Wednesday 3 July 2013

Part – 7 How to select mobile phone network operator for Myanmar? by Dr. Sann Maw

Part – 7 How to select mobile phone network operator for Myanmar?

ကျုပ်တို့ ဒီအပို်င်းမှာတော့ ပြော ဖို့ရန်ကျန်နေသေးတဲ့..  နံပါတ် ၄ direct assignment methods လိုင်စင်ချပေးတဲ့ နည်းနဲ့   အမှတ်ပေး စည်းမျည်း တွေ အကြောင်းကို ပြောကြရအောင်။
direct assignment methods ဆိုတာက တော့ လွယ်လွယ်ပြောရရင်. လေလံဆွဲစရာ. ဝင်ပြိုင်စရာ မလိုပဲ အထူးအခွင့် အရေးအနေနဲ့ ဦးစားပေးပီး ချပေးလိုက်တာမျိုးကို ခေါ်ပါတယ်။ ဒီလို ချပေးရာမှာ လုပ်ပိုင်ခွင့် ရသွားတဲ့ company အဖွဲ့ အစည်း အနေနဲ့.. လေလံကိုဈေးကြီးကြီး ပေးဆွဲစရာမလိုခြင်း..နဲ့ တခြားချွင်းချက် နဲ့ ဦးစားပေးခံရတဲ့ ကိတ်စတွေလဲ ရရှိနိုင်ပါတယ်။ ဥပမာ. ပြရရင်.. MPT နဲ့ ရတနာပုံတယ်လီ ပို့ ဆိုတဲ့ ပြည်တွင်း company ၂ခုဟာ ခုအစိုးရကကျင်းပတဲ့ ပွဲ မှာ ဝင်ပြိုင်စရာ မလိုဘူးလို့ သိရပါတယ်။ ဒါဟာ နံပါတ် ၄ နည်းလမ်း direct assignment methods ကို သုံးပီး လုပ်ပိုင်ခွင့် ချပေးလိုက်တဲ့ သဘောပါပဲ။ ဒါပေမယ့် ဒီလို့ လုပ်ပိုင်ခွင့် ချပေးတာဟာ.. ဘယ်လို accessment criteria တွေနဲ့ ချပေးလိုက်တယ်ဆိုတာတော့ သေသေချာချာ မသိရဘူး..သတင်း ထုတ်ပြန်တာ မတွေ့ရဘူး။ သူတို့အနေနဲ့ radio spectrum bandwidth ကို တခြားနိုင်ငံခြားက company တွေလို ပိုက် ဆံပေးဝယ်စရာလိုသလား.. နောက် customer service ကို ဘယ်လိုပုံစံကျေနပ်အောင် လုပ်ပေးရမယ်။ ဆင်းကဒ် ဈေးနုန်း ဖုန်းဆက်ခ ဘယ်လောက်ယူရမယ် စတဲ့ အချက်တွေ လိုက်နာဖို့  လိုမလို ဆိုတာတွေကို သေသေချာချာတော့ မသိရဘူး.. သတင်း ထုတ်ပြန်တာမတွေ့ရဘူး.  တချို့ နိုင် ငံတွေမှာ ဆိုရင်တော့ direct assignment methods နဲ့ ချပေးတာ ဆိုပေမယ့်.. သူတို့ဟာ နိုင်ငံခြားက..လာလုပ်တဲ့ company တွေ ပေးရတဲ့ radio frequency bandwith fee အတိုင်း ပေးဆောင်စေပါတယ်။ ဥပမာ..ခု Telenor နဲ့.. Ooredoo က radio frequency bandwidth အတွက် ဒေါ်လာ သန်း ၃ ထောင်ပေးရတယ်ဆိုရင်.. MPT နဲ့ ရတနာပုံ တယ်လီပို့ လဲ အစိုးရကို အဲ့ဒီပမာဏ အတိုင်း ပေးဆောင်စေခြင်းမျိုးပေါ့။ ဒါပေမယ့် ခု direct assignment methods သုံးပီးချပေလိုက်တယ်ဆိုတာပဲ သိရပီး. အဲ့ဒီ MPT နဲ့ ရတနာပုံ တို့ရဲ့ radio frequency bandwidth licence fee ကိတ်စနဲ့ ပါတ်သက်လို့တော့ ပွင့်လင်းမြင်သာမှု့ရှိတာ မတွေ့ရဘူးထင်တာပဲ။ OK ဒါကို ထားလိုက်ပီး
နောက် တချက် တင်ဒါ စည်းကမ်းချက် အမှတ်ပေးစည်းမျည်း ဆိုတာတွေကို ကြည့်ရအောင်။

နိုင်ငံတကာက company ပေါင်း ၁၂ ခုရဲ့ pre-qualified list ကို ထုတ်ပြန်ခဲ့တယ်ဆိုတာ အရင် အပိုင်းတွေ တုန်းက ပြောထားခဲ့တယ်နော် ။ ဟုတ်လား.. အဲ့ဒီ ၁၂ ခုကသာ.. ခုပြောပြမယ့် နောက် ဆုံး ဇကာတင် အဆင့် ဖြစ်တဲ့ Tender တင်သွင်းတဲ့ အလုပ်ကို လုပ်ခွင့်ရှိပါတယ်။  အဲ့ဒီလိုတင်သွင်းတဲ့အခါမှာ သိသင့် တဲ့ အမှတ်ပေးတဲ့ စည်းမျည်း စည်းကမ်းတွေက တော့ အောက်မှာ ရေးထားတဲ့အတိုင်းဖြစ်ပါတယ်။

ပထမဆုံးသိသင့်တာက.. အမှတ်ပေးတဲ့ အပိုင်း ကို အဓိက ၂ ပိုင်း ပိုင်းလိုက်ပါတယ်။
ပထမပိုင်းက technical submission evaluation လို့ခေါ်ပါတယ်။ နည်းပညာ ကျွှမ်းကျင်မှုနဲပါတ်သက် တဲ့ အပိုင်းကို စဉ်းစားပီး အမှတ် ၁၀၀၀ သတ်မှတ်ထားပါတယ်။ စု့စု့ပေါင်းအမှတ်ရဲ့ ၆၇% ရှိပါတယ်။

ဒုတိယပိုင်း ကတော့ Spectrum Licence Fee Offer evaluation လို့ခေါ်ပီး၊ သူ့ အတွက် က ကျတော့ radio frequency bandwidth အတွက် လိုင်စင်ကြေး အတွက် ပေးနိုင်တဲ့ ငွေကြေးပမာဏ ပါ။ ဒီအတွက်ကို တော့အမှတ် ၅၀၀ သတ်မှတ်ထားပီး စု့စု့ပေါင်း အမှတ်ရဲ့ ၃၃% ရှိပါတယ်။

တင်ဒါတင်တဲ့ company တွေ ဟာ ပထမပိုင်းအတွက် သူတို့ရဲ့ကျွှမ်းကျင်မှု၊ နည်းပညာပိုင်ဆိုင် အသုံးချနိုင်မှုတွေ၊ အတွေ့အကြုံတွေ၊ မြန်မာပြည်အတွက် မိုဘိုင်းဖုန်း network တပ်ဆင်ပေးမယ့် လုပ်ငန်းအဆင့်ဆင့်တွေ၊ စတဲ့ ပထမပိုင်းနဲ့ ပါတ်သက် တဲ့ Plan အသေးစိတ်ရေးဆွဲထားတဲ့ စာရွက်စာတမ်းတွေရယ်။
နောက်ဒုတိယပိုင်းအတွက် လိုင်စင်ကြေးအတွက် ဘယ်လောက်ပေးနိုင်သလဲဆိုပီး ပေးနိုင်တဲ့ ငွေကြေးပမာဏကို ရေးပီး စာအိတ်ထဲ ထည့်ချိတ်ပိတ်ထားတဲ့ စာအိတ်တလုံးစီ ရယ်ကို 3 June 2013 နေ့နောက်ဆုံးထားပီး အကဲဖြတ်ကော်မတီ ထံ အရောက်တင်သွင်း ရပါတယ်။ ဒီလိုတင်သွင်းတာကို လက်ခံပီးတဲ့နောက်မှာ ကော်မတီက အဆင့်၃ဆင့် ပါတဲ့ အကဲဖြတ်ချက်နဲ့ ဆက်လက်အကဲဖြတ်ပါတယ်။

အဆင့် (၁)


နံပါတ် (၁) ဆင့် မှာ ဘာတွေပါလဲ။
(၁) အစိုးရက လိုင်စင်ချ၊ခွင့်ပြု့ပေးလိုက်တဲ့ အချိန်ကစပီး ၉လအတွင်း ဖုန်းတွေစချပေးနိုင်ရမယ်။
(၂) ၁နှစ် (လပေါင်း ၁၂ လ) အတွင်းမှာ ဖုန်းပြောတာအတွက် နိုင်ငံရဲ့ ၂၅% သောဧရိယာအတွက် ချပေးနိုင်ရမယ်၊ အင်တာနက် သုံးတာအတွက်က နိုင်ငံရဲ့ ၁၀% သော ဧရိယာ အတွက် ချပေးနိုင်ရမယ်။
(၃) ၅နှစ် (လပေါင်း ၆၀) အတွင်းမှာ ဖုန်းပြောတာအတွက် နိုင်ငံရဲ့ ၇၅% သောဧရိယာအတွက် ချပေးနိုင်ရမယ်၊ အင်တာနက် သုံးတာအတွက်က နိုင်ငံရဲ့ ၅၀% သော ဧရိယာ အတွက် ချပေးနိုင်ရမယ်။
(၄) ဧရိယာ အတိုင်းအတာဆိုရာမှာ နယ်တခုနဲ့ တခု လူနေထူထပ်တာ၊တောတောင် ထူထပ်တာပေါ်မူတည်ပီး ကွာခြားတဲ့အတွက် အထက်ကပြောခဲတဲ့ ရာခိုင်နုန်းတွေ လွှမ်းခြုံရမယ့် နေရာဒေသတွေဟာ ပြည်နယ် နဲ့တိုင်းပေါ်မူတည်ပီး ပြောင်းသွားနိုင်ပါတယ်။
ဥပမာ ပေးရရင်.. ကချင်ပြည်နယ် အတွက် လွှမ်းခြုံရမယ်ဆို တဲ့ ဧရိယာမှာ ဆိုရင် လူသူမနေတဲ့ တောင်ထိပ်ဖျားတွေ၊ တောအုပ်နက်နက်တွေ ကိုထည့်မစဉ်းစား ဘူးဆိုတဲ့သဘောပေါ့။
(၅) နောက်သွားရင်းလာရင်းနဲ့ ဖုန်းပြောနေရင်းနဲ့လိုင်း ပြုတ်ကျသွားတဲ့ နုန်းဟာ အကြိမ် ၁၀၀ မှာ ဆိုရင် ၂ ကြိမ်ထက် ပိုမဖြစ်ရဘူးဆိုပီး သတ်မှတ်ထားပါတယ်။

ခုန company တွေက တင်သွင်းတဲ့ ပထမပိုင်းနဲ့ပါတ်သက်တဲ့ Technical submission evaluation စာရွက်စာတမ်းဟာ အဆင့်(၁) ပါ အချက် ၅ ချက်နဲ့မကိုက်ရင် မကိုက်တဲ့ company ကို အဆင့်(၂) မှာ ဆက်လက် မစဉ်းစားပါဘူး။ ကြားဖြတ်ပြောရရင် 3 June 2013 မှာ တင်ဒါလာသွင်းတဲ့ company ပေါင်း ၁၁ ခုရှိပီး၊ အဲ့ဒီ ထဲကမှ company ၁ခု က အဆင့် (၁) ပါအချက် ၅ချက် ကို မမှီလို့ဆိုပီး ပယ်လိုက်တယ်လို့သိရပါတယ်။ ဒါကြောင့် အဆင့် (၂) ကို ဆက်လက် စဉ်းစားတဲ့အခါမှာ company ပေါင်း ၁၀ ခု သာကျန်တော့တယ် လို့သိရပါတယ်။

အဆင့် ( ၂  )

အဆင့် (၂) မှာ အချက် ကြီး (၈) ချက် ထပ်ခွဲထားတယ်ပြောပါတယ်၊ အဲ့ဒီအချက်ကြီး (၈)ချက်ကိုမှ တခါ အချက်ခွဲလေးတွေမြောက်များစွာထပ်ခွဲပီး စဉ်းစားတယ်ပြောပါတယ်။ ဆက်သွယ်ရေး ဝက်ဘ်ဆိုက်မှာတော့ အချက်ကြီး (၈) ချက်ကိုပဲ ဖေါ်ပြထားတာ တွေ့ရပါတယ်။ အောက်မှာ အချက်ကြီး (၈)ချက် ကို အမှတ်တွေနဲ့တကွ ဖေါ် ပြထားပါတယ်။ ဘာသာတော့ အတိအကျ မပြန်တော့ဘူးနော်၊ နည်းပညာ အခေါ်အဝေါ်တွေနဲ့ဆိုတော့ မြန်မာလို့ပြန်ရတာနဲနဲခက်လို့ပါ။

   (1)  Network roll-out, infrastructure and coverage commitment (325 points);  ဖုန်းတပ်ဆင်မှု နဲ့ ကာဗာ ဖြစ်မှု ၃၂၅ မှတ်
   (2)  Robustness of technical plan (125 points);  နည်းပညာ ရဲ့ အရည်အသွေး နဲ့ ကြံကြံခံမှု ၁၂၅ မှတ်
   (3)  Quality of marketing plan, value added services and distribution commitment (125 
points);  ဖြန့်ဖြူးရောင်းချမယ်ပုံစံ။ ထပ်ဆင့်အသုံးချနိုင်မှု ၁၂၅ မှတ်
   (4)  Tariff commitment for mobile voice services, for mobile data services and for handsets 
(75 points); ဈေးနုန်း ခေါ်ဆိုခ၊ ဟန်းဆက်ခ အစရှိသည် ၇၅ မှတ်
   (5)Human resources management, organisation and capabilities, including the applicant's commitment to recruit, develop and promote citizens of the Republic of the Union of Myanmar (75 points); နိုင်ငံတွင်းလူများ အတွက်ဘယ်လိုအကြိုးပြုမလဲ။ အလုပ်အကိုင် အခွင့်အလမ်းစသည် ၇၅မှတ်
.   (6)  Quality of customer care and billing plan (50 points); သုံးစွဲသူ အတွက်ဝန်ဆောင်မှု ၅၀ မှတ်
.   (7)  Corporate Social Responsibility, including the commitment of the applicant to 
contribute to the development of ICT or the local inclusion development plan (50 
points); and  လူမှုရေး အဖွဲအစည်း။ လူမှုအသိုင်းအဝိုင်းအတွက် မည်ကဲ့သို့ အကျိုးကျေးဇူးပြု့သလဲ။ ၅၀မှတ်
.   (8)  Soundness of business plan and financing strategy (175 points).  ငွေကြေးအစီအမံ အကြံအစီ..ကောင်းမွန်မှု စသည် စသည်ပေါ့။ ၁၇၅ မှတ်
အထက်ပါ အဆင့် (၂) ရဲ့ အဓိက အချက်  ကြီး(၈)ချက် အတွက် ရမှတ် စု့စု့ပေါင်း ၅၀၀ နဲ့အထက် ရရှိတဲ့ company တွေကို အဆင့် (၃) မှာ ဆက်လက်စဉ်းစားပါမယ်တဲ့။

အဆင့် ( ၃ )
ဆိုတော့ ဆက်ရရင်.. အဆင့် ၃ မှာ လိုင်စင် အတွက် အစိုးရ ကို ပေးနိုင်တဲ့ ငွေကြေးပမာဏ ကို ဆက်လက်ကြည့်ပါမယ်.. ဒီအဆင့်  ကို ရောက်ဖို့အတွက်..အဆင့်(၂) မှာ ပေးတဲ့ အမှတ် ၁၀၀၀ မှာ အမှတ်ပေါင်း ၅၀၀ အနည်းဆုံးရဖို့ လိုပါတယ်.. အမှတ် ပေါင်း ၅၀၀ မရတဲ့ company ကို ဒီအဆင့် ၃ မှာ ဆက်လက် မစဉ်းစားပါဘူး. .မစဉ်းစားဆို.. အဲ့ဒီ company တွေရဲ့..ချိတ်ပိတ်ထားတဲ့ စာအိတ်ထဲက.. လိုင်စင်အတွက် ငွေဘယ်လောက်ပေးမယ်ဆိုတာ ကို ပါ ဖွင့်ဖေါက်မဖတ်တာ လို့သိရပါတယ်။ ဒါနဲ့ အဆင့် (၂) ကို အောင်လာတဲ့ company ပေါင်း ၅ ခုရှိလာပါတယ်။ ပီးတော့မှ ဒီအဆင့် အတွက် အမှတ် ၅၀၀သတ်မှတ်ထား ကနေ.. လိုင်စင်ကြေးပေးမယ့် ငွေကြေးပမာဏပေါ်မူတည်ပိး.. တာကနေ..သင့်တော်တဲ့ အမှတ်ကို ပေးပါတယ်။
နောက်ဆုံးမှာ..ပထမပိုင်း အတွက် အမှတ် ၁၀၀၀ ထဲက ရခဲ့တဲ့ အမှတ်ရယ် ။ ဒုတိယပိုင်း အတွက် သတ်မှတ်တဲ့ အမှတ် ၅၀၀ ထဲက ရခဲ့တဲ့ အမှတ် ၂ မျိုးရယ်ကို ပေါင်းလိုက်ပီး..အမှတ် အများဆုံးရ ခဲ့..ထိပ် ဆုံး company ၂ ခု ကို လုပ်ပိုင်ခွင့် လိုင်စင် ချပေးလိုက်တယ်လို့ သိရပါတယ်။ တတိယ အမှတ်အများဆုံး company ကတော့ backup company ဖြစ်သွားတာပေါ့လေ.. တကယ်လို့..ခု န ချပေးတဲ့ company ၂ခု ထဲက..တခုခု က ဆက်လက် လုပ်ဆောင် နိုင်ခြင်း မရှိတော့ရင် backup company ကို လုပ်ပိုင်ခွင့် လွှဲပေးမယ်လို့ သိရပါတယ်။
ဒီနေရာမှာ တချို့ online မှာ ပြောနေ ရေးနေကြတာ တွေ့ရပါတယ်။ company တချို့ဟာ ဒီအမှတ်သတ်မှတ် ချက်တွေကို ကြို သိနေလို့.. အဲ့ဒါနဲ့ကိုက်အောင် ရေးဆွဲပီး တင်သွားတယ် လို့ ပြောပါတယ်။ ကျုပ်စိတ်ထင်ကတော့ ဒီအမှတ်သတ်မှတ်ချက် ဆိုတာ ဟာ စာရွက်စာတမ်းတွေ..မတင်ခင်ကတည်းက..သက်ဆိုင်ရာ company တွေကို ကြိုအသိပေးခဲ့တယ်လို့ ထင်တာပဲ..အဲ့ဒါကိုတော့ဆက်သွယ်ရေး ဝက်ဆိုက်မှာ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတာ မတွေ့မိပါ.. စာဖတ်သူများ တွေ့မိရင်..ညွှန်ပြနိုင်ပါတယ်
မည်သို့ပင်ဖြစ်စေကာမူ.. ဒီအမှတ်သတ်မှတ်ချက်နဲ့ကိုက်အောင်.. ရေးဆွဲပီး တင်တဲ့ company ဟာ စာ၇ွက်ပေါ်မှာ တင်.. ရေးပြရုံနဲ့ပီးမသွားပါဘူး. လက်တွေ့ လုပ်ဆောင်ရမှာပါ။ ဥပမာ ပြောရရင်.. ဖုန်းဆက် ခ တမိနစ်ကို ၂၀ကျပ် ယူမယ်ဆိုပီး တင်ထားတယ်ဆိုပါက.. တကယ်ရောင်းချတဲ့ အခါမှာ တမိနစ် ကို ၂၀ကျပ်ထက် ပိုပီး ယူလို့မရပါ.. လျော့ယူရင်သာ ယူလို့ရမယ်။ နောက် တချက် ပထမ ၁ နှစ်အတွင်း တနိုင်ငံလုံး ရဲ့ ၅၀% ကို ဖုန်းရောင်းချပေးမယ် လို့..တင်ထားတယ်ဆိုပါက.. အဲ့ဒီအတိုင်း တကယ် လက်တွေ့ ရောင်းပေးရပါမယ်။ တကယ်လို့ စာရွက်ပေါ်မှာ ပြောထားတဲ့ အတိုင်း လက်တွေ့မှာ လုပ်ဆောင် နိုင်ခြင်း မရှိတာ ။ အပြောတမျိုး၊ အလုပ်တမျိုး လုပ်လာတာ တွေ့ရတယ် ဆိုရင်.. အစိုးရအနေနဲ့.အဲ့ဒီလိုလုပ်လာတဲ့ company ကို ဒါဏ်ရိုက်တာတွေ.. ပိုဆိုးလာရင်. ခုနက backup သတ်မှတ်ထားတဲ့ company ကို လုပ်ပိုင်ခွင့် လွှဲပေးတာတွေ.. လုပ်နိုင်တယ်လို့ သိရပါတယ်။
နောက်ဆုံး ကောက်ချက် ဆွဲရရင် ခု လိုင်စင်ချပေးလိုက်တဲ့ ကိတ်စ ဟာဆိုရင်ဖြင့် ဟိုးအရင်တုန်းက.. အစိုးရပိုင် စက်ရုံတွေ..မြေကွက်အလွတ်တွေ..ရုံးတွေကို ခရိုနီတွေ နဲ့ ပေါင်းရိုက်ပီး..အောက်ဈေးနဲ့ ချပေးလိုက်တာ မျိုးမဟုတ်ဘူးဆိုတာတော့ ပြောနိုင်ပါတယ် ခင်ဗျား.. ကျုပ်တယောက်ထဲ အမြင် ပြောရရင်ဖြင့်.. မြန်မာပြည်ထဲက.. တချို့သော ခရိုနီ တွေနဲ့.. ပူးပေါင်းထားတဲ့.. စု့ပေါင်း အဖွဲ့တွေ ရသွားတာနဲ့ စာရင်.. နိုင်ငံခြား company ချည်းသက်သက် လုပ်ပိုင်ခွင့် ရသွားတာက ပိုပီး ကောင်းမွန်တယ်လို့ ယူဆမိကြောင်းပါ ခင်ဗျား။ ။ 
နောက်တပိုင်းတွင် ဆက်လက်ပီး.. ဖုန်းဆက်သွယ်ပြောဆိုမှုသတင်းများ လုံခြုံစိတ်ချရမှု ရှိနိုင် မရှိနိုင်။ နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို နိုင်ငံခြား company မှရယူသွားနိုင် သလားဆိုတာကို ဆက်လက် သုံးသပ်တင်ပြပါ့မယ် ခင်ဗျား။

ဆန်းမော်

Monday 1 July 2013

Part – 6 How to select mobile phone network operator for Myanmar?


Part – 6  How to select mobile phone network operator for Myanmar?

အပိုင်း ၅ တုန်းက ပြောခဲ့တာလေး ဆက်ရအောင်… အဲ့တုန်းက ပြောခဲ့တာမှာ.. နံပါတ် ၃ နည်း လမ်း (beauty contest) နဲ့ ရွေး တာတော့ ဟုတ်ပါပီ.. မေးစရာ ရှိလာတာက ရွေးချယ်ရေး အဖွဲ့ က လာဘ်ယူပီး လိုင် စင် ချပေးတာမျိုး မဖြစ်အောင်..ဘယ်ပုံစံ နဲ့ ထိမ်း သိမ်း မလဲ ဆိုတာပါပဲ.. နောက်တချက် က..အကဲ ဖြတ်အဖွဲ့က လာဘ်မစားဘူး ဆိုရင်တောင်  မှ.. အရည်အချင်း မပြည့်မှီ တဲ့ အကဲဖြတ်ချက် ရဖို့ဆိုတာ..အကဲဖြတ်အဖွဲ့ မှာ..သက်ဆိုင် ရာ ကျွမ်းကျင်တဲ့ ပါရ၈ူတွေ ပါဖို့လိုပါတယ်။ ဒါမှ သာလျှင် မှန်မှန်ကန်ကန် ရွေးချယ်အကဲဖြတ်နိုင်မှာပေါ့နော်။ ဆိုပါစို့.. ဖက်ရှင်မယ်ရွေးပွဲမှာ..မျက်စိမကောင်းသူတွေ.. ကာလာဘလိုင်း ဖြစ်နေသူတွေသာပါဝင်တဲ့ အကဲဖြတ်အဖွဲ.. နဲ့ ဆိုရင်မှန်ကန်တဲ့ ရလာဒ် ကို ရမလာနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။. ဒီလိုပဲ.. ခု မိုဘိုင်းဖုန်းလောက အတွက် လိုင်စင် ချပေးရာမှာ. နောက်ဆုံးပေါ် နည်းပညာသုံး လုပ်ငန်း ဖြစ်တဲ့ အတွက် ရယ်..နိုင်ငံနဲ့ ချီပီး လုပ်တဲ့ ကိတ်စ ဖြစ်တဲ့ အတွက်ရယ်..ပြည်တွင်း က လူတွေသာ ပါဝင်တဲ့.အကဲဖြတ်အဖွဲ့ ပဲသုံးမယ်ဆိုရင်တော့.. သင့်တော် မှန်ကန်တဲ့ ရလာဒ်ထွက်လာဖို့.
မလွယ်ဘူးထင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့.. အကဲဖြတ်အဖွဲ့အတွက်.. အကူအညီ နဲ့ လိုအပ်တဲ့ အကြံဥာဏ် တွေ ရဖို့အတွက်.. ဒီိလိုနယ်ပယ်မှာ အတွေ့အကြုံ နဲ့ ကျွမ်းကျင် မှု့ ရှိတဲ့.. International Strategy Consultant အဖွဲ့ တခုခု ကို ငှားဖို့လိုလာတယ်. ဒီနေရာမှာ လဲ.. နိုင်ငံတကာ မှာ ဒီလို အဖွဲ့တွေက အလွန်များဆိုတော့ ဘယ်အဖွဲ့ကို ငှားမလဲဆိုတာ ပြသနာ က ပေါ်လာပြန်တယ်။ တော်ကြာ ခပ်ချာချာ. ရိုက်စား လုပ် နေတဲ့ ဂဂျိုးဂဂျောင် အဖွဲ့တခုကို သွားငှားမိရင်လဲ.. ငါးပါးမှောက်ဦးမယ် မဟုတ်လား။

ဒါ့ကြောင့်.. အစိုးရအနေနဲ့.. United Nations ရဲ့ လက်အောက်ခံ အဖွဲ့တခုဖြစ်တဲ့ ITU လို့ခေါ်တဲ့ international telecommunication union ဆိုတဲ့ အဖွဲ့  ကို ဆက်သွယ်ပီး ..နိုင်ငံတကာ က ဘယ်လိုအကြံပေး အဖွဲ့ကို ငှားရင် ကောင်းမလဲ ဆိုတဲ့ ထောက်ခံချက်ကို တောင်းပါတယ်။ နောက် ITU ကနေ ထောက် ခံချက်ပေးထားတဲ့.. ဂျာမန်အခြေစိုက် Roaland Berger Strategy Consultants ဆိုတဲ့ မဟာဗျူဟာ ချမှတ်ရာမှာ နာမည်ကြီးတဲ့ အဖွဲ့ကို ငှားလိုက်တယ်လို့ ကြားရပါတယ်။  ဒီအဖွဲ့ ဟာ နိုင်ငံပေါင်း ၃၆ နိုင် ငံ မှာ ရုံးခွဲပေါင်း ၅၁ ခု နဲ့ ၁၉၆၇ ကတည်း က လုပ်ငန်းလုပ်ကိုင်နေပီး .. ၂၀၀၉  ခုနှစ် စာရင်းအရတနှစ် ဝင်ငွေ ဒေါ်လာ သန်းပေါင်း ၈၅၀ ရှိတဲ့ International Company တခုဖြစ်ကြောင်းတွေ့ ရတယ်။  နောက် နိုင်ငံတကာမှာလဲ ဒီအဖွဲအစည်း ဟာ သူ့နယ်ပယ်နဲ့ ပါတ်သက်ရင်..ထိပ် ဆုံး နံပါတ် ၄ နေရာမှာ ရှိကြောင်းတွေ့ရပါတယ်။ အသေးစိတ်ကို ဒီလင့် http://en.wikipedia.org/wiki/Roland_Berger_Strategy_Consultants မှာ သွားကြည့်နိင်ပါတယ်။  ဒါက ITU ရဲ့လင့်  http://www.itu.int/en/Pages/default.aspx ပါ။

ဒါတွေကို ဘာကြောင့် ပြောရတာလဲဆိုရင်.. ဒီလို့ United Nations လက်အောင် ခံ အဖွဲ့အစည်း ITU တို့.. Roland Berger Strategy Consultants တို့အနေနဲ့.. လာဘ်ပေးလာဘ်ယူ ကိတ်စ မှာ ပါဝင် ပါတ်သက်မိတယ်ဆိုရင်. ရတာနဲ့ ဆုံးရှုံးတာ မကာမိအောင်.. နာမည်ပျက်ပီး.ရေရှည် လုပ်စားလို့.. မဖြစ်နိုင်ကြောင်း စဉ်းစားလို့ရနိင်ပါတယ်။  တော်ရုံ တန်ရုံ ငွေကြေးပမာဏ နဲ့တော့ ဒီလိုအဖွဲ့အစည်းတွေကို ဆွယ်လို့မရလောက်ဘူးလို့ ကျုပ်ကတော့ ထင်တယ်ဗျ။

ဟုတ်ပီး ဒီအဖွဲ့ကို ငှားပီးတော့ ဘာဆက်လုပ်လဲ ဆိုတော့ ဒီအဖွဲ့ နဲ့ .. မြန်မာ ပြည်က အကဲဖြတ်အဖွဲ့နဲ့ တိုင်ပင် ညှိနိုင်းပီး .. မြန်မာပြည်အတွက်.. tender တင်သွင်းရာမှာ သိသင့် တဲ့ အချက် အလက်တွေ။ အကဲဖြတ်အဖွဲ့အနေနဲ့ လုပ်ဆောင်မယ့် အကဲဖြတ်ချက် အဆင့် ဆင့်တွေ၊ အမှတ်ပေး စည်းမျည်းတွေကို ထုတ်ပြန်တယ်လို့ သိရတယ်။ ဒီလုပ်ဆောင်ချက် အဆင့်ဆင့် နဲ့ အကဲဖြတ်ချက် အမှတ်ပေးစည်းမျည်းတွေနဲံပါတ်သက်လို့ နောက် တပိုင်း ဆက်ကြတာပေါ့။
ဆန်းမော်

ဖြည့်စွက်ချက်။    ။ နောက် မြန်မာပြည်အတွက် တခု ကောင်းသွားတာက.. ဒီလိုမိုဘိုင်းဖုန်း လုပ်ငန်းအတွက် လိုင်စင် ချမပေးခင်လေးမှာပဲ..အစိုးရ ဆက်သွယ်ရေး လောကမှာ ဆင်းကဒ် ဈေးအလွန်ကြီးတဲ့ ကိတ်စ ကနေစပီး..မီးခိုးကြွက်လျှောက် နဲ့ လိုက်ပီး..ဝန်ကြီး ကအစ ဆက်သွယ်ရေးအရာရှိကြီး အတော်များများ အလုပ်ပြုတ်သူပြုတ်..ရာထူးကျသူကျ ဖြစ်ခဲတာ မှတ်မိဦးမယ် ထင်တယ်.

ပွင့်လင်းမြင်သာမှု့ရှိလာပီး.. လွတ်လပ်တဲ့ တရားမျှတတဲ့ လိုင်စင် ချပေး တယ်လို့ ယူဆရတဲ့ အခင်းအကျင်း ဖြစ်လာတာဟာ . ကျုပ်စိတ်ထင်..ဒီလိုဖြစ်ခဲတဲ့ အရှိန်လေးကြောင့်လဲ ပါမယ်ဗျ. ဝန်ကြီးတွေ.. အရာရှိကြီးတွေ တော်တော်များများ ပြသနာ တက် ထားတာ သိပ်မကြာသေးဘူးဆိုတော့.. နောက် လူကလဲ..ဘာပဲ ပြောပြော အနဲနဲ့ အများ တော့ လုပ်ချင်တိုင်း မလုပ်ရဲဘူးလို့ယူဆရတာပဲ.. နိုင်ငံတော် သမတကိုယ်တိုင် ပါဝင်ပါတ်သက် တာရယ်.. လူအတော်များများစိတ်ဝင်တစား စောင့် ကြည့်နေတာ ကလဲ တကြောင်း..အကြောင်းကြောင်း သော အကြောင်းတွေကြောင့်.. ခု လိုင်စင် ချပေးတဲ့ ကိတ်စ ဟာတော့ဖြင့်.. ဘက်လိုက်မှူ့နဲ့ ကင်းလွတ်တယ်လို့ ကျုပ်ကတော့ အကြမ်းဖြင်းအားဖြင့် ယူဆမိပါတယ်။