Thursday 23 June 2011

ချာနိုဘိုင်း ညူကလီးယားပြဿနာ ဇာတ်သိမ်း

Chernobyl Nuclear Accident: Last Part

မီးလောင်ခြင်း
ပေါက်ကွဲမှု ၂ခု ဖြစ်တာကနေ အလွန်ပူပီး ရေဒီယိုသတ္တိကြွ နေတဲ့ လောင်စာချောင်းတွေ၊ ပေါင်းဖို နဲ့ အဆောက်အဦရဲ့
 အစိတ်အပိုင်း အစတွေ ဟာ လေထုထဲကို ထိုးတက်သွားပီး တခါ မိုးရွာချသကဲ့သို့ စက်ရုံနဲ့အနီးအနားတဝိုက် ပါတ်ဝန်းကျင်မှာ ပြန်ကျလာပါတယ်။ ထိုးတက်သွားတဲ့အမြင့်က ၁ကီလိုမီတာခန့် မြင့်တယ်လို့ သိရပီး၊ ပြန်ကျလာတဲ့အချိန်မှာတော့ ကြီးမားတဲ့ အရာဝတ္ထု့ တွေက အနီးအနားတဝိုက်မှာ လာကျပီး၊ ပေါ့ပါးတဲ့ အပိုင်းအစတွေနဲ့ ဓါတ်ငွေ့တွေကတော့ ဝေးလံတဲ့နေရာတွေထိ ရောက်ရှိပြန့်နှံ့ကုန်ပါတယ်။
ပေါက်ကွဲမှု့ဖြစ်ပီးတာနဲ့ ပေါင်းဖိုနံပါတ် (၄) ရဲ့ကျန်နေတဲ့ အဆောက်အဦး အစိတ်အပိုင်းတွေမှာ မီးစလောင်ပါတယ်။ ဒါ့အပြင် တခြား တာဘိုင်ခန်း၊ ဒီဇယ်လောင်စာလှောင်တဲ့အခန်း၊ နဲ့ တခြားနေရာတော်တော်များများမှာ ပါ မီးတွေလောင်ပါတယ်။ စက်ရုံနဲ့ အနီးက Pripyat မြို့က မီးသတ်သမား ၁၀၀ ကျော်ခန့် ပေါင်းပီး မီးငြိမ်းသတ်ကြတယ်။ ဒီအုပ်စုဟာ ရေဒီယိုဓါတ်ရောင်ခြည် အပြင်းအထန်ထိမှန်ခြင်းခံရတဲ့လူတွေဖြစ်လာကြတယ်။ ပထမဆုံးမနက် ၁နာရီ ၂၈ မိနစ် မှာ ရောက်လာတဲ့ မီးသတ်သမားအုပ်စုမှာ လူ ၁၄ ယောက်ပါတယ်။ နောက်ထပ် အကူတွေကတော့ မနက် ၄ နာရီထိုးမှထပ်ရောက်လာပါတယ်။ မနက် ၂နာရီ၁၀မိနစ်မှာ တာဘိုင်စက်ခန်းအပေါ်မှာလောင်နေတဲ့ အကြီးဆုံးမီးကို ငြိမ်းသတ်နိုင်ပီး၊ ၂နာရီ ၃၀ မိနစ်မှာတော့ ပေါင်းဖိုအခန်းမှာလောင်နေတဲ့ အကြီးဆုံးမီးကို ထိန်းချုပ်လိုက်နိုင်တဲ့ အဆင့်ကို ရောက်သွားပါတယ်။ မနက် ၅နာရီမှာတော့ ခုနပြောတဲ့မီးတွေကို ငြိမ်းသတ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ဂရက်ဖိုက် မီးစတင်လောင်ကြွမ်းလာပါတော့တယ်။  ဒါ့အပြင် မီးသတ်သမားတော်တော်များများဟာ မီးလောင်နယ်မှာ အဆင့်သင့် စောင့်ဆိုင်းနေရတဲ့အတွက် ရေဒီရေးရှင်းထိတာပိုဆိုး ကုန်ပါတယ်။ အမှန် ဖြစ်သင့်တာကတော့ မီးသတ်သမားတွေကို အလှည့်ကျ ဝင်ရောက်ငြိမ်းသတ်ခိုင်းမယ်ဆိုရင် တော့ အချိန်ကြာကြာရေဒီရေးရှင်းထိခြင်းကို ကာကွယ် တားဆီးနိုင်မှာဖြစ်ပါတယ်။  ဒီဂရက်ဖိုက် မီးလောင်ကြွမ်းမှု့ကြောင့်ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ လေထုထဲကို လွတ်ထွက်သွား ခြင်းကိုတားဆီးဖို့ခက်ခဲသွားပီ ရက် ၂၀ ခန့်ကြာအောင် အဲ့ဒီပစ္စည်းတွေလွတ်ထွက် ပျံ့နှန့် ကုန်ပါတယ်။ ရက် ၂၀ ခန့်ဆိုပေမယ့် ၁၀ ရက်လောက်ကြာပီး ဂရက်ဖိုက် မီးကို ငြိမ်းသတ်ပီးချိန်မှာတော့ အဲ့ဒီလိုလွတ်ထွက်တာ တော်တော်လေးလျော့နည်းသွား တာကို တွေရပါတယ်။
ပထမရိုးရိုးမီးလောင်တုန်းကတော့ မီးသတ်သမားတွေအနေနဲ့ငြိမ်းသတ်ရတာ အခက်အခဲမရှိပေမယ့်၊ပြင်းထန်တဲ့ ရေဒီရေးရှင်း ကြောင့် မီးသတ်သမား ၃၁ ယောက်ထိအသက်ဆုံးရှုံးမှု့ ရှိခဲ့ပါတယ်။ ပိုဆိုးစေတာကတော့ အထက်က ပြောခဲ့တဲ့ ဂရက်ဖိုက်မီး လောင်တာပါပဲ။ အဲ့ဒီအချိန်က နိုင်ငံတကာမှာကော ဆိုဗိယက်မှာပါ ဂရက်ဖိုက်မီးကို ဘယ်လိုငြိမ်းသတ်ရမယ်ဆိုတဲ့ နည်းပညာ လုံလုံလောက်လောက် မရှိသေးပါဘူး။ နောက်ထပ် စိုးရိမ်စရာအချက်ကတော့ ဂရက်ဖိုက်မီးကို ငြိမ်းသတ်တာ အဆင်မသင့်ရင် ညူလောင်စာချောင်းတွေကနေ လွတ်ထွက်လာမယ့် ရေဒီရေးရှင်း တွေကိုပိုမို များပြားလာအောင် လုပ်သလို ဖြစ်မှာလဲစိုးရိမ် ရပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုဆုံးဖြတ်လိုက်ကြသလဲဆိုရင်၊ ဒီဂရက်ဖိုက်မီးကို ငြိမ်းသတ်ရာမှာ သူ့အဆင့်နဲ့သူ အန္တရာယ် ရှိတဲ့အဆင့် တိုင်းအတွက်စဉ်းစားပီးငြိမ်းသတ်ဖို့ စဉ်းစားဆုံးဖြတ်လိုက်ကြပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ မီးလောင်တာကို တားဆီးဖို့နဲ့၊ ရေဒီယိုသတ္တိကြွတာကို တာဆီးဖို့အတွက် ဘိုရွန်(တန်၄၀)၊ ခဲ သတ္ထု(တန် ၂၄၀၀)၊ ရွံ နဲ့သဲ (တန် ၁၈၀၀)၊  dolomite (တန် ၆၀၀)၊  နောက် sodium phosphate and polymer liquids (တန် ၁၅၀) ခန့် တို့ကို အေပရယ် ၂၇၊ ၂ဂ၊ ၂၉၊ ၃၀ နဲ့ မေ ၁ ရက် ၂ ရက် အတွင်းမှာ ရဟတ်ယာဉ်ပေါင်း ၁၈၀၀ ခန့်သုံးပီး သုံးပီး ဓါတ်ပေါင်းဖို အပေါ်ကနေကြဲချခဲ့ပါတယ်။  အဲ့လိုကြဲချရာမှာ ပထမဆုံးရဟတ်ယာဉ်နဲ့ ကြဲစဉ် ရဟတ်ယာဉ်ကို ဓါတ်ပေါင်းဖို အပေါ်တည့်တည့်ကနေရပ် ပြီးကြဲကြည့်တယ်။ ဒါပေမယ့် အဲ့လိုကြဲရာမှာ ရဟတ်ယာဉ်ကိုအပေါ်တည့်တည့်မှာ ရပ်ထားတဲ့ အတွက် ရဟတ်ယာဉ်မောင်းသူမှာ ပြင်းထန်တဲ့ရေဒီရေးရှင်း ကြရောက်ခြင်းကိုခံစားရတာတွေရတဲ့အတွက်နောက် အခေါက်တွေမှာ ရဟတ်ယာဉ်ကို ရပ်မထားတော့ပဲ ပျံသန်းနေပီးတော့ပဲ ခုနပစ္စည်းတွေကို ကြဲချဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲ့လိုလုပ်လိုက်တဲ့အတွက် ရဟတ်ယာဉ်မောင်းသူတွေမှာ ရေဒီရေးရှင်းထိရောက်မှု့ကိုလျော့ချနိုင်ပေမယ့် အောက်ခြေက အဆောက် အဦးတွေ အပျက်အစီးပိုများလာပီး၊ ပါတ်ဝန်းကျင်ကိုရေဒိယိုသတ္တိကြွပစ္စည်းတွေ ပျံနှံ့မှု့ပို များသွားတဲ့ အဖြစ်အပျက်တွေတော့ ရှိလာခဲ့တယ်။
ဒီနေရာမှာ ဘိုရွန် ဓါတ်ပစ္စည်းကို ညူလောင်စာဓါတ်ပြု့နုန်း လျော့ကျစေရန် သုံးပီး၊ dolomite ကိုတော့ အပူအမြန်လျော့ ကျစေရန်နဲ့ မီးဆက်လက်လောင်ကြွမ်းခြင်းကို ကာကွယ်တားဆီးရန်အတွက် သုံးပါတယ်။ ခဲ့သတ္ထုကိုတော့ ရေဒီရေးရှင်းထွက်တာကို ကာကွယ်ဖို့ရန်နဲ့ ရွံနဲ့သဲကိုတော့ ရေဒီယိုသတ္တိကြွပစ္စည်းတွေ လွတ်ထွက်မသွားအောင်အုပ်ထားဖို့ ရည်ရွယ်ပါတယ်။  နောက်ပိုင်းမှာ တွေရှိချက်အရ ဒီပစ္စည်းတွေဟာ ချချင်တဲ့နေရာပေါ်ကိုတည့်တည့်မတ်မတ် မကျပဲ များသော အားဖြင့် မလိုတဲ့နေရာတွေကိုပျံ့နှံ့ရောက်ရှိကုန်ကြောင်းတွေရတယ်။ သူတို့ကြောင့် အပူကိုအောင်းထားသလိုဖြစ်စေပီး တပါတ် ခန့်အကြာမှာ နောက်ထပ်ပေါက်ကွဲမှု့ကိုထပ်မံ ဖြစ်ပေါ်စေကြောင်းတွေရှိရတယ်။
မတော်တဆမှု့ဖြစ်ပီး ၈ ရက်အကြာမှာတော့၊ လောင်စာချောင်းပျော်ရည်ဟာ ပေါင်းဖိုအောက်ခံ biological shield ကိုဖေါက်ထွက်ပီး ကြမ်းခင်းပေါ်မှာပြန့်ကျဲ့ကုန်တယ်။ ဒီလိုပြန့်ကျဲ့ကုန်တဲ့အတွက် ရေဒီယိုသတ္တိကြွပစ္စည်း တွေပိုမိုထွက် လာနိုင်ပီး သူတို့ကမှ ရေနဲ့ထိတွေ့ဓါတ်ပြု့ကာရေဒီယိုသတ္တိကြွ အခိုးအငွေ့တွေ ထွက်ပေါ်လာမည့် အန္တရာယ်ကို မြင့်မားစေကြောင်းတွေ့ရတယ်။  မေလ ၉ ရက်နေ့မှာတော့၊ ဂရက်ဖိုက်မီးကို ငြိမ်းသတ်နိုင်လိုက်ပီး၊ ဒီပေါင်းဖို ကို လုံးဝ ဖုံးအုပ် ရန်အတွက် ကွန်ကရစ်အကာအရံကို စတင်တည်ဆောက်တယ်။ တနည်းပြောရရင် ဓါတ်ပေါင်းဖိုကို ဂူသွင်းမြုပ်နှံတယ်ပြောရ မှာပေါ့။ ရိုးရိုးဂူသွင်းတာထက် ပိုတာက၊ ဓါတ်ပေါင်းဖိုရဲ့ အောက်ခြေကနေ တူမြောင်းတူးပီး ကွန်ကရစ်ခံလိုက်တယ်၊ ဒီနည်းအားဖြင့် ပေါင်းဖိုကို ရိုးရိုးပိတ်လိုက်တာမဟုတ်ပဲ၊ ပေါင်းဖိုထဲက အရည်ပျော်ပျက်စီးသွားတဲ့ သတ္တုတွေကို မြေအောက်ရေတွေ ထဲကိုရောက်ရှိမသွားအောင် တားထားလိုက်တဲ့သဘောပေါ့။ ဒီအလုပ်ကို လူပေါင်း ၄၀၀ နဲ့ ၁၅ ရက်အတွင်းအပီး ပြု့လုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က စလို့ ချာနိုဘိုင်း ဓါတ်ပေါင်းဖို ယူနစ် ၄ ကို ယနေ့တိုင် ပိတ်ထားလိုက်ပါတော့တယ်ဗျာ။
ကဲ ပီးပါပီ။ အားလုံးကျန်းမာ ရွှင်လန်းကြပါစေဗျာ။
ကိုဆန်းမော်











Wednesday 1 June 2011

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၆)


Chernobyl Nuclear Accident Part 6 

စမ်းသပ်မှု့လုပ်စဉ်အတွင်းမှာ အဲ့ဒီက လူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုခံယူချက်ရှိလဲဆိုရင် လွန်ကဲ သော ကိုယ့်ကိုယ် ကို ယုံကြည်မှု့ဆိုတဲ့ (over-confidence) ရှိနေပါတယ်။ ဘာလို့လဲဆိုရင် အဲ့ဒီအချိန်တုန်းက ဓါတ်ပေါင်းဖို ဟာ နောက်ဆုံးပေါ်ဖြစ်တဲ့အပြင် တခြားသော RBMK type ညူစက်ရုံတွေ ရဲ့ စံပြ မော်ဒယ်ဖြစ်ပါတယ်။ ဒီလို စက်ရုံမှာ တာဝန်ထမ်းဆောင်ရတဲ့လူတွေဟာလဲ.. သက်ဆိုင်ရာနယ်ပယ်မှာ စံပြအဖြစ်ရွေးချယ် ခံခဲ့ရတဲ့ လူတွေဖြစ်တဲ့ အခါကျတော့ သူတို့ စိတ်ထဲမှာ သူတို့ကို သူတို့ (Elite Crew) သိပ်တော်တဲ့လူတွေ လို့ ခံစားနေရတဲ့ သဘောထားရှိနေခဲ့တယ်လို့ ယူဆရတယ်ပေါ့။ 

Tuesday 31 May 2011

Chernobyl Nuclear Accident Part 5

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၅)

ယူနစ်(၄) ပေါင်းဖို ကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု့တွေလုပ်ရန်အတွက် အနေနဲ့ ၁၉၈၆ အေပရယ် ၂၅ ရက် နေ့မှာ ပိတ်ချ လိုက်ရန် အစီအစဉ်ရှိပါတယ်။ ဒီလိုပိတ်မည့် ကိစ္စရှိတဲ့ အပေါ်မှာ မှ စမ်းသပ်ချက်လုပ်ပီး ပိတ်ဖို့ စဉ်းစားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာက သူတို့လုပ်မယ့် စမ်းသပ်ချက်က ပေါင်းဖို ပိတ်သွားဖို့ လိုအပ်တဲ့ လျှပ်စစ်စွမ်းအားကို အခြားပြင်ပ ကနေ မယူဘဲ ဓါတ်ပေါင်းဖိုကနေ ပဲ ပြန်လည် ရယူပီး ပိတ်ကြည့်ချင်တာပါ။ တနည်း ရှင်းပြရမယ်ဆိုရင်တော့ ပေါင်းဖိုကို ပိတ်လိုက်ရင် ရိုးရိုး ဓါတ်ဆီ၊ ဒီဇယ် စတဲ့ သဘာဝ လောင်စာသုံးတဲ့ စက်တွေလို ဒီတိုင်း ပိတ်ချလိုက်လို့မရပါဘူး။ သူဟာ ညူကလီးယားလောင်စာကို သုံးထားတာ ဖြစ်တဲ့အတွက် လောင်စာတွေကို ဆက်လက်အအေးခံဖို့ အတွက် အအေးပေးစနစ် (ရေစုပ်စက် တွေ၊ ပန်ကာတွေ) စတာတွေကို ဆက်လက် လှည့်ပါတ်နေဖို့လို့ပါတယ်။ အဲ့ဒီအတွက် လျှပ်စစ် စွမ်းအားလို့ပါတယ်။ ဒီလိုတဲ့ လျှပ်စစ် စွမ်းအားကို ရနိုင်တဲ့ နည်းက ယေဘုယျ အားဖြင့် ၃ နည်း ရှိပါတယ်။

Monday 30 May 2011

Chernobyl Nuclear Accident Part 4

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၄)

ဒီ ချာနိုဘိုင်း ညူကလီးယားစက်ရုံမှာ RBMK-1000 Type ဓါတ်ပေါင်းဖို အမျိုးအစား unit-1, unit-2, unit-3, unit-4 ဆိုပီး ၄ လုံး ရှိပါတယ်။ အဲ့ဒီထဲက မှ unit-1 နဲ့ unit-2 ကို ၁၉၇၀ နဲ့ ၁၉၇၇ မှာ တည်ဆောက် ခဲ့ပီး။ ယူနစ် ၃ နဲ့ ၄ ကိုတော့ ၁၉၈၃ မှာ တည်ဆောက်ပြီးခဲ့တယ်။ ဒါ့အပြင် ယူနစ် ၅ နဲ့ ၆ ဟာလည်း ပေါက်ကွဲမှု့ဖြစ် တုန်းက တည်ဆောက်နေဆဲ အခြေအနေမှာဖြစ်တယ်လို့သိရတယ်။ အဲ့ဒီထဲကမှ ယူနစ် ၄ မှာ အေပရယ် ၂၆ ရက် ၁၉၈၆ မှာ ပေါက်ကွဲမှု့ဖြစ်ခဲ့တယ်။
 ပေါက်ကွဲမှု့ဖြစ်စေတဲ့ အဓိက ကျတဲ့ အချက် အလက်တွေက တော့ အောက်ပါအတိုင်းဖြစ်တယ်။

Sunday 29 May 2011

Chernobyl Nuclear Accident Part 3

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၃)

မနေ့က ဓါတ်ပေါင်းဖိုကနေ လျှပ်စစ်ဘယ်လိုထုတ်သလဲဆိုတာထိပြောပီးသွားပီ။ တခုပြောဖို့ကျန်သွားတာက ပေါင်းဖိုရဲ့ graphite blocks တွေကြားမှာ နိုက်ထရိုဂျင် နဲ့ ဟီလီယမ် ဓါတ်ငွေ့ အရောကို ထည့်ပီး လှည့်ခိုင်းထားတယ်။ ဘာ့ကြောင့်လှည့်ခိုင်းထားတာလဲ ဆိုရင်တော့ graphite တွေကို အောက်စီဂျင်နဲ့ဓါတ် ပြုပီး oxidation ဖြစ်ပေါ်မှု့ကနေ ကာကွယ်ဖို့နဲ့ လောင်စာချောင်းတွေက ထွက်လာတဲ့ အပူစီးကူး မှု့ကို ပိုမို ကောင်းမွန် အောင် ပြု့လုပ်ပေးဖို့ဖြစ်တယ်။

Saturday 28 May 2011

Chernobyl Nuclear Accident Part 2

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၂)

၁၉၈၆ မှာ (USSR) လို့ခေါ်တဲ့ ဆိုဗီယက်မှာ ညူဓါတ်ပေါင်းဖို ၄၃ လုံးကနေကမ္ဘာစွမ်းအင် ရဲ့ ၁၀ ရာခိုင်နုန်း လောက်ကို ထုတ်ပေးနေတယ်လို့သိရတယ်။ မီဂါဝပ်အားဖြင့်ကတော့ ၂သောင်း၇ထောင်လောက်ရှိမယ်။ အဲ့တုန်းက နောက်ထပ် ပေါင်းဖို ၃၆လုံးကို တည်ဆောက်နေဆဲ ဖြစ်ပီး မီဂါဝပ် ၃သောင်း ၇ ထောင် လောက်ထုတ်ဖို့မှန်းထားခဲ့တယ်လို့သိရတယ်။ ၁၉၈၆ တုန်း ညူကလီးယားပေါက်ကွဲမှု့မ တိုင်ခင်မှာ ချာနိုဘိုင်းမှာ နောက်ဆုံးပေါ် ဓါတ်ပေါင်းဖိုအမျိုးအစား RBMK-type ၄ လုံးလည်ပါတ် နေတယ်လို့သိရပီး၊

Chernobyl Nuclear Accident Part 1

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၁)


ကဲဒီနေ့တော့ မကောင်းမွန်ဝင်း မနေ့က ကွန်းမန့် လာရေးသွားတော့ တွန်းအားလေး ရှိတုန်း စာနည်းနည်း ရေးတင် လိုက်ပါဦး မယ်ဗျာ။ မကောင်းမွန် ဝင်း နဲ့ တခြားသောစာဖတ်သူများဗျာ ခုလိုလာရောက်အားပေးတာ ကျေးဇူးပါနော့်။ ခုတလောက ဘွဲ့အတွက် သီးစစ်စာအုပ် ရေးနေတာဆိုတော့ ဘလောဂ့် ဘက်မလှည့်နိုင်တာ အတော်ကြာသွားတယ်။ ဆောရီးဗျာ ခုစာအုပ်ရေးတာတော့ အကြမ်းလက်စ သပ်ထားပီ ဆိုတော့ တပါတ် ၂ ပုဒ် ၃ ပုဒ်လောက်တော့ ရေးနိုင်မယ်လို့ တော့ ယူဆရပါတယ်။ အဲ့ Presentation လုပ်ရမယ့်ရက်နီးလာရင်တော့ တခါ ခနလောက်တော့ ရပ်သွားဦးမယ်ထင်တယ်နော်။ ဒါကတော့ စကား မစပ် ကြိုပီး အသိပေးထားတဲ့သဘောပါ။ ဒီနေ့ ကတော့ အရင်တုန်းက ပြောထားတဲ့ အကြွေးကျန်နေသေးတဲ့ ချာနိုဘိုင်းအကြောင်း အခန်းဆက်ဆောင်းပါး ပထမပိုင်းကို တင်မယ်လို့စိတ်ကူးတယ်။ အခန်းဆက်ဖြစ်သွား တဲ့သဘောကတော့ ခုတလော သီးစစ် အတွက် ပြင်ဆင်ရတာရယ် ကြောင့်အချိန်သိပ်မရတာရယ်နောက် ချာနိုဘိုင်းအကြောင်းက နည်းနည်းရှည်တာဖြစ်တဲ့အတွက် အခန်းဆက်ဖြစ်သွားကြောင်းပါဗျာ။

Saturday 9 April 2011

ရေဒီရေးရှင်း အတိုင်းအတာများကို - ဖတ်ရှုပီး နားလည်သဘောပေါက်ခြင်း

ရေဒီရေးရှင်း အတိုင်းအတာများကို - ဖတ်ရှုပီး နားလည်သဘောပေါက်ခြင်း

ဒီနေ့ရေးမယ့်ဟာကတော့ လူတော်တော်များများနဲ့ စကားပြောကြည့်တော့ အဓိတ်ပါယ်ဖေါ်ရခက်တဲ့ ရေးဒီရေးရှင်း နဲ့ ပါတ်သက်တဲ့အသုံးအနုံး အတိုင်းအတာတွေအကြောင်းကိုနဲနဲပြောချင်တယ်။

Wednesday 6 April 2011

Finally back in Yokohama, Japan


ဒီပို့စ်ကို တင်တော့ တခုပြောဖို့ကျန်နေတာအသိပေးရဦးမယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကိုယ်ဟာ ဂျပန်တက်ကသိုလ်တခုမှာ ကျောင်းတက်နေတယ်ဆိုပေမယ့်၊ ၂၀၁၀ အောက်တိုဘာကနေ ၂၀၁၁ မတ်လကုန်ထိ Australia, Sydney က research centre တခုမှာ semester တခုစာ internship သွားဆင်းနေရတာကို မပြောရသေးတာပဲ။

Monday 28 March 2011

ရေနံဆီ အပူပေးစက်များသုံးက သတိထားရန်

ဒီနေ့ ဂျပန်သတင်းမှာ ဖတ်လိုက်ရတာက အီဝတဲခရိုင်က အဖိုးအို တစ်ယောက် ဓါတ်ဆီတန်းစီ ရင်း သူ့ကားထဲမှာ သေနေတာတွေ့တယ်ပြောတယ်။ ဖြစ်တာက.ခုချိန်က ဓါတ်ဆီရှားတော့ ကားတွင်းပါတဲ့ အနွေးပေးစက်ကို မသုံးပဲ.. အိမ်တွေမှာ သုံးတဲ့ ရေနံဆီနဲ့ သုံးရတဲ့.. အပူပေးစက်ကို ကားထဲမှာ ထည့်သုံးတာတဲ့.. ဆိုတော့ ဘာဖြစ်လဲ ဆိုတော့ ကားမှန်တွေကလဲ..လေစိမ်းမဝင်အောင် အကုန်ပိတ်ထားတယ်။ ရေနံဆီအပူပေးစက်ကလဲ.. အောက်စီဂျင်ကိုလောင်ပီး ကာဘွန်မိုနောက်ဆိုဒ် တွေ ထုတ်ပေးဆိုတော့..အောက်ဆီ၈ျင်ပြတ်ပီး သေတဲ့သဘောပဲ။

Wednesday 23 March 2011

ဒုတိယအကြိမ် update japan news

 
၁) သေဆုံး သူ ၉၄၀၀ ကျော် ဖြစ်


၂) တိုကျို tap water မှာ တွေ့ရသော ရေဒီရေးရှင်း လယ်ဗယ်သည် သတ်မှတ် စိတ်ချရသော လယ်ဗယ်ထက်မြင့်သဖြင့် ကလေးငယ်များ သောက်သုံးရန် မသင့်တော်ကြောင်းတွေ့ရ 
(သောက်မိပါကလည်း ချက်ချင်း အန္တရာယ်တော့ မဖြစ်နိုင်)

သင့် website ကို လာသူနည်းစေချင်သလား ?









သင့် website ကို လာသူနည်းစေချင်သလား ?


ခုရေးတာတော့ ဟိုးအရင် ကိုယ်ဘလော့ဂ် လည်တုန်းက စိတ်အနှေက်အယှက် ဖြစ်ရတဲ့ အကြောင်းလေးတွေ အကြောင်း ပြန်ချရေးထားတာ။ နောက်ကိုယ်လဲ သတိတရ ရှောင်ပီးသားဖြစ်သွားအောင်ပေါ့။ အကုန်လုံးတော့ တခါတည်း မရေးနိုင်လောက်ဘူး၊ ဘာတွေလဲ ဆိုတာ စဉ်းစားလိုက် ချရေးလိုက်လုပ်ရမှာ ဆိုတော့ နောက်ပိုင်းမှ ကျန်တာ တွေ.. သတိရသလောက် ထပ် ထပ်ပီး တင်သွားမယ်လို့စိတ်ကူးတယ်။ ကဲခုတော့ အရင် သတိရတာတွေနဲ့ စလိုက်ရအောင်။

ယနေ့ဂျပန်သတင်း

ဒီနေ့သိတာတော့
၁) သေဆုံးသူး ပေါင်း ၉၃၀၀ ကျော်သွားပီပြောတယ်။ တချို့နေရာတွေမှာ ခေါင်းတလား တောင် မရှိတော့ ဘူး ဖြစ်နေတယ်ပြောပါတယ်။

Monday 21 March 2011

Latex

Collection of useful links in this latex page. This page will be update when I find useful pages.


ဂျပန် ညူအတွက် မေးခွန်း ၁၀ ခု နှင့်အဖြေ များ

 




မနေ့က သူငယ်ချင်း တစ်ယောက်က ကိုယ့်ကို ရှေရှေဝေးဝေးတွေ ရှောက်ပြောနေ တာနဲ့စာရင် လူအများစု သိချင်တာ ကို တိုတိုတုတ်တုတ် ရေးပီးတင်ပေးပါလို့ ဆိုလာပါတယ်။ အဲ့ဒါနဲ့ လူများစုက ဘာတွေ သိချင်နေကြတာလဲ မင်းသိရင် ပြောပါဦးဆိုလို့၊ သူက မေးခွန်း ၁၀ ခု ပို့လာပါတယ်။ အဲ့ဒီ မေးခွန်း ၁၀ ခု ကို ပဲ ပြန်ဖြေပေးပီးတင် ပေးလိုက်ပါတယ်။ အားလုံးဖတ်ရတာ ရှင်းလိမ့်မယ်လို့ယူဆပါတယ်။

Sunday 20 March 2011

20 March update news for Japan Nuclear Plant

ခုနပဲ သတင်းကြေညာသွားတယ် ပေါင်းဖို (၂) မှာ ရေအေးပေးစက်ပြန်လည်နေပီတဲ့။ ဆိုတော့ သိပ်မကြာခင် အားလုံးအဆင်ပြေသွားမယ်လို့ထင်ပါတယ်။  နောက်ပေါင်းဖို (၃) က ပရက်ရှာမြင့်နေတာကိုလည်း လောလောဆယ် ရေငွေ့ဖေါက်ထုတ်စရာ မလိုသေးပဲ စောင့်ကြည့်နေတုန်းလို့ဆိုပါတယ်။
သေဆုံးသူအရေအတွက်ကတော့ ၈ ထောင်ကျော်ဖြစ်သွားပီ။ ၁၂၀၀၀ ကျော်ပျောက်ဆုံးပါသေးတယ်။ စု့စု့ပေါင်း သေဆုံးသူ ၂သောင်းကျော်နိုင်မယ်လို့တော့ ခန့်မှန်းတယ်ကြားတယ်။
အပျက်အစီးကတော့လောလော ဆယ်ခန့်မှန်းထားသလောက် US$ ဘီလီယမ် ၁၈၀ ခန့် လို့သိရပါတယ်။

Adding Blog Lists





ဒီနေ့တော့ ကိုယ်ဖတ်လေ့ ဖတ်ထရှိတတ်တဲ့ ဘလောဂ်တွေကို ကိုယ့် List မှာ ပေါင်းထည့်ထား လိုက်တယ်။ အဲ့ဒီတော့ နောက်ပိုင်းကြတော့ ရှာရလွယ်သွားတာပေါ့။ မဟုတ်ရင် ကွန်ပျုတာပြောင်းသွားရင် တခါပြန်ပြန်မှတ်နေရတယ်။ Google Bookmark ဆိုတာကလဲ ရှိတယ်ပြောတယ်၊တခါလောက်စမ်းသုံးကြည့်ပီးနောက်ထပ်မသုံးဖြစ်တော့ဘူး၊သိပ်အဆင်မပြေသလိုပဲ
ခုတော့ ကိုယ်ဆိုက်ဒ် ကနေ အလွယ်တကူ သွားလို့ရသွားပီ။ 

radioactive material iodine in tap water of tokyo



ခု န လေးတင် ထပ်သိတဲ့ သတင်းကတော့ ခု တိုကျိုမှာ ပိုက်ရေကနေ ရေဒီရေးရှင်းစတွေ့ တယ်ပြောသွားတယ်။ နည်းတော့နည်းပါတယ်။ ၁.၅ ယူနစ်ပေါ့ . သူက ၃၀၀ယူနစ် ကျော်မှာ အန္တရာယ်ရှိတယ်ပြောတယ်၊ ၁ ကီလိုကိုပြောတာ။ ဒါပေမယ့် အရင် လုံးဝနီးပါး မတွေ့တာကနေ စတွေ့လာတဲ့
သဘောပေါ့။ နည်းနည်းတော့ သတိထားရမယ့်သဘောရှိတယ်။ အသေးစိတ်ကတော့ အယ်ဂျာဇီးယား ဆိုက်မှာ သာ သွားကြည့်လိုက်ကြပါ။


ကိုဆန်းမော် (sannmaw.com)

Saturday 19 March 2011

Today update news for Japan Nuclear Plant






၁) သတင်းကောင်းကတော့ စက်ရုံကို ဆွဲနေတဲ့ မီးလိုင်းရောက်သွားပီ အဲ့ဒီမီးနဲ့ ပေါင်းဖို ၂ကရေပန့်ကို ကို အရင်စလည်အောင် လုပ်ပီး နောက်ပိုင်းမှာ ပေါင်းဖို ၁..၃..၄ ဆက်လုပ်သွားမယ်လို့ပြောတယ်။ နောက် ပေါင်းဖို ၅ နဲ့ ၆ မှာလည်းအရင်အရေးပေါ်မီးစက်နဲ့လည်နေတာကနေအပိုစက်တွေလည်းထပ်လည်နေပီလို့ပြောပါတယ်။ 

အဆိုးဆုံးအလွန်ဆုံးဖြစ်နို်င်တာကတော့ချာနိုဘိုင်းမှာ ဖြစ်ခဲ့သလို မျိုးထိဖြစ်လာပီး ဆိုရင် တော့

Three Mile Island (TMI) Nuclear Accident or China Syndrome





ကဲ ဟိုတလောကကိုယ် ပြောထားတဲ့ ၃မိုင်အရေးအခင်းလာပါပီဗျာ။ ခု ဂျပန်မှာလဲ အဆင့်(၅) သတ်မှတ်လိုက်တယ်ဆိုတော့၊ ဖြစ်တဲ့လယ်ဗယ်ချင်းတူသွားပီ ဆိုတော့ ဖတ်ရတာ ပိုစိတ်ဝင်စား ဖို့ကောင်းမယ်လို့ယူဆပါတယ်။စဖြစ်တာကတော့ ၁၉၇၉  မတ်လ ၂၈ရက် မနက် ၄နာရီပါ။ အမေရိကန်.ပန်ဆင်လ်ဗေးနီးယားပြည်နယ်. ဟယ်ရစ်ဘာဂ် မြို့နားက ၃မိုင်စက်ရုံမှာပါ။

Perigee Moon (or) Super Full Moon





ဒီနေ့ 19 March 2011. စနေနေ့ညမှာ ထွက်မယ့် .. လ.. ကနှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံးဖြစ်မယ် ဆိုပါ့လား။ ကြည့်ဖြစ်အောင် ကြည့်ပါတဲ့ CNN မှာ ဖတ်လိုက်ရတယ်။ ဒါကိုလွတ်သွားရင်  နောက်တကြိမ်ဒါမျိုးပြန်မြင် ရဖို့ ၂၀၂၉  ထိထပ်စောင့်ရမယ်ပြောတယ်။


တချို့ပညာရှင်တွေကလဲ ဒီလို အလွန်တရာကြီးမားတဲ့ လပြည့် ဖြစ်တဲ့ အချိန်မှာ ဆိုရင် ငလျင်ကြီးတွေ လှုပ်တတ်တယ်လို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ လ.က ကမ်ဘာနဲ့ နီးလာတယ်မဟုတ်လား။ အဲ့လိုဆိုတော့ လဆွဲအားကြောင့်

Friday 18 March 2011

ယနေ့ ညနေပိုင်းဂျပန်သတင်း




ခုညနေပိုင်းထိသိသလောက်သတင်းတွေကတော့

၁) ညူကလီယား အန္တရာယ်အဆင့်ကို တိုးလိုက်တယ်ကြားတယ်၊ အရင် ၄ ကနေ ခု ၅ လို့ပြောတယ်၊တနည်း အားဖြင့် ဒါဟာ အမေရိကန်က ၃မိုင်ကျွန်းအရေးအခင်းနဲ့ အဆင့် တူသွားပီ ပြောလို့ရတယ်။

ဖူကူရှီးမားကြောင့် ဂျပန်အစိုးရ တရုတ်ရဲ့ နှပ်ပစ်ခံရခြင်း

 

 

 

ဖူကူရှီးမားကြောင့် ဂျပန်အစိုးရ တရုတ်ရဲ့ နှပ်ပစ်ခံရခြင်း


ဇတ်လမ်းကတော့ အတော်အခံရခက်ဖို့ကောင်းပါတယ်။ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးနေမယ်။
တရုတ်ကွန်မြူနစ်ဟာ ဘယ်တုန်းက မှ နိုင်ငံတကာ ကိုအသိမပေးပဲ (နောက်ဆုံးသူ့နိုင်ငံသားတွေတောင် အသိပေးတာမဟုတ်ဘူး၊တိုင်းပြည်တိုးတက်အောင်လုပ်တာတော့ မှန်တယ်။ ဒါပေမယ့်သူလုပ်ချင်ရာလုပ်တဲ့ ၊ပြည်သူလူထု့ကိုမျက်စိပိတ်နား ပိတ်။ ဟိုဟာပိတ်၊ဒီဟာပိတ်၊အင်တာနက်လိုဟာမျိုးတောင်ပိတ်ထားတယ်။ အဲ့လိုလုပ်ထားတဲ့အစိုးရပါ) လုပ်ချင်ရာလုပ်တဲ့သူကလာပီး၊ ဂျပန်အစိုးရကိုအပြစ်တင်သတဲ့ဗျိုး၊ ကြားလို့မှကောင်းကြသေးရဲ့လား၊ အရပ်ကတို့ရေ။

ပြင်ဆင်ချက်။ ။ ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

 

 

 

 

ပြင်ဆင်ချက်။ ။ ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

ပြင်ဆင်ဖတ်ရှုပါရန်။ နေ့လယ်က ရေးထားတာမှာ ပေါင်းဖို အမှတ်(၄) ဆိုပီးရေးထားတာ၊ ခု နောက်ဆုံးသတင်းအရ အမှတ်(၄) ကို မဖျန်းဖြစ်ပါဘူးတဲ့၊ ရဟတ်ယာဉ်ပေါ်ကနေရေဒီရေးရှင်းတိုင်းတော့ အမှတ်(၃)က ရေဒီရေးရှင်းပိုများနေတာတွေလို့ ပေါင်းဖိုအမှတ်(၃) ကိုပဲ ၄ ခေါက်ဖျန်းခဲ့တယ်လို့သိရပါတယ်။

Thursday 17 March 2011

Reactor No (4) မှာဘာတွေဖြစ်နေတာလဲ




 

Reactor No (4) မှာဘာတွေဖြစ်နေတာလဲ


ရက်တွေကြာလာတာနဲ့ အမျှ ဓါတ်ပေါင်းဖို တွေရဲ့ အန္တရာယ်ပေး နိုင်မှုတွေလဲ ပြောင်းလိုက်လာတယ်။ ပထမ တုန်းက (၁) နောက် (၃)၊ ပီးတော့ (၂) နောက်တခါ (၃) ကိုပြန်ရောက်သွားတယ်။ ဟော ခု နောက်ဆုံးအခြေအနေကတော့ ပေါင်းဖို နံပါတ် (၄) ပါ။ သိသလောက်တော့ ပေါင်းဖို နံပါတ်လေး က အခြေအနေက အဆိုးဆုံးပဲ။ ဘာလို့လဲဆို ကိုယ်အရင်တုန်းက ပြောခဲ့တယ်မဟုတ်လား၊ ပေါင်းဖို ၁၊ ၂၊ ၃ ဟာ လည်ပါတ်နေတဲ့ အခြေအနေကနေ အရေးပေါ်ရပ်လိုက်ရပီး အအေးပေးစနစ်တွေ ပျက်စီးသွားလို့ တက်လာတဲ့ အပူချိန်၊ ဖိအားတွေကြောင့် ပြသနာတက်လာတယ်ဆိုပေမယ့် သိပ်စိုးရိမ် စရာမရှိဘူးဆိုပီး ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေဖြစ်နေတဲ့ ပြသနာက.တတိယအကာထဲမှာဖြစ်နေတာ။ တတိယအကာဆိုတာ

ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

 

 

 

 

ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

ဒီနေ့ နောက်ထပ် စဉ်းစားပုံတမျိုး ထုတ်ပီး ပေါင်းဖိုအမှတ် ၃၊ ရယ် ပေါင်းဖိုအမှတ် ၄ မှာရှိနေတဲ့ ညူလောင်စာတွေ သိမ်းထားတဲ့ ကန်ကို ရဟတ်ယာဉ်နဲ့ရေလောင်းချတာရယ် ၊ နောက် ပင်လယ်ဘက်ကနေ လဲ သင်္ဘောာကနေရေပိုက်တွေနဲ့ ထိုးပက်ပြီး ရေဖျန်း တာတွေ လုပ်နေတယ် ဆိုပီး ဘီဘီစီ သတင်းမှာကိုယ် တွေ့လိုက်တယ်။ မနေ့ကထဲက ရဟတ်ယာဉ်နဲ့ အဲ့လို့ဖျန်းဖို့စီစဉ်သေးတယ်။ အဲ့တုန်းကတော့ ပိုင်းလော့နဲ့အမှုထမ်းတွေ ရောင်ခြည်သင့်နိုင်တဲ့နုန်းများ လို့ဆိုပီး နောက်ပိုင်းမှာ ဖျက်လိုက်တယ်ကြားတယ်။ ရောင်ခြည်က အပေါ်တည့်တည့်ကို တက်တဲ့ဟာ ကပိုများတယ်လို့ပြောတယ်။ ဒီနေ့တော့ ရောင်ခြည်ထွက်တဲ့ပြင်းအားကျသွားလို့ထင်တယ်။ လုပ်ငန်းပြန်စနေတယ်ဆိုတော့။ နောက် ပိုပီးအဆင်ပြေအောင် ပင်လယ်ဖက်ကနေ သင်္ဘောာနဲ့ ဖျန်းတာဖြစ်မယ်။ အဲ့ဒါကတော့ အပေါ်တည့်တည့်က မဟုတ်ဘူးဆိုတော့ ပိုသက်သာတာပေါ့။

အသိပေးချက်

 

 

 

အသိပေးချက်

ယနေ့ထိ ကိုယ့်ပို့စ်မှာ ရေးထားတဲ့စာတွေကို တတ်နိုင်သလောက် ရှယ်ပေးလို့ ရပါတယ်။ ကိုယ့်ရည်ရွယ်ချက် ကိုက..ခုလတ်တလောဂျပန်မှာ ဖြစ်နေတဲ့အခြေ အနေတွေကို လူတွေကို တတ်နိုင်သလောက် အသိပေးချင်လို့စရေး လိုက်တာပါ။ သိပြီး လုပ်သင့်တယ်ထင်တာကို လုပ်တာကောင်းတယ်။ အဲ့လိုမဟုတ်ပဲ..ဘာမသိညာမသိ.. စိုးရိမ်အလန့်တကြားဖြစ်တာမျိုးကို ရှောင်နိုင်အောင်လို့ပါ။ သိပီး စိုးရိမ်သင့်တယ်ထင်လို့ စိုးရိမ်တာမျိုး၊မ စိုးရိမ်သင့်ဘူးထင်လို့ မ စိုးရိမ်တာမျိုးပဲ ဆိုရင်အကောင်းဆုံးပေါ့ဗျာ။

Scale of Nuclear Accidents

 

 

 

Scale of Nuclear Accidents

ခုမှ သတိရလို့ ဒီပို့စ်ကို တင်လိုက်တယ်။ ပြောချင်တာက. ဂျပန်ရဲ့ ညူကလီယား အန္တရာယ်ကို အဆင့် (၄) လို့ သတ်မှတ်ထားတယ်ဆိုတာ အရင်ပို့စ်တွေမှာ ပြောခဲ့တယ်။ ဒါပေမယ့် ဘယ်အဆင့်မှာ ဘယ်လောက် စိုးရိမ်ရတယ်။ ဘယ်တုန်းက ဘယ်နိုင်ငံမှာ ဘယ်အဆင့်ထိဖြစ်ပျက်ခဲ့တယ်ဆိုတာ မပြောရသေးတော့ စာဖတ်သူတွေ နိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။
source ကတော့ BBC and UN Nuclear Agency, IAEA နဲ့ ဒီ နေရာတို့ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်တာကို IAEA က သတ်မှတ်တယ်လို့သိရတယ်။ ခုပြောတဲ့အဆင့်သတ်မှတ်ချက်မှာ

အိုင်အိုဒင်းဆား နှင့် Japan Nuclear Accident

 

 

 

အိုင်အိုဒင်းဆား နှင့် Japan Nuclear Accident

မနေ့က သတင်းတွေ နားထောင်ရင်းနဲ့ လူတွေ.. panic ဖြစ်တာကို သွားတွေလိုက်တယ် ။ အင်း panic ဖြစ်တယ်ပြောရမလား၊ ဘယ်လိုပြောရမလဲတော့ မသိဘူး။ သတင်းမှာ ခု အမေရိကားမှာ iodine tablets တွေပြတ်လပ်ကုန် အောင်ရောင်းနေရတယ်ဆိုပဲ။ လူတွေလဲ အပြေးအလွှားဝယ်ကြတာ အင်တာနက် အွန်လိုင်းမှာ လေလံဝင်ပစ်ကြလို့ ဈေးတွေလဲတက်ကုန်တယ်တဲ့။ တစ်ထုပ်ကို ဒေါ်လာ ၅၀၀တောင်ဖြစ်သွားတယ်ဆိုပါ့လား။

Wednesday 16 March 2011

How a Reactor Shuts Down and What Happens in a Meltdown

 

 

 

How a Reactor Shuts Down and What Happens in a Meltdown

ဒီပို့စ်ကတော့ NYTimes မှာတင်ထားတဲ့ ညူကလီးယားဓါတ်ပေါင်းဖို တခုကို ဘယ်လိုပိတ်သလဲ ဆိုတာရယ် Meltdown ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာ စာဖတ်သူတွေ.အလွယ်တကူနားလည် လွယ်အောင် သရုပ်ဖေါ်ပုံတွေနဲ့ ရှင်းပြထားတာပါ။ အလွန်ကောင်းပါတယ်။ အောက်ကလင့်ကနော တဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.nytimes.com/interactive/2011/03/12/world/asia/the-explosion-at-the-japanese-reactor.html?ref=asia 


နောက်ပိုင်းမှာ ကျန်နေတဲ့ ဓါတ်ပေါင်းဖို အခြေအနေတွေရယ်၊ china syndrome (သို့) Three Mile Island လို့ခေါ်တဲ့ အမေရိကန် နိုင်ငံ မှာ ဖြစ်ခဲ့ တဲ့ အဆင့်(၅) ညူကလီးယား ဓါတ်ပေါင်းဖို မတော် တဆ ဖြစ်မှု ရယ်၊ အလွန်ဆိုးဝါးလှသော နောက်ဆုံးအဆင့် (၇) ညူကလီးယားမတော်တဆမှု့ဖြစ်ပွားခဲ့တဲ့ အရင်ဆိုဗီယက်ပြည်ထောင်စု ယူကရိန်းမှာဖြစ်ခဲ့တဲ့ ချာနိုဘိုင်းညူကလီးယား အန္တရာယ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို လေ့လာပီး ဆက်လက်ရေးသား သွားမယ်လို့တော့

Fukushima I Nuclear Power Plant and Its Reactor No(3)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No(3)

ဖူကူရှီးမား နံပါတ် (၁) ညူကလီးယားစက်ရုံ Reactor No (3)
နံပါတ်(၃) ဟာ လောင်စာတောင့် အနေနဲ့ ယူရေနီယမ် သက်သက်မဟုတ်ဘဲ. ယူရေနီယမ် နဲ့ ပလူတိုနီယမ် အရောကို သုံးထားပါတယ်။ MOX fuel  လို့ခေါ်တယ်၊ ဒီလောင်စာ ဟာ ယူရေနီယမ် သက်သက်သုံးတာနဲ့စာရင် ပိုပြီး အန္တရာယ်ကြီးမားတဲ့ ရေဒီယိုသတ္တု ဓါတ်တွေကိုထွက်စေနိုင်တယ်။ဒါကြောင့် ဒီကောင့်ရဲ့ တတိယအကာ လုံခြုံစိတ်ချရမှုဟာ

Fukushima I Nuclear Power Plant and Its Reactor No(2)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No(2)

Fukushima Power Plan (1) Reactor No (2)

ပေါင်းဖိုနံပါတ်(၂) ရဲ့ အစဦး အခြေအနေမှာ ဒီဇယ်မီးစက် တောင်အလုပ်လုပ်သေးတယ်လို့သိရတယ်။ ဒါပေမယ့် တနာရီလောက်လည်ပီးရပ်သွားတယ်။ နောက် တခြားက အရေးပေါ်မလာတဲ့ ရွှေလျားမီးစက်နဲ့ ဆက်ပီး အအေးပေးစနစ်လည့်ပါတ်တယ်လို့သိ ရတယ်။ နောက် ပေါင်းဖိုထဲက..ရေလယ်ဗယ်ဟာ တည်ငြိမ်တယ် နည်းသွားတာ မတွေ့ရဘူး။ ဒါကြောင့် ပထမ ပိုင်းမှာ (၂) ဟာ အခြေအနေမဆိုးဘူးလို့ပြောလို့ရတယ်။

ဒါပေမယ့် အဲ့ဒီအခြေအနေဟာ မတ်လ (၁၄)ရက် ညနေ ၃း၂၉ မှာပြောင်းသွားတယ်။ အအေးပေးစနစ် ရပ်တန့်သွားပီး ရေလယ်ဗယ် ကျလာတယ်လို့သိရတယ်။ ဘာကြောင့် ရပ်သွားလဲဆိုရင် ရေပန့်စက်အတွက် လိုအပ်တဲ့ ဆီ

Fukushima I Nuclear Power Plant and Its Reactor No (1)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No (1)

Fukushima Daichi Nuclear Power Plant
ဖူကူရှီးမား နံပါတ် (၁) ညူကလီးယားစက်ရုံ
ဒီနေ့တော့ ကိုယ်.. ဖူကူရှီးမား စက်ရုံနဲ့ ပါတ်သက်တဲ့ နောက်ခံအချက်အလက်လေး။ အခေါ်အဝေါ်လေးတွေကို နားလည်သွားအောင် ရှင်းပြဖို့စိတ်ကူးထားတယ်။ ဒါမှသာ သတင်းဖတ်ရင်၊နားထောင်ရင် ဘာကိုပြောနေတယ်ဆိုတာ သေချာနားလည်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ကွဲပြားအောင်ပြောချင်တာက. ဂျပန် ဖူကူရှီးမာ ခရိုင်မှာ ညူကလီးယား စွမ်းအင်ကို ထုတ်ပေးတဲ့ ညူကလီးယားစက်ရုံ ၂ ရုံရှိပါတယ်။ အဲ့ဒါတွေက တော့ ဖူကူရှီးမား စက်ရုံနံပါတ် (၁) နဲ့ စက်ရုံနံပါတ် (၂) တို့ 

Tuesday 15 March 2011

ဂျပန်ညူကလီးယား ဓါတ်ပေါင်းဖို နှင့် လတ်တလော စိုးရိမ်နေမှုများ

 

 

 

ဂျပန်ညူကလီးယား ဓါတ်ပေါင်းဖို နှင့် လတ်တလော စိုးရိမ်နေမှုများ

စာဖတ်သူများ ကို..ကိုယ့်ဘလော့ဂ် www.sannmaw.com ကနေ.ကြိုဆိုပါတယ်။
ခုဆောင်းပါးက..အပြီးသတ်မဟုတ်သေးပါဘူး..စာရိုက်တာမှာ စာလုံးပေါင်း အမှားတွေ ဘာတွေ..ပါနေသေးပါတယ်..ဒါပေမယ့် ခုလောလော ဆယ်မှာ..ဓါတ်ပေါင်းဖိုပေါက်ကွဲ မှုနဲ့ပါတ်သက်လို လူတွေကြားမှာ ကောလ ဟာလ တွေ အလန့်တကြားဖြစ်နေကြတာတွေ..အရမ်းစိုးရိမ်သောက ဖြစ်နေကြတာတွေ..အတော့်ကို များပြားနေတာတွေ့ရလို့..