Wednesday 23 March 2011

သင့် website ကို လာသူနည်းစေချင်သလား ?









သင့် website ကို လာသူနည်းစေချင်သလား ?


ခုရေးတာတော့ ဟိုးအရင် ကိုယ်ဘလော့ဂ် လည်တုန်းက စိတ်အနှေက်အယှက် ဖြစ်ရတဲ့ အကြောင်းလေးတွေ အကြောင်း ပြန်ချရေးထားတာ။ နောက်ကိုယ်လဲ သတိတရ ရှောင်ပီးသားဖြစ်သွားအောင်ပေါ့။ အကုန်လုံးတော့ တခါတည်း မရေးနိုင်လောက်ဘူး၊ ဘာတွေလဲ ဆိုတာ စဉ်းစားလိုက် ချရေးလိုက်လုပ်ရမှာ ဆိုတော့ နောက်ပိုင်းမှ ကျန်တာ တွေ.. သတိရသလောက် ထပ် ထပ်ပီး တင်သွားမယ်လို့စိတ်ကူးတယ်။ ကဲခုတော့ အရင် သတိရတာတွေနဲ့ စလိုက်ရအောင်။

၁) ဖွင့်ချိန်ကြာချင်း

တခါတလေ ဝက်ဆိုက်တခုဟာ ဖွင့်ဖို့အတွက်ကို အရမ်းကြာလွန်းနေတယ်။ ဒီနေရာမှာ ဘာလို့ကြာလဲ ဆိုတာ ၃ ခု ရှိတယ်။ တခုက တော့ ရှင်းတယ်၊ သုံးတဲ့လူဘက်က Internet connection ကိုက မကောင်းတာ။ ဥပမာ မြန်မာပြည်က လူတွေအတွက်ဆို လိုင်းတွေက ကျပ်တယ်။  နောက်တခုကတော့ သင်တင်ထား တဲ့ ဆိုက်က hosting server က မကောင်းတာ ( မကောင်းတာ ဆိုတာ server မှာ loading ပိနေတာသော်လည်းကောင်း၊ သူ့လိုင်းက မကောင်းတာသော် လည်းကောင်းဖြစ်နေတာ မျိုး။ ) ဒါမျိုးတွေ ဆိုရင်တော့ သိပ်ပြောစရာမလိုပေမယ့်။ နောက်ဆုံးတချက်ကြောင့် ဖြစ်တာဆိုရင်တော့ သင့်ဖက်က ပြင်ချင်စိတ်ရှိရင် ပြင်ပေးလို့ရတယ်။ ဒါက ဘာလဲ ဆိုတော့ သင့် ဆိုက် မှာ မလိုပဲ တင်ထားတာတွေ အရမ်းများနေတာ။ 

ဆိုပါတော့ စာဖတ်သူက အရင် သတင်းတွေ။ ပို့စ်တွေကို ဖတ်ထားပီးသား၊ သူက နောက်တကြိမ် သင့်ဆိုက်ကို လာတယ်ဆိုတာ၊ အသစ်တင်တဲ့ပို့စ်ကို ဖတ်ချင်လို့တာတာ၊ အဲ့လိုလာတဲ့အချိန်မှာ ဘာမဟုတ်တဲ့ နုတ်ဆက်တဲ့ Flash တွေ၊ ကြော်ငြာတွေ၊ ဖတ်ပီးသားပို့စ် အဟောင်းတွေ နောက် လှတပတဖြစ်အောင်၊ကြည့်ကောင်းမယ်ထင်လို့ ထည့်ထားတဲ့ ဓါတ်ပုံတွေ ကို loading လုပ်နေတာမျိုးကို သီးခံ စောင့်ဆိုင်းရတာ မျိုးဟာ တော်တော်မလွယ်ပါဘူး။ သင့်ဆိုက်ဒ် က model/art စတဲ့ အမျိုးအစားတွေ ဆိုရင်တော့ တမျိုးပေါ့။ လာကြည့်သူကလဲ ဒါမျိုးကြည့်ချင်လို့လာတာ ဆိုရင် သီးခံ စောင့်လိမ့်မယ်။ ဒါပေမယ့် သင်က သတင်း၊ အတွေးအခေါ် အဓိက ရေးတာမျိုးဆိုရင်တော့ လာဖတ်သူက လဲ ဒါမျိုးကို စာနဲ့ဖတ်မှာ ဖြစ်တဲ့အတွက်မလို တာတွေ အကုန်ပေါ်အောင် အချိန်ကုန်ခံ စောင့်လိမ့်မယ် မထင်ဘူး။ 

ဥပမာ တခုလောက်ပေးကြည့်ရအောင် ဆိုရင် ဒေါက်တာလွဏ်းဆွေ တို့ ကိုမိုးသီးတို့ ရဲ့ဆိုဒ် တွေပေါ့်။ သူတို့ဟာနိုင်ငံရေး သတင်းတွေ အများဆုံးတင်တယ်။ ဆိုတော့ ပြောချင်တာာ သူတို့ဆိုဒ်တွေကို ဖွင့်လိုက်ရင် အရင် သတင်းဟောင်းတွေ၊ ပုံတွေ စတာတွေ တက်နေတာနဲ့ ဘာမှ လုပ်မရဘူး။ နိုင်ငံခြားက High speed internet နဲ့ ဝင်ကြည့်တဲ့လူတွေ အတွက် သိပ်မသိသာပေမယ့်၊  ကိုယ်တို့ချစ်ခင်လှစွာသောမိခင်နိုင်ငံလို အင်တာပျက် ကနေတဆင့် ဟိုပိတ်ဒီပိတ်တွေ ကြားကနေ your freedom နဲ့ကျော်ခွ ကြည့်ရတဲ့လူတွေ အတွက်ဆိုရင်တော့ တော်တော့ ကို အဆင်မပြေပါဘူး။ ဆိုတော့ အဲ့လိုမျိုးဆိုက်ဒ်တွေဟာ မြန်မာ ပြည်ကနေ တက်ကြည့်နေတဲ့ လူတွေအတွက်လဲ အဓိက စဉ်းစားပီး မလိုတာတွေ ဖြုတ်ချင်ဖြုတ်၊ ဒါမှ မဟုတ် ကလစ်မနှိပ်သေးပဲ မပေါ်အောင် home page မှာ တင်မထားပဲ နေရာရွှေ့ချင်ရွှေ့ (ခုဟာက main page/home page) မှာဆိုတော့ ဖွင့်လိုက်တာနဲ့ ဖတ်ချင်တာကော၊ မဖတ်ချင်တာကော၊ ဖတ်ပီးသားတွေကော အကုန်တက်လာတယ်။ မမိုက်ဘူး) အဲ့လိုမျိုးလုပ်ပေးနိုင်တယ် ဆိုရင်တော့ ကောင်းမယ်လို့ယူဆတယ်။
ဒါက သတင်း၊အဓိက တင်တဲ့ ဟာကို ဥပမာပေးထားတာသာဖြစ်တယ်။ တခြားဆိုက်ဒ် တွေလဲအကျယ်ချဲ့စဉ်းစားကြည့်ကြပါကုန်။

၂) နောက်တချက်က. စာဖတ်ချင်လို့လာပါတယ် ဆို အတင်း သီချင်းနားထောင်ခိုင်း တဲ့ ဆိုက်ဒ်တွေ.. သူတို့ဆိုက်ဒ်တွေကို ဖွင့်လိုက်တာနဲ့ ဂလုံ၊ ဂလွမ် ဆိုပေါ်လာပါပီဗျာ။ သီချင်း တွေ၊ ဖွင့်တဲ့သူကနေ စာကြည့်တိုက်လိုနေရာကနေ ဖွင့်မိ တယ်ဆို ဘယ်လိုလုပ် မလဲ အတော့်ကို ဘေးကနေ. အဆဲ ခံရနိုင်တဲ့ အပေါက်မျိုးပေါ့။ ကိုယ်ကတော့ အဲ့လိုဆိုဒ် မျိုးဆို မှတ်ထားပီး နောက်ထပ်မသွားဖြစ်တာများပါတယ်။ အမှန်က ဖြစ်သင့်တာက သူ့ရဲ့ player ဟာ auto ပွင့်တာမျိုးမဖြစ်ပဲ နဲ့ နားထောင်ချင်တဲ့လူက နှိပ်မှ သာ ပွင့်လာတာ မျိုးဖြစ်သင့်တယ်။ မင်းဘာသာ မင်း ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ငါကြိုက်လို့ ငါတင်တာ ဘာဖြစ်သလဲ ဆိုလာရင်တော့ ဘာမှ မဖြစ်ပါဘူး။ နောက်ထပ်မလာယုံ ပဲ ရှိတယ်လို့ ပြောပါရစေ။ 

၃) နောက် ဆိုက်ဒ် ထဲကို ဝင်လိုက်တဲ့ အချိန်မှာ mouse pointer ကို ပြောင်းသွားအောင် လျှောက်လုပ်ထားတဲ့ ဆိုက်ဒ်တွေ.. ဥပမာ မျှားပုံကနေ ကြယ်လေးတွေ.တဖွားဖွား ကြနေတာ မျိုးပေါ့။ pointer ကိုပဲ ထိုင်ကြည့်နေတယ်ဆို ရင်တော့ တမျိုးပေါ့။ လှတယ်လို့ခံစားရမယ်။ ဒါပေမယ့် စာဖတ်သူဟာ pointer ကို ကြည့်ဖို့လာတာ မဟုတ်ဘူးဆိုတာ သတိထားရပါ့မယ်။ အဲ့ဒါဟာ လဲ စာအဓိကလာ ဖတ်သူကို အတော့်ကို စိတ်အနှေက်အ ယှက်ဖြစ်စေပါတယ်။

၎) နောက် background color တွေကို ပန်းပုံတွေ၊ ရိုးရိုးရှင်းရှင်း မဟုတ်ပဲ ဆန်းဆန်းပြားပြား လုပ်ထားတာတွေ.. ဒါမျိုးတွေက ရုတ်တရက်ကြည့် ရင် မသိသာပေမယ့် တကယ်စာကို အာရုံစိုက်ပီး ဖတ်တဲ့ အချိန်မှာ အတော် ဒုတ်ခ ပေးပါတယ်။ တခါတလေ နောက်ခံ ထဲမှာ အပေါ်ကရေးထားတဲ့ စာက ရောသွားတာမျိုး၊ မထင်ရှားတာမျိုးတွေဟာ အတော့် ကိုကသိအအောက် ဖြစ်စေပါတယ်။ 

၅) နောက် လောလောဆယ် အပြင်းအထန် အငြင်းပွားနေတဲ့ ဇော်ဂျီလား၊ ယူနီကုဒ်လား ဆိုတာ။ မူအားဖြင့် ကိုယ်ဟာ ယူနီကုဒ်ပဲ ဖြစ်သင့်တယ်လို့ ခံယူတယ်။ ဒါ့ကြောင့် စက်ထဲမှာ ဆိုရင် ဇော်ဂျီကော။ ယူနီကုဒ်ကော ၂ ခု လုံးထည့်ထားတယ်။ ဒါပေမယ့် တခါတလေ ကိုယ့်စက်နဲ့ မဟုတ်ပဲ တခြားသူငယ်ချင်း တယောက်ယောက် စက်နဲ့ ကြုံကြိုက်လို့၊ သူ့အိမ်သွားလည်နေတုန်း ကိုယ်ဖတ်ချင်တဲ့ ဆိုဒ်လေးကို တက်ကြည့်တဲ့ အချိန်၊ သူငယ်ချင်း စက်ကလဲ ဇော်ဂျီ ပဲ ရတယ်ဆိုရင် အဲ့ဒီဆိုဒ်ကို မဖတ်ဖြစ်တော့ဘူးပေါ့။ နောက် ကိုယ့်စက်နဲံ ကိုယ်လည်း ခုန ဖတ်မရတဲ့ဆိုဒ်ကို မှတ်ထားပီဲး တကူးတက ပြန်ရှာပီး ဖတ်ဖြစ်တယ်ဆိုတာမျိုးကတော့ အတော်ကိုရှားပါတယ်။ အဲ့တော့ လောလော ဆယ် မူအားဖြင့် လက်ခံသည် ဖြစ်စေ လက်မခံသည် ဖြစ်စေ၊ ယူနီကုဒ်လိုက် တာနဲ့ လာဖတ်သူကတော့ အတော်ကျသွားမယ် လို့ထင်ပါတယ်။ 

ဒီနေရာမှာ ကိုယ်ပြော ချင်တာ ဘယ်သူမှားတယ် မှန်တယ် ဆိုတာမျိုးကို ပြောချင်တာမဟုတ်ဘူး။ website တခုကို လာလည်သူတွေကို ကသိကအောက် ဖြစ်စေတဲ့ ဟာတွေကို သာ စာရင်းပြုစု့တာ ဖြစ်တဲ့ အတွက် ဒီနံပါတ် ၅ ကိုတော့ မလွှဲ မရှောင်သာ စိတ်မကောင်းစွာနဲ့ ပဲ ထည့်သွင်းလိုက် ရပါတယ်။ 

၆) နောက် ဆိုက်ဒ် မှာ Right Click ကို နှိပ်မရတာ။ လုပ်သူတွေက  ဘာသဘောနဲ့ လုပ်တယ်ဆိုတာ သိပ်မသိပေမယ့် ဖတ်ရတာ အဆင်မပြေဘူး။ ဘာလို့လဲ သိလား။ သူများတွေတော့ မသိဘူး။ ကိုယ်ကတော့ ဆိုဒ် တခုကို ဖတ်တယ် ဆိုရင် Firefox မှာ Right click တွေနှိပ် ကိုယ်ဖတ်ချင်တဲ့ ခေါင်းစဉ်တွေ အားလုံးကို open in new tab ဆိုတာနဲ့ ကြိုပီးဖွင့်ထားလိုက်တယ်။ ဒါမှသာ တခုဖတ်ပီးတိုင်း နောက်တခု ဖွင့်ချိန်ကို စောင့်စရာ မလိုမှာလေ။ ခုတော့ အဲ့ဒီဟာကို sorry right click does not allow ဆိုတာမျိုးပေါ်လာရင် ဆက်ဖတ်ချင်စိတ်ကုန်သွားရော။ 

တချို့ပြောတာကတော့ copy ကူးသွားမှာ ကြောက်လို့ဆိုလားပဲ။ ဟုတ်ကဲ့ copy ကတော့ မည်သို့ပင်တားထား သည် ဖြစ်စေ၊ ကူးချင်သူကိုတော့ တားလို့မရပါဘူးလို့ ပြောချင်ပါတယ်။ ကြိုက်တာနဲ့ ပိတ်ပါ နောက်ဆုံး သင့် website ကကြည့်သူဆီမှာ ပေါ်နေတာ ဖြစ်တဲ့ အတွက် နောက်ဆုံးနည်း screen shot နဲ့ ကူးယူသွားလို့ ရကြောင်းပါ။ ဒါကြောင့် copy ကူးမှာ ကြောက်သူတွေ ကိုတော့ ဒါဟာ ဖြင့် ထိရောက်သော တားနည်း မဟုတ်ပဲ စာလာဖတ်သူတွေကိုသာ အနှောက်အယှက်ဖြစ်စေတဲ့ နည်းတမျိုးသာဖြစ်ကြောင်း ပြောချင်ပါတယ်။ 

၇) နောက်တခုက website ဖွင့်လိုက်တဲ့ အချိန်၊ ကြိုဆိုတဲ့ message ပါ။ ကြိုဆိုတာမ ကောင်းဘူးလားမေးရင်၊ ကောင်းပါသည်။ အဲ ရိုးရိုး ဆိုလျှင်ပေါ့ဗျာ။ ခုဟာက ကြိုဆိုတာ က popup window နဲ့ တက်လာတာဗျ။ သူဟာကို ပြန် ပီး OK မနှိပ်မချင်း ဘာမှ ဆက်ဖတ်လို့မရပါဘူး။ အဲ့ကျတော့ ဆက်ဖတ်ချင်နေရင် OK ကို နှိပ်သာနိပ်တာ၊ ဆဲဆိုရွေ နှိပ်သည် ဖြစ်သွားတယ်ပေါ့။ တကယ်မဆဲသော်လည်းပဲ ကသိကအောက် ဖြစ်သွားသည်ပေါ့ဗျာ။

ကဲနောက်မှ သတိရသလောက် ထပ်ထည့်တာပေါ့။ တော်သေးပီ။
ကိုဆန်းမော် (sannmaw.com)

3 comments:

  1. I agree with you.

    ReplyDelete
  2. ဒါမျိုးတွေခံစားရတာကြာပြီ
    သိပ်မှန်တာပဲ

    ReplyDelete
  3. Playtech's latest slot machines for sale | JTM Hub
    JTG's latest slot machines 부산광역 출장마사지 for sale is the classic reel and reel machine. Find out about their 동두천 출장마사지 different reels, 부산광역 출장마사지 paylines, video payouts 전주 출장샵 and 부산광역 출장마사지 where to

    ReplyDelete