Sunday 30 June 2013

How to select the mobile phone network operators for Myanmar? Part -3, 4 and 5 ---- by Sann Maw


Part-3

တတိယပိုင်း ကို မစခင် ဒုတိယပိုင်းက အမှားပြင်စရာရှိတာ အရင်ပြောပါမယ့်..အပိုင်း ၂ မှာ အေပရယ် ၁၁ မှာ pre-qualified list 22 ခု ထုတ်ပြန်ခဲ့တယ် လို့ရေးထားပါတယ်..အမှန်တော့ pre-qualified application အတွက် အရည်အချင်း ပြည့်မှီတယ်လို့ ကိုယ့်ဘာသာ ကိုယ်ယူဆတဲ့.. company ပေါင်း ၂၂ခု က application form တင်သွင်း ခဲ့ရာမှာ အပိုင်း ၂ မှာ ဖေါ်ပြထားတဲ့ အချက် တွေနဲ့ တိုက်စစ် ပီးတော့..pre-qualified အတွက် အရည် အချင်း ပြည့်မှီတဲ့ company ပေါင်း ၁၂ ခု ကို အေပရယ် ၁၁ ရက်ေ န့ မှာ ထုတ်ပြန်ခဲ့ပါတယ်။..အဲ့ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်ရေး ဝက်ဘ်ဆိုက် က (http://www.mcit.gov.mm/sites/default/files/pre-qualification_qa_2new.pdf ) လင့် မှာ တင်ထားတယ် ဆိုပေမယ့်တကယ့် တကယ် သွားရှာတော့ page not found ပဲ ပြနေပါတယ်။..ဖတ်လို့ မရတော့ပါဘူး..ဆက်သွယ်ရေးအနေနဲ့ ..ဒီလိုသိချင်သူများ တဲ့ အကြောင်းအရာနဲ့ ပါတ်သက်လို့ ဂရုတစိုက် ဝက်ဘ်ဆိုက်ကို ထိမ်းသိမ်း သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်.. ဒါနဲ့ ပါတ်သက်လို့ comment မှာ အမှားလာပြင်ပေးသွားတဲ့ Aye Thida Myint ကို ကျေးဇူးတင်ကြောင်း ကြားဖြတ်ပြောလိုပါတယ်။.. J

အိုကေ…..ဆိုတော့ ဆက်ပြောရရင်.. အေပရယ် ၁၁ နေ့မှာ pre-qualification အတွက် အဆင့် မှီတဲ့ company ၁၁ ခု စာရင်းကို ရွေးချယ်ရေး ကော်မတီက ကြေငြာပါတယ်။.. အဲ့ဒါတွေကတော့ အောက်က ပြထားတဲ့ စာရင်း အတိုင်းဖြစ်ပါတယ်။

   Axiata Group (မလေးရှား)
   Bharti Airtel (india)
   China Mobile and Vodafone Group (တရုတ် နဲ့ အင်းဂလိပ်)
   Digicel Group (ဒါကတော့ မြန်မာနိုင်ငံမှာ လူသိများပီးသားထင်ပါတယ်)
   France Telecom / Orange (ပြင်သစ်)
   KDDI Corp and Sumitomo Corp (ဂျပန်)
   Millicom International Cellular (အာဖရိက)
   MTN Dubai (ဒူဘိုင်း)
   Ooreedo (aka Qatar Telecom) (ကာတာ)
   Singtel, KBZ and M-Tel(စင်ကာပူ)
   Telenor(နော်ဝေ)
   Viettel(ဗီယက်နမ်)


အဲ့ဒီ company တွေ အနေနဲ့ ..pre-qualified ဖြစ်တဲ့ အတွက် mobile network operator လုပ်ကိုင် ခွင့် အတွက်…tender တင်သွင်းခွင့် ရှိတယ် လို့ သတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာ china mobile and Vodafone ၂ခုပေါင်းထားတဲ့ group အနေနဲ့ သတ်မှတ် deadline ရောက်တဲ့ အချိန်မှာ သူတို့ရဲ့ internal policy အရ..ဆက်လက် လုပ်ကိုင် လို့ မဖြစ်နိုင် ဘူး လို့ ယူဆတဲ့ အတွက် လုပ်ငန်း လုပ်ကိုင်ခွင့်လျောက်လွာ နဲ့ tender  ကို တင်သွင်း ခြင်း မပြု့ပဲ..ထွက်သွားတဲ့ အတွက်.. နောက်ဆုံးမှာ company 11 ခုပဲ ကျန်ပါတော့တယ်။  

ဒီနေရာမှာ တခုကြားဖြတ်ပြောလိုတာက..နိုင်ငံတကာမှာ ဒီ မိုဘိုင်းဖုန်း လုပ်ငန်းအတွက် လုပ်ကိုင်ခွင့်တွေကို ဘယ်လိုချပေးနေသလဲဆိုတာပါပဲ။။ နိုင်ငံတခုအနေနဲ့ သူ့နိုင်ငံအတွင်းမှာ မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့်ကို ချပေးတဲ့ နေရာမှာ အသုံးများတဲ့ နည်း လမ်း ၄ခုက အောက်ပါအတိုင်း ရှိပါတယ်။

၁။ ပထမ ဆုံးလုပ်မယ်လို့ ပြောတဲ့ အရည်အချင်းရှိသူကို အရင်လုပ်ပိုင်ခွင့်ပေးခြင်း (First come, First served ) လို့ ခေါ်ပါတယ်။
၂။ လေလံတင်ခြင်း ( Auction ).. ဒီနေရာမှာ ဘာကို လေလံတင်သလဲဆိုတော့ mobile phone အတွက် လိုအပ်တဲ့  Radio Frequency Bandwidth ကို အသုံးချခွင့်ကို လေလံတင်တာပါ။ ဒီလိုလေလံတင်ပီး လုပ်ပိုင်ခွင့်ပေးတာဟာ သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရအတွက် စစချင်း မှာ ပဲ သပိတ်ဝင် အိတ်ဝင် ငွေလုံးငွေရင်း လုံးကနဲ့ ခဲ ကနဲ့ ရစေတဲ့အကြောင်းတရပ်ပါ..ဒါကြောင့် နိုင်ငံတော်တော်များများမှာ ဒီနည်းလမ်းကို သုံးပါတယ်။ ဒီလို Radio Frequency Bandwidth ကို ရောင်းတာကို Natural Resources ကို ရောင်းတာလို့ wireless နည်းပညာ ပညာရှင်တွေက သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုရင်..ဒီ radio frequency bandwidth တွေဟာ လူက ဖန်တီးလို့ ရတဲ့ လှိုင်းတွေ မဟုတ်ပါ..သူ့ဘာသာ လောက ကြီး မှာ သဘာဝအတိုင်း အလိုအလျောက်ရှိနေတာပါ။ ဒီ radio frequency bandwidth အသုံးချခွင့်ကို company တခုခုကို (ဥပမာ company A ) ရောင်းပီးပီဆိုရင်..ဒီ bandwidth ကို နောက် တခြား company ကို ထပ်ရောင်းလို့မရတော့ပါဘူး..company A အနေနဲ့ ဒီ bandwidth ကို မသုံးတော့ဘူးဆိုပီး အစိုးရကို ပြန်အပ်မှ သော်လည်ကောင်း…ရောင်းထားတဲ့ သက်တမ်း သတ်မှတ်ချက် စေ့သွားတဲ့ အခါကျမှ သာ လည်ကောင်း အစိုးရအနေနဲ့..နောက်ထပ် တခြား သော company တွေကို ပြန်ရောင်းလို့ရပါတယ်။။  ဒီနေရာ သိထားရမှာက..နိုင် ငံတခုအတွက် အဲ့လိုမျိုး မိုဘိုင်း ဖုန်း network မှာ သုံးလို့ရတဲ့ bandwidth ဟာ လိုသလောက် ရတာ မဟုတ်ဘူး ဆိုတာ သိထားရပါမယ့်..။ Natural resources လို့ပြောတဲ့ အတိုင်း အကန့် အသတ်နဲ့ သာ ရှိတဲ့ အတွက်… mobile phone service ပေးချင်တဲ့ company တွေ အနေဲ့.. ဒီိလို့ radio frequency bandwidth အသုံးချခွင့် ကို မဖြစ်မနေ ဝယ်ဖို့ လိုပါတယ်။ ဟုတ်ပီ ဒါဆို အဲ့လို မဝယ်ပဲ နဲ့ သူများ သုံးနေတဲ့ bandwidth ကို ပဲ ခပ်တည်တည်နဲ့ ယူသုံးပီး လုပ်ရင်မရဘူးလားလို့ မေးစရာ ရှိပါတယ်။ လွယ်လွယ်ပြောရရင် မရပါဘူး..ဘာလို့ မရသလဲဆိုတာကို တော့ နောက် တပိုင်း မှာ ဆက်ကြတာပေါ့..

ဆက်ရန်..  နောက် အပိုင်း Radio Frequency Bandwidth ကို ဘာလို့ ဝယ်ဖို့လိုအပ် သလဲ ဆိုတာရယ်…. Mobile phone network operator  လုပ်ပိုင်ခွင့် ချပေး သော နည်း လမ်း များ အကြောင်းဆက်ပါ့မယ်။။။ ဆန်းမော်


Part – 4..

Radio Frequency Bandwidth or Natural Resources

အရင် အပို်င်းမှာ ပြောခဲ့တာကို ပြန်ကောက်ပါ့မယ်… radio frequency တခုကို မဝယ်ဘဲ..သူများ သုံးနေတာကို ခပ်တည်တည်နဲ့ သုံး မယ်ဆိုရင် ဘာဖြစ်မလဲ ဆိုတော့..လိုင်း ပူးတာတွေ ဖြစ်မယ်ပေါ့ဗျာ။ ဥပမာ ပေးရမယ် ဆိုရင်တော့.. ဟိုး အရင် BBC, VOA, RFA နားထောင် တဲ့ လူတွေ မှတ်မီ ဦး မယ် ထင်ပါတယ်။ အဲ့ဒီတုန်းက.. BBC, VOA, RFA က လွှင့်တဲ့ အသံတွေကို အင်တာနက် က နေ နားထောင်လို့ မရသေးပါဘူး..လေလှိုင်းထဲကနေ သတ်မှတ်ထားတဲ့ ရေဒီယိုလှိုင်းအတိုင်း လွှင့်တာ ကို ရေဒီယို်လေးတွေနဲ့ ဖမ်းပီး နားထောင်ရတာပါ။ ကျုပ်တို့ငယ်ငယ်တုန်းက အိမ်မှာ အဲ့လိုမျိုး ရေဒီယို လေးနဲ့ ၈ျစ်၈ျစ် ၈ျစ် ၈ျစ် အသံတွေနဲ့ လူကြီး တွေ သတင်း နားထောင်နေပီဆို..နားရွက်တောင် မခပ်ရဲဘူး ဗျို့။ မဟုတ်ရင် ကောင်းကောင်း သတင်း နားထောင်လို့မရဘူး..အာရုံနောက်တယ် ဘာညာ နဲ့ အဆူခံရမှာလေ…. လူကြီးတွေက ကျုပ်တို့ကလေးတွေသာ ဆူတာဗျ..သတင်း နားထောင် ကောင်းတုန်းဆို..လာပါပီ ခန နေရင်..အနှောင့် အယှက် …ဘီဘီစီ..RFA လွှင့်တာကို ဖမ်းပီး နားထောင်နေတဲ့ လူတွေ နားထောင် မရအောင် ဆိုပီး.. အဲ့ဒီ ခေတ်တုန်းက.. အမေရိကန်.. အင်းဂလိပ် နိုင် ငံတွေနဲ့ ပြိုင်ဘက် ကွန်မြူနစ် နိုင်ငံတွေ ဖြစ်တဲ့..ဆိုဗီယက် ရုရှား နဲ့ တရုတ် နိုင် ငံတွေက..နေ..BBC ..RFA ..VOA အသံလွှင့်ရုံတွေက လွှင့်တဲ့ ရေဒီယိုလှိုင်း အတိုင်း ခေါင်း လောင်း ထိုးသံ..တို့ မောင်း ထု့သံတိုက..လွှင့်ပါတော့တယ်…  RFA အစရှိသည်က လွှင့်တဲ့ အသံနဲ့..ထပ်တူကျတဲ့ လှိုင်းကို သုံးပီး ခေါင်း လောင်းထိုးသံ မောင်း ထုသံတွေကို လွှင့် တဲ့ အတွက်.အသံ၂ခု ရောသွားပီး သတင်း ကို ကောင်းကောင်း နားထောင်လို့ မရေတော့ပါဘူး.. BBC တို့..RFA တို့က လဲ သိတယ် ဗျ..အဲ့လို အလုပ်ခံနေရတယ်ဆိုတာကို..အဲ့ဒီတော့ သူတို့က လဲ ဘာပြန်လုပ်လဲ ဆိုတော့ သူတို့ အသံလွှင့်တဲ့ ရေဒီယို လှိုင်းကို နဲနဲ ..နဲနဲ ခြင်းစီ..ပြောင်းပြောင်း ပီး လွှင့်တယ်..ဆိုလိုချင် တာက..အသံလွှင့်တဲ့ လှိုင်းကို အသေတခုထဲ သုံးပီး မလွှင့်ပဲ..နဲနဲ စီ ပြောင်းပီး လွှင့်တော့..ခု န အနှောက်အယှက် ပေးတဲ့ ခေါင်းလောင်းထိုးသံကို ရှောင်ပီးသားဖြစ်သွားတာပေါ့ဗျာ…ဒါပေမယ့် နားထောင်တဲ့ လူကလဲ ဒီအတိုင်း ထိုင် ပီး နားထောင်နေလို့ မရဘူးဗျ..ရေဒီယို ဖမ်း တဲ့ ..ဘု့ လေးကို..နဲနဲခြင်းစီ လှည့်လှည့်ပီး BBC ..တို့..RFA တို့ ပြောင်းသွားတဲ့ လှိုင်းနဲ့ ကိုက်အောင် ပြန်ပြန်ချိန်ပေးရတယ်.. အဲ့လိုမှ..သတင်း ကြေညာ တဲ့ အသံကို ကောင်းကောင်းဆက်ပီး နားထောင်လို့ရတယ်…မဟုတ်ရင်..အသံက..တဖြည်းဖြည်းအားနည်းပီး တိုးသွားပျောက်သွားတတ်တယ်။..ထားပါတော့ ဒါကတော့ လွန်ခဲ့တဲ့ နှစ် တော်တော်ကြာ က အဖြစ်အပျက်ပေါ့.. အဲ့ဒါကို ပြန်ပြောင်းပြော ပြတာက.. ရေဒီယို အသံလှိုင်း ၁ ခုကို ၁ယောက် က သုံးနေပီဆိုရင်.နောက် တယောက် က ထပ်သုံးလို့မရတော့ဘူးဆို တာကို ရှင်းအောင် ဥပမာပေးပီး ပြောပြတာ..ခပ်တည်တည်နဲ့ ယူသုံးရင် ဘာဖြစ်လဲဆိုတော့ ၂ ယောက် လုံး အလုပ်မဖြစ်တော့ဘူး ..သုံးမရေတော့ဘူးပေါ့.. ဒီလိုမျိုးပဲ..မိုဘိုင်း ဖုန်းတွေ အတွက် လဲ..စကားပြောဖို့ ဆက်သွယ်ဖို့အတွက်.radio frequency bandwidth တွေကို..operator တခု ဆီအတွှက် သီးသန့် သတ်မှတ်ပေးရတယ်…အဲ့လိုမျိုး Bandwidth တခု မှာ ဆိုရင် mobile phone user ပေါင်း ရာထောင် ချီပီး သုံးလို့ရနိုင် တယ်ပေါ့…

ဆိုတော့ ဒီ radio frequency bandwidth ကို mobile phone operator A ကို ရောင်းပီး ပီ ဆိုရင် တခြား mobile phone operator ကို ထပ်ရောင်းလို့မရတော့ပါဘူး..နောက်တခြား mobile phone operator အတွက်က နောက် ထပ် တခြား ကျန်နေသေးတဲ့ ရောင်းလို့ရတဲ့ bandwidth ကိုပဲ ရောင်း လို့ရပါမယ့်။  ဒါကြောင့် ဒီလို့ အကန့်အသတ်နဲ့ သာရောင်းလို့ရတဲ့ အတွက်..ဒီ radio frequency bandwidth ကို လေလံတင်ပီး ရောင်းတယ် ဆိုရင်.. mobile phone network operator အလုပ် ကို လုပ်ချင် တဲ့ company တွေက အပြိုင်အဆိုင် ဈေး ပေးပိး ဝယ်မှာ ဖြစ်တဲ့ အတွက်..သက်ဆိုင် ရာ နိုင်ငံ ရဲ့ အစိုးရအနေနဲ့..တွက် ခြေပိုကိုက်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင် ၂၀၁၀ တုန်းက..india အစိုးရက..အဲ့ဒီလို မျိုး လေလံတင်ရောင်းတာကနေ..radio frequency bandwidth အတွက် US$ ပေါင်း 12 billion (ဒေါ်လာ သန်းပေါင်း ၁သောင်း၂ထောင် ) ထိ အသားတင်ဝင်ငွေရရှိခဲ့ပါတယ်။ အသေးစိတ်ကို အောက် က လင့် မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ http://en.wikipedia.org/wiki/Indian_Telecom_Spectrum_Auction
ဒါပေမယ့် လေလံတင်ခြင်းရဲ့ မကောင်းတဲ့ အချက်ကတော့… အစိုးရအတွက် အသားတင် ဝင်ငွေ ကောင်းကောင်းရပေမယ့်.. ဖုန်းသုံးမယ့် ပြည်သူလူထူအတွက်တော့ ဖုန်းပြောခ တွေ ဈေးကြီး ကုန်တာ တော့တာပါပဲ။။( မြင်အောင် ပြောရရင်..ဈေး ထဲမှာ အသားသတ် လိုင် စင် ဈေး ကြီး ပေးထားရရင်..အသားရောင်းတဲ့ လူ က..ရောင်းတဲ့ အသားပေါ်မှာ..လိုင် စစ်ခ ကြေအောင်..အမြတ်ရအောင်..ဈေးဝယ်ပေါ် တင်လိုက်သလိုပေါ့။ ) ဒါကြောင့် ဒီလို လေလံတင်ခြင်းကို လုပ်တာဟာ အစိုး ရအတွက် ဝင်ငွေတိုးစေ ပေမယ့် သာမာန်အများပြည်သူလူထု့အတွက် တော့…ဖုန်းပြောခ ဈေူးကြိးပီး..ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။။ အဲ့လို ဖုန်းပြောခ ဈေး ကြီး တာမျိုး ကို လဲ မဖြစ်စေချင်ဘူးဆိုရင်တော့..အစိုးရအနေနဲ့..mobile network operator တွေကို လုပ်ပိုင် ခွင့် ချပေးဖို့အတွက် နောက် ထပ် နည်း လမ်း ၂ ခု ကျန်ပါသေးတယ်။။။

နံပါတ် ၃ နည်း လမ်း က..beauty contest နည်း လမ်း နဲ့

နံပါတ် ၄..နည်းလမ်း .. direct assignment with or without a fixed price ဆိုတဲ့ နည်း လမ်း ၂ ခုပါ.. အဲ့ဒီ ၂ ခု ကိုတော့ နောက် တပိုင်း ကျမှ ဆက်ကြတာပေါ့..
ဆန်းမော်


Part – 5.. beauty contest and direct assignment methods

ဒီအပိုင်း မှာ ပထမ ဆုံး beauty contest နဲ့ မိုဘိုင်းဖုန်း လုပ်ပိုင် ခွင့်ချပေးတာကို ဆက်ကြရအောင်.. မြန်မာ အစိုးရ သုံးသွားတာ ခု ပြောတဲ့ နံပါတ် ၃ နည်း လမ်း ကို သုံးပီး.. mobile phone operator company ကို ရွေးသွားတာပါ..

ဒီနည်း မှာ အစိုးရက..မိုဘိုင်းဖုန်းလုပ်ငန်း လုပ်မည့် သူတွေဆီက နေ သူတိုင်း ပြည် အတွက် ပြည်သူလူထု့အတွက် ဘာတွေ ကို ဘယ်လိုလုပ်ပေးမလဲဆိုတဲံ အစီအ စဉ် အစ ရှိတာတွေကိုအသေးစိတ် plan ရေးဆွဲပီး  tender တင်တဲ့ အချိန်မှာ.. အိတ်ပိတ်၊ ချိတ်ပိတ်ပီး..tender တင်ခို်င်းပါတယ်။  အဲ့လို တင် တဲ့ company တွေရဲ့ plan ပေါ်မူတည်ပီး.. တိုင်းပြည် အတွက် အများပြည်သူအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ် လို့ ယူဆတဲ့ company ကို လုပ်ပိုင် ခွင့် ချပေးမှာ ဖြစ်ပါတယ်… ဒီလို နည်း လမ်း မှာ radio frequency bandwidth ကို လေ လံတင် ရောင်းသလိုမျိုး ပိုက်ဆံ အများ ဆုံး ပေးနိုင် တိုင်းလဲ.ရမယ် လို့ ပြောလို့ မရပါဘူး.. လှယဉ်ကျေးမယ် များ ရွေးသလိုပေါ့….လှုတိုင်း လဲ မနိုင် သေးပါဘူး..ဗဟုသုတ လဲ ပြည့်စုံ မှ.. ယဉ်လဲ ယဉ်ကျေးမှ.. သွက်လက် ချက်ချာ မှ..ပထမ ဆုကို ရနိုင် မယ် ဆိုတဲ့ သဘောပေါ့..ဒါကြောင့် နည်းလမ်း နံမည် ကို က.. beauty contest ( အလှမယ် ရွေးပွဲ ) လို့ အကြမ်း အားဖြင့် ဘာသာပြန်လို့ရတာပေါ့ ဗျာ။

ဆိုတော့ ဒီလိုရွေးပွဲ မှာအကဲဖြတ်ဒိုင်တွေက ဝင်ရောက် ယှဉ်ပြိုင်မည့် သူတွေ အနေနဲ့..ဘယ်အချက် တွေ အတွက် ကို အမှတ် ဘယ်လောက် သတ်မှတ်ထားတယ် ဆိုတဲ့..အမှတ်ပေး စည်းမျည်း တွေ ရှိကြောင်း နဲ့ လည်းကောင်း အမှတ်ပေးစည်းမျည်း များကို အများ သိအောင်ကြေညာ ထားပေးရပါတယ်။  ဒီနေရာ မှာ တခု ဖြတ်ပြောစရာရှိတာက.. အစိုးရ ဟာ .လေလံတင် ပီး ရွေးတဲ့..နံပါတ် ၂ နည်းလမ်း ကို မသုံးပဲ.. ခု ပြောနေတဲ့ နံပါတ် ၃ နည်း လမ်း ကို သုံး ပီး mobile phone network operator ကို ရွေး တာ ဖြစ်တဲ့ အတွက် အစိုး ရအနေနဲ့..ကတော့ ပိုက် ဆံများများ ရတာ တခု တည်း ကို ပဲ ကြည့်တာ မဟုတ်တော့ဘူး ဆိုတာ တော့ သေချာပေါက် ပြောနိုင်ပါတယ်။ ပိုက် ဆံ များများ ရဖို့ တခု သာ ကြည့်မယ် ဆိုရင်တော့ လေလံတင် ပီး ရွေးတာက ပို ရနိုင်ပေမယ့် ခု ဟာ ကကျတော့.. beauty contest နည်း လမ်း ကို သုံးတာ ဖြစ်တဲ့ အတွက် ဒိနေရာမှာ..တော့ အများ ပြည်သူကို..ပိုပီး ဥိးစားပေးစဉ်းစားတယ် ဆိုတာ ယေဘူယျအားဖြင့် ပြောနိုင်ပါတယ်။ ဒါဆို မေး စရာ တခု ပေါ်လာတာ က… ဟုတ်ပီ..ခု နံပါတ် ၃ နည်း လမ်း က..ရည်ရွယ်ချက် အားဖြင့်တော့ ကောင်းပါတယ်..ဒါပေမယ့် အကဲဖြတ်ဒိုင် လူကြီးတွေ..က..ပထမ..ဒုတိယ ရွေးတာဆိုတော့..ဒီ ဒိုင် တွေ လာဘ်မစားပဲ ရွေး တယ် ဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့.. မြန်မာနိုင်ငံ ဆိုတာ က သိတဲ့အတိုင်းပဲ မဟုတ်လား..လာဘ်ပေး .လာဘ်ယူ သောင်းကျန်းတဲ့ နေရာမှာ..အလွန်နာမည် ကြီးတယ် ဆိုတော့ကာ.. တကယ် လို့သာ..ဒီလို လာဘ်ယူပီး..လုပ်ပိုင်ခွင့် ချပေးလိုက်တယ် ဆိုရင်..မိအေး ၂ခါ နာ ဖြစ်တော့ မပေါ့….အစိုးရလဲ ပိုက်ဆံမရ..ပြည်သူလူထုလဲ နစ်နာ..ဟုတ်တယ် မဟုတ်လား.. ..ဒါဆိုရင်တော့ အစိုးရ အခွန်များများ ရနိုင်တဲ့..လေလံတင်ရောင်းခြင်း ကသာ ပို ပီး ကောင်းတော့ မပေါ့ လို့ ပြောစရာဖြစ်လာပါတယ်။ မှန်ပါတယ်..ဒီ beauty contest နည်း လမ်း ကို သုံးမယ် ဆိုရင်..အကဲ ဖြတ် ဒိုင် တွေ လာဘ် ယူပီး လုပ်ပိုင် ခွင့် ချပေး တာမျိုး မဖြစ် အောင်..control လုပ်ထားနိုင် ဖို့လိုပါတယ်။။ ဟုတ်ပီ ဒါဆို ဒီလို control မျိုး ကို ဘယ် လို လုပ်မလဲ.. ဘယ်လိုထိန်းမလဲ.. ဆိုတာ က အရေးကြီးလာပါပီ..

အဲ့ဒါကို ဘယ်လိုဖြေရှင်း သွားသလဲ ဆိုတာကိုတော့ နောက်တပိုင်း မှ ဆက်ကြတာပေါ့..
ဆန်းမော်

How to select the mobile phone network operators for Myanmar? Part -1 and 2 ---- by Sann Maw


နိုင်ငံခြား က ဖုန်း အော်ပရေတာ ၂ ခု ကို ဘယ်လို ပုံစံနဲ့ ရွေးခဲ့သလဲ ဆိုတာ အကြမ်းဖြင်း ပြောကြည့်ရအောင်။

ခု တလော အွန်လိုင်း မှာ တွေ့နေတဲ့ ပြောကြားချက်တွေ အရ ဖုန်း company ၂ခု ကို ဘက်လိုက်ရွေး မရွေး သိရအောင် ဆက်သွယ်ရေး ဝက်ဘ် ဆိုက် မှာ ဝင်ကြည့်လိုက်တော့ ရွေး ခဲ့တဲ့ အဆင့်တွေကို English လိုရေးပီး တင်ထားတာ တော့ တွေ့တယ် မြန်မာလို မတွေ့ လို အကြမ်းဖြင်း ဘာသာပြန်ပီး တင်ပေးလိုက်တယ်။ သိလိုသူများ ဖတ်ကြည့်ကြပါကုန်။

ပထမ…အစိုးရက..ဖုန်းoperator လုပ်ငန်းအတွက် ၂၀၁၂ ကုန်ခါနီး မှာ တင်ဒါခေါ်ဖို့အတွက် စိတ်ဝင်စားသူ company တွေကိုဖိတ် ခေါ်ပါတယ်။ လုပ်ကို်င် ခွင့် ရတဲ့ company အနေနဲ့ ပထမအဆင့် ၁၅ နှစ် လုပ်ခွင့်ရမယ် ။ ပထမ ၁၅နှစ် လုပ်ခဲတာကို ကြိုက်တယ်..စည်းကမ်းချက်နဲ့ ညီညွှတ်တယ်ဆိုရင်  ၁၅နှစ် လုပ်   ပီးရင် အနည်း ဆုံး ၁၀ နှစ် သက်တမ်း ထပ်တိုးလို့ရမယ်။ စု့စုပေါင်း ၂၅ နှစ်ပေါ့….အဲ့ဒါပီး သွားရင် နောက်ထပ် သက်တမ်း တိုးတဲ့ ဟာတော့ ရေးထားတာမတွေ့ရဘူး..

အဲ့ဒီ ဖိတ်ခေါ်ချက် ကို စိတ်ဝင်စားတဲ့ နိုင်ငံတကာ က..ဖုန်း operator company ပေါင်း     ၉ ၁ ခု က ဆက်သွယ်လာတယ်… အဲ့ဒီဆက်သွယ်ချက်တွေကို ဖေဖေါ်ဝါရီ ၈ ရက် ၂၀၁၃ နေ့အထိ လက် ခံခဲတယ်..အဲ့ဒါ ပီး တော့ ပထမ ဖိတ်ခေါ်တဲ့ အဆင့် ပီး သွားရော….

ဒုတိယ အကြိုရွေးချယ်ပွဲ အကြောင်း ဆက်ရေးပါ့မယ်..

မှတ်ချက်၊ ၊ http://www.mcit.gov.mm/ မှာ တင်ထားတဲ့ အချက်အလက် တွေကို မှီငြမ်း ပီး ဆီလျော်အောင် ပြန်ဆိုပါသည်…ပညာရပ်ဆိုင် ရာ အသေးစိတ်အချက်အလက်များကို အတိအကျ သိလိုပါက..အထက်ပါ အင်တာနက် ဝက်ဆိုက်တွင် ဝင်ရောက်ဖတ်ရှု့ လေ့လာကြပါကုန်၊

ရေးသားသူ ဆန်းမော်..



PART - 2

ဒုတိယအဆင့် အကြိုရွေးချယ်ပွဲ.. (how to select the mobile phone network operators for Myanmar? ---- by    Sann Maw)

ဒုတိယအဆင့် အကြိုရွေးပွဲ ဆိုတာကို ဘာလို့ ထား ထား ရသလဲဆိုတော့…. Mobile phone operator လုပ်ငန်းဆိုတာ.. လုပ်ချင်တဲ့ သူတိုင်း ထ လုပ်လို့ဖြစ်တဲ့ လုပ်ငန်း မဟုတ်ပါဘူး.. ဒီလို လုပ်ငန်း မျိုး လုပ်ဖို့အတွက်..


၁။ လုပ်ငန်းစတင် တဲ့ အချိန်ကတည်း က စပီး ဖုန်းခေါ်တဲ့ service စပေးနိုင်တဲ့ အချိန်အထိ ဒေါ်လာသန်းပေါင်း များ စွာအကုန်အကျခံပီး အရင်ကြိုတင်ပီး ရင်းနှီးထားရမှာဖြစ်တဲ့အတွက် ပိုက်ဆံပြန်မဝင်ခင်၊အမြတ်မပေါ်ခင် အချိန် တွေအတွက် အချိန် အတိုင်းအတာတခုအထိ ရင်းနှီး ထားဖို့ (capital ) အရင် အနှီး အတွက် ပိုက်ဆံလဲ ရှိရမယ်။ မှတ်မိကြဦး မလားမသိဘူး..အရင် မြန်မာ ဆက်သွယ်ရေး က.ဖုန်းကဒ်တွေကို..၁၅ သိန်း .. ၅ သိန်း ၂ သိန်း ခွဲ ..၂ သိန်း နဲ့ ရောင်းခဲ့တယ်ဆိုတာ သူရင်း နှီး ထားတဲ့ အရင်းအနှီး အတွက်..ဖုန်းခေါ်ခ တွေက နေ ပြန်ရမှာကို မစောင့်နိုင် လို့ အရင် အနှီး မြန်မြန်ပေါ်အောင်..ဖုန်း ဆင်း ကဒ်တွေကို ဈေးဈေး ကြီး ကြီး နဲ့ ပြန်ရောင်း စားတာပဲ..ဖြစ်သင့် တာကတော့ အဲ့လို ဈေး ကြီး ကြီး နဲ့ ပြန်ရောင်း စားထားတဲ့ အတွက် အရင်း အနှီး တချို့ ကြေသွားပီ ဖြစ်တဲ့ အတွက်..ဖုန်းပြောခတွေကို လျော့ပေးတာမျိုး လုပ်သင့်တယ်။..သို့သော်လဲ အဲ့ဒီလို ဈေး လျော့ပေးတာမျိုးဟာ ခုချိန်ထိဖြစ်လာတာတော့ မတွေ့ရသေးဘူး.. ရသလောက် ဝိုက်တယ်ဆိုတာ မျိုးလားတော့ မသိ….နောက်ကျရင်တော့ အပြိုင်အဆိုင် တွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက်..ဒီလိုပုံစံမျိုးနဲ့ ဆက်ပီး စခန်းသွားလို့ မရတော့ဘူး ဆိုတာတော့အနှေးနဲ့ အမြန်..သိလာမယ်လို့ယူဆရတာပဲ…ခုချိန်ထိကတော့.ဖုန်းခေါ်ခတွေ..ဆားဗစ်တွေ .ထူးထူးခြားခြား ကောင်းလာအောင် ပြု့ ပြင်တာတော့ မတွေ့ရသေးဘူး..ထားပါတော့ ရေးရင်းနဲ့ ဘေးရောက်သွားတယ်… နောက် နံပါတ် ၂ အချက်..က.


၂။ အဆင့်မြင့် နည်း ပညာ တွေကို သုံးထားတာ ဖြစ်တဲ့ အတွက်.. နည်း ပညာပိုင်းလဲ ဖြည့်ဆည်းပေးနိုင်ရမယ်။ အသုံးချနိုင်ရမယ်။လုပ်ငန်း လုပ်ဖူးတဲ့ လုပ်နေတဲ့  အတွေ့အကြုံတွေလဲရှိရမယ်.. ခု နောက်ပိုင်း က..2G.3G …4G ဆိုတာတွေ ပေါ်လာပီဖြစ်တဲ့အတွက်….နည်း ပညာမြင့်တာကို သုံးနိုင်လေ ပိုကောင်းလေပေါ့.. ဒီနေရာမှာ မေး စရာရှိတာက..အဲ့ဒီ နည်း ပညာတွေက အစဉ်အတိုင်း သွားစရာလိုသလားဆိုတာ..ပဲ..မြန်မာပြည်အနေနဲ့ ဆိုရင် မလိုဘူးလို့ဖြေလို့ရတယ်။ ဘာလို့လဲဆိုတော့..မြန်မာပြည်မှာ က… mobile phone network က အရမ်း သေးနေသေးတယ်ဆိုတော့ ရှိပီးသား phone network ပေါ်မှာ ထပ် တည် တာ မဟုတ် ပဲ..အကုန်လုံးနီးပါးက..အသစ် အသစ်တွေ တည်ဆောက်ရမှာဖြစ်တဲ့အတွက် ခုလောလောဆယ် ရှိပီးသားမြန်မာ ဆက်သွယ်ရေး က ဆာဗစ်ပေးလက်စ (2G အများစု ..နောက် 3G service က နဲနဲ ) က နေ.. 2.5G…. 2.75G….... 3G တွေ မခံပဲနဲ့ လည်း 3.5G HSPA+ .. 4G LTE စတာတွေကို တခါတည်း အဆင့်မြင့်ပီး တန်းပေး နှိုင်အောင် လုပ်ပေးလို့ရတယ်.. လွယ်လွယ်ပြောရရင်.. ရုပ်မြင်သံကြား တီဗွီတွေ ပေါ်တုန်းက..မြန်မာနိုင်ငံက တခြားနိုင်ငံတွေထက် နောက်ကြပီး လုပ်ဖြစ်တော့..(တခြားနိုင်ငံတွေမှာက အစဉ်လိုက်.. black and white TV system.. နောက် colour TV system အဲု့လိုမျိုးအစဉ်လိုက် သွားရပေမယ့် )..မြန်မာပြည်အတွက် black and white TV system ကို မသုံးတော့ပဲ..colour TV system ကို တန်းသုံးလို့ ရသလိုမျိုးပေါ့ ။။ တကယ်လို့ system အဟောင်းက ရှိနေပီးသားဆိုရင်..phone company တော်တော် များများက..မလိုအပ်သေးရင်..အရင်ရှိပီးသားအဟောင်းကို ပဲဆက်သုံးချင်ကြတယ်..ဘာလို့လဲဆိုတော့အဟောင်းကနေ အသစ်ကို အဆင့်မြင့် တယ်ဆိုရင်..ရှိပီး သားအဟောင်းတွေထဲက ဆက်သုံးလို့ မရတာအတော်များများ က..လွှင့်ပစ်လိုက်ရတာဆိုတော့ အသစ်ကို တိုက်ရိုက်လုပ်ရတာထက် စာရင် စုစုပေါင်း ကုန်ကျစရိတ်က ပိုများပါတယ်။ မြန်မာပြည်အတွက် ကတော့ အဲ့လိုမျိုး အဟောင်းကနေ အသစ်သွားတာမျိုး လုပ်စရာ မလိုတော့ တဲ့အတွက် ..အဆင့်မြင့် နည်း ပညာကို သုံးပီး service ပေးဖို့အတွက် ဖုန်း company တွေအနေနဲ့..ကုန်ကျစရိတ် က မလိုပဲ ၂ခါကုန် မဖြစ်တော့ဘူးလို့ အကြမ်း ဖြင်းအားဖြင့် ပြောလို့ရတာပေါ့.. နည်းပညာပိုင်း ဆိုရာမှာ တော့ 4G သုံးမယ် မသုံးဘူးဆိုတာတင် မကဘူး..တခြား ကြည့်စရာ အချက်အလက်တွေလဲ အများကြီး ရှိတာပေါ့လေ။။ အဲ့ဒါကတော့ ဆက်သွယ်ရေးwebsite မှာ အသေးစိတ်ရေးထားတာ မတွေ့ရဘူး။ တင် ဒါတင်မယ် ဆိုတဲ့ company တွေ အနေနဲ့ ကတော့ သိနိုင်ပေမယ့်..အတွက်..အပြင် လူတွေ အနေနဲ့ တိတိကျကျတော့ မသိရဘူး..

အဲ့ဒီေ တာ့ အထက်က တင်ပြခဲသလို နည်းပညာ တွေ အရင်းအနှီး တွေ အတွေ့အကြုံတွေ ရှိမရှိဆိုတာကို ဘယ်လို စစ်ဆေးမလဲဆိုတာ လိုလာပါပီ။ ဒါကို သိနိုင်ဖို့အတွက်..company တွေရဲ့ လုပ်ငန်း လုပ်ဖူး တဲ့ နောက်ကြောင်း ရာဇဝင်ကို စစ်ဆေးခြင်း အားဖြင့် သိနို်င်ပါတယ်။ အဲ့ဒါကတော့ အောင်က နံပါတ် ၃ အချက်ပါပဲ.


၃(က) ။ ဒါမျိုး mobile phone network operator လုပ်ငန်း ကို အနည်း ဆုံး လွန်ခဲ့တဲ့ ၄ နှစ် ကတည်း က အောင် အောင်မြင် မြင် လုပ်နေတဲ့ company လဲဖြစ်ရပါ့မယ်။ အဲ့လို အောင်အောင် မြင် မြင် လုပ်နေတယ် ဆိုရမှာ..အဲ့ဒီ company ဟာ.. သူ့မိခင်နိုင်ငံမှာ..mobile phone network operator လုပ်ငန်းရဲ့ အစုရှယ်ယာ အနည်း ဆုံး ၅၀.၁% ကို ပိုင်ဆိုင်ထားရမယ်.. နောက် mobile phone customers ပေါင်း ..အနည်းဆုံး ၄ သန်း ကျော် ကို ဝန်ဆောင် မှု့ ပေးနေတာ ဖြစ်ရမယ်။ revenues (ဝင်ငွေ) အနေနဲ့ မနှစ်က တနှစ်ကို US$ သန်း ၄၀၀ ကျော် ဝင်ငွေရှိရမယ်.. 

၃(ခ)။ ဒါတင် မကသေးပါဘူး…  အဲ့ဒီ company ဟာ.. သူ့နိုင်ငံတင် မက..တခြား နိုင်ငံခြား တခုခုမှာလည်း.. ဒီလိုမျိုး mobile phone network operatorလုပ်ငန်းကို အောင် အောင် မြင် မြင် လုပ်နေတဲ့ company မျိုး ဖြစ်ရပါမယ်။ အောင်အောင် မြင်မြင်ဆိုရာမှာ.အဲ့ဒီ company ဟာ..တခြား နိုင်ငံကmobile phone လုပ်ငန်း မှာ ပါတဲ့ သူ့အစုရှယ်ယာဟာ အနည်း ဆုံး ၃၀% နဲ့ အထက် ဖြစ်ရပါမယ်။ အနည်း ဆုံး mobile users ပေါင်း ၁သန်းနဲ့ အထက်ကို ဝန်ဆောင် မှု့ပေးနေတာဖြစ်ရပါမယ်။။ ဒီ ၃(ခ) အချက်က ဘာလို့ လိုတာလဲဆိုရင်..နိုင် ငံတခုနဲ့ တခု ယဉ်ကျေးမှု..ဝင်ငွေ..ဘာသာစကား..ပညာရေး..လူမှူ့ရေး..ဘာသာရေး စတာတွေက မတူတဲ့အတွက်..company တခုဟာ မိခင် နိုင် ငံမှာ တင် မက ဘူး..တခြား လူမျိုးဘာသာ ယဉ်ကျေးမှူ့မတူတဲ့ နိုင်ငံခြားတွေမှာ ပါ..ဒီလိုလုပ်ငန်းကို အောင် အောင် မြင် မြင် လုပ်နေသလား ဆိုတာ သိဖို့ လိုပါတယ်..ဒါကြောင့် ၃(က) အချက်သာ မက.. ၃(ခ) အချက် ကိုလဲအောင်အောင် မြင်မြင်လုပ်နေတယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်။

ဆိုတော့ တိုတိုပြောရရင်..ဒီ အချက် တွေနဲ့ ကိုက် တဲ့ company တွေကို တိုက် စစ် လိုက်တော့ company ပေါင်း ၂၂ ခု က မြန်မာပြည်မှာ လုပ်ငန်း လုပ်မယ် ဆိုရင် လုပ် လို့ ရနိုင် တယ် ဆိုတာတွေ့ရှိရပါတယ်…  အဲ့ဒီ အဆင့်ကို ၂၀၁၃ အေပရယ် ၁၁ ရက်နေ့မှာ အပီး သတ်နိုင် ပီးတော့ အကြို အရည်အချင်း နဲ့ ကိုက် ညီတဲ့ company ပေါင်း ၂၂ ခု ရဲ့ စာရင်း ကို ထုတ်ပြန်ခဲ့ပါတယ်။  ပြောချင်တာက.. စစချင်း company 91 က လုပ်ငန်း လုပ်ရန် စိတ်ဝင်စားတယ် ဆိုသော်လည်း .. ၂၂ ခု က ပဲ..နည်း ပညာ…ငွေကြေးအရင်းအနှီး …အတွေ့အကြုံ စတာတွေ နဲ့  ကိုက် ညီပီး..အဲ့ဒီ ၂၂ခုသော company တွေကပဲ..mobile phone network operator အတွက် tender တင် သွင်း ခွင့် ရှိတယ် လို့ ပြောလို့ ရပါတယ်။..ဒီနေရာ မှာ ဘာလို့ လုပ်ချင် တဲ့သူတွေ အကုန်လုံး ကို ပေး မလုပ်တာလဲ..လုပ်ချင်တဲ့ သူတွေ အကုန်လုံး ကို ပေးလုပ်လိုက်ရင်..အပြိုင်အဆိုင် များလာပီး ဈေးတွေလဲ..ပိုကျ မသွားနိုင်ဘူးလား ဆိုတာ မေးစရာပေါ်လာပါတယ်။။ အဲ့ဒါအတွက် အဖြေကိုတော့ နောက် တပိုင်းမှ ဆက်ကြတာပေါ့ ဗျာ။ ဟုတ်လား..

မေးစရာ ရှိရင် comment ပေးထားခဲ့လိုက်ပါ..နောက် အပိုင်း တွေမှာ အစဉ်ပြေသလို ထည့် ဖြေပေးသွားပါ့မယ်။

ဆန်းမော်