Saturday 28 May 2011

Chernobyl Nuclear Accident Part 1

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၁)


ကဲဒီနေ့တော့ မကောင်းမွန်ဝင်း မနေ့က ကွန်းမန့် လာရေးသွားတော့ တွန်းအားလေး ရှိတုန်း စာနည်းနည်း ရေးတင် လိုက်ပါဦး မယ်ဗျာ။ မကောင်းမွန် ဝင်း နဲ့ တခြားသောစာဖတ်သူများဗျာ ခုလိုလာရောက်အားပေးတာ ကျေးဇူးပါနော့်။ ခုတလောက ဘွဲ့အတွက် သီးစစ်စာအုပ် ရေးနေတာဆိုတော့ ဘလောဂ့် ဘက်မလှည့်နိုင်တာ အတော်ကြာသွားတယ်။ ဆောရီးဗျာ ခုစာအုပ်ရေးတာတော့ အကြမ်းလက်စ သပ်ထားပီ ဆိုတော့ တပါတ် ၂ ပုဒ် ၃ ပုဒ်လောက်တော့ ရေးနိုင်မယ်လို့ တော့ ယူဆရပါတယ်။ အဲ့ Presentation လုပ်ရမယ့်ရက်နီးလာရင်တော့ တခါ ခနလောက်တော့ ရပ်သွားဦးမယ်ထင်တယ်နော်။ ဒါကတော့ စကား မစပ် ကြိုပီး အသိပေးထားတဲ့သဘောပါ။ ဒီနေ့ ကတော့ အရင်တုန်းက ပြောထားတဲ့ အကြွေးကျန်နေသေးတဲ့ ချာနိုဘိုင်းအကြောင်း အခန်းဆက်ဆောင်းပါး ပထမပိုင်းကို တင်မယ်လို့စိတ်ကူးတယ်။ အခန်းဆက်ဖြစ်သွား တဲ့သဘောကတော့ ခုတလော သီးစစ် အတွက် ပြင်ဆင်ရတာရယ် ကြောင့်အချိန်သိပ်မရတာရယ်နောက် ချာနိုဘိုင်းအကြောင်းက နည်းနည်းရှည်တာဖြစ်တဲ့အတွက် အခန်းဆက်ဖြစ်သွားကြောင်းပါဗျာ။


ချာနိုဘိုင်းအကြောင်းရေးဖြစ်တာ နောက်တချက်ကတော့ ဂျပန်ညူကိတ်စ ဟာလဲ ပီးသွားမလိုနဲ့လချီပီး တော့ တော့ကြာနေပါပီ။ ဒီလို လနဲ့ချီကြာလာတဲ့ခါ တချို့ လဲသွေးအေးလာတာတွေ့ရတယ်။ သတင်းဌာန တွေ အနေနဲ့ လဲ အရင်ကကဲ့သို့ ဦးစားပေးသတင်းအနေနဲ့ဖေါ်ပြကြတာသိပ်မတွေ့၇တော့ ဘူး။ အဲ့ဒီတော့ အခြေအနေ ပိုကောင်း လာသလားမေးရင် သိသိသာသာပိုကောင်းလာတာတော့မဟုတ်ဘူး လို့ယူဆရတယ်။ လုပ်နေ ကိုင်နေ ကြိုးပန်းနေရတုန်းပဲ။ ပီးခဲ့တဲ့ ရက် တွေမှာကို ဓါတ်ပေါင်းဖိုအရည်ပျော်ခြင်း ဖြစ်တာရယ်၊ လဘက် တွေမှာ ရေဒီယိုသတ္တိကြွ ဓါတ်တွေ တွေ့ရတယ်ဆိုပီး NHK ဆိုဒ်မှာ တင်ထားတာဖတ်လိုက်ရသေးတယ်။ ဆိုလိုချင်တာက အခြေအနေတွေက သိသိသာသာ ပိုကောင်းလာတာမဟုတ်ပေမယ့် လူတွေရဲ့ထုံးစံအတိုင်းကြာတော့ ဟုန်သွားတဲ့သဘော ထုံသွားတဲ့သဘောလို့ထင်တယ်။ ဆိုတော့ တချို့အနေနဲ့ကလဲ ဒီလိုထုံခြင်း၊ ဟုန်ခြင်း တွေ ဖြစ်သွားတော့ ညူကလီးယားသတင်းတွေ တင် နေတုန်းပဲလားလို့ မေးလာရင်တော့၊ ကြိုပြောထားချင်တာကတော့ တချို့တချို့သော သိချင်သူများ အတွက် ရယ် အရင် ပြောထားတဲ့ ကြွေးကျန်နေတာကြောင့်ရယ် ချာနိုဘိုင်းနဲ့ ပါတ်သက်တာတော့ ပီးအောင်တင်ပေး သွားမယ်လို့စိတ်ကူး ထားပါကြောင်း။ နောက်ထပ်အနေနဲ့ ချာနိုဘိုင်း အကြောင်းရေးတာ ပီးသွားရင်လဲ တခြား ညူကလီးယား နဲ့ပါတ်သက်ပီး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အကြောင်းအရာတွေ ကိုစိတ်ကူးရရင်တော့ ထပ်တင်သွားပေးပါ့မယ်။ အဲ့ဒါကတော့ အခြေအနေအရပေါ့နော်။ သိပ်တော့ မသေချာပါဘူး။ ကဲဘာပဲပြောပြော ခု ချာနိုဘိုင်း ပထမ ပိုင်းကို စလိုက်ကြရအောင်။


တည်ရှိသောနေရာ (Location)


ဒီချာနိုင်ဘိုင်း ညူကလီးယား စက်ရုံဟာ ယူကရိန်း နိုင်ငံမှာရှိပီး၊ အဲ့ဒီနိုင်ငံရဲ့မြို့တော် Kiev နဲ့ ကီလိုမီတာ ၁၃၀ လောက်ဝေးတယ်လို့ဆိုပါတယ်။ အဲ့ဒီမြို့တော်မှာတော့ လူဦးရေ ၂.၄ သန်းလောက်အဲ့တုန်းက နေတယ်လို့သိရတယ်။ (စကားချပ်အနေနဲ့ တိုကျိုကတော့ ယခုပြဿနာတက်နေတဲ့ ဖူကူရှီးမား စက်ရုံနဲ့ ဆိုရင် ကီလိုမီတာ ၂၅၀ လောက်ဝေးတယ်လို့သိရပါတယ်။)  နောက်ဒီ ချာနိဘိုင်းစက်ရုံဟာ ဘီလာရု့စ် နိုင်ငံနဲ့ဆိုရင်တော့ ကီလိုမီတာ ၂၀ လောက်ပဲ ဝေးတယ်လို့သိရတယ်။ သူက ယူကရိန်းနိုင်ငံ နဲ့ ဘီလာရုစ် နိုင်ငံ ၂ ခု နယ်စပ်လောက်မှာရှိတဲ့သဘောပေါ့။ အမှန်ကတော့ ခုမှသာ အဲ့ဒီနိုင်ငံတွေက နိုင်ငံတခုစီ အနေနဲ့ သီးသန့် ပေါ်ထွန်းလာလို့ ထည့်ပြောရတာဖြစ်ပေမယ့်။ အဲ့ဒီပြဿနာ ဖြစ်နေတဲ့အချိန် ၁၉၈၆ တုန်းကတော့ သူတို့ဟာ ဆိုဗီယက်ပြည်ထောင်စု လို့ခေါ်တဲ့နိုင်ငံရဲ့အောက်မှာ ရှိနေကြတာပါ။ ပြောရရင် အဲ့ဒီတုန်းက ပြဿနာတွေရဲ့အဓိက တာဝန်ခံတွေကတော့ အရင်ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဆိုဗီယက်နိုင်ငံခေါင်းဆောင်ပိုင်းက လူတွေမှာ အဓိကတာဝန်ရှိတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် ခုချာနိုဘိုင်း ပေါက်ကွဲမှု့ကြောင့်ထိခိုက်မှု့တွေကို ပြောတဲ့နေရာမှာ ယူကရိန်းသာမက၊ ဘိုင်လာရုစ် နိုင်ငံကလဲ အဓိက ထိခိုက်မှု့ဖြစ်တဲ့နိုင်ငံအနေနဲ့ ပါဝင်နေတာတွေ့ရမှာဖြစ်ပါတယ်။ ဒါကတော့ ၂ နိုင်ငံနယ်စပ်မှာ စက်ရုံရှိနေလို့ဖြစ်ပါတယ်။  ဟုတ်ပီ အဲ့ဒီတော့ နောက်တချက် ထပ်ဖြည့်ဖို့ရှိတာက အဲ့ဒီစက်ရုံနားက မြို့ ၂ မြို့ပါ။ တခုက မြို့အဟောင်း သူ့ကို တော့ ချာနိုဘိုင်း မြို့လို့ခေါ်ပါတယ်။ သူက စက်ရုံနဲ့ဆို ကီလိုမီတာ ၁၅ လောက်ဝေး ပီး လူဦးရေအနေနဲ့ ကတော့ တစ် သောင်း နှစ် ထောင့် ငါးရာ လောက်ရှိတယ်လို့သိရတယ်။ နောက်တမြို့ကတော့ စက်ရုံနဲ့ပိုနီး တဲ့မြို့အသစ်ပါ။ သူကတော့ မြို့အသစ် ဖြစ်ပီး နာမည်က Pripyat လို့ခေါ်တယ်လို့သိရတယ်။ လူဦးရေအနေနဲ့ကတော့ ၄၉၀၀၀ လောက်ရှိပီး စက်ရုံနဲ့က အတော်လေးနီးပါတယ်။ ၃ ကီလိုမီတာပဲဝေးပါတယ်။ အဓိက နေထိုင်တဲ့သူတွေကတော့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ မိသားစုတွေ၊ စီးပွားရေး လာလုပ်တဲ့လူတွေဖြစ်ပါလိမ့်မယ်။ နောက် စက်ရုံနားမှာပဲ ၂၂စတုရန်းကီလိုမီတာ လောက်ကျယ်တဲ့ ရေကန်တခုရှိတယ်ပြောပါတယ်။ ရေကန်က သဘာဝအတိုင်းဟိုးအရင်ကတဲ့က ရှိနေတာမဟုတ်ပဲ၊ စက်ရုံရဲ့ အအေးပေးစနစ်အတွက် လုံလောက်သော ရေရရှိရန်အတွက် Pripyat river ဆီက ရေတွေကနေသွယ်ယူပီး တည်ဆောက်ထားတဲ့ ရေကန်ဖြစ်တယ်လို့သိရပါတယ်။  နောက်စက်ရုံနဲ့ ၃၀ ကီလိုမီတာ ပါတ်ပါတ်လည် အတွင်းမှာ နေထိုင်တဲ့ လူဦးရေ အရေအတွက်တော့  ၁၁၅၀၀၀ ကနေ ၁၃၅၀၀၀ကြားလောက်မှာ ရှိမယ်လို့ခန့်မှန်းရပါတယ်။ ဒီလောက် စက်ရုံနဲ့ နီးနီးလေးမှာ မြို့တည်ထား တာရယ်၊ ရေကန်ရှိနေတာရယ်ဟာ နောက်ပိုင်းမှာ ချာနိုဘိုင်း ပြဿနာကို ပိုဆိုးရွားစေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကဲဒီနေ့တော့ ချာနိုဘိုင်းစက်ရုံတည်နေရာအခင်းအကျင်း နဲ့ တည်ရှိပုံလောက်ပေါ့၊ ဒီလောက်ပဲဗျာ။ နောက်တပိုင်းကျမှ စက်ရုံအမျိုးအစားအကြောင်း နဲ့ စက်ရုံကို ဘယ်လိုတည်ဆောက်ထားတယ်၊ ဘာညာ ဆက်ကြသေးတာပေါ့။
ကဲအားလုံးကျန်းမာ ကြပါစေဗျာ။
ကိုဆန်းမော်

4 comments:

  1. ဆရာကိုဆန်းမော်
    တွန်းတာနဲ့ ထွက်တာပဲလား။ ဟဲဟဲ နောက်တာပါ။
    အခုလိုရေးပေးတာ သိပ်ဝမ်းသာပါတယ်။စာမဖတ်ခင် အရင်မန့်တာ။ ဖတ်လိုက်ဦးမယ်.............

    ReplyDelete
  2. စိတ်ဝင်စားစရာပဲ။ နောက်ထပ်အဆက်ကို လည်းဖတ်ချင်ပါတယ်။
    အဆင်ပြေသလိုတင်ပါ။
    စာတမ်းလည်း အကောင်းဆုံးဖြစ်နိုင်ပါစေ။
    လေးစားလျှက်

    ReplyDelete
  3. ဟုတ်တယ် ဗျို့ အစ်မရေ။ သေချာတာကတော့ တွန်းတာတို့၊ ပရက်ရှာတို့မရှိရင် မလုပ်ဖြစ်ဘူးဗျ။ အီလေးဆွဲနေတာ များတယ်။ ခုစာတမ်း ဆိုလဲ အမှန်က လွန်ခဲ့တဲ့ ၁နှစ်ကျော် လောက်ကတဲက စရေးလို့ရနေပီ။ အချက်အလက်တွေက ရှိနေပီလေ။ ရတဲ့ဟာက ရနေပီဆိုတော့။ အဲ့ဒါကို deadline မကပ်မချင်း အချိန်ဆွဲနေတာဗျ။ ခု အလွန်ကပ်လာမှပဲ လုပ်ဖြစ်တော့တယ်။ အဲ့လို အဲ့လို။ ဆိုးတဲ့အကျင့်ပေါ့ဗျာ၊ ပြင်ရဦးမယ်။ ပြင်ဖို့လဲ ကြိုးစားနေပါတယ်။ နဲနဲတော့ တိုးတက်လာပီထင်တာပဲ။ ဟဲဟဲ။ ကဲကျေးဇူးဗျို့ လာအားပေးတာ။
    ကိုဆန်းမော်

    ReplyDelete
  4. very good post!. thanks for sharing knowledge

    ReplyDelete