Monday 21 March 2011

ဂျပန် ညူအတွက် မေးခွန်း ၁၀ ခု နှင့်အဖြေ များ

 




မနေ့က သူငယ်ချင်း တစ်ယောက်က ကိုယ့်ကို ရှေရှေဝေးဝေးတွေ ရှောက်ပြောနေ တာနဲ့စာရင် လူအများစု သိချင်တာ ကို တိုတိုတုတ်တုတ် ရေးပီးတင်ပေးပါလို့ ဆိုလာပါတယ်။ အဲ့ဒါနဲ့ လူများစုက ဘာတွေ သိချင်နေကြတာလဲ မင်းသိရင် ပြောပါဦးဆိုလို့၊ သူက မေးခွန်း ၁၀ ခု ပို့လာပါတယ်။ အဲ့ဒီ မေးခွန်း ၁၀ ခု ကို ပဲ ပြန်ဖြေပေးပီးတင် ပေးလိုက်ပါတယ်။ အားလုံးဖတ်ရတာ ရှင်းလိမ့်မယ်လို့ယူဆပါတယ်။


၁)ဂျပန်နူကလီးယား ဓာတ်ပေါင်းဖို ကိစ္စရဲ့ လက်ရှိအခြေအနေကို သိလိုပါတယ်။

Ans: လက်ရှိကတော့ ဓါတ်ပေါင်းဖို ၅ နဲ့ ၆ မှာတော့ လျှပ်စစ်ဓါတ်အားနဲ့လှည်ပါတ်နေပီး စိတ်ချနေရပါပီ။ နောက် ၁ နဲ့ ၂ ကို လဲ လျှပ်စစ်ဓါတ်ရောက်နေပီလို့တော့ သိရပါတယ်။ ဒါပေမယ့် အဲ့မှာတော့ ရေစက်ပန့်တွေကို မလှည့်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ရေဝင်တာတွေ.အပျက်အစီးတွေ ရှိနေသေးလို့ ဘာမှမစစ်ပဲ မောင်းလိုက်ရင် short circuit ဖြစ်တာတို့၊ ပိုပီးပျက်သွားမှာဆိုးလို့ ဆိုတာတို့ရှိနေလို့ပါတဲ့။ ၃ နဲ့ ၄ကတော့ အပြင်ကနေပဲ မီးသတ်ပိုက်တွေနဲ့ရေဆက်ဖျန်းနေရတုန်းပဲ။အားလုံးခြုံကြည့်ရင်တော့ခုလက်ရှိထက်ပိုဆိုး လာစရာ  အကြောင်းကတော့မရှိတော့ဘူးထင်ပါတယ်။
တဖြည်းဖြည်းနဲ့ကောင်းလာမယ်လို့ယူဆရပါတယ်။ ဂျပန်အစိုးရကတော့၊ အခြေအနေကို နိုင်နိုင်နင်းနင်းကိုင်တွယ် နိုင်ပီဆိုရင်တော့ ဒီစက်ရုံကို အပီးတိုင်ပိတ်ပစ်မယ်လို့ပြောပါတယ်။ ဒါပေမယ့် ဒီလိုနိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ကတော့ ရက်တော်တော်ကြာ ဦးမယ်လို့ခန့်မှန်းပါတယ်။

၂)ဂျပန်ပြည်သူတွေ အတွက်စိုးရိမ်ဖွယ်ရာ အခြေအနေကရော ဘယ်လောက် ထိဖြစ်နေ ပါသလဲ။

Ans: စိုးရိမ်စရာကတော့ အရင်သတ်မှတ်ထားသလိုပါပဲ။ ကီလိုမီတာ ၂၀ထိကို တော့ လူတွေဖယ်ရှားထားပီး၊ ၂၀ နဲ့ ၃၀ ကြားက လူတွေကိုတော့ အပြင်မထွက်ဖို့၊ လုံလုံခြုံခြုံနေဖို့ စတာတွေ ပြောထားပါတယ်။ နောက်ထပ် အထူးအနေနဲ့ကတော့ ဖူကူရှီးမားရယ်၊ အီဘရာကိ ခရိုင်ရယ်က နွားနို့နဲ့ စပန်းနက်ရှက် (ဟင်းနုနယ် လား မုန်ညင်းစိမ်းလားတော့ မသိ၊ ပုံကို ကြည့်လိုက်ပါ အောက်မှာ) အရွက်တွေမှာ ရေဒီရေးရှင်း စတွေ့တယ်ပြောတယ်၊ ဒါပေမယ့် အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ထက်နည်းပါတယ်။
နောက် တိုကျိုနဲ့ တခြားခရိုင် ၃ ခုမှာထင်တယ် သောက်ရေမှာ iodine isotopes radioactive material စတွေ့တယ်။ သူလဲ ဘေးဖြစ်နိုင်တဲ့အဆင့်ထက်နည်းပါတယ်။ စိတ်မချရင် ရေကို ၁၀ ရက်လောက် သီးသန့် လှောင်ထားလိုက်ပါ၊ ဒါဆိုရင် ခုန iodine isotopes radioactive material က အဲ့လောက်ကြာကြာမခံဘူးဆိုတော့ သောက်လို့ရမယ်ထင်ပါတယ်။

၃)စက်ရုံနဲ့ ဘယ်လောက်ဝေးဝေးနေမှ ကျန်းမာရေး အန္တရာယ်ကနေ လွတ်မြောက်ဘေးကင်းပါမလဲ။

Ans: တရားဝင်ကတော့ ကီလို ၃၀ ပါ၊ ဒါပေမယ့် တချို့သံရုံးတွေက ကီလို ၈၀ လို့သတ်မှတ်ပါတယ်။ ဆိုတော့ ကီလို ၈၀ အထက်ဆိုရင် လောလောဆယ်စိတ်ချရတယ် လို့ပြောလို့ရပါတယ်။

၎)အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေတာရော တကယ်
အန္တရာယ်ရှိနိုင်လို့ပါလား။ရှိတယ်ဆိုရင်ဘယ်လိုကြိုတင်ကာကွယ်ထားရမလဲ။

Ans: စိုးရိမ်စရာမရှိပါဘူး။

၅)ဓာတ်ပေါင်းဖိုတွေကိုရေဖြန်းပေးနေတယ်လို့သိရပါတယ်။ဘာလို့ပါလဲ။ဘယ်အတိုင်းအတာ ထိဖြန်းနေရအုန်းမှာပါလဲ။ မီးလောင်တာကိုမီးငြိမ်းသလိုငြိမ်းနေသလို ငြိမ်းနေတာပါ လား။ဖြန်းပြီးရင်ဘာဆက်လုပ်ကြမှာပါလဲ။

Ans: ခုတိုင်းဆိုရင်တော့ ရက်ပေါင်းတော်တော်ကြာအောင် ဆက်ဖျန်းပေးနေရမယ်ထင်တယ်။ မီးလောင်တာကို ငြိမ်းတာနဲ့ကွာတယ်။ ဘာလို့လဲဆိုတော့ ခုဖြစ်နေတဲ့ ညူလောင်စာက သူတို့ကိုတိုင် ကလဲ အမြဲတမ်းလိုလို၊ အနည်းနဲ့ အများ အပူထုတ်လွှတ်တာဖြစ်တဲ့အတွက် ရေထဲစိမ်ထားပီး အဲ့ဒီစိမ်ထားတဲ့ရေကိုတောင် ဒီတိုင်းထားလို့မရဘူး၊ ပြန်ပီး လှည့်ပါတ်ပီး အအေးခံပေးရတယ်။ မဟုတ်ရင် အထဲက ရေတွေပူလာတယ်။ ခုက အဲ့လိုလှည့်ပေးတဲ့ အအေးခံစနစ်ပျက်စီးသွားတဲ့အတွက် အအေးခံ စနစ် ပြန်မကောင်းသေးဘူးဆိုရင် ဒီလိုပဲ ဖျန်းပေးနေရမယ်လို့သိရတယ်။ အစိုးရအပြောကလဲ ပြန်ကောင်းဖို့က ရက်တော်တော်ကြာဦးမယ်လို့သိရတယ်။


၆)ဓာတ်ပေါင်းဖိုအရေး ပြေလည်သွားရင် အဲ့ဒီ့နေရာမှာ
သက်ရှိတွေနေလို့ဖြစ်မှာလား။မဖြစ်နိုင်တော့ဘူးလား။

Ans: ဟုတ်ပါတယ်။ နှစ်တော်တော်ကြာကြာတော့ နေလို့မဖြစ်တော့ဘူးလို့ယူဆပါတယ်။ အစိုးရကလဲ နောက်ပိုင်းမှာ စက်ရုံကို အပီးတိုင်ပိတ်ပစ်မယ်လို့ပြောပါတယ်။


ရ)မြန်မာအပါအ၀င် နိုင်ငံခြားတိုင်းပြည်ကလူတွေ စိုးရိမ်လွန်ကဲပြီးဆားတွေဝယ်စုကြ၊ အက်ဆစ်မိုးရွာမယ်ပြောလို ပြောကြ၊ အမေရိကန်လို နိုင်ငံတောင်မှ အိုင်အိုဒင်းဆေးပြားတွေဈေးတက်နေတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

Ans: အဲ့ဒါကတော့ အစိုးရိမ်ကြီးလိုဖြစ်တာပါ။ ခုထိ တခြား ဘယ်နိုင်ငံမှာမှ လူတွေကို ထိခိုက်စေတယ်ဆိုတာ နိုင်ငံတကာ အစိုးရတွေက တရားဝင်မပြောပါဘူး။ အစိုးရိမ် ကြီးတဲ့လူတွေကတော့ ဘယ်သူဘာပြောပြော ဂရုစိုက်နေမှာ မဟုတ်ပါဘူး။  လုပ်ချင်တာလုပ်တာပါပဲ။ သင်လဲ အစိုးရိမ်ကြီးပါက လိုရမယ်ရ ဆားဝယ်လို့လွယ်မယ်ဆိုရင်တော့ ဝယ်ထားလို့ရပါတယ်။ ဆားဝယ်ထားတဲ့အတွက် စိတ်ဖိစီးမှု့ကို နည်းစေတယ်ဆိုတော့ ကောင်းပါတယ်။ ဝယ်ပါ အပိုအလုပ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ခုလောလောဆယ် စားစရာ လိုသလားဆိုတော၊ စားဖို့မလိုသေးပါဘူး၊လှောင်ထားတဲ့အဆင့်ဆိုရင်ရပါပီ။ လိုအပ်လာရင်ကိုယ့်လက်ထဲရှိတော့ တချို့လူတွေအတွက် စိတ်ချမ်းသာစေတာပေါ့။ကောင်းပါတယ်။့ ဆားဆိုတာ ကြာကြာထားလို့ပျက်စီးသွားတာ မဟုတ်တဲ့အတွက် မဟုတ်လဲ နောက်ပိုင်းမှာ သုံးလို့ရပါတယ်။

၈)ဂျပန်မှာ ပိုက်က လာတဲ့ရေနဲ့ အစားအသောက်တွေမှာ ရေဒီယိုသတ္တိကြွ
 ပစ္စည်းတွေပါလာပြီလို့သိရပါတယ်။လတ်တလောအခြေအနေအရ ဘယ်အတိုင်းအတာထိ
 ဘေးဖြစ်စေနိုင်ပါသလဲ။

Ans: သိရသလောက်ဘေးမဖြစ်နိုင်ပါဘူး။ သို့သော်လည်းပဲ အဲ့ဒီဘက်က အစားအသောက်တွေကိုတော့ ရောင်းချခွင့်ပိတ်လိုက်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက ဘေးမဖြစ်ရင်ဘာလို့ပိတ်လဲဆိုတာပါ။ ဟုတ်ကဲ့ ဘေးမဖြစ်ဘူးဆိုတာတွေ့သလောက်ကို ၊စစ်ဆေးပီးသလောက်ဆိုတော့ မစစ်ဆေးရသေးတဲ့ကုန်ပစည်းများမှာ ဘယ်လိုလဲဆိုတာ မသေချာသေးလို့ အားလုံးကို ခဏပိတ်ထားတယ်လို့ထင်ပါတယ်။ ရေအကြောင်းကတော့ အထက်မှာ ဖြေခဲ့ပါပီ။ အဲ့လိုမှ စိတ်မချရင်တော့ ရေသန့်သာဝယ်သောက်ပါ။ ရေချိုးခြင်းကိုလဲ တတ်နိုင်သမျှရှောင်ရှားပေါ့ခင်ဗျာ။ ဒါမှမဟုတ်ရင် ခန ခန ရေမချိုးပါနဲ့၊ အတော်လိုအပ်မှ သာချိုးပေါ့ခင်ဗျာ။ စိုးရိမ်ရင်ပြောပါတယ်။ ၂ ရက် ၃ရက် တခါလောက် ချိုးတာကတော့ပုံမှန်အားဖြင့်ကတော့ မထိခိုက်နိုင်ပါဘူး။


၉)နိုင်ငံတကာအစိုးရနဲ့ မီဒီယာတွေကရော သတင်းမှန်ဖော်ပြပေးနိုင်ဖို့
ဘယ်လိုလုပ်ဆောင်နေကြပါသလဲ။

အဲ့ဒါကတော့ သတင်းဖတ်ရင်၊ သတင်းရင်းမြစ် တခုတည်းကိုကြည့်တာမျိုးရှောင် ရှားသင့်ပါတယ်။ သတင်းဌာနပေါင်းစုံကြည့်တာက ပိုစိတ်ချရပါတယ်။ တချို့သတင်းဌာနတွေ က အလွန်အဆိုးမြင်သလို၊ တချို့ကြတော့လဲ အလွန်အကောင်းမြင်ပါတယ်။ ဆိုတော့ စုံအောင်ကြည့်နိုင်ရင်ဘယ်ဟာက မှန်တယ်ဆိုတာ ဆုံးဖြတ်နိုင်မယ်လို့ထင်ပါတယ်။ ကိုယ် recommend ပေးချင်တဲ့သတင်း ဆိုက်တွေကတော့ CNN, NHK, Aljazeera, BBC , Russia Today စတာတွေဖြစ်ပါတယ်။

၁၀)နူကလီးယားဓာတ်ပေါင်းဖိုရဲ့ အဆိုးဆုံးဖြစ်နိုင်တဲ့ အခြေအနေကိုလည်း
ပြောပြပေးပါအုန်း။

အဆိုးဆုံးကတော့ ချာနိုဘိုင်းလိုဖြစ်တာမျိုးပါ။ ပေါက်ကွဲသွားပီး စက်ရုံကို ကွန်ကရစ်တွေ.သဲတွေ နဲ့ဖို့ပစ်လိုက်တာမျိုးလုပ်ရပါမယ်။ စက်ရုံပါတ်ဝန်းကျင် ကီလို ၁၀ လောက်ထိ သစ်ပင်တွေ သေကုန်မယ်။ သက်ရှိတွေ အသွားအလာလုံးဝ မလုပ်ရတော့ပါဘူး။ နောက် အခြေအနေ တွေမငြိမ်သက်ခင်မှာ တိုကျိုက လူတွေအနေနဲ့ အသင့်အနေအထား နဲ့ နေရတာ သို့မဟုတ် တခြားဝေးရာတွေကို ခနရှောင်ရတာတွေဖြစ်လာနိုင်တယ်။ အဆိုးဆုံးကတော့ ရေဒီရေးရှင်းထိလို့ ထက်၊ လူတွေ သွေးပျက်ပီး ပြေးလွှားတာကနေ ပိုဆိုးဝါးသော အခြေအနေကိုဖြစ်အောင် တွန်းပို့သွားမယ်လို့ထင်ပါတယ်။ အဲ့လို အခြေအနေမှာ လူတွေ တည်တည်ငြိမ်ငြိမ် နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါပေမယ့် အဲ့လိုကတော့ ဖြစ်လာဖို့အလွန်ခဲ့ယင်းပါတယ် လို့ပြောကြားလိုပါတယ်။

ကျေးဇူးပါ။
ကိုဆန်းမော် sannmaw.com

No comments:

Post a Comment