Wednesday 23 March 2011

ယနေ့ဂျပန်သတင်း

ဒီနေ့သိတာတော့
၁) သေဆုံးသူး ပေါင်း ၉၃၀၀ ကျော်သွားပီပြောတယ်။ တချို့နေရာတွေမှာ ခေါင်းတလား တောင် မရှိတော့ ဘူး ဖြစ်နေတယ်ပြောပါတယ်။


၂) ညူစက်ရုံကပေါင်းဖိုအားလုံးဆီကိုတော့ မီးလိုင်းသွယ်ပီးသွားပီ။ သွယ်ပီးသွားပီဆိုတာ စက်တွေ လည်နေပီ လို့ပြောတာတော့ ဟုတ်ဘူးနော်။ (နားလည်မှု့မလွဲပါနဲ့)။ အအေးပေးစက်တွေတော့ မလည်နိုင်သေးဘူး၊ ( ၅ နဲ့ ၆ မှာတော့ အအေးပေးစက်တွေ လည်နေပါပီ) ဒီနေ့တော့ အဆင်ပြေရင် ၃ မှာ အအေးပေးစက်လည်နိုင်မယ်ပြောတယ်။ အဲ့ဒီပေါင်းဖို အအေးပေးစက်လည်နိုင်ဖို့က အရေးအကြီးဆုံးလို့ပြောတယ်။ သူက ပလူတိုနီယမ်လောင်စာသုံးတာဖြစ်တဲ့အတွက်ပါ။
၃) နောက် မနေ့ညက..ဖူကူရှီးမား ခရိုင်မှာပဲ ပထမပြင်းအား ၆ ကျော်တဲ့ ငလျင်ထပ်လှုပ်သွားသေးတယ် ကြားတယ်။ နောက် တခါပြင်းအား ၅ ကျော်လားမသိ တခုထပ်လှုပ်တယ်တဲ့။ ဆူနာမီတော့ မလာဘူး။

No comments:

Post a Comment