Tuesday 31 May 2011

Chernobyl Nuclear Accident Part 5

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၅)

ယူနစ်(၄) ပေါင်းဖို ကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု့တွေလုပ်ရန်အတွက် အနေနဲ့ ၁၉၈၆ အေပရယ် ၂၅ ရက် နေ့မှာ ပိတ်ချ လိုက်ရန် အစီအစဉ်ရှိပါတယ်။ ဒီလိုပိတ်မည့် ကိစ္စရှိတဲ့ အပေါ်မှာ မှ စမ်းသပ်ချက်လုပ်ပီး ပိတ်ဖို့ စဉ်းစားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာက သူတို့လုပ်မယ့် စမ်းသပ်ချက်က ပေါင်းဖို ပိတ်သွားဖို့ လိုအပ်တဲ့ လျှပ်စစ်စွမ်းအားကို အခြားပြင်ပ ကနေ မယူဘဲ ဓါတ်ပေါင်းဖိုကနေ ပဲ ပြန်လည် ရယူပီး ပိတ်ကြည့်ချင်တာပါ။ တနည်း ရှင်းပြရမယ်ဆိုရင်တော့ ပေါင်းဖိုကို ပိတ်လိုက်ရင် ရိုးရိုး ဓါတ်ဆီ၊ ဒီဇယ် စတဲ့ သဘာဝ လောင်စာသုံးတဲ့ စက်တွေလို ဒီတိုင်း ပိတ်ချလိုက်လို့မရပါဘူး။ သူဟာ ညူကလီးယားလောင်စာကို သုံးထားတာ ဖြစ်တဲ့အတွက် လောင်စာတွေကို ဆက်လက်အအေးခံဖို့ အတွက် အအေးပေးစနစ် (ရေစုပ်စက် တွေ၊ ပန်ကာတွေ) စတာတွေကို ဆက်လက် လှည့်ပါတ်နေဖို့လို့ပါတယ်။ အဲ့ဒီအတွက် လျှပ်စစ် စွမ်းအားလို့ပါတယ်။ ဒီလိုတဲ့ လျှပ်စစ် စွမ်းအားကို ရနိုင်တဲ့ နည်းက ယေဘုယျ အားဖြင့် ၃ နည်း ရှိပါတယ်။

Monday 30 May 2011

Chernobyl Nuclear Accident Part 4

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၄)

ဒီ ချာနိုဘိုင်း ညူကလီးယားစက်ရုံမှာ RBMK-1000 Type ဓါတ်ပေါင်းဖို အမျိုးအစား unit-1, unit-2, unit-3, unit-4 ဆိုပီး ၄ လုံး ရှိပါတယ်။ အဲ့ဒီထဲက မှ unit-1 နဲ့ unit-2 ကို ၁၉၇၀ နဲ့ ၁၉၇၇ မှာ တည်ဆောက် ခဲ့ပီး။ ယူနစ် ၃ နဲ့ ၄ ကိုတော့ ၁၉၈၃ မှာ တည်ဆောက်ပြီးခဲ့တယ်။ ဒါ့အပြင် ယူနစ် ၅ နဲ့ ၆ ဟာလည်း ပေါက်ကွဲမှု့ဖြစ် တုန်းက တည်ဆောက်နေဆဲ အခြေအနေမှာဖြစ်တယ်လို့သိရတယ်။ အဲ့ဒီထဲကမှ ယူနစ် ၄ မှာ အေပရယ် ၂၆ ရက် ၁၉၈၆ မှာ ပေါက်ကွဲမှု့ဖြစ်ခဲ့တယ်။
 ပေါက်ကွဲမှု့ဖြစ်စေတဲ့ အဓိက ကျတဲ့ အချက် အလက်တွေက တော့ အောက်ပါအတိုင်းဖြစ်တယ်။

Sunday 29 May 2011

Chernobyl Nuclear Accident Part 3

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၃)

မနေ့က ဓါတ်ပေါင်းဖိုကနေ လျှပ်စစ်ဘယ်လိုထုတ်သလဲဆိုတာထိပြောပီးသွားပီ။ တခုပြောဖို့ကျန်သွားတာက ပေါင်းဖိုရဲ့ graphite blocks တွေကြားမှာ နိုက်ထရိုဂျင် နဲ့ ဟီလီယမ် ဓါတ်ငွေ့ အရောကို ထည့်ပီး လှည့်ခိုင်းထားတယ်။ ဘာ့ကြောင့်လှည့်ခိုင်းထားတာလဲ ဆိုရင်တော့ graphite တွေကို အောက်စီဂျင်နဲ့ဓါတ် ပြုပီး oxidation ဖြစ်ပေါ်မှု့ကနေ ကာကွယ်ဖို့နဲ့ လောင်စာချောင်းတွေက ထွက်လာတဲ့ အပူစီးကူး မှု့ကို ပိုမို ကောင်းမွန် အောင် ပြု့လုပ်ပေးဖို့ဖြစ်တယ်။

Saturday 28 May 2011

Chernobyl Nuclear Accident Part 2

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၂)

၁၉၈၆ မှာ (USSR) လို့ခေါ်တဲ့ ဆိုဗီယက်မှာ ညူဓါတ်ပေါင်းဖို ၄၃ လုံးကနေကမ္ဘာစွမ်းအင် ရဲ့ ၁၀ ရာခိုင်နုန်း လောက်ကို ထုတ်ပေးနေတယ်လို့သိရတယ်။ မီဂါဝပ်အားဖြင့်ကတော့ ၂သောင်း၇ထောင်လောက်ရှိမယ်။ အဲ့တုန်းက နောက်ထပ် ပေါင်းဖို ၃၆လုံးကို တည်ဆောက်နေဆဲ ဖြစ်ပီး မီဂါဝပ် ၃သောင်း ၇ ထောင် လောက်ထုတ်ဖို့မှန်းထားခဲ့တယ်လို့သိရတယ်။ ၁၉၈၆ တုန်း ညူကလီးယားပေါက်ကွဲမှု့မ တိုင်ခင်မှာ ချာနိုဘိုင်းမှာ နောက်ဆုံးပေါ် ဓါတ်ပေါင်းဖိုအမျိုးအစား RBMK-type ၄ လုံးလည်ပါတ် နေတယ်လို့သိရပီး၊

Chernobyl Nuclear Accident Part 1

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၁)


ကဲဒီနေ့တော့ မကောင်းမွန်ဝင်း မနေ့က ကွန်းမန့် လာရေးသွားတော့ တွန်းအားလေး ရှိတုန်း စာနည်းနည်း ရေးတင် လိုက်ပါဦး မယ်ဗျာ။ မကောင်းမွန် ဝင်း နဲ့ တခြားသောစာဖတ်သူများဗျာ ခုလိုလာရောက်အားပေးတာ ကျေးဇူးပါနော့်။ ခုတလောက ဘွဲ့အတွက် သီးစစ်စာအုပ် ရေးနေတာဆိုတော့ ဘလောဂ့် ဘက်မလှည့်နိုင်တာ အတော်ကြာသွားတယ်။ ဆောရီးဗျာ ခုစာအုပ်ရေးတာတော့ အကြမ်းလက်စ သပ်ထားပီ ဆိုတော့ တပါတ် ၂ ပုဒ် ၃ ပုဒ်လောက်တော့ ရေးနိုင်မယ်လို့ တော့ ယူဆရပါတယ်။ အဲ့ Presentation လုပ်ရမယ့်ရက်နီးလာရင်တော့ တခါ ခနလောက်တော့ ရပ်သွားဦးမယ်ထင်တယ်နော်။ ဒါကတော့ စကား မစပ် ကြိုပီး အသိပေးထားတဲ့သဘောပါ။ ဒီနေ့ ကတော့ အရင်တုန်းက ပြောထားတဲ့ အကြွေးကျန်နေသေးတဲ့ ချာနိုဘိုင်းအကြောင်း အခန်းဆက်ဆောင်းပါး ပထမပိုင်းကို တင်မယ်လို့စိတ်ကူးတယ်။ အခန်းဆက်ဖြစ်သွား တဲ့သဘောကတော့ ခုတလော သီးစစ် အတွက် ပြင်ဆင်ရတာရယ် ကြောင့်အချိန်သိပ်မရတာရယ်နောက် ချာနိုဘိုင်းအကြောင်းက နည်းနည်းရှည်တာဖြစ်တဲ့အတွက် အခန်းဆက်ဖြစ်သွားကြောင်းပါဗျာ။