Wednesday 6 April 2011

Finally back in Yokohama, Japan


ဒီပို့စ်ကို တင်တော့ တခုပြောဖို့ကျန်နေတာအသိပေးရဦးမယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကိုယ်ဟာ ဂျပန်တက်ကသိုလ်တခုမှာ ကျောင်းတက်နေတယ်ဆိုပေမယ့်၊ ၂၀၁၀ အောက်တိုဘာကနေ ၂၀၁၁ မတ်လကုန်ထိ Australia, Sydney က research centre တခုမှာ semester တခုစာ internship သွားဆင်းနေရတာကို မပြောရသေးတာပဲ။
တမင်ထိန်ချန်တာတော့ မဟုတ်ဘူး။ ပြောဖို့အကြောင်းမတိုက်ဆိုင်သေးလို့မပြောဖြစ်တာ။ အခုတော့ အကြောင်းတိုက်ဆိုင်လာ လို့အသိပေး လိုက် တယ်။ ပီးတော့ ပြောချင်တာက ခုဂျပန်မှာခုရင်ဆိုင်နေရတဲ့အခက်အခဲကို ဂျပန်ရဲ့အပြင်မှာနေပီးလေ့လာပီး ရေးခဲ့တယ်၊ နောက်ခု ဂျပန်ပြန်ရောက်တော့ဆက်ရေးတယ်ဆိုတော့ ဘာပဲပြောပြော တနေရာထဲက မြင်ရတဲ့ရှု့ဒေါင့်အမြင်နဲ့ရေးတာနဲ့စာရင်၂နေရာကရေးတာက အဝေးကြည့်ကော အနီးကြည့်ကောပါတယ်ဆိုတေ ပိုပီးပြည့်စုံတဲ့အမြင်ဖြစ်မယ်လို့ယူဆတယ်။ 
ရှင်းရှင်းပြောရရင် ငလျင်လှုပ်တုန်းက အော်စီမှာရောက်နေတာ ဆိုတော့ ငလျင်နဲ့ပါတ်သက်လို့တော့ ဒီလိုကြီးကြီးကျယ်ကျယ်ဖြစ်တာကို ကိုယ်တွေ့တော့ မကြုံလိုက်ဘူး။ နောက် ငလျင်ပီးတော့ ဆူနာမီ အဲ့ဒါလဲ သတင်းတွေကပဲ လေ့လာလိုက်ရတယ်။ ကိုယ်တိုင်မကြုံခဲ့ဘူးလို့ပြောလို့ ရတယ်။ အခုလောလောဆယ်ဂျပန်မှာ အဓိက ပြသနာဆက်တက်နေတာက ငလျင် နဲ့ဆူနာမီကတော့ ဘာပဲပြော ပြောပီးသွားပီ။ ပြန်လည်ထူထောင်ရေးလုပ်ဖို့ပဲရှိတော့တယ်။ ဒါပေမယ့် အဲ့ဒါကို ကောင်းကောင်း မစနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နောက်ဆက်တွဲ ညူကလီးယားစက်ရုံမှာဖြစ်နေတဲ့ ဓါတ်ရောင်ခြည်ထုတ်လွှတ်မှု့ကြောင့် တိုင်းပြည်ပြန်တဲ့သူနဲ့၊ အိုဆာကာ တို့ဘာတို့ တခြားဝေးရာကို ရှောင်တဲံ့သူတွေနဲ့။ စလုံးတို့ဘာတို့ဘက်ရှောင် တဲ့သူတို့စတာတွေလဲကြားရတယ်။ တချို့ကြတော့လဲဘာပဲဖြစ်ဖြစ် ဂျပန်မှာဆက်နေမယ် ဆိုပီးဆက်နေကြတာတွေလဲရှိတယ်ကြားတယ်။  အရင်တုန်းကတော့ အဲ့လိုရှောင်တာတွေ ကို မရှောင်နဲ့လဲ မတိုက်တွန်းဘူး။ ရှောင်ဖို့လဲ မတိုက်တွန်းဘူး။ ဆက်နေတဲ့သူတွေကိုလဲ နေဖို့မနေဖို့ ဝေဖန်ချက်မပေးဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်က ကိုယ်က ဂျပန်အပြင်မှာ နေတာဖြစ်တဲ့အတွက် ကောင်းတာရေးသည်ဖြစ်စေ။ ဆိုးတာရေးသည်ဖြစ်စေ သိပ်မကောင်းဘူး။ ကောင်းတာတွေရေးနေရင်လဲ.. ကိုယ့်မှာ ဓါတ်ရောင်ခြည်ကြောက်စရာမလိုတော့ သူများတွေလဲ မကြောက်သင့်ဘူး ရေးတယ်ထင်မယ်။ ဆိုးတာတွေ ရေးနေရင်လဲ ဂျပန်မှာ လက်ရှိနေတဲ့သူတွေမှ..အားမနာ လျှာမကျိုး ရေးတယ်ဖြစ်မယ်. ဒါ့ကြောင့် များသေားအားဖြင့်ကတော့ ခံစားချက်မပါတဲ့ သတင်းသက်သက်တွေကိုသာဖတ်ပီး ထင်မြင်ချက်တွေ ရေးတာများတယ်။
ဒါဆို ခုဂျပန်ကိုပြန်ရောက်ပီဆိုတော့ ဘာလုပ်ဖို့တိုက်တွန်းမလဲလို့ မေးစရာရှိတယ်။ ကိုယ်နေတာက ဂျပန်မှာ ယိုကိုဟားမားမြိုနယ်မှာနေတယ်။ တိုကျို ရှီဘူယဘူတာနဲ့ဆိုရင် ရထားစီးသွားမယ်ဆိုရင် ၁၈ မိနစ်လောက်စီးရင်ရောက်တယ်ပြောပါတော့။ ဒီတော့ ဓါတ်ရောင်ခြည်ပြသနာတက်နေတဲ့နေရာနဲ့ ဝေးတယ် လို့လဲ ပြောမရသလို နီးတယ်လဲပြောမရဘူးပေါ့။ ဖူကူရှီးမားလောက်မနီးသလို။ အိုဆာကာ၊ကျိုတို တို့လောက်လဲမဝေးဘူးလို့ပြောချင်တာ။ ဂျပန်ကို ဘယ်နေ့ကပြန်ရောက်လဲဆိုတော့ မတ်လ ၃၁ ရက်နေ့က ပြန်ရောက်တယ်။ စီးလာတဲ့လေယာဉ်မှာ အများစုကတော့ ၈ျပန်တွေများတယ်ဆိုပေမယ့် နိင်ငံခြားသားတွေလဲ အတော်အသင့်တော့ ပါတယ်။ လေယာဉ်တစီးလုံးအနေနဲ့ကတော့ ၃ပုံ၂ပုံလောက်ခရီးသည်ပါတယ် ပြောရမယ်။ စိတ်ထင်တော့ အရင်ဖြစ်ခါစကလောက်တော့ ဂျပန်ကိုလာတဲ့လူ မနည်းပေမယ့် ပုံမှန်တော့ ပြန်မရောက်သေးဘူးလို့ထင်တယ်။ လေယာဉ်ဆိုက်တော့ ညချိန်ဆိုတော့ လေယာဉ်ပေါ်ကနေကြည့်ရ တာတိုကျိုဟာအရင်လိုတော့ ထိန်လင်းတောက်ပမနေဘူး။ ဒါပေမယ့်ကိုယ်တို့နိုင်ငံလိုတော့ မှောင်မည်းနေ တဲ့အဆင့်တော့ မဟုတ်ဘူး။ တချို့နေရာတွေမှာ မီးအလှည့်ကျပေးတာရယ်၊ နောက်မလိုတဲ့မီးတွေကို ပိတ်ထားပါဆိုလို့ ပိတ်ထားကြတာ ကြောင့်လို့ထင်တယ်။ နာရီတာ လေဆိပ်ကနေ အိမ်ပြန်တဲ့ လမ်းတလျောက်မှာလဲ ရထားစီး ခရီးသည်ဟာ အရင်လောက်မများဘူး လို့ထင်တယ်။ ရှီဘူယဘူတာမှာလဲ.. ဘူတာအပြင်ဘက်ကို နည်းနည်းထွက်ပီး လေ့လာကြည့်တော့ လူသွားလူလာက အရင်လောက်တော့ မများသေးဘူးလို့ထင်တယ်။ ဒါပေမယ့်ဘာပဲပြောပြော အသွားအလာတွေတော့ ရှိသင့်သလောက်တော့ ရှိနေတာတွေ့ရတယ်။
ဆိုတော့ ခုနစကားပြန်ကောက်ရရင်၊ ခုဂျပန်ကနေ ရှောင်သင့်သလား။ ပြန်လာသင့်ပီလားဆိုတာ ဘယ်လိုပြော ချင်လဲ၊ ဘယ်လိုအကြံဥာဏ်ပေးချင်လို့မေးလာရင် တော့ ဘာမှ မတိုက်တွန်းချင်ပါဘူးလို့ပဲ ပြောပါရစေ။ ဟဟ ဘာလို့လဲဆိုတော့ ခု မှ စဉ်းစားကြည့်မိတယ်။ ခုချိန်မှာ ဂျပန်ပြန်လာဖို့တိုက်တွန်းတယ်ဆိုရင် လဲ သူခိုးသေဖေါ် ညှိတယ်ပြောခံနေရမယ်။ မလာနဲ့ဆိုရင်လဲ ကိုယ်ကျတော့ နေ နေပီးဆိုပီးပြောခံနေရမယ်။ ဆိုတော့ လာတာ မလာတာ ကတော့ လူတယောက်ချင်းစီနဲ့ပဲဆိုင်တယ် ပြောချင်တယ်။ ဘာလို့လဲဆို တယောက်နဲ့ တယောက် အတွေးအခေါ်ချင်းလဲ မတူဘူး။ စိုးရိမ်စိတ်များတာ နည်းတာလဲမတူဘဘူး။ နောက်ဂျပန်မှာ နေဖို့ ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာလဲ မတူနိုင်ဘူး လေ။ အဲ့ဒီတော့ ပြန်လာနေဖို့ ထွက်သွားဖို့စတာ တွေကတော့ ကိုယ်ဘာသာဆုံးဖြတ်ဖို့လိုလိမ့်မယ်။ ကိုယ့်အနေနဲ့ကတော့ တိုက်ရိုက်အကြံဥာဏ်မပေးချင်ဘူး။ နောက်ပို့စ်တွေမှာတော့ လောလောဆယ်ဂျပန်အခြေအနေရယ် ဓါတ်ရောင်ခြည့်နဲ့ပါတ်သက်လို့ သိသင့်တာလေး တွေရယ်ထပ်တင်သွားမယ်လို့စိတ်ကူးထားတယ်။
အားလုံးကျန်းမာ ရွှင်လန်းကျပါစေ။
ကိုဆန်းမော်

4 comments:

  1. Welcome Back!
    ဟုတ်တယ်။ ဂျပန်မှာဆက်နေသင့်သလား ရှောင်သင့်သလားမေးရင် အခြေနေတွေရှင်းပြရုံကလွဲပြီး ဘာမှယတိပြတ်အကြံမပေးနိုင်ဘူး။
    ပိုစိုးရိမ်စရာက ငလျှင်သေးလေးတွေကျန်နေသေးတာရယ်
    ငလျှင်ထပ်လာခဲ့မယ်ဆိုရင် ကြိုမသိနိုင်တာရယ်
    တခုခုဖြစ်လာခဲ့ရင် ဆိုတဲ့အတွေးကတာဝန်ကြီးသလိုပဲ

    ReplyDelete
  2. 日本の力を信じている。
့ဟဲဟဲ...။
    နောက်တာပါ။
    ကျွန်မကတော့ ရောင်ခြည်အထိမခံ၊ ချီဘာ့ ကန် ကပါ။

    စာလာဖတ်ပါတယ်။

    ReplyDelete
  3. ပြောဖို့မေ့သွားတယ်။ ပြန်ဖို့မပြန်ဖို့ ကိစ္စ။

    ကျွန်မဘကြီးက ကျွန်မတို့ကိုပြန်လာခိုင်းတယ်။
    “ဟဲ့ ဟိုဘက်လမ်းက....ဘယ်သူပြန်လာပြီ။ ဘယ်ဝါပြန်လာပြီ။ နင်တို့မိသားစုလည်း ..ပြန်လာခဲ့တော့ ”တဲ့ ဖုန်းဆက်လာတယ်။
    ကျွန်မက“ ပြန်သွားတဲ့ သူတွေအများကြီးပါ။ ဒါပေမယ့် ကျန်နေသေးသူတွေရဲ့ လူဦးရည်ပိုများပါတယ်” လို့။

    ဘကြီးက “ အေး ... ငါ့အမျိုးလူဦးရေနည်းတယ်။ အဲဒီလူတွေငါ့ အမျိုးမဟုတ်ဘူ ဟေ့.... ဂလောက်”

    ကျွန်မမှာလည်း အဲလို ပရက်ရှာတွေရှိတယ်ရှင့်။

    ReplyDelete
  4. ဟုတ်ကဲ့ ကျော်လွင်နှင်းဆီနဲ့ မကောင်းမွန်ဝင်းခင်ဗျား စာလာဖတ်တာဝမ်းသာပါတယ်။ ဂျပန်မှာ ဆက်နေတယ်ဆိုရင်လဲ.. နေ့စဉ် update သတင်းလေးတော့ ဂရုစိုက်ဖတ်ပေါ့ဗျာ။ နောက်မြန်မာပြည်က လူတွေလဲသဘော ပေါက်အောင်တော့ ရှင်းပြပေါ့ဗျာ။ သူတိုလဲစိတ်ပူသက်သာ ရရင်တော့ ဘာပဲပြောပြောကောင်းတာပေါ့ဗျ။ ထူးခြားတာရှိရင်လဲ လက်တို့လိုက်ပါဦး။ ပြန်သည်ဖြစ်စေ မပြန်သည်ဖြစ်စေ သတင်းသိထားတော့ ကောင်းတာပေါ့ဗျာ။ အားလုံး အဆင်ပြေပါစေဗျာ။
    ကိုဆန်းမော်

    ReplyDelete