တာဘွဲ့ ကိုတန်းပီး တက်ခွင့်ရသလဲ ဆိုတာ ကတော့ဒီနေရာမှာ နည်းနည်း ရှင်းပြစရာ ရှိပါတယ်။ တခြားနိုင်ငံကနေ ဒီကျောင်းကို ဒေါက်တာဘွဲ့အတွက်တန်း တက်ရောက်ဖို့လျှောက်ထားရာမှာ များသောအားဖြင့် ကျောင်းဝင်ခွင့် ရသူတွေဟာ ၁၊ အစိုးရတွေ.အဖွဲ့အစည်းတွေ က ပေးသောစကော်လားရှစ်တွေကို ရထားပီးသူတွေ ၂၊ကမ္ဘာပေါ်မှာ နာမည်ကြီးကျောင်းတွေက နေ မာစတာ ပီးထားသူတွေ ၃၊ သက်ဆိုင်ရာနယ်ပယ်မှာ international Conference သို့မဟုတ် journal paper ၂ စောင်ထက်မနည်း ထွက်ပီးသား လူတွေ များပါတယ်။
၁။ အစိုးရတွေ. အဖွဲ့အစည်းတွေ က ပေးသောစကော်လားရှစ်တွေကိုရထားပီးသူတွေ ဟာ စကော်လားရှစ်ကို အရင်ရပီး နောက်တဆင့်ကမှ ကျောင်းရှာရတာပါ။အဲ့လိုလူမျိုးတွေ ဟာ များသေားအားဖြင့် သက်ဆိုင်သော နိုင်ငံရဲ့ အစိုးရ ဝန်ထမ်းတွေများပါတယ်။ အစိုးရချင်း ချိတ်ပီး ပေးတဲ့ စကော်လားရှစ်တွေအတွက်. သက်ဆိုင်ရာနိုင်ငံရဲ့ဝန်ကြီးဌာန မှ selection ရွေးချယ်ထားပီး nominated လုပ်ပေးလိုက်သော ဝန်ထမ်းများအား .. ဂျပန်သံရုံး (သို့) ADB (or) JICA စသော အဖွဲ့အစည်းတွေကနေ.စကော်လားရှစ်ပေးဖို့အပီးသတ် ထပ်ရွေးလိုက်ပါတယ်။ အဲ့လိုရွေးပီး နောက်မှအရွေးခံ ဝန်ထမ်းများဟာ ခုန စကော်လားရှစ်ပေးသော အဖွဲ့အစည်းတွေကနေ..ကြိုတင်သတ်မှတ်ထားသော နိုင်ငံ၊ ကျောင်း အစရှိတာတွေ မှာ ကျောင်းဝင်ခွင့်ရအောင် ထပ်လျှောက်ရတာပါ။ သူတို့အနေနဲ့. စကော်လားရှစ်ရထားပီးသား ဖြစ်တဲ့ အတွက်များသောအားဖြင့် ကျောင်းတော်တော် များများ ဟာ minimum requirements နဲ့ပြည့်မှီတယ်ဆိုရင် လက်ခံ လေ့ရှိပါတယ်ဗျား။ ဘာလို့လဲဆိုရင် ဒီလို selectionရွေးထားပီး သားလူတွေဆိုတော့ သူတို့အနေနဲ့ ထင်တာက သက်ဆိုင်ရာ နိုင်ငံက အတော်ဆုံးလူတွေလာတာ ဖြစ်တဲ့ အတွက် အထူးတလည် ထပ်မံစစ်ဆေး နေစရာ မလိုဘူးလို့ ယူဆတာ လဲတစ်ကြောင်းအပါအဝင်ဖြစ်တယ် လို့ယူဆလို့ ဒေါက်တာဘွဲ့အတွက် တိုက်ရိုက်ကျောင်းဝင်ခွင့်ကို  အဲ့လိုလူတွေ အလွယ်တကူ ရတာဖြစ်မယ်ထင်ပါတယ်ခင်ဗျား။
၂။ နာမည်ကြီး ကျောင်းက လူတွေ ကျောင်းဝင်ခွင့်ရတာကို တော့အထူတလည် ပြောစရာ မလိုဘူးထင်ပါတယ်။
၃။ ဒီအမျိုး အစား ထဲက လူတွေ အတွက်လဲ အထူးတလည်ပြောစရာမလိုဘူးထင်ပေမယ့် သူတို့ကို ဘာကြောင့် လက်ခံလဲဆိုတာတော့ နဲနဲတော့ ထပ်ရှင်းပါဦးမယ်။
နိုင်ငံတကာ ကျောင်းတွေ ရဲ့ အဆင့်အတန်း (quality) ကိုသတ်မှတ်ရာမှာ အခြေခံ သတ်မှတ်တဲ့ အချက်အလက် အတော်များများအနက်က ကျောင်းပီးသွားသူတွေရဲ့အသိပညာ အတတ်ပညာ စာတတ်မြောက်မှု့ အဆင့်အတန်းဟာ အခြေခံ အချက် တခုအနေနဲ့ ပါ. ပါတယ်။ဆိုတော့ ကျောင်းတခုဟာ ဒီဆရာပဲ သင်၊ ဒီဆရာပဲ မေးခွန်းထုတ်၊ ဒီဆရာပဲ အဖြေလွှာစစ်၊ပီးတော့ ဒီဆရာလုပ်တဲ ကျောင်းကပဲ ဘွဲ့ပေး ဆိုရင် ကျောင်းရဲ့ quality ဆိုတာကိုထိမ်းသိမ်း ရန်ခက်ခဲ လာနိုင်ပါတယ်။ အဲ့ဒီလို မထိမ်းသိမ်းနိုင်တဲ့ ကျောင်းတွေဟာတဖြည်းဖြည်း နဲ့ နံမည်ကျ လာပီး နောက်ပိုင်းမှာ တက်ရောက်လိုသူ ကျောင်းသား၊သူများမရှိတော့တဲ့ အဆင့်ထိရောက်သွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော် စရိတ်နဲ့လည်ပါတ်နေတဲ့ကျောင်းတွေ အနေနဲ့ ဂရုမစိုက်ပဲ ငါ့မြင်း ငါစိုင်း စကိုင်းရောက်ရောက်ဆိုသလို ဆက်လက်ပြုမူနေရင် ရနိုင်သော်လည်းပဲ. Private university တွေအနေနဲ့ကတောစီးပွားပျက်ပီး ကျောင်းပါပိတ်လိုက်ရမှာ ဖြစ်ပါတယ်။  နဲနဲရှင်းပြရရင် နိုင်ငံ တော်တော် များများမှာnational university ဆိုတဲ့ နိုင်ငံတော် ထောက်ပံ့မှူ နဲ့ လည်ပါတ်နေတဲ့ ကျောင်းတွေနဲ့Private University လို့ ခေါ်တဲ့ ကိုယ့်စရိတ်နဲ့ ကိုယ် လည်ပါတ်နေတဲ့ ကျောင်းတွေဆိုပီး ရှိရာမှာ Private university တွေဟာ သူတို့ကျောင်းရဲ့ quality ကိုအမြဲမပြတ်ဆက်လက် ထိမ်းသိမ်းနေမှသာ အောင်မြင် နံမည်ကြီး ပီး ဆက်လက်ရပ်တည်နိုင်မှာပါ။ဒါကြောင့် ကေးအိုး တက္ကသိုလ် လည်းပဲ အဲ့ဒီလို့ ကိုယ်သင်၊ကိုယ်မေး၊ ကိုယ်စစ်၊ကိုယ့်ဘာသာ ဘွဲ့ပေးဆိုတာမျိုး မဖြစ်အောင် ထိမ်းညှိထားတဲ့ system တမျိုးကိုသုံးပါတယ်။ အဲ့ဒါကတော့ ကေးအိုးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့အတွက် စာသင်၊မြေတောင်မြှောက်ပေး ပေးမယ့် ၊ ဒေါက်တာ ဘွဲ့ရရန် အတွက် လိုအပ်ချက် ကိုအောက်ပါအတိုင်းသတ်မှတ်ထားပါတယ်။
အဲ့ဒါကတော့ ကျောင်းသား ၁ ယောက် ယောက် ဟာ ဒေါက်တာဘွဲ့အတွက်တက်ရောက်နေ တဲ့ ၃ နှစ်အတွင်း မှာ သက်ဆိုင်ရာနယ်ပယ်မှာထင်ရှားတဲ့ InternationalJournal Paper အနည်း ဆုံး ၂ စောင် publish လုပ်နိုင် ရမယ် ဆိုပီး သတ်မှတ်ထားပါတယ်။အဲ့ဒီလို လုပ်နိုင်မှလဲ.. အဲ့ဒီ ကျောင်းသားဟာ ဘွဲ့အတွက် PhD defense လုပ်ခွင့်ရှိပါတယ်။ ပီးတော့ မှာ PhD defence မှာ ပရော်ဖက်ဆာ တွေ မေးတဲ့ မေးခွန်းတွေကိုစိတ်ကျေနပ်အောင် ဖြေနိုင်မှသာ ဒေါက်တာဘွဲ့အတွက် အရည်အချင်း ရှိတယ်လို့ သတ်မှတ်ပီးဘွဲ့ပေးတာ ဖြစ်ပါတယ်။ တကယ် လို့ ကျောင်းသားဟာ ၃ နှစ်နဲ့ ပေပါ ၂ စောင် မထွက်သေးရင်သူအတွက် အများဆုံး အချိန် ၆ နှစ် ပေးပါတယ်။ ၆ နှစ် အတွင်း မှာ မှ ၂ စောင်မထွက်ရင်အဲ့ဒီကျောင်းသားအနေနဲ့ ကျောင်း ဆက်တက်ခွင့် မရတော့ပါဘူး. ပီးတော့ ၆ နှစ်ဆိုတာမှာလဲ.. အလကားတက်ခွင့်ပေးတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကျသင့် တဲ့ ကျောင်း လခကိုတနှစ်တကြိမ် မှန်မှန်ပေးသွင်းနေရတာပါ။ ဆိုတော့ ကျောင်းတက်ချိန်ကြာလေကျောင်းသားအတွက် ပိုက်ဆံကုန်လေပေါ့ဗျာ။ မဟုတ်လား၊ နောက်တချက်ကပိုက်ဆံရပီးရော၊ ကျောင်းသား တွေ ဒေါက်တာဘွဲ့ရရ မရရ ကျောင်းအနေနဲ့ပိုက်ဆံရရင် ကောင်းတယ်မဟုတ်လားလို့တွက်လို့တော့ မရတာ သေချာတယ်ဗျ၊ ဘာလို့လဲဆိုတော့ အဲ့လို အဖြစ်အပျက်တွေ(ကျောင်းမပီးတဲ့ သူတွေ) များလာရင် လာတက်ချင်တဲ့ ကျောင်းသားအရေအတွက် ကျသွားပြန်ရင်လဲကျောင်းရဲ့ ဝင်ငွေအတွက် လာထိခိုက်မှာ မိုလို့ပဲလေ၊ ဒါကြောင့် အကောင်းဆုံးက အရည်အချင်းလဲပြည့်မှီရမယ်၊ ကျောင်းသားလဲ ကျောင်းပီးဖို့အတွက်ဆိုရင် အစကတည်း က ဒေါက်တာဘွဲ့ရနိုင်ချေ  မြင့်မားတဲ့ သူတွေကို လက်ခံတာ အကောင်းဆုံး မဟုတ်လား..
ဒီလို ပေပါ ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိတ်စ မဟုတ်တဲ့ အတွက်တိုက်ရိုက် ဒေါက်တာဘွဲ့အတွက် တက်ရောက်ချင်တဲ့ ကျောင်းသားမှာ အရင် ကတည်း က ပေပါတွေထုတ်ဖူး ထားပီးသား အတွေ့အကြူံတွေ ရှိနေတဲ့ အတွက် အထူးတလည် စိုးရိမ်စရာမလိုပဲဒေါက်တာ ဘွဲ့ရနိုင် ခြေများတဲ့ သူတွေကို ပရော်ဖက်ဆာတွေ နဲ့ ကျောင်းအနေနဲ့လက်ခံဖို့ ပိုပီး အခွင့်အလမ်းများတယ်ပေါ့ဗျာ။
စကားမစပ်ပြောရရင်၊ ဒီလိုနည်းနဲ့ ကျောင်းတွေရဲ့ အရည်အချင်းထိန်းတာကို သဘောကျလို့ ကျနော် ဟိုးအရင် ၂၀၀၇ မတိုင်ခင်လောက်က. သပန ဝန်ကြီးဌာန ကတပည့်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဆရာသမားတွေ ဆီကို ဒီနည်းလမ်းလေး အကြောင်း email နဲ့ ပြောဖူးတယ်ဗျ. တိုက်ဆိုင် တာလားတော့ မသိ သပန ဝန်ကြီး ဌာနအနေနဲ့ ကျနော်ပြောပီး နောက်ပိုင်း ၁ နှစ်.. ၂ နှစ် ခန့် အကြာ မှာဒေါက်တာဘွဲ့ရဖို့ အတွက်ဆိုရင် .. နိုင်ငံတကာ ကွန်းဖရန့် ပေပါ အနည်း ဆုံး၁စောင် ထွက်ထားရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်လိုက်တယ်လို့တော့ကြားသိရတယ်။ ခု နောက်ပိုင်းမှာတော့ international conference paper ကို၂ စောင်အထိတိုးပီး သတ်မှတ်တယ်လို့တော့ ကြားရတယ်။ အသေးစိတ် သတင်းကို တော့ သေချာသိသူများ ဝင်ရောက်ရေးသားကွန်းမန့်ပေးခဲ့မယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ။ ဒီလိုသတ်မှတ်လိုက်တယ် ဆိုတော့ ဘာပဲပြောပြောအရင်တုန်းက ဒေါက်တာဘွဲ့တွေ ပေးသလောက်တော့ ပေါပေါပဲပဲ မဖြစ်ပဲ လူသူ လေးစားမှု့တော့ပိုရလာနိုင်တဲ့ အတွက် ဒါဟာ ကြိုဆိုရမယ့် ကိတ်စ လို့ယူဆပါတယ်။ အဲ့ ၂ ချက် ပဲ ပြောစရာရှိတယ်။
နံပါတ် ၁ အချက်ကတော့ ဒေါက်တာဘွဲ့ရရန် လိုအပ်ချက်ကို international conference paper ၂ စောင်ဆိုတဲ့ ကိတ်စ ပဲ၊ ပညာရှင်အဆင့် အနေနဲ့ ပြောရရင် conference paper ရဲ့ အဆင့် ဟာ journal paper ထက်နိမ့် ပါတယ်။နာမည်ကြီး ကျောင်းတွေ တော်တော်များများဟာ ကွန်းဖရန့် ပေပါ သတ်သတ် အစား နံမည်ကြီး ဂျာနယ်၁ စောင် နှင့် ကွန်းဖရင့် ပေပါ ၁ စောင် (သို့) ဂျာနယ် ပေပါသတ်သတ် အနည်းဆုံး ၂ စောင်..စသဖြင့် သတ်မှတ်လေ့ရှိပါတယ်။ အဲ့ဒီ လိုမျိုး ဂျာနယ် ပေပါ သတ်သတ် ဘယ် နှစ်စောင် လိုအပ်တယ်ဆိုပီးလိုအပ်တဲ့ အစောင်အရေအတွက် များလေ ကျောင်း ရဲ့ ဂုဏ်သတင်း ကြီးလေဖြစ်တာပေါ့ဗျာ။ ဒါ့ကြောင့်မြန်မာပြည် က ကျောင်းတွေလဲ နံမည် ပြန်ပီး ကောင်းလာချင်တယ်ဆို. ဂုဏ်သတင်းကျော်ဇောချင်တယ်ဆိုရင်ဖြင့်.ကွန်ဖရန့် ပေပါ နဲ့တင်မက. ဂျာနယ်ပေပါ ၁ စောင်လောက်ကိုတော့ လိုအပ်ချက်ထဲမှာ ထည့်သင့်ပါကြောင်းတိုက်တွန်းလိုပါတယ်။ ကွန်းဖရန့်တို့၊ ဂျာနယ်တို့ ဆိုရာမှာလဲ..ပီးပီးရော ကွန်းဖရန့်တွေ၊ဂျာနယ်တွေ မဟုတ်ပဲ. Ranking အဆင့် ဘယ်လောက်အနည်း ရှိရမယ်ဆိုတာ မျိုးပါ သတ်မှတ်ဖို့တော့လိုတာပေါ့နော်။ ဘာလို့လဲဆိုတော့ နိုင်ငံအသီးသီးက နည်းပေါင်းစုံနဲ့ ကွန်းဖရန့်တွေကျင်းပ၊ ဂျာနယ်တွေ ထုတ်နေကြတော့.. တချို့ အဆင့် မရှိတဲ့ ဂျာနယ်တွေ၊ ကွန်းဖရန့်တွေမှာ ကိုယ့် ပေပါ တင်လိုက်ရင် ပါဖို့ လွယ်သလောက်၊ ပါတယ်ဆိုရင်လဲ ပိုက်ဆံ ကုန်တာသာအဖတ်တင်ပီး၊ နာမည်ရဖို့အတွက်တော့ ထူးပီး အကျိုးကျေးဇူး မရှိနိုင်လို့ပါ။ ဒီနေရာမှာပေပါတင် လို့ ပိုက်ဆံကုန်သလား၊ လို့ မေးရင် ပေပါတင်ရုံနဲ့ တော့ ပိုက်ဆံ မကုန်ပေမယ့်၊ကိုယ့်ပေပါ က အရွေးခံရတယ်၊ publish  လုပ် မယ်ဆိုတာနဲ့ ပိုက်ဆံစကုန်ပါမယ်။အဲ့ဒီကုန်မယ့် ပိုက်ဆံနဲ့ ပါတ်သက်လို့ ပြောစရာ အချက် နောက်တခု နံပါတ် (၂) ဖြစ်လာရတာပါ။ 
ကဲ အခု တော့ ဒီလောက်နဲ့ ရပ်လိုက်ဦးမယ်ဗျာ၊ အပိုင်း (၂) ကို နောက်မှ ဆက်ကြသေးတာပေါ့နော်
ဆန်းမော်

Wednesday 25 September 2013

ဂျပန်နိုင်ငံ ကေးအိုး တက္ကသိုလ်တွင်Master of Science in Engineering Degree အတွက် ကျောင်းတက်ရောက်လိုသောမြန်မာကျောင်းသားများအတွက်သတင်း

အပေါင်းအသင်းမိတ်ဆွေများဗျား..
ကျနော် ခုလောလောဆယ် အလုပ်လုပ်နေတဲ့..ကျောင်း (KEIO University, Japan ) က..၂၀၁၄ ခုနှစ် အတွက်.. Master of Engineering Degree အတွက် ကျောင်းတက်ချင်တဲ့ .နိုင်ငံတကာကျောင်းသားများအတွက်.International Graduate Program  ကိုမကြာခင်မှာကျောင်းဝင်ခွင့် လျှောက်လွှာတွေ.လက်ခံတော့ မှာ ဖြစ်ပါတယ်။ တကယ်လို့ ကျောင်းလျှောက်မယ်ဆိုရင်... အဲ့ဒီအတွက် လိုအပ်တာတွေ..ပြင်ဆင်ဖို့..အချိန်ရအောင်..သတင်းကောင်းပါးလိုက်တာပါ။  ကျောင်းရယ်.. ဒီဂရီရယ်.. စကောလားရှစ် ရယ်နဲ့ ပါတ်သက်တဲ့ Information လေးတွေ..အမြည်းအနေနဲ့ နဲနဲရေးပေးလိုက်ပါတယ်။အသေးစိတ်သိချင်ရင်တော့..ကျောင်းဝက်ဆိုက်မှာဝင်ဖတ်လို့ရအောင်လဲ..အောက် ကလိုတဲ့နေရာတွေ မှာလင့်ထည့်ပေးထားပါတယ် ခင်ဗျား။
၁။ ကျောင်းနံမည်ကတော့ KEIO University ပါ… ဂျပန်မှာတော့.. One of the Top (5) university.ဖြစ်ပါတယ်။
၂။ အထက်ကပြောတဲ့..မာစတာဒီဂရီအတွက်..ဂျပန်စာတတ်စရာမလိုပါဘူး.. English based program ဖြစ်ပါတယ်.. ၂ နှစ်တက်ရပါမယ်။
၃။ ကျောင်းဝင်ခွင့် လျှောက်လွှာတွေကအွန်လိုင်းကနေတဆင့် ဒေါင်းလုပ်ဆွဲလို့ရပါတယ်။ ဘယ်လိုလျှောက်ရမယ်ဆိုတာလဲ..ကျောင်းဝက်ဆိုက်မှာပြောပေးထားပါတယ်…အောက်မှာလင့်ပေးထားပါတယ်။
၎။ English based program ဖြစ်တဲ့ အတွက်.. TOEFL အမှတ်ကောင်းကောင်းရှိထားရင် ပိုကောင်းပါတယ်။ကျနော်တို့ မြန်မာပြည်က..အင်ဂျင်နီယာကျောင်းတွေဟာ..ကျောင်းရဲ့..တရားဝင် သင်ကြားတဲ့အခါမှာအသုံးပြုတဲ့..ဘာသာစကားက..english language ဖြစ်တဲ့အတွက်..တကယ်လို့.. TOEFL အမှတ်မရှိဘူးဆိုရင်လဲ..ကျောင်းလျှောက်လို့တော့..ရနိုင်ပါတယ်။ ဒါပေမယ့်.ကိုယ်ဘွဲ့ရခဲ့တဲ့. ကျောင်းရဲ့..Department of English ကနေ English လိုသင်ခဲ့ပါတယ် ဆိုတဲ့..ထောက်ခံချက်လိုပါတယ်။ နောက်တချက်ကတော့..ကိုယ့်ရဲ့ english 4 skills ကောင်းဖို့အတွက်ကတော့ ကိုယ့်ဘာသာ ပြင်ဆင်ထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့..ထောက်ခံစာထဲမှာမည်သို့ပင်..englishလိုသင်ပါတယ်ဆိုသော်လည်း.. ၁၀၀% English စာကိုသုံးပီးမသင်ဘူးဆိုတာ..ကိုယ်ဝမ်းနာကိုယ်သာသိမို့လို့ မှာရခြင်းဖြစ်ပါတယ်။ တကယ်လို့ ကျောင်းလျှောက်ပီး မှ ရောက်လာပီးမှ..စကားလည်လည်ဝယ်ဝယ် မပြောတတ်ရင်..ကိုယ်ပဲဒုက္ခရောက် မှာမိုလို့ပါ.ဗျား။
၅။ ခုကျနော် အလုပ်လုပ်နေတဲ့..ကျောင်းဟာ KEIO ရဲ့ Graduate School of Science and Technology လို့ခေါ်တဲ့..မဟာဌာနကြီးတခုပါ.. နိုင်ငံတကာကျောင်းသားတွေ ကို master of science in engineering အတွက်ကိုဒီဌာနကနေလက်ခံမှာဖြစ်တဲ့အတွက်..ဒီprogramကိုလျှောက်လို့ရနိုင်တဲ့ မြန်မာပြည်ကကျောင်းသားတွေဟာ..မြန်မာ ပြည်ကနေ.. အင်ဂျင်နီယာသို့မဟုတ်.. ကွန်ပျူတာ..ရေကြောင်း..လေကြောင်း..စတဲ့ တက္ကသိုလ် တခုခုကနေ. ဘွဲတခုခုရထားရပါမယ်။ နောက်တချက်က.. သူငယ်တန်းကနေ.ဘွဲ့ရသည်အထိစုစုပေါင်း စာသင်နှစ်..၁၅ နှစ်အနည်းဆုံးရှိရပါမယ်။ တကယ်လို့ဘွဲ့ရသည်အထိ ၁၅ နှစ်မရှိရင်လည်း(ခုကျောင်းလျှောက်ချိန်ထိ)တခြားတက်ခဲ့တဲ့ကိုယ်ဘွဲ့နဲ့ ပါတ်သက်တဲ့..ဆက်တက်ခဲ့တဲ့ သင်တန်းချိန်တွေပါထည့်ပေါင်းလို့တော့ရနိုင်ပါတယ်။ ဥပမာ.. NCC, HND Diploma လိုဟာမျိုးပေါ့။

၆။ ဒီကကျောင်းဟာဂျပန်ရဲ့ နာမည်ကြီးကျောင်းတကျောင်းဖြစ်တဲ့ အတွက်…တခြားနိုင်ငံကဘွဲ့ရကျောင်းသားတွေကို..ဒီအတိုင်းတော့လက်မခံပါဘူး..ဒါကြောင့် တခြားနိုင်ငံကကျောင်းသားတွေဟာ..ဘွဲ့လက်မှတ်သာမက.. အမေရိကန်နိုင်ငံက..ETS အဖွဲ့အစည်းကနေဦးဆောင်ကျင်းပတဲ့.. Graduate Record Examination (GRE) လို့ခေါ်တဲ့..စာမေးပွဲရမှတ် ကိုတင်ပြပေးဖို့လိုပါတယ်။..သူတို့ အဓိက ကြည့်တာကတော့..GRE အမှတ်ပါ။ အဲ့ဒီအတွက်..အမေရိကန်သံရုံးမှာ..တနှစ်တကြိမ်ကျင်းပတဲ့..GRE စာမေးပွဲကိုဖြေဖို့လိုပါတယ်။ GRE မှာ ၂ မျိုးရှိပါတယ်။ GRE general and GRE specialized ပါ။ KEIO ကျောင်းအတွက်..GRE general test ကိုပဲဖြေဖို့ လိုပါတယ်။ အသေးစိတ်ကိုတော့ အောက်ကလင့်မှာ ကြည့်လိုက်ပါနော်။
နောက် GRE အမှတ်တွေသိရပီဆိုရင်..အဲ့ဒီအမှတ်တွေရယ်၊ ကိုယ်တက်ခဲတဲ့ ကျောင်းကထုတ်ပေးတဲံ grading, Degree Certificates (TRUE copy), recommendationletters စတာတွေ..နဲ့ ကျောင်းလျှောက်လို့ရပါပီ။


၇။ လျှောက်မယ်ဆိုရင်တော့..ဒီက Professor တယောက်ယောက်နဲ့ ချိတ်ရပါမယ်။ ကိုယ်စိတ်ဝင်စားတဲ့..နယ်ပယ်နဲ့ပါတ်သက်တဲ့ professor တွေကိုကျောင်းရဲ့..အောက်ကလင့်ကနေ..တဆင့် ရှာလို့ရပါတယ်။

ပရောက်ဖက်ဆာတွေရဲ့ email address and contact details ကိုအပေါ်ကလင့်မှာရှာလို့ရပါတယ်။ပီးရင်..ကိုယ်နဲ့ သက်ဆိုင်တဲ့..ကိုယ်စိတ်ဝင်စားတဲ့ ပရော်ဖက်ဆာတွေ ဆီကိုစာရေးဆက်သွယ်ပီး..ကြိုတင်ချိတ်ထားဖို့လိုပါတယ်။

***တချက်သတိထားရမှာက..ပရော်ဖက်ဆာတွေဟာ..အလွန်အလုပ်ရှုပ်ပီး..သူတို့ဆီကို..ကျောင်းသားတွေဆီကနေ..အဲ့လိုဆက်သွယ်ဖို့ကြိုးစားနေတဲ့..စာတွေ ဟာနေ့စဉ်အစောင်ပေါင်းများစွာလက်ခံနေရတာ ဖြစ်တဲ့ အတွက်..စာရေးရာမှာတိုတိုနဲ့ လိုရင်းရေးပီး..ကိုယ့်အကြောင်းကိုထိထိရောက်ရောက်ရေးပြဖို့လိုပါတယ်။ နောက်တချက်..ကိုယ်ရဲ့ Resumeကို email နဲ့ attach လုပ်ပီးပေးရင် PDF format နဲ့ ပဲ attach လုပ်ပေးပါ။ MS OFFICE Word တို့ ဘာတို့ဟာ virus ပါနိုင်တဲ့ အတွက်..များသောအားဖြင့် Profressorတွေဟာ..ကိုယ်မသိတဲ့ လူဆီက..အဲ့လို file မျိုးတွေကိုဖွင့်ကြည့်လေ့ မရှိပါဘူး။ တခါတည်း..deleteလုပ်ပစ်လေ့ရှိပါတယ် ဗျား။

တကယ် လို့..ICT, Networking and Telecommunication ပိုင်းနဲ့ ပါတ်သက် လို့ကျောင်းတက်ချင်တဲ့ လူတွေ ရှိရင်တော့ ကျနော့်ဆီကို..ဆက်သွယ်နိုင်ပါတယ်။  အဲ့ဒီဘာသာတွေအတွက် ခုဒီနှစ်ပိုင်းလျှောက်မယ့် ကျောင်းသားတွေ အနေနဲ့ ကတော့ ကံကောင်းနိုင်ပါတယ်။ဘာလို့လဲဆိုတော့..ခုကျနော် အလုပ်လုပ်နေတဲ့ Lab က.ပရော်ဖက်ဆာရဲ့အောက်ကနေပဲ..ကျနော်..ဟာ..မာစတာနဲ့.. ဒေါက်တာဘွဲ့ကို KEIO Unviersityကနေရခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော့်.ပရောက်ဖက်ဆာဟာ..မြန်မာကျောင်းသားတွေထဲကနေ..ကျနော် ထောက်ခံပေးရင် မာစတာတက်မည့်ကျောင်းသားကိုတော့.လိုလိုလားလား.လက်ခံပေးဖို့ရှိပါတယ်။ ( ဒီနေရာမှာတခုသတိထားရမှာက..ပရော်ဖက်ဆာလက်ခံတယ်ဆိုတာဟာ ..ကျောင်းလျှောက်ဖို့အတွက်..လိုအပ်ချက်တခု ပြည်စုံတာသာဖြစ်ပီး..ကျောင်းဝင်ခွင့်ရမရဆိုတာကတော့. တခြားသောအချက်အလက်များ ဖြစ်တဲ့.. grading..GREScore..Research proposal and so on… ဆိုတဲ့..တခြားတခြားသောအချက်များပေါ်မှာလည်းအများကြီးမူတည်ပါကြောင်းပါဗျာ။..ဒါပေမယ့်..သေချာတာတခုကတော့..ပရောက်ဖက်ဆာတယောက်ယောက် နဲ့ကြိုတင်ချိတ်ထားခြင်းမရှိတဲ့ ကျောင်းသားကတော့..ကျောင်းဝင်ခွင့် ရဖို့ လုံးဝမလွယ်ပါဘူး။ဘာလို့လဲဆိုတော့ ကျောင်းဝင်ခွင့်လျှောက်လွှာမှာဘယ်ပရောက်ဖက်ဆာနဲ့ ချိတ်ထားသလဲဆိုတာ.ကျောင်းလျှောက်တဲ့အခါ..တခါတည်း ဖြည့်ပေးရပါတယ်။

ကိုယ်ဆီက..စာရွက်စာတမ်းတွေ..ပြည်စုံပီ။ပရော်ဖက်ဆာတယောက်ယောက်နဲ့လဲ..ချိတ်မိပီဆိုရင်..ကျောင်းလျှောက်လွာ

တွေကိုကျောင်းဝက်ဆိုက်ကနေတဆင့်..ဆွဲချပီးလျှောက်ရုံပါပဲ။ စကော်လားရှစ်ကိုပါ..တခါတည်းလျှောက်ပေးပါတယ်။ အသေးစိတ်ကိုအောက်ကလင့်မှာ ကြည့်လိုက်ပါနော်။


၈။ ကျောင်းလျှောက်တဲ့အခါ..တခါတည်း စကော်လားရှစ်တွေပါ..ထည့်လျှောက်လို့ရပါတယ်…(စကော်လားရှစ်တော်တော်များများအတွက် အသက် ကန့်သက်ချက်က..တော့ under 35 ပါ)စကော်လားရှစ်တွေအနေနဲ့ကတော့ အဓိက က.. ၂ခုရှိပါတယ်။ကျောင်းကထောက်ခံပီးလျှောက်ပေးတဲ့ စကော်လားရှစ်နဲ့.. မြန်မာပြည်က..ဂျပန်သံရုံး က လျှေက်ပေးတဲ့ စကော်လားရှစ်ဆိုပီးရှိပါတယ်။ မြန်မာပြည်ရဲ့ ဂျပန်သံရုံးကလျှောက်ပေးတယ်ဆိုတာကတော့ သိပ်စဉ်းစားမနေပါနဲ့..အဲ့ဒါက..မြန်မာအစိုးရဝန်ထမ်းတွေ..အတွက်..ပဲလုပ်ပေးတာများပါတယ်။ အဓိကစဉ်းစားရမှာက..ဒီကျောင်းက..ထောက်ခံပီးကျောင်းအနေဲ့ လျှောက်ပေးတဲ့ စကော်လားရှစ်ပါ။ နှစ်စဉ် နှစ်တိုင်းဂျပန်က..တက္ကသိုလ် တွေဟာ..ဂျပန်အစိုးရနဲ့..တခြားInternational organization (such as World Bank..ADB )တွေ.. Local organizations (such as JICA, Yoshida Scholarship Foundation) တွေ ကနေ.ပေးတဲ့..စကော်လားရှစ် Program တွေကိုလက်ခံရရှိပါတယ်။ဥပမာ.. ADB အနေနဲ့..KEIO university အတွက် နှစ်စဉ်..master degree student ၂ ယောက်ခွဲတမ်းသတ်မှတ်ပေးထားပါတယ်။ .ဆိုတော့.လွယ်လွယ်ပြောရရင် .KEIO university ကနေ.. သူစကော်လားရှစ်ပေးမဲ့ ကျောင်းသားအတွက်..ကို ADB ကိုနာမည် စာရင်းပေးလိုက်ရုံပါပဲ။ အဲ့ဒါဆို..အဲ့ဒီကျောင်းသားစကော်လားရှစ်ရပါပီ..အဓိက..က..ကျောင်းဝင်ခွင့်ရဖို့ရယ်. ကျောင်းကနေ..schoarshipတခုခုကိုလျှောက်ပေးတာကိုရဖို့ရယ်ပဲလိုတာပါ။တခါတလေ ကြရင်တော့..ကျောင်းက..စကော်လားရှစ်တခုအတွက်..နာမည်စာရင်းကို.. ၁ယောက်ထဲ မဟုတ်ပဲ.. ၂ ယောက် ၃ ယောက် တင်ပေးတယ်ဆိုရင်တော့..အဲ့ဒီထဲကမှ. ကျောင်းသားတယောက်ကို ADB က ပြန်ရွေးပါတယ်။..ဒီနေရာမှာ..အရေးကြီးတာတခုပြောလိုပါတယ်။ ဒီ KEIO university ကနေ..နှစ်စဉ် စကော်လားရှစ်ပေးရာမှာ.. မြန်မာပြည်ကကျောင်းသားတွေ ရတာအတော်နည်းပါတယ်.။ အဓိက ..က ဘာလို့လဲဆိုတော့ ကျောင်းလျှောက်တဲ့ လူမရှိလို့ပါ။ များသေားအားဖြင့် ကျောင်းလျှောက်လို့.. GRE , grading စတာတွေ ကောင်းလို့..ကျောင်းဝင်ခွင့်ရတာနဲ့..KEIO ကနေ..Developingcountries က..ကျောင်သားတွေ အတွက် ကျောင်းကခွဲတမ်းရထားတဲ့.စကော်လားရှစ်တွေကိုထောက်ခံပီးလျှောက်ပေးလေ့ရှိပါတယ်။ ဒါပေမယ့်ခက်တာက..မြန်မာကျောင်းသားတွေက (မသိလို့လား..ဘာလားတော့ မသိ) ကျောင်းလျှောက်တာအလွန်နည်းတော့..အဲ့ ဒီစကော်လားရှစ်တွေဟာ.. တခြားနိုင်ငံက ( မလေး. အင်ဒို..ဖိလစ်ပိုင်. ထိုင်း . ဘင်းဂလားဒေရှ်..နီပေါ..ဗိယက်နမ်) ရကုန်တာများပါတယ်။ကျနော် သိသလောက်..ပြောရရင်..KEIO ကနေ..စကော်လားရှစ်ရတဲ့..မြန်မာကျောင်းသားဆိုတာ..လက်ချိုးရေလို့ရပါတယ်.လက်ဆယ်ချောင်း မပြည့်ပါဘူး…ကျနော်သိသလောက် ပြောရရင်..ကျနော် အပါ အဝင်မြန်မာကျောင်းသား အားလုံးဟာ KEIO University ကနေလျှောက်ပေးတဲ့ စကော်လားရှစ်နဲ့ ကျောင်းပီးခဲ့ကြတာပါ…ကိုယ်စရိတ်နဲ့ကိုယ်ကျောင်းတက်မယ်ဆိုရင်..ကျောင်းလခ အတော်ဈေးကြီးတာရယ်..ကျောင်းဝင်ခွင့်ခက်တာရယ်ကြောင့် ဂျပန်လူမျိုးတွေတောင်..KEIO University မှာ တော်ရုံနဲ့မတက်နိုင်ကြပါဘူး။
.ဒါကြောင့် တကယ်လို့သာ KEIO University ရဲ့ ထောက်ခံချက်နဲ့..စကော်လားရှစ် လျှောက် တဲ့ကျောင်းသားဟာ မြန်မာပြည်ကကျောင်းသားဆိုရင်..ADB အနေနဲ့ ဦးစားပေးအဆင့် မှာထားပီးပေးပါတယ်။ရှင်းရှင်းပြောရရင်..တခြားနိုင်ငံတွေက..ကျောင်းသား တွေကအရင်နှစ်တွေကအများအပြားစကော်လားရှစ်တွေ..ရထားပီးသားဆိုတော့.. စကော်လားရှစ်အရေအတွက် နည်းနေသေးတဲ့ မြန်မာကျောင်းသားများအတွက်ဦးစားပေးစဉ်းစားပါတယ် ...ဒါဟာအခွင့် အရေးတခုပါ။ဒီနေရာမှာ ADB ကိုဥပမာပေးပြောထားပေမယ့်..တခြားစကော်လားရှစ်တွေလဲ ..ထိုနည်းလည်းကောင်းပါပဲဗျား..
အသေးစိတ်ကိုတော့ အောင်ကလင့်မှာဝင်ရောက်လေ့လာနိုင်ပါတယ်ဗျား။
အထက်က. ကျနော် ရှင်းပြတဲ့ အချက်တွေအနက် တချို့အချက်တွေဟာ.. Officiallyကြေညာထားတာတော့ မဟုတ်ပါဘူး..အတွင်းသတင်းအနေနဲ့..လေ့လာသိရှိသလောက် တင်ပြချက်တွေလဲပါပါတယ်။ တချို့ဟာတွေက.. KEIO website မှာတော့ရှာလို့ တွေ့မှာမဟုတ်ကြောင်း ကြိုတင်အသိပေးထားလိုက်ပါတယ်။ (ဥပမာ.. မြန်မာကျောင်းသားများဦးစားပေးအခွင့်အရေးရတယ်ဆိုတာမျိုးပေါ့..စာနဲ့တော့ တရားဝင်ရေးကြေညာထားတာမရှိပါဘူးဗျား)။
၉။ နောက်ဆုံးအချက်ကတော့ ကျောင်းလျှောက်မယ်ဆိုရင်..လျှောက်ခ..ယန်း ၁ သောင်းတော့ ပေးရပါတယ်။ဒါကတော့ မည်သူမဆိုပေးရတာပါ..ခြွင်းချက် မရှိပါဘူး။ မြန်မာ ပြည်ကလူတွေအနေနဲ့..ဂျပန်..သို့မဟုတ်..တခြားနိုင်ငံတခုခု မှ..ကိုယ့်ရဲ့ အသိ..မိတ်ဆွေ သူငယ်ချင်းများရှိရင်..သူတို့ကိုအကူအညီတောင်းပီး..Bank transfer နဲ့ ပေးချေလို့ရပါတယ်။ တကယ်လို့..အဲ့လိုပေးရတာ..အခက်အခဲ..ရှိတယ်..လုံးဝအဆင်မပြေပါဘူးဆိုရင်တော့..ကျနော့်ဆီကိုအောက်ပါ လိပ်စာအတိုင်းစာ( သို့) email ပို့ပီးဆက်သွယ်ပါဗျား။ ကျနော် ကူညီနိုင်တဲ့ အတိုင်းအတာအထိကူညီပါ့မယ်။
Postal Address: ( To send your certified true copies if necessary )
Dr. Sann Maw (Visiting  Associate Professor )
SASASE Laboratory, Department of Information and Computer Science,
Graduate School of Science and Technology,KEIO University,
3-14-1 Hiyoshi, Kohoku-ku, Yokohama, Kanagawa-ken, Japan. Postal Code: 223-8522
ဒီလင့် ( http://www.sasase.ics.keio.ac.jp/en/members ) ကတော့ ကျနော့်ခုအလုပ်လုပ်နေတဲ့ Lab ရဲ့ website link ပါ။
အပြီးသတ်အရေးအကြီးဆုံးအချက် တွေကိုပြန် ပြောရမယ်ဆိုရင်..
၁။ GRE အမှတ်ကောင်းရပါမယ်။ (ဒါက.. ကျောင်းဝင်ခွင့်ရဖို့နဲ့..စကော်လားရှစ်ရဖို့အတွက်..အရေးကြီးဆုံးသောအချက်တခုပါ။)
၂။ ပရော်ဖက်ဆာတယောက်ယောက် က supervisor လုပ်ပီးလက်ခံဖို့သဘောတူးထားပီးသားဖြစ်ရပါ့မယ်။

၃။ YTU, MTU, GTC, University of Computer Scienceစတာတွေကနေ..လိုအပ်တဲ့..ထောက်ခံစာ..အထောက်အထားတွေ တောင်းလို့ အဆင်ပြေရပါမယ်။ ဆိုလိုချင်တာက..အရင်ပေါ်လစီတုန်းက..Gradingတို့ ဘာတို့ဆို.စံပြကျောင်းသားဝန်ထမ်းတွေကိုထုတ်မပေးဘူးကြားထားလို့ပါ။ အခုြေ့ပာင်းသွားပီဆိုရင်တော့..မသိပါ။ အဲ့ဒါသေချာအောင်လုပ်ပါ။(မှတ်ချက်။ ။ Physics,Chemistry,Biologyအထူးပြု မေဂျာများနဲ. ဘွဲ့ သို.မဟုတ် ဘွဲ့လွန် ရထားသူများစိတ်ပါဝင်စားရင်လည်းတက်ရောက်နိုင်ပါတယ်။ ထိုသူများလည်း Keio University ဝက်ဆိုက်မှာအသေးစိတ်သွားရောက်ဖတ်နိုင်ပါတယ်ဗျား။)
အထက်က..ကျနော်ပြောခဲ့တဲ့..Programကို မြန်မာပြည်က..အပြင်လူတွေသာမက..အစိုးရဝန်ထမ်းတွေလဲလျှောက်လို့ရပါတယ်။
အစိုးရဝန်ထမ်းများတခြားသိသင့်တဲ့ အချက်တခုကတော့.သွားမယ်ဆိုရင်..အစိုးရဝန်ထမ်းအနေနဲ့ သွားမှာလား။ အပြင်လူအနေနဲ့ သွားမှာလားသေချာအောင် လုပ်ပါ။ ဝန်ထမ်းအနေနဲ့..သွားတာကို..ခွင့်ပြမပြု့ပေါ့။ခွင့်မပြုလို့..အပြင်လူအနေနဲ့ သွားမယ်ဆိုရင်..Passportအနီ..ရှိထားရပါမယ်။ နောက် လေဆိပ်မှာ..Black List ဝင်နေလို့ မရပါဘူး။ဒါက..ဘာကြောင့် လိုတာလဲဆိုရင်..အရင်..တချို..ကျနော့် သပနကဝန်ထမ်းလုပ်နေတဲ့.. တပည့်တွေ...ဂျပန်ကိုစိတ်ဝင်စားလို့..ကျောင်းလျှောက်ပါတယ်..ရပါတယ်..ကျောင်းကောစကောလားရှစ်ကောပေါ့..ဒါပေမယ့်..အဲ့တုန်းက..
ဦးသောင်းကဝန်ကြီးပါ။ ဝန်ထမ်းတွေ ကိုယ့် အစီအစဉ်နဲ့..ကိုယ် ကျောင်းလျှေက်ပီး..သွားမယ်ဆိုတာကို..ခွင့်မပြုပါဘူး။ ဒါနဲ့..သူတို့..အပြင်ကနေ..Passportအနီကို..ကိုယ်အစီအစဉ်နဲ့..ကိုယ်လုပ်ပါတယ်။အပြင် ကနေပိုက်ဆံပေးလုပ်လိုက်တယ်ပြောတယ်။ ရပါတယ်။ ရပီးမှ..တခါ..သွားမယ် လုပ်ပီးမှ..လေဆိပ်မှာ..ဝန်ထမ်းတွေ..ဖြစ်နေတဲ့ အတွက်..Black List နဲ့ မိနေလို့..ထွက်မရလို့..ကျောင်းမတက်လိုက်ရပါဘူး။ ဒါ့ကြောင့်..အဲ့လိုအဖြစ်မျိုးတွေနဲ့ ကြုံရင်..လုပ်ထား..ရင်းထားသမျှ..အလကားဖြစ်ကုန်မှာစိုးလို့..ထွက်လို့..ရမရ..သေချာအောင် စုံစမ်းစေချင်ပါတယ် ခင်ဗျား။
နောက်..တခြားလိုအပ်တာရှိရင်လဲပြောပါဗျာ။ ဘာပဲပြောပြော..ကျနော့်တို့ မြန်မာနိုင်ငံ က..လူတွေ..နိုင်ငံတကာ..မှာ..ကျောင်းတက်ပီးအသိအမြင် တိုးလေ..ကာယကံရှင် အတွက်..ကော..နိုင်ငံအတွက် ကောအများကြီးအကျိုးကျေးဇူးရှိပါတယ်။ ကျနော်..တတ်နိုင် သမျှကူညီပါ့မယ်။
အစစအရာအရာအဆင်ပြေကြပါစေဗျား။
တခြားသိချင်တာအချက်တွေရှိရင် ကွန်.မန်.ပေးခဲ့ပါဗျား။ အဆင်ပြေတဲ.အချိန် ပြန်လည်ဖြေကြားပေးပါမယ်။

ဆန်းမော်