Friday 27 September 2013

KEIO University တွင် ဒေါက်တာဘွဲ့တိုက် ရိုက် တက်ရောက်လိုသူတဦး မှ မေးလာသော မေးခွန်း အတွက် ပြန်ကြားချက် အပိုင်း (၁)

Question: လက်ရှိ အစိုးရဝန်ထမ်းအနေနဲ. တာဝန်ထမ်းဆောင်နေပီး IT မေဂျာနဲ. မာစတာပြီးထားသူ တစ်ဦးက မေးခွန်းအချို.ကို အီးမေးလ်မှ တဆင့်မေးလာပါတယ်။မေးခွန်းများက - မာစတာပီးထားပြီးဖြစ်သဖြင်. PhD ကို KEIO University မှာ တက်ဖို.စိတ်ဝင်စားကြောင်း၊ အစိုးရဝန်ထမ်းဖြစ်သဖြင်. ရုံးက ခွင်.ပြုလျှင် တက်လို.ရမရ ၊PhD က ဘယ်နှစ်နှစ်တက်ရမလဲ။စကော်လာရှစ်လျှောက်လို.ရမရ စတာတွေဖြစ်ပါတယ်။ ထို ညီမငယ်သိလိုသော အချက်များကို ဖြေကြားရင်း အများပါသိအောင် ပို.စ်အနေနဲ .ရေးသားလိုက်ပါတယ်။

Reply: အထက်က မေးခွန်းက မြန်မာပြည်က မိန်းကလေးတစ်ယောက် အမေးပါ။ emailနဲ့ ပို့လိုက်တာကို သူဆီမှာ ခွင့်တောင်းပီး တခြားသော ကျောင်းသား၊သူများလဲ..သိရအောင် facebook and website (www.sannmaw.com)မှာ ပြန်တင်ပေးလိုက်တာပါ။ သူ့မေးခွန်းအရ ဒေါက်တာဘွဲ့အတွက် တန်းပီးတော့ဒီကျောင်းမှာ ဆက်တက်လို့ရလားလို့ မေးထားတာပါ။ နိုင်ငံတော်တော်များများက(မြန်မာပြည်အပါအဝင်) မာစတာဘွဲ့ တွေ ကို ဒီကျောင်းက ယေဘုယျ အားဖြင့် လက်ခံပါတယ်။ဒါ့ကြောင့် မြန်မာပြည်က မာစတာဘွဲ့ရထားပီးသား ကျောင်းသားများအနေနဲ့.. ကေးအိုးတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် တိုက်ရိုက်တန်းပီး တက်ရောက်ရန် လျှောက်ထားလို့ရပါတယ်။ဒါပေမယ့် တခုပြောစရာရှိတာက.. အဲ့ဒီလိုလျှောက်ထားချိန်မှာ အရင်ပို့စ် တုန်းကပြောထားသလိုပဲ ဒီဘက်ကျောင်းက နေလက်ခံမယ့် ပရော်ဖက်ဆာ တစ်ယောက်ကို အရင်ရှာပီးချိတ်ရပါ့မယ်။ အဲ့လိုချိတ်လို့ရပီးပရောက်ဖက်ဆာလက်ခံမယ်ဆိုရင်.တခြားလိုအပ်သောစာရွက်စာတမ်းတွေနဲ့အတူ. ကျောင်းကိုဒေါက်တာဘွဲ့တက်ရောက်ရန် လျှောက်လို့ရပါပီ။ ကျောင်းဝင်ခွင့်ရမရကို လျှောက်ထားပီးလအတန်ကြာရင် ကျောင်းကနေ အကြောင်းပြန်ကြားပါလိမ့်မယ်ဗျား။
ဒေါက်တာဘွဲ့ ကိုတိုက်ရိုက်တန်းပီး တက်ရောက်လိုသူများအတွက်သိသင့်တဲ့ အချက် ၂ ချက်တော့ ရှိပါတယ်။
၁။ အချက်ကတော့ ဒေါက်တာဘွဲ့တက်ရောက်ရန် GREအမှတ်ပြစရာမလိုပါဘူး. တနည်း GRE စာမေးပွဲ မဖြေလဲ ရတယ်ပေါ့ဗျာ၊ ဆိုတော့ ရုတ်တရက်ကြည့်ရင် GRE ဖြေစရာမလိုတဲ့ အတွက် မာစတာ ပီးထားသူများ ကေးအိုးမှာဒေါက်တာဘွဲ့တန်းတက်ရောက်တာက ပိုလွယ်တယ်လို့တော့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့်များသောအားဖြင့် ဘယ်လိုလူတွေ. ဒေါက်တာဘွဲ့ ကိုတန်းပီး တက်ခွင့်ရသလဲ ဆိုတာ ကတော့ဒီနေရာမှာ နည်းနည်း ရှင်းပြစရာ ရှိပါတယ်။ တခြားနိုင်ငံကနေ ဒီကျောင်းကို ဒေါက်တာဘွဲ့အတွက်တန်း တက်ရောက်ဖို့လျှောက်ထားရာမှာ များသောအားဖြင့် ကျောင်းဝင်ခွင့် ရသူတွေဟာ ၁၊ အစိုးရတွေ.အဖွဲ့အစည်းတွေ က ပေးသောစကော်လားရှစ်တွေကို ရထားပီးသူတွေ ၂၊ကမ္ဘာပေါ်မှာ နာမည်ကြီးကျောင်းတွေက နေ မာစတာ ပီးထားသူတွေ ၃၊ သက်ဆိုင်ရာနယ်ပယ်မှာ international Conference သို့မဟုတ် journal paper ၂ စောင်ထက်မနည်း ထွက်ပီးသား လူတွေ များပါတယ်။
၁။ အစိုးရတွေ. အဖွဲ့အစည်းတွေ က ပေးသောစကော်လားရှစ်တွေကိုရထားပီးသူတွေ ဟာ စကော်လားရှစ်ကို အရင်ရပီး နောက်တဆင့်ကမှ ကျောင်းရှာရတာပါ။အဲ့လိုလူမျိုးတွေ ဟာ များသေားအားဖြင့် သက်ဆိုင်သော နိုင်ငံရဲ့ အစိုးရ ဝန်ထမ်းတွေများပါတယ်။ အစိုးရချင်း ချိတ်ပီး ပေးတဲ့ စကော်လားရှစ်တွေအတွက်. သက်ဆိုင်ရာနိုင်ငံရဲ့ဝန်ကြီးဌာန မှ selection ရွေးချယ်ထားပီး nominated လုပ်ပေးလိုက်သော ဝန်ထမ်းများအား .. ဂျပန်သံရုံး (သို့) ADB (or) JICA စသော အဖွဲ့အစည်းတွေကနေ.စကော်လားရှစ်ပေးဖို့အပီးသတ် ထပ်ရွေးလိုက်ပါတယ်။ အဲ့လိုရွေးပီး နောက်မှအရွေးခံ ဝန်ထမ်းများဟာ ခုန စကော်လားရှစ်ပေးသော အဖွဲ့အစည်းတွေကနေ..ကြိုတင်သတ်မှတ်ထားသော နိုင်ငံ၊ ကျောင်း အစရှိတာတွေ မှာ ကျောင်းဝင်ခွင့်ရအောင် ထပ်လျှောက်ရတာပါ။ သူတို့အနေနဲ့. စကော်လားရှစ်ရထားပီးသား ဖြစ်တဲ့ အတွက်များသောအားဖြင့် ကျောင်းတော်တော် များများ ဟာ minimum requirements နဲ့ပြည့်မှီတယ်ဆိုရင် လက်ခံ လေ့ရှိပါတယ်ဗျား။ ဘာလို့လဲဆိုရင် ဒီလို selectionရွေးထားပီး သားလူတွေဆိုတော့ သူတို့အနေနဲ့ ထင်တာက သက်ဆိုင်ရာ နိုင်ငံက အတော်ဆုံးလူတွေလာတာ ဖြစ်တဲ့ အတွက် အထူးတလည် ထပ်မံစစ်ဆေး နေစရာ မလိုဘူးလို့ ယူဆတာ လဲတစ်ကြောင်းအပါအဝင်ဖြစ်တယ် လို့ယူဆလို့ ဒေါက်တာဘွဲ့အတွက် တိုက်ရိုက်ကျောင်းဝင်ခွင့်ကို  အဲ့လိုလူတွေ အလွယ်တကူ ရတာဖြစ်မယ်ထင်ပါတယ်ခင်ဗျား။
၂။ နာမည်ကြီး ကျောင်းက လူတွေ ကျောင်းဝင်ခွင့်ရတာကို တော့အထူတလည် ပြောစရာ မလိုဘူးထင်ပါတယ်။
၃။ ဒီအမျိုး အစား ထဲက လူတွေ အတွက်လဲ အထူးတလည်ပြောစရာမလိုဘူးထင်ပေမယ့် သူတို့ကို ဘာကြောင့် လက်ခံလဲဆိုတာတော့ နဲနဲတော့ ထပ်ရှင်းပါဦးမယ်။
နိုင်ငံတကာ ကျောင်းတွေ ရဲ့ အဆင့်အတန်း (quality) ကိုသတ်မှတ်ရာမှာ အခြေခံ သတ်မှတ်တဲ့ အချက်အလက် အတော်များများအနက်က ကျောင်းပီးသွားသူတွေရဲ့အသိပညာ အတတ်ပညာ စာတတ်မြောက်မှု့ အဆင့်အတန်းဟာ အခြေခံ အချက် တခုအနေနဲ့ ပါ. ပါတယ်။ဆိုတော့ ကျောင်းတခုဟာ ဒီဆရာပဲ သင်၊ ဒီဆရာပဲ မေးခွန်းထုတ်၊ ဒီဆရာပဲ အဖြေလွှာစစ်၊ပီးတော့ ဒီဆရာလုပ်တဲ ကျောင်းကပဲ ဘွဲ့ပေး ဆိုရင် ကျောင်းရဲ့ quality ဆိုတာကိုထိမ်းသိမ်း ရန်ခက်ခဲ လာနိုင်ပါတယ်။ အဲ့ဒီလို မထိမ်းသိမ်းနိုင်တဲ့ ကျောင်းတွေဟာတဖြည်းဖြည်း နဲ့ နံမည်ကျ လာပီး နောက်ပိုင်းမှာ တက်ရောက်လိုသူ ကျောင်းသား၊သူများမရှိတော့တဲ့ အဆင့်ထိရောက်သွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော် စရိတ်နဲ့လည်ပါတ်နေတဲ့ကျောင်းတွေ အနေနဲ့ ဂရုမစိုက်ပဲ ငါ့မြင်း ငါစိုင်း စကိုင်းရောက်ရောက်ဆိုသလို ဆက်လက်ပြုမူနေရင် ရနိုင်သော်လည်းပဲ. Private university တွေအနေနဲ့ကတောစီးပွားပျက်ပီး ကျောင်းပါပိတ်လိုက်ရမှာ ဖြစ်ပါတယ်။  နဲနဲရှင်းပြရရင် နိုင်ငံ တော်တော် များများမှာnational university ဆိုတဲ့ နိုင်ငံတော် ထောက်ပံ့မှူ နဲ့ လည်ပါတ်နေတဲ့ ကျောင်းတွေနဲ့Private University လို့ ခေါ်တဲ့ ကိုယ့်စရိတ်နဲ့ ကိုယ် လည်ပါတ်နေတဲ့ ကျောင်းတွေဆိုပီး ရှိရာမှာ Private university တွေဟာ သူတို့ကျောင်းရဲ့ quality ကိုအမြဲမပြတ်ဆက်လက် ထိမ်းသိမ်းနေမှသာ အောင်မြင် နံမည်ကြီး ပီး ဆက်လက်ရပ်တည်နိုင်မှာပါ။ဒါကြောင့် ကေးအိုး တက္ကသိုလ် လည်းပဲ အဲ့ဒီလို့ ကိုယ်သင်၊ကိုယ်မေး၊ ကိုယ်စစ်၊ကိုယ့်ဘာသာ ဘွဲ့ပေးဆိုတာမျိုး မဖြစ်အောင် ထိမ်းညှိထားတဲ့ system တမျိုးကိုသုံးပါတယ်။ အဲ့ဒါကတော့ ကေးအိုးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့အတွက် စာသင်၊မြေတောင်မြှောက်ပေး ပေးမယ့် ၊ ဒေါက်တာ ဘွဲ့ရရန် အတွက် လိုအပ်ချက် ကိုအောက်ပါအတိုင်းသတ်မှတ်ထားပါတယ်။
အဲ့ဒါကတော့ ကျောင်းသား ၁ ယောက် ယောက် ဟာ ဒေါက်တာဘွဲ့အတွက်တက်ရောက်နေ တဲ့ ၃ နှစ်အတွင်း မှာ သက်ဆိုင်ရာနယ်ပယ်မှာထင်ရှားတဲ့ InternationalJournal Paper အနည်း ဆုံး ၂ စောင် publish လုပ်နိုင် ရမယ် ဆိုပီး သတ်မှတ်ထားပါတယ်။အဲ့ဒီလို လုပ်နိုင်မှလဲ.. အဲ့ဒီ ကျောင်းသားဟာ ဘွဲ့အတွက် PhD defense လုပ်ခွင့်ရှိပါတယ်။ ပီးတော့ မှာ PhD defence မှာ ပရော်ဖက်ဆာ တွေ မေးတဲ့ မေးခွန်းတွေကိုစိတ်ကျေနပ်အောင် ဖြေနိုင်မှသာ ဒေါက်တာဘွဲ့အတွက် အရည်အချင်း ရှိတယ်လို့ သတ်မှတ်ပီးဘွဲ့ပေးတာ ဖြစ်ပါတယ်။ တကယ် လို့ ကျောင်းသားဟာ ၃ နှစ်နဲ့ ပေပါ ၂ စောင် မထွက်သေးရင်သူအတွက် အများဆုံး အချိန် ၆ နှစ် ပေးပါတယ်။ ၆ နှစ် အတွင်း မှာ မှ ၂ စောင်မထွက်ရင်အဲ့ဒီကျောင်းသားအနေနဲ့ ကျောင်း ဆက်တက်ခွင့် မရတော့ပါဘူး. ပီးတော့ ၆ နှစ်ဆိုတာမှာလဲ.. အလကားတက်ခွင့်ပေးတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကျသင့် တဲ့ ကျောင်း လခကိုတနှစ်တကြိမ် မှန်မှန်ပေးသွင်းနေရတာပါ။ ဆိုတော့ ကျောင်းတက်ချိန်ကြာလေကျောင်းသားအတွက် ပိုက်ဆံကုန်လေပေါ့ဗျာ။ မဟုတ်လား၊ နောက်တချက်ကပိုက်ဆံရပီးရော၊ ကျောင်းသား တွေ ဒေါက်တာဘွဲ့ရရ မရရ ကျောင်းအနေနဲ့ပိုက်ဆံရရင် ကောင်းတယ်မဟုတ်လားလို့တွက်လို့တော့ မရတာ သေချာတယ်ဗျ၊ ဘာလို့လဲဆိုတော့ အဲ့လို အဖြစ်အပျက်တွေ(ကျောင်းမပီးတဲ့ သူတွေ) များလာရင် လာတက်ချင်တဲ့ ကျောင်းသားအရေအတွက် ကျသွားပြန်ရင်လဲကျောင်းရဲ့ ဝင်ငွေအတွက် လာထိခိုက်မှာ မိုလို့ပဲလေ၊ ဒါကြောင့် အကောင်းဆုံးက အရည်အချင်းလဲပြည့်မှီရမယ်၊ ကျောင်းသားလဲ ကျောင်းပီးဖို့အတွက်ဆိုရင် အစကတည်း က ဒေါက်တာဘွဲ့ရနိုင်ချေ  မြင့်မားတဲ့ သူတွေကို လက်ခံတာ အကောင်းဆုံး မဟုတ်လား..
ဒီလို ပေပါ ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိတ်စ မဟုတ်တဲ့ အတွက်တိုက်ရိုက် ဒေါက်တာဘွဲ့အတွက် တက်ရောက်ချင်တဲ့ ကျောင်းသားမှာ အရင် ကတည်း က ပေပါတွေထုတ်ဖူး ထားပီးသား အတွေ့အကြူံတွေ ရှိနေတဲ့ အတွက် အထူးတလည် စိုးရိမ်စရာမလိုပဲဒေါက်တာ ဘွဲ့ရနိုင် ခြေများတဲ့ သူတွေကို ပရော်ဖက်ဆာတွေ နဲ့ ကျောင်းအနေနဲ့လက်ခံဖို့ ပိုပီး အခွင့်အလမ်းများတယ်ပေါ့ဗျာ။
စကားမစပ်ပြောရရင်၊ ဒီလိုနည်းနဲ့ ကျောင်းတွေရဲ့ အရည်အချင်းထိန်းတာကို သဘောကျလို့ ကျနော် ဟိုးအရင် ၂၀၀၇ မတိုင်ခင်လောက်က. သပန ဝန်ကြီးဌာန ကတပည့်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဆရာသမားတွေ ဆီကို ဒီနည်းလမ်းလေး အကြောင်း email နဲ့ ပြောဖူးတယ်ဗျ. တိုက်ဆိုင် တာလားတော့ မသိ သပန ဝန်ကြီး ဌာနအနေနဲ့ ကျနော်ပြောပီး နောက်ပိုင်း ၁ နှစ်.. ၂ နှစ် ခန့် အကြာ မှာဒေါက်တာဘွဲ့ရဖို့ အတွက်ဆိုရင် .. နိုင်ငံတကာ ကွန်းဖရန့် ပေပါ အနည်း ဆုံး၁စောင် ထွက်ထားရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်လိုက်တယ်လို့တော့ကြားသိရတယ်။ ခု နောက်ပိုင်းမှာတော့ international conference paper ကို၂ စောင်အထိတိုးပီး သတ်မှတ်တယ်လို့တော့ ကြားရတယ်။ အသေးစိတ် သတင်းကို တော့ သေချာသိသူများ ဝင်ရောက်ရေးသားကွန်းမန့်ပေးခဲ့မယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ။ ဒီလိုသတ်မှတ်လိုက်တယ် ဆိုတော့ ဘာပဲပြောပြောအရင်တုန်းက ဒေါက်တာဘွဲ့တွေ ပေးသလောက်တော့ ပေါပေါပဲပဲ မဖြစ်ပဲ လူသူ လေးစားမှု့တော့ပိုရလာနိုင်တဲ့ အတွက် ဒါဟာ ကြိုဆိုရမယ့် ကိတ်စ လို့ယူဆပါတယ်။ အဲ့ ၂ ချက် ပဲ ပြောစရာရှိတယ်။
နံပါတ် ၁ အချက်ကတော့ ဒေါက်တာဘွဲ့ရရန် လိုအပ်ချက်ကို international conference paper ၂ စောင်ဆိုတဲ့ ကိတ်စ ပဲ၊ ပညာရှင်အဆင့် အနေနဲ့ ပြောရရင် conference paper ရဲ့ အဆင့် ဟာ journal paper ထက်နိမ့် ပါတယ်။နာမည်ကြီး ကျောင်းတွေ တော်တော်များများဟာ ကွန်းဖရန့် ပေပါ သတ်သတ် အစား နံမည်ကြီး ဂျာနယ်၁ စောင် နှင့် ကွန်းဖရင့် ပေပါ ၁ စောင် (သို့) ဂျာနယ် ပေပါသတ်သတ် အနည်းဆုံး ၂ စောင်..စသဖြင့် သတ်မှတ်လေ့ရှိပါတယ်။ အဲ့ဒီ လိုမျိုး ဂျာနယ် ပေပါ သတ်သတ် ဘယ် နှစ်စောင် လိုအပ်တယ်ဆိုပီးလိုအပ်တဲ့ အစောင်အရေအတွက် များလေ ကျောင်း ရဲ့ ဂုဏ်သတင်း ကြီးလေဖြစ်တာပေါ့ဗျာ။ ဒါ့ကြောင့်မြန်မာပြည် က ကျောင်းတွေလဲ နံမည် ပြန်ပီး ကောင်းလာချင်တယ်ဆို. ဂုဏ်သတင်းကျော်ဇောချင်တယ်ဆိုရင်ဖြင့်.ကွန်ဖရန့် ပေပါ နဲ့တင်မက. ဂျာနယ်ပေပါ ၁ စောင်လောက်ကိုတော့ လိုအပ်ချက်ထဲမှာ ထည့်သင့်ပါကြောင်းတိုက်တွန်းလိုပါတယ်။ ကွန်းဖရန့်တို့၊ ဂျာနယ်တို့ ဆိုရာမှာလဲ..ပီးပီးရော ကွန်းဖရန့်တွေ၊ဂျာနယ်တွေ မဟုတ်ပဲ. Ranking အဆင့် ဘယ်လောက်အနည်း ရှိရမယ်ဆိုတာ မျိုးပါ သတ်မှတ်ဖို့တော့လိုတာပေါ့နော်။ ဘာလို့လဲဆိုတော့ နိုင်ငံအသီးသီးက နည်းပေါင်းစုံနဲ့ ကွန်းဖရန့်တွေကျင်းပ၊ ဂျာနယ်တွေ ထုတ်နေကြတော့.. တချို့ အဆင့် မရှိတဲ့ ဂျာနယ်တွေ၊ ကွန်းဖရန့်တွေမှာ ကိုယ့် ပေပါ တင်လိုက်ရင် ပါဖို့ လွယ်သလောက်၊ ပါတယ်ဆိုရင်လဲ ပိုက်ဆံ ကုန်တာသာအဖတ်တင်ပီး၊ နာမည်ရဖို့အတွက်တော့ ထူးပီး အကျိုးကျေးဇူး မရှိနိုင်လို့ပါ။ ဒီနေရာမှာပေပါတင် လို့ ပိုက်ဆံကုန်သလား၊ လို့ မေးရင် ပေပါတင်ရုံနဲ့ တော့ ပိုက်ဆံ မကုန်ပေမယ့်၊ကိုယ့်ပေပါ က အရွေးခံရတယ်၊ publish  လုပ် မယ်ဆိုတာနဲ့ ပိုက်ဆံစကုန်ပါမယ်။အဲ့ဒီကုန်မယ့် ပိုက်ဆံနဲ့ ပါတ်သက်လို့ ပြောစရာ အချက် နောက်တခု နံပါတ် (၂) ဖြစ်လာရတာပါ။ 
ကဲ အခု တော့ ဒီလောက်နဲ့ ရပ်လိုက်ဦးမယ်ဗျာ၊ အပိုင်း (၂) ကို နောက်မှ ဆက်ကြသေးတာပေါ့နော်
ဆန်းမော်