Tuesday 15 March 2011

ဂျပန်ညူကလီးယား ဓါတ်ပေါင်းဖို နှင့် လတ်တလော စိုးရိမ်နေမှုများ

 

 

 

ဂျပန်ညူကလီးယား ဓါတ်ပေါင်းဖို နှင့် လတ်တလော စိုးရိမ်နေမှုများ

စာဖတ်သူများ ကို..ကိုယ့်ဘလော့ဂ် www.sannmaw.com ကနေ.ကြိုဆိုပါတယ်။
ခုဆောင်းပါးက..အပြီးသတ်မဟုတ်သေးပါဘူး..စာရိုက်တာမှာ စာလုံးပေါင်း အမှားတွေ ဘာတွေ..ပါနေသေးပါတယ်..ဒါပေမယ့် ခုလောလော ဆယ်မှာ..ဓါတ်ပေါင်းဖိုပေါက်ကွဲ မှုနဲ့ပါတ်သက်လို လူတွေကြားမှာ ကောလ ဟာလ တွေ အလန့်တကြားဖြစ်နေကြတာတွေ..အရမ်းစိုးရိမ်သောက ဖြစ်နေကြတာတွေ..အတော့်ကို များပြားနေတာတွေ့ရလို့..
ခုရိုက်ထားတဲ့ အကြမ်းထည်အတိုင်းပဲ တင်လိုက်ပါတယ်..တချို့ စားလုံးပေါင်းမှားနေတာတွေ..ဘာတွေကို..တော့ နောက်မှ..ပဲ ပြန်ပြင်ပီး..တင်ပေးပါ့မယ်။။

Credit to: http://bravenewclimate.com/2011/03/13/fukushima-simple-explanation/

Below I reproduce a summary on the situation prepared by Dr Josef Oehmen, a research scientist at MIT, in Boston. He is a PhD Scientist, whose father has extensive experience in Germany’s nuclear industry. This was first posted by Jason Morgan earlier this evening, and he has kindly allowed me to reproduce it here. I think it is very important that this information be widely understood.

ခု စာ က MIT (USA) က ဒေါက်တာ ဂျိုးဆက်ဖ် အိုမန် ရဲ့ဆောင်းပါးကို ဘာသာပြန်ထားတာပါ. ခုတလော ဂျပန်မှာ ငလျှင်လှုပ်ပီး နောက်ဆွဲတွဲ ပြသနာအနေနဲ့ ညူကလီးယားဓါတ်ပေါင်းဖိုမှာအရေးပေါ်ဓါတ်အားပေးစက်တွေ.အလုပ်မလုပ်တော့လို့ (ဆူနာမီလှိုင်းထဲပါသွားလို့လားတော့ မသိ)ဓါတ်ပေါင်းဖိုကိုအေးအောင်ပြန်လုပ်ပေးတဲ့ cooling pump တွေမောင်းလို့မရတော့တဲ့အတွက် ဓါတ်ပေါင်းဖိုကြီးအပူလွန်ကဲပီးပေါက်ကွဲတော့မယ်. နေ့လားညလားမသိဘူးဆိုပီး လူတွေကြောက်လန့်တကြားဖြစ်နေကြလို့..ကိုယ်လဲနားလည်ချင်တာနဲ့အင်တာနက်မှာရှာဖတ်ကြည့်တာကနေ ခုန အထက်ကပြောတဲ့ ဒေါက်တာရေးတဲ့ ဆောင်းပါးကို တွေ့လို့ မြန်မာတွေလဲ ဖတ်ပီး စိုးရိမ်စိတ်တွေ. နည်းပါးပီးစိတ်တည်တည်ငြိမ်ငြိမ်နဲ့နေထိုင်နိုင်အောင် ဘာသာပြန်ပီးတင်လိုက်ပါတယ်.. (ဘာသာပြန်သူ… ကိုဆန်းမော်)

……ခုအောက်ကနေစပီးတော့ ဘာသာပြန်တဲ့စာ ပိုဒ် တွေဖြစ်ပါတယ်……

ကျနော်ဒီစာကို မတ်လ ၁၂ ရက်နေ့မှာ ရေးပါတယ်. ရည်ရွှယ်ချက်ကတော့ ဂျပန်မှာ လတ်တလောဖြစ်နေတဲ့ညူကလီယားဓါတ်ပေါင်းဖိုရဲ့လုံခြုံစိတ်ချရမှု့နဲ့ပါတ်သက်လို့စိုးရိမ်ကြောင့်ကြနေတဲ့သူတွေ စိတ်တည်တည်ငြိမ်ငြိမ်နေနိုင်အောင်ရည်ရွယ်ပါတယ်။ အပေါ်ယံအနေနဲ့ ဆိုရင်ပြသနာက..အလေးအနက်ထားရမယ့်ဟာဖြစ်ပေမယ့် ခုထိတော့ ထိန်းထားနိုင်တဲ့ပုံရှိနေပါတယ်. ဒီစာကနည်းနည်းတော့ ရှည်တယ်၊ သီးခံပီး အဆုံးထိအောင်ဖတ်ပီးတဲ့အခါမှာတော့ [10:12:46 PM] စာဖတ်သူ အနေနဲ့ညူကလီးယားဓါတ်အားပေးစက်ရုံနဲ့ပါတ်သက်တာကိုရှင်းရှင်းလင်းလင်းနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။

There was and will *not* be any significant release of radioactivity.

ခုဂျပန်ညူကလီးယားဓါတ်ပေါင်းဖိုအနေနဲ့ ..အတိတ်မှာရော..အနာဂါတ်မှာပါ..သိသာထင်ရှားတဲ့ ရေဒီယိုသတ်တိကြွှ မှုကိုမတွေ့ရပါဘူး။ ဒီနေရာမှာ သိသာထင်ရှားသောရေဒီယိုသတ်တိကြွှမှု ဆိုတာကို သတိထားစေချင်ပါတယ်.
 “significant” = သိသာထင်ရှားတဲ့ ရေဒီယိုသတ်တိကြွှမှု့ဆိုတာကိုဒီလိုပြောချင်တာပါ.

စာဖတ်သူအနေနဲ့ နိုင်ငံဖြတ်ကျော်လေယာဉ်ခရီးရှည်စီးတဲ့အချိန်မှာသော်လည်းကောင်း..ရေဒီယိုသတ်တိကြွှတဲ့နေရာကလာတဲ့ဘီယာတခွက်လောက်သောက်ရင်သော်လည်းကောင်းရလာနိုင်တဲ့ ရေဒီယိုသတ်တိကြွှမှု့ထက်ပိုများတဲ့ပမာဏ ဆိုရင် အဲ့ဒါကို သိသာထင်ရှားတဲ့ရေဒီယိုသတ်တိကြွှမှူလို့ပြောချင်ပါတယ်။

ခုကျနော်နိုင်ငံတကာသတင်းတွေ ဖတ်ကြည့်သလောက်မှာ..သတင်းအားလုံးမှာ အမှားအယွင်းမပါတဲ့သတင်းဆိုလို့မရှိသလောက်ရှားနေပါတယ်၊ အဲ့ဒါဘာကြောင့်လဲဆိုရင်..ညူကလီးယားဓါတ်ပေါင်းဖိုနဲ့ပါတ်သက်တဲ့ အခြေခံပညာနဲ့ သတင်းအချက်အလက်တွေကိုကောင်းကောင်းသဘောမပေါက်လို့ဖြစ်နေကြတာပါ.

ကျနော် CNN က report ၃မျက်နှာကိုဖတ်လိုက်တာမှာ အမှားမပါတဲ့ စာပိုဒ်ကိုမတွေ့ရပဲဖြစ်နေပါတယ်.။ ဒါ့ကြောင့်ခု ကျနော် ညူကလီးယား ဓါတ်ပေါင်းဖိုနဲ့ ပါတ်သက်တဲ့ အခြေခံသဘောတရားတွေ ကို ပထမဆုံးအနေနဲ့ရှင်းပြချင်ပါတယ်။ ဒါမှသာ အခု ဂျပန်မှာ လတ်တလော ဘာတွေ ဖြစ်နေတယ်..ပီးတော့ ဘာတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတာ ကို သေသေချာချာ နားလည်မှာ ဖြစ်ပါတယ်.။
ဖူကူရှီးမားခရိုင်မှာ ရှိနေတဲ့ ညူကလီးယားစက်ရုံကို ရေနွေးငွေ့သုံး ညူကလီးယားဓါတ်ပေါင်းဖို လို့ခေါ်ပါတယ်၊ English လိုတော့ BWR လိုအတိုကောက်ပြောပါ့မယ်။

ဒီ BWR တွေဟာ အလွယ်ပြောရရင်တော့ pressure cooker နဲ့တူပါတယ်။ ဒါကိုတော့ စာဖတ်သူတော်တော်များသုံးဖူးကြမယ်ထင်ပါတယ်။ လေကိုလုံအောင်လုပ်ထားပီးရေနွေးငွေ့နဲ့ အိုးအတွင်းမှာ ဖိအားနဲ့ အပူချိန်များလာအောင် လုပ်ပီးချက်တာပါ..ဖိအားက သတ်မှတ်ထားတဲ့ လယ်ဗယ်တခု ထက်ပိုများလာတဲ့အခါ မှာ..အိုးထိပ်မှာ တပ်ထားတဲ့ စတီးအလေးတုံးလေးက ကြွှတက်လာပီး အိုးမကွဲသွားအောင်း အတွင်းက ရေနွေးတချို့ကို အပြင်ကိုစွန့်ထုတ်လိုက်ပါတယ် ၊ ဒီနည်းအားဖြင့် အိုးတွင်းက ပရက်ရှာနဲ့ အပူချိန်ကို လျှော့ချပေးပီး အိုးမကွဲသွားအောင်ထိမ်းပါတယ်။

ညူကလီးယား BWR တွေမှာလဲ ညူကလီးယားလောင်စာက နေ အပူထုတ်ပေးပါတယ်၊ အဲ့ဒီအပူကနေ ရေကို ဆူပွက်စေပါတယ်၊ ပီးရင်အဲ့ရေကနေ..ထွက်လာတဲ့ရေနွေးငွေ့တွေ ကိုသွယ်တန်းထားတဲ့ ပိုက်ကနေ ပြန်ထုတ်ယူပီး တာဘိုင်တွေကိုမောင်းနှင်စေပါတယ်၊ အဲ့ဒီလည်တဲ့တာဘိုင်ကနေပီးတော့မှ..ဂျပန်နိုင်ငံအတွက်လိုအပ်တဲ့ လျှပ်စစ်ဓါတ်ကို ထုတ်ပေးပါတယ်။ ပီးတော့ တာဘိုင်ကနေဖြတ်ထွက်လာတဲ့ ရေနွေးငွေ့ကိုမှ.. အအေးပြန်ခံပီး ဓါတ်ပေါင်းဖိုရဲ့ခုနပေါင်းအိုးနဲ့တူတဲ့ အခန်းထဲကိုပြန်သွင်းပါတယ်. ခုကျနော်ပြောတာကိုအောက်မှာ ပြထားတဲ့ ပုံနဲ့တွဲပီး ဖတ်လိုက်တယ်ဆိုရင်ပို ပီးသဘောပေါက်သွားမယ်ထင်တယ်နော်.





Pressure cooker တွေဟာ အပူချိန် ၂၅၀ ဒီဂရီစင်တီဂရိတ်မှာ အလုပ်လုပ်ပါတယ်။
ညူကလီးယားလောင်စာ ဟာ ယူရေနီယံအောက်ဆိုဒ်ဖြစ်ပါတယ်၊ ယူရေနီယံအောက်ဆိုဒ် ဟာကြွှေထည်ကဲ့သို့အလွန်မာကျောသော သတ်ထု့တမျိုးဖြစ်ပီး ရည်ပျော်မှတ်အလွန်မြင့်ပါတယ်..အပူချိန် ၃၀၀၀ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ ဒီလိုလောင်စာတောင့်တွေကို ဆလင်ဒါပုံရှည်မျောမျော ပုံစံနဲ့ထုတ်တာဗျ (မြင်သာအောင်ပြောရရင် ဆရာဝန်တွေဆီသွားရင်ပေးတဲ့ ပနယ်စလင် ရှည်မျောမျောဆေးတောင့်တွေနဲ့တူမယ်ထင်တယ်ဗျ)။

အဲ့ဒီလောင်စာတောင့်လေးတွေကို စုပီးတော့မှ တခါ Zircaloy လို့ခေါ်တဲ့ပိုကြီး ပိုရှည်တဲ့ ဆလင်ဒါထဲကိုပြန်ထည့်ပါတယ်..အဲ့ဒီဆလင်ဒါကတော့ ရည်ပျော်မှတ် ၂၂၀၀ ရှိပါတယ်. ပီးတော့ လုံးဝ လုံအောင် ပိတ်ထားတယ်လေ။ အဲ့ဒီအတွဲလိုက်ကိုမှ..လောင်စာချောင်း လို့ခေါ်ပါတယ်။ အဲ့လိုလောင်စာချောင်းတွေကိုမှ..နောက်တကြိမ်ထပ်ပီးစုပီး ပိုကြီးတဲ့ packages တွေလုပ်ပါတယ်. အဲ့ဒီ packages တွေကိုမှ ပေါင်းအိုးလို့ခေါ်တဲ့ reactor ထဲကို ထပ်ထည့်ပါတယ်။ အဲ့ဒါအားလုံးကိုပေါင်းပီး အူတိုင်=core လို့ခေါ်ပါတယ်။

အဲ့တော့ မှတ်မိအောင် ပြန်ပြောမယ်ဆိုရင်..
၁..အတွင်းဆုံးမှာ ယူရေနီယံလောင်စာတောင့်တွေရှိတယ် အဲ့ဒီလောင်စာတောင့်ကို ယူရေနီယံအောက်ဆိုဒ်နဲ့လုပ်ပါတယ် ရည်ပျော်မှတ် ၃၀၀၀ စင်တီဂရိတ်ရှိပါတယ်
၂…လောင်စာတောင့်လေးတွေကို စုပီး Zircaloy နဲ့လုပ်ထားတဲ့ ဆလင်ဒါထဲကိုပြန်ထည့်ပီး လုပ်ထားတာကိုတော့ လောင်စာချောင်းလို့ပြန်မှတ်လိုက်မယ် ။ရည်ပျော်မှတ် ၂၂၀၀ ရှိပါတယ်။ လေလုံးဝလုံအော်ပိတ်ထားတယ်
၃…နောက် အဲ့ဒီ လောင်စာချောင်းတွေ ကို စု ပီးထုပ်ထား pack လုပ်ထား လိုက်ပီးတခါ  reactor လို့ခေါ်တဲ့ပေါင်းအိုးထဲ့ကိုထည့်ပါတယ်။
အဲ့ဒီ ၁..၂..၃ ..အကုန်လုံးကို ပေါင်းပီး အူတိုင်=core လို့ခေါ်ပါတယ်..

ကဲပီးရင် နောက်တဆင့် ဆက်သွားမယ်နော်..မရှုပ်အောင် သေချာပြန်ဖတ်ချင်ဖတ်လိုက်ပါဦး နော်..

ဒီနေရာမှာZircaloy ဆလင်ဒါဟာ ပထမဆုံးအကာအကွယ်ဖြစ်ပါတယ်၊ ဒီအကာ က ရေဒီယိုသတ်တိကြွှလောင်စာနဲ့ပြင်ပကမ်ဘာကိုခြားထာပေးတဲ့အကာဖြစ်လို့  လုံဖို့လိုပါတယ်..

နောက် core လို့ခေါ်တဲ့ အူတိုင်ကို pressure vessel လို့ခေါ်တဲ့လေလုံခန်းထဲမှာထည့်ပါတယ်. ဒီလေလုံခန်းက တောင့်တင်းခိုင်မာတဲ့ အိုးလိုမျိုး ဖြစ်ပီး ဒုတိယ အကာအနေနဲ့တာဝန်ယူပါတယ်. ဒီအကာဟာအပူချိန်ကိုရာနဲ့ချီပီးခံနိုင်ရည်ရှိအောင်လုပ်ထားပါတယ်.

ပီးတော့ မှနောက်တဆင့်အနေနဲ့ ဒီ pressure vessel နဲ့ အခြား ပိုက်တွေ…reactor ကို အေးအောင်လုပ်ပေးတဲ့ အအေးပေးစနစ်နဲ့ pump တွေအားလုံးကိုမှ ပေါင်းပီး အလွန်ထူထဲတဲ့ သံမဏိနဲ့တည်ဆောက်ထားတဲ့အလုံခန်းနဲ့အုပ်ပီးထားလိုက်ပါတယ်..အဲ့ဒါကတော့ တတိယအကာဖြစ်ပါတယ်…ဒီတတိယ အလုံခန်းကို လုံးဝ လေလုံအောင်တည်ဆောက်ထားပါတယ်. ပီးတော့ သံမဏိကလဲ ပေဝက်ခန့်ထူထဲတဲ့ဟာနဲ့ဆောက်ထားတယ်ဆိုပါတယ် ( ဒါကတော့ အင်တာဗျူးတွေမှာ ဖြေတာကိုနားထောင်ပီးဖြည့်စွက်ချက်အနေနဲ့ထည့်လိုက်တာပါ)

နောက် တကယ်လို့ လောင်စာတောင့်အနေနဲ့သုံးတဲ့သတ်ထုတွေ.ဟာအပူချိန်တအားတက်လာပီး လုံးဝအရည်ပျော်ကျသွားရင်လဲ (အဲ့ဒါမျိုးကို complete core meltdown လို့ခေါ်ပါတယ်).ဒီအလုံခန်းထဲကနေ ပြင်ပလောက ကိုပျံ့နှံ့မသွားအောင် ထိန်းထားဖို့အတွက်အလုံခန်းအောက်ခြေမှာ graphite metal နဲ့ဖြည့်ထားတဲ့အလွန်ထူထဲတဲ့ ကွန်ကရစ်အခံကိုလဲတည်ဆောက်ပီး ခံထားပါသေးတယ်.။

တကယ်လို့ core က လုံးဝအ၇ည်ပျော်ကြပီး ဒုတိယအကာ ဖြစ်တဲ့ pressure vessel ပေါက်ကွဲထွက်သွားရင်တောင်မှ…ဒီ သတ်ထုရည်တွေနဲ့ အပိုင်းအစတွေကို ဒီတတိယ လေလုံခန်းထဲကနေလွတ်ထွက်မသွားနိုင်အောင် တည်ဆောက်ထားပါတယ်..ညူကလီးယားလောင်စာတွေ ဟာ တတိယ လေလုံခန်းထဲမှာ ပဲ ပြန့်ကျဲနေပီးတော့ တဖြည်းဖြည်းပြန်လဲအေးခဲသွားအောင် တည်ဆောက်ထားပါတယ်.

ပီးတော့မှ နောက်ဆုံးအနေနဲ့ ဒီတတိယ အကာကို လေးဒေါင့်စပ်စပ်အဆောက်အဦးနဲ့ခြုံငုံပီး အုပ်ကာ တည်ဆောက်ထားပါတယ်. အဲ့ဒီအဆောက်အဦးကိုတော့ reactor building လို့ခေါ်ပါတယ်. ဒီ reactor building ဟာ ပုံမှန်အားဖြင့်တော့ မိုးလေဝသ ရာသီဥတုတွေကနေ ပုံမှန်ကာကွယ်ရုံလောက်သာ ဖြစ်တဲ့အတွက် အလွန်ခိုင်ခံအောင်တော့ တည်ဆောက်ထားခြင်းမရှိပါဘူး. ( ခု ၈ျပန်က ဓါတ်ပေါင်းဖို ပေါက်ကွဲမှု့ဖြစ်တယ်ဆိုတာ အပြင်ဆုံးဟာဖြစ်တဲ့ ‘ဒီ reactor building ပေါက်ကွဲမှု့ဖြစ်ပါတယ်)

Fundamentals of nuclear reactions
ညူကလီးယာဓါတ်ပေါင်းဖိုအလုပ်လုပ်ပုံအခြေခံသဘောတရား

ယူရေနီယံလောင်စာတောင့်တွေဟာမတည်ငြိမ်တဲ့ရေဒီယိုသတ်တိကြွှပစည်းတွေဖြစ်တဲ့အတွက် ဒီကောင်တွေဟာ သေးငယ်တဲ့ atom တွေအဖြစ်ပြိုကွဲပီး အပူနဲ့ နူထရွှန်တွေကို ထုတ်လွှတ်ပါတယ်၊  အဲ့လိုထုတ်လွှတ်နေတဲ့ အတွက် လူသားတယောက်အနေနဲ့ ဒီပစည်းတွေကို အကာအကွယ်မရှိပဲ ထိတွေ့မိရင် နူထရွှန်တွေရဲ့ တိုက်ရိုက်ထိမှန်ခြင်းကို ခံရနိုင်ပီး အဲ့ဒီဖြစ်စဉ်ကို ဓါတ်ရောင်ခြည်သင့်တယ်လို့ခေါ်ပါတယ်..အဲ့ဒီ ဓါတ်ရောင်ခြည့်သင့်တဲ့ပမာဏ(ပြင်းအား) နဲ့ကြာမြင့်ချိန်ပေါ်မူတည်ပီး အန်တရာယ်ကျရောက်နိုင်မူ အနည်းအများကွာပါတယ်..(ချက်ချင်းသေဆုံးခြင်းကနေ..တဖြည်းဖြည်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်စေတာမျိုး၊ မူးဝေ အော့အန် ခေါင်းကိုက် ပီးပျောက်သွားတာမျိုးဟာ ပြင်းအားပေါ်မူတည်ပီး ကွာခြားသွားပါတယ်)

ဒီလွှတ်ထွက်လာတဲ့ နူထရွှန် တွေဟာ အနီးအနားက..တခြားယူရေနီယမ် အက်တမ်တွေကို ထပ်တိုက်ပါတယ်. အဲ့လိုတိုက်မိတော့ အဲ့ဒီအက်တမ်က ထပ်ပီး ပြိုကွဲပါတယ်..အဲ့ဒီပြိုကွဲမှု့ကနေ..နောက်ထပ် အပူနဲ့ နူထရွှန်တွေ ထပ်ထုတ်ပါတယ် ..အဲ့ကောင်ကနေ တခါ အထက်ပြောခဲ့တဲ့ တခြားအက်တမ်တွေနဲ့ တိုက်မှူတွေ ပြိုကွဲမှူတွေ အပူထွက်မှုတွေဟာ ဆင့်ကာ ဆင့်ကာ ဆက်တိုက်ဖြစ်လာပါတော့တယ်.အဲ့ဒီဖြစ်စဉ်ကိုတော့ nuclear chain reaction လို့ခေါ်ပါတယ်…

ဒီ nuclear chain reaction ကို မရပ်နုင်သရွှေ့ကတော့ ဒီဖြစ်စဉ်ဟာ တဖြည်းဖြည်း နဲ့ကြီးမားလာပီး မထိန်းနိုင်ရင်. ပေါက်ကွဲအရည်ပျော်မှုတွေထိဦးတည်သွားနိုင်ပါတယ်
ဥပမာအနေနဲ့ ဒီလောင်စာတောင့်တွေကိုကပ်ထားလိုက်တာနဲ့ nuclear chain reaction ဟာ အစပြုပီး ၄၅ မိနစ်အတွင်း လောင်စာတောင့်ဟာ အရည်ပျော်ကြလာပါလိမ့်မယ်..ဒီနေရာမှာ တခု နားလည်အောင်ပြောချင်တာက..ဓါတ်ပေါင်းဖိုကလောင်စာတောင့် တွေကနေပီး ညူကလီးယားဗုံးကွဲ သလိုပုံစံမျိုးဟာ ဘယ်တော့မှ …ဖြစ်မလာနိုင်ပါဘူးဆိုတာ မှတ်ထားရပါ့မယ်.၊

ညူကလီးယား ဗုံးတလုံတည်ဆောက်ခြင်းဟာ ပိုရှုပ်ထွေးတဲ့ နည့်လမ်းတွေနဲ့လုပ်ကိုင်ရပီး အသေးစိတ်နည်းလမ်းကိုတော့ ခုချိန်မှာ အီရန်နိုင်ငံတောင် ကြိုးစားနေတုန်းရှိပါသေးတယ်၊ နောက်တချက်ထပ်ပြောချင်တာက..အရင်ဆိုဗီယက်ယူနီယံခေတ်တုန်းက..ချာနိုဘိုင်းလို့ခေါ်တဲ့ ဓါတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်..ဒါပေမယ့် ဒီချာနိုဘိုင်း ပေါက်ကွဲမှုဟာ reactor ထဲမှာ ဖိအားအလွန်များပီး ဟိုက်ဒရိုဂျင်ဓါတ်ငွေ့တွေကြောင့်ပေါက်ကွဲသွားတာဖြစ်ပါတယ်..အဲ့ဒီပေါက်ကွဲမှု့ကြောင့် တတိယအကာအနေနဲ့တည်ဆောက်ထားတဲ့ အကာပွင့်ထွက်သွားပီး အထဲမှာ ရှိနေတဲ့ ပစည်းတွေ..အရည်ပျော်နေတဲ့ လောင်စာတောင့်တွေဟာ ပြင်ပလောက ကို ရိုးရိုးဗုံးတလုံးကွဲသလိုပျံနှံ့သွားပါတယ်..ပုံမှန်အားဖြင့်ဆိုရင်..သူဟာကြီးမားတဲ့ဗုံးတလုံးကွဲသလိုမျိုးလို့ပြောနိုင်မှာဖြစ်ပေမယ့် ပျံနှံ့သွားတဲ့ဟာတွေက..ရေဒီယိုသတ်တိကြွှစေတတ်တဲ့ပစည်းတွေ ဖြစ်နေတဲ့ အတွက် အလွန်အန်တရာယ်ကြီးမားသွားခြင်းဖြစ်ပါတယ်တဲ့….

ဒါဆို ကျနော်တို့အနေနဲ့ ဒီကိတ်စမျိုးဟာ ဂျပန်နိုင်ငံမှာကြတော့ ဘာကြောင့်မဖြစ်နိုင်ဘူးလို့ပြောနုင်ရပါသလဲ..အဖြေကိုတော့ အောက်မှာ ဆက်လက်ဖတ်ကြည့်နိုင်ပါတယ်.

ကျနော်တို့အနေနဲ့ nuclear chain reaction ကို လိုသလို ထိမ်းချုပ်နိုင်ဖို့ လိုပါတယ်..အဲ့လိုမထိမ်းချုပ်နိုင်ဘူး ဆိုရင် အပူလွန်ကဲ အရည်ပျော် စတဲ့အထက်ရှင်းပြခဲ့သလို့မလိုလားအပ်တဲ့ ကိတ်စတွေ..ဖြစ်လာနိုင်ပါတယ်. .ဒါဆို ကျနော်တို့ဘယ်လိုထိမ်းချုပ်မလဲ.

ဟုတ်ကဲ့..အဲ့လိုထိမ်းချုပ်ဖို့အတွက်..သဘောတရားကတော့ အလွန်လွယ်ပါတယ်..
ကျနော်တို့အနေနဲ့..control rods လိုခေါ်တဲ့ အချောင်းလေးတွေကို လောင်စာတောင့်တွေကြားထဲမှာ ထိုးထည့်လိုက်ရပါ့မယ်..ဒီ control rod တွေဟာ လွတ်ထွက်လာတဲ့ နူထရွန် တွေကို စုပ်ယူထားနိုင်တဲ့ အစွမ်းသတ်တိ ရှိပါတယ်။ ဒီလိုစုပ်ယူထားခြင်းအား ဖြင့် chain reaction ကို ဟန့်တားထားနိုင်ပါတယ်၊ ဒီ control rods လေးတွေ ထိုးသွင်းထားမှူအတို အရှည်ပမာဏ ပေါ်မူတည်ပီး chain reaction ဖြစ်မှုကိုထိမ်းထားနိုင်ပါတယ်..တနည်း အားဖြင့် အပူထုတ်မှုပမာဏ အနည်းအများကို ကျနော်တို့ ထိမ်းသိမ်းနိုင်ပါတယ်…

အဲ့ကနေပီးတော့မ တဆင့်..ကျနော်တို့အနေနဲ့ ရေနွေးငွေ့အနည်းအများနဲ့ တာဘိုင်လည်တဲ့နုန်း နဲ့ လျှပ်စစ်ဓါတ် ထုတ်တဲ့ ပမာဏ အနည်းအများကို ဆင့်ကဲ ဆင့်ကဲ ထိမ်းသွားနိုင်ပါတယ်.၊ ပုံမှန်အားဖြင့်ကတော့ ဒီဓါတ်ပေါင်းဖိုတွေကို အပူချိန် ၂၅၀ ဒီဂရီစင်တီဂရိတ်လောက်နဲ့လည်ပါတ်လေံရှီပါတယ်.

ဒီနေရာမှာ တချက်ထပ်ပြောစရာရှိတာကတော့..control rods လေးတွေကို အကုန်ထိုးထည့်ပီး chain reaction ကိုရပ်တန့်လိုက်နိုင်ပေမယ့်  core ဟာ ဆက်လက်ပီး အပူထုတ်နေသေးပါတယ်..ကောင်းပါပီ ဒါဆို အဲ့ဒီ အပူတွေဟာ ဘယ်ကနေ ဆက်လက်ပီးထွက်နေပါသလဲ..ကြည့်ရအောင်ပါ…ယုရေနီယမ်ဟာ chain reaction ကိုမလုပ်နိုင်တော့ပါဘူး ရပ်သွားပါပီ..ဒါပေမယ့် chain reaction မရပ်ခင်တုန်းမှာ ဓါတ်ပြု့မှုတွေကြောင့် ဘေးထွက် ရေဒီယိုသတ်တိကြွှစေတဲ့ cesium and iodine isotopes လို့ခေါ်တဲ့ ဓါတ်ပစည်းအနည်းငယ်ထွက်လာပါတယ်၊

ဒီပစည်းကနေ..အက်တမ်တွေထပ်မံကွဲထွက် လာပါတယ်၊ အဲ့လိုကွဲထွက်မှုကြောင့် အပူတွေထွက်လာပီး..အဲ့လိုအမ်တမ်ကွဲထွက်သွားတဲ့ cesium and iodine isotope တွေကတော့ ရေဒီယိုသတ်တိကြွှမှုတွေ..မဖြစ်နိုင်တော့တဲ့ ပစည်းအဖြစ်အသွင်ပြောင်းသွားပါတယ်..ဒါကြောင့် သူတိုဟာ ယူရေနီယမ်လို့မျိုး မထိမ်းနိုင် မသိမ်းနိုင် chain reaction အဆင့် ကို ရောက်မသွားနိုင်ပေမယ့်.. core ထဲမှာ ရှီနေတဲ့ သူ့တို့အားလုံး အကုန် အသွင်မပြောင်းပီးသရွေကတော့ အပူက ဆက်ထွက်နေပါမယ်…ဒါပေမယ့် အချိန်အတိုင်းအတာ တခုကြာသွားရင်တော့ သူတို့အကုန်အသွင်ပြောင်းသွားပီး အပူထုတ်လွှင့်နေမှုဟာ လဲ ရပ်ဆိုင်းသွားပါလိမ့်မယ်.၊ ဒ cesium and iodine isotope ကောင်တွေ ကို ကျနော့်အနေနဲ့ ပထမ အမျိုးအစား ရေဒီယိုသတ်တိကြွှပစည်းတွေလို့ခေါ်ပါမယ်.

ခုဂျပန်မှာ ညူကလီးယားဓါတ်ပေါင်းဖိုအကြီးအကျယ်ပြသနာတက်နေတာ ဒီ cesium and iodine isotopes လိုခေါ်တဲ့ ဟာတွေကြောင့် ဖြစ်နေတာပါ..မှတ်ထားရမှာက..ယူရေနီယမ်လောင်စာရော cesium and iodine isotops ပစည်းတွေရောဟာ ပထမအကာ ဖြစ်တဲ့ zircaloy လို့ခေါ်တဲ့ ဆလင်ဒါထဲမှာ ပဲရှိနေတာပါ.. သူတို့ဟာ လောင်စာချောင်း ကိုစိမ်ထားတဲ့ ရေနဲ့ တိုက်ရိုက်ထိတွေ မှုမရှိပါဘူး ..ဒါဟာ အရေးကြီးပါတယ်..ဒီကောင်တွေနဲ့ ရေ နဲ့ ထိတွေလိုက်တယ် ဆိုရင်..ယူရေနီယမ်ဟာ ရေထဲမှာ မပျော်ဝင်နိုင်ပေမယ့်..cesium and iodine isotops တို့ဟာ ရေမှာ ပျော်ဝင်နိုင်ပါတယ်..ဒါဆိုရင်..ရေဟာ လဲ.ရေဒီယိုသတ်တိကြွှမှု့တွေ စိမ်ဝင်ပီး အန္တရာယ် ရှီလာနိုင်ပါတယ်.. ဒါကြောင့်မို့လို့..ဒီကောင်တွေကို အပူချိန် ၂၂၀၀ အထိခံနိုင်ရည်ရှီတဲ့ zircaloy လိုခေါ်တဲ့ သတ္တုတမျိုးနဲ့အလုံအုပ်ကာထားပါတယ်။

နောက် ဒုတိယ အမျိုးအစား ရေဒီယိုသတ်တိကြွပစည်းကတော့ လောင်စာတောင့်အပြင်ဖက်မှာ ဖြစ်တာပါ..ဒီကောင်တွေက ဘယ်လိုဖြစ်လာတာလဲ ဆိုရင်တော့ ..ယူရေနီယမ် လောင်စာက နေထွက်လာတဲ့ နူထရွန် တွေ ထဲက မှ..တချို့နူထရွန် တွေဟာ လောင်စာတောင့် အကာ ကိုဖေါက်ထွက်လာပီး..အပြင်က..ရေမော်လီကျူလေးတွေကို လာမှန်ပါတယ်..ဒါမှမဟုတ်ရင်.ရေထဲမှာရှိနေတဲ့လေမော်လီကျူးလေး(အောက်စီဂျင်ကိုပြောတာလို့ထင်ပါတယ်) တွေကိုလာမှန်ပါတယ်.ဒီမော်လီကျူးတွေဟာ လာမှန်တဲ့ နူထရွန် တွေကိုဖမ်းယူလက်ခံလိုက်ပီး ရေဒီယိုသတ်တိကြွှတဲ့ဟာအဖြစ် အသွင်ပြောင်းသွားပါတယ်..ဒါပေမယ့် အဲ့လိုပုံစံနဲ့သူဟာ အကြာကြီးမနေနိုင်ပါဘူး..ချက်ချင်းဆိုသလိုပဲ မကြာလှတဲ့အချိန်အတွင်းမှာပဲ..အဲ့ဒီ ပိုနေတဲ့ နူထရွန်ကို ပြန်ကန်ထုတ် လိုက်ပီးနဂိုမူလပုံစံကို ပြန်ယူလိုက်ပါတယ်..တနည်းအားဖြင့်ရေဒီယို သတ်တိကြွမှုဟာ ချက်ချင်းဆိုသလိုပြန်လည် ပျက်ပျယ်သွားပါတယ်၊ ဒါ့ကြောင့်ဒီ ဒုတိယ အမျိုးအစား ကို အန်တရာယ်မရှိစေသော ရေဒီယိုသတ်တိကြွပစည်းလို့ရေဘူယျ အားဖြင့်ပြောလို့ရပါတယ်.

ခု ဂျပန်မှာ ပထမပိုင်း လေထုထဲမှာစမ်းလို့တွေ့နေတဲ့.ရေဒီယိုသတ်တိကြွပစည်းတွေဆိုတာ အဲ့ဒီ ဒုတိယအမျိုးအစားကိုပြောတာပါ. (မှတ်ချက်။ ။ ခုဆောင်းပါ ဘာသာပြန်နေတုန်းမှာတော့. ၁၅ ရက် မတ်လ ၂၀၁၁ ..နေလည့်မှာ တတိယမြောက် reactor မှာပေါက်ကွဲမှုဖြစ်တယ် လို့သတင်းကြားရပီး..အဲ့ဒီပေါက်ကွဲမှု့ကြောင့်လဲ..ပထမအမျိုးအစားဖြစ်တဲ့ cesium and iodine isotope လို့ခေါ်တဲ့ ရေဒီယိုသတ်တိကြွှပစည်းတွေကိုလဲ စတင်တွေ့ရှိလာရတယ်လို့ သတင်းမှာ ကြေညာသွားတာ နားထောင်လိုက်ရပါတယ်)

What happened at Fukushima
ဖူကူရှီးမား မှာ ဘယ်လိုဖြစ်ပျက်နေတာလဲ..ဘာကြောင့်လဲ

ဖူကူရှီးမား မှာ ဖြစ်တဲ့ ငလျှင်ဟာ အဲ့ဒီက..ညူကလီးယားဓါတ်ပေါင်းဖိုရဲ့..ခံနိုင်ရည်ထက် ၇ ဆများပါတယ်..တနည်းအားဖြင့် ဓါတ်ပေါင်းဖိုဟာ ငလျှင်ဒါဏ် ၈.၂ စကေးကို ခံနိုင်အောင် ဆောက်လုပ်ထားပါတယ် ။ ဒါပေမယ့် ဖြစ်သွားတဲ့ငလျှင်က..၈.၉ (နောက်ဆုံးသတင်းအရ ၉.၀ ) ရှိပါတယ် ..၈.၂ နဲ့ ၈.၉ နဲ့ဟာ လောဂရမ်သမ် စကေးဖြစ်တဲ့အတွက် အဆအားဖြင့် ၇ ဆကျော်ကွာပါတယ် ၊ ဒါဟာ ရိုးရိုး ဂဏန်းသင်ချာတွက်ချက်ပုံနဲ့ မတူဘူးဆိုတာ သတိပြု့စေလိုပါတယ်။

ဒီလို မျိုး နဂို ခန့်မှန်းထားတဲ့ ဟာထက် အလွန်ကြီးမားတဲ့ ငလျှင် လုပ်လိုက်တဲ့ အတွက်..လှုပ်လှုပ် ခြင်း ဆိုသလိုပဲ.. ညူကလီးယားဓါတ်ပေါင်းပိုတွေဟာ အလိုအလျောက် (automatic shutdown) ပိတ်သွားပါတယ်.တနည်းအားဖြင့် control rods တွေကို အဆုံးထိ ထိုးသွင်းလိုက်ပါတယ်၊ ဒီလိုပိတ်လိုက်တဲ့ အတွက် အဓိက အပူထုတ်ပေးနေတဲ့ chain reaction ဖြစ်စဉ်ဟာ ရပ်တန့်သွားပါတယ်။

ဒါပေမယ့်..ဒီလို့ပိတ် ပီးသွားပေမယ့်.ညူကလီးယားဓါတ်ပေါင်းဖိုမှာ အပူတွေ..ကြွှင်းကျန်နေသေးပါတယ်..အဲ့ဒီ ကြွှင်းကျန်တဲ့အပူတွေဟာ ဘာကြောင့်ဆက်ဖြစ်နေတာလဲဆိုရင်.. ခုနပြောခဲ့တဲ့..ပထမအမျိုးအစား ရေဒီယိုသတ်တိကြွှ ပစည်း cesium and iodine isotops တွေဆက်လက်လောက်ကျွှမ်းနေတဲ့အတွက်ဖြစ်ပါတယ်..ဒါပေမယ့် ဒီကောင်တွေဟာ chain reaction လိုမျိုး ဆင့်ကဲ ဆင့်ကဲ..လောင်ကျွှမ်းမှု မဖြစ်စေနိုင်ပါဘူး..ဒါကြောင့် အချိန်အတိုင်းအတာ ကာလ တခု ကြာအောင် ဓါတ်ပေါင်းဖို့ကို ဆက်လက်အအေးခံထားပေးလိုက်ရင်..ဓါတ်ပေါင်းဖိုမှာ ကျန်နေသေးတဲ့ အပူတွေ..ကုန်သွားပါလိမ့်မယ်..

ဒါဆိုရင်တော့ လုံးဝ စိတ်ချရတဲ့ ဓါတ်ပေါင်းဖို ပိတ်နိုင်မှု့လို့ပြောရမှာပါ၊ ဒီလို ကျန်နေသေးတဲ့ အပူတွေကို ဆက်လက်ဖယ်ရှားနေဖို့အတွက်က..ဓါတ်ပေါင်းဖိုထဲ့ကို..ရေအေးတွေနဲ့ ဆက်လက် လှည့်ပါတ်ပေးနေရပါမယ်..ဒီလိုမျိုးလုပ်ဖို့အတွက်..ရေစက် ပန့်တွေ နဲ့လုပ်ရပါတယ်..အဲ့တော့ ရေစက်ပန့်ကို မောင်းနှင်ဖို့အတွက်ကကြတော့ မီးအားလို့ပါတယ.်..ပုံမှန်အားဖြင့်ဓါတ်ပေါင်းဖို ပုံမှန်လည်ပါတ်နေစဉ်မှာ..ဒီရေစက်ပန့်အတွက် လိုအပ်တဲ့မီးအားကို..ဓါတ်ပေါင်းဖိုကရတဲ့ မီးအားနဲ့ပဲ ပြန်လည် အသုံးချ လည်ပါတ်ပါတယ်..

ဒါပေမယ့်..ခု ငလျှင်လှုပ်လိုက်တဲ့အတွက် ဓါတ်ပေါင်းဖိုကို အော်တို ပိတ်ပီးတဲ့အချိန်မှာ လိုအပ်တဲ့မီးအားက မရနိုင်တော့ပါဘူး..ဒီတော့ ခု န ဖြစ်စဉ်မှာ..ဒီလိုမျိုး အရေးပေါ်ဖြစ်လာခဲ့ရင်..အသုံးချဖို့အတွက်..အရေးပေါ် ဒီဇယ်လောင်စာသုံးမီးစက်တွေ..ဓါတ်ပေါင်းဖိုနားမှာ ထားလေ့ရှိပါတယ်..ဒါပေမယ့် ငလျှင်ရဲ့ နောက်ဆက်တွဲ ဆူနာမီလှိုင်းလုံးတွေက..ဒီ မီးစက်တွေကို ပင်လယ်ထဲ တိုက်ချသွားပါတော့တယ်..အဲ့ဒီအခါမှာ..ဓါတ်ပေါင်းဖိုနားမှာ နောက်ထပ်အရေးပေါ်လိုရင်သုံးရအောင်ဆိုတဲ့..ဘက်ထရီအားသုံး ပန့်တွေ..ရှိပါသေးတယ်..ဒါပေမယ့် ဒီဘက်ထရီတွေ..ရဲ့ သက်တမ်းက..၈ နာရီပဲခန် ပါတယ်..

ပုံမှန်အားဖြင့်ကတော့..မီးစက်တွေက လဲ အကြောင်းတစုံ တရာကြောင့် အလုပ်မလုပ်ပဲ ရပ်တန့် သွားခဲ့ရင်..မီးစက်ပြန်ပြင်ချိန်..သို့..နောက်ထပ်မီးစက် အသစ် ထပ်မံ ရောက်လာပီး ဘက်ထရီအစား..ဆက်လက်ပီး သုံးရမှာပါ..ဒါပေမယ့်..ခုနလို့ ဘက်ထရီနဲ့ဆက်လက်အလုပ်လုပ်နေချိန်မှာ..မီးစက်တွေကို ပြန်ပြင်ဖို့..အရေးပေါ်မီးစက်ကို သယ်ယူလာနိုင်မယ့် လမ်းပန်းဆက်သွယ်ရေး စနစ် ကလဲ..ငလျှင်လှုပ်ခတ်မှု့ဒါဏ်ကြောင့်..အကုန်ရပ်ဆိုင်းကုန်ပါပီ၊ ဒီလို.အကြောင်းအကြေင်းတွေ.တိုက်ဆိုင်သွားတဲ့ အချိန်မှာ တော့..အရေးပေါ်သုံးနေရတဲ့..ဘက်ထရီအားသုံးပန့်တွေ..ဟာ ၈ နာရီ တာဝန်ထမ်းဆောင်ပီးချိန်မှာတော့ အားကုန်ခမ်းပီး ရေစက်ပန့်တွေ.လဲရပ်ဆိုင်းကုန်ပါတော့ တယ့်..

အဲ့ဒီအချိန်က စလို့..ဓါတ်ပေါင်းဖိုထဲမှာ.ကျန်နေသေးတဲ့..cesium and iodine isotops တွေ မကုန်သေးတဲ့ အတွက်..အပူချိန်ဟာ လဲ စတင် ပီး တက်လာပါတော့တယ်..ဒီအပူဟာ တကယ်တော့..ဓါတ်ပေါင်းပို ပုံးမှန်လည်ပါတ်နေစဉ်မှာ ထုတ်တဲ့ အပူစု့စု့ပေါင်းရဲ့.. ၃ ရာခိုင်နုန်းပဲရှိပါတယ်..ဒါပေမယ့် ဒီအပူတွေကို ဆက်လက်ဖယ်ရှားဖို့ကတော့..နာရီတော်တော်များများ သို့ ရက်ပိုင်းအနည်း ငယ်ဆက်လက်လိုအပ်ပါတယ်..ဒါဟာ ပုံမှန် ရေအေးပေးစက် ပန့်တွေ..အလုပ်လုပ်နေရင်တော့..ပြသနာမရှီပဲ လုပ်နိုင်တဲ့ ကိတ်စပါ..

ခုဟာကတော့..အထက်ပြောခဲ့သလို.ပဲ..ရေအေးပေးစက် ပန့်တွေ..အလုပ်ဆက်မလုပ်တော့တဲ့အတွက်ပြသနာရှိလာပါပီ။
ဒီလိုအခြေအနေကိုရောက်လာတဲ့ အချိန်မှာ တချို့သတင်းဌာနတွေမှာ..စတင်ပြေ
လာတာကတော့ အူတိုင်အရည်ပျော်ခြင်းဆိုတဲ့ core meltdown ဆိုတဲ့ ဖြစ်စဉ် ကိုဖေါ်ပြတဲ့ စကားလုံးက..ရေပန်းစားလာပါတော့တယ်..တကယ်တော့ core meltdown ဆိုတာဟာ..ခုနပြောတဲ့ ဓါတ်ပေါင်းဖိုထဲမှာ ရှိနေတဲ အပူတွေကို ဆက်လက်မဖယ်ထုတ်နိုင်တော့လို့ ဘာမှ ဆက်မလုပ်တော့ပဲ ပစ်ထားလိုက်ရင်ဖြစ်လာနိုင်တဲ့ အခြေအနေပါ.အဲ့လို core meltdown ဖြစ်ပီး လောင်စာတွေ..အရည်ပျော်ကျလာရင်တောင်မှ ပဲ..ဒီအရည်ပျော်.လောင်စာတွေကို ပြင်ပ လောက ကို ပျံ့ထွက်မသွားအောင် ထိမ်းသိမ်းပေးမယ့်..တတိယအကာရဲ့ အခန်းဂန်ဒ (ပါတ်ဆင့်ရေးရခက်လို့ပါ) အရေးပါလာပါပီ။

ဒါဟာ အဆိုးဆုံးလို့ ဆိုရမယ့်..complete core meltdown အခြေအနေကို ပြောနေတာပါ..
တကယ်တော့ဒီလို core meltdown ဖြစ်စဉ် ကို မရောက်ခင်မှာ ဓါတ်ပေါင်းဖိုရဲ့ အပူကို ဖယ်ရှားဖို့အတွက် လုပ်လို့ ရနိုင်တဲ့ နည်းလမ်းတွေကျန် နေသေးပါတယ်..တချို့အင်ဂျင်နီယာတွေ..က..မီးစက်တွေကို အသုံးချပီး..ရေအေးပေးစက် တွေကို ပြန်လည်အသုံးချလို့ရနိုင်အောင် ကြိုးစားနေချိန်မှာ..complete core meltdown ဖြစ်မသွားပဲအချိန်ရအောင်လို့..ဓါတ်ပေါင်းဖိုထဲက အချိန်တဲ့အမျှတက်လာနေတဲ့ အပူချိန်ကို လျှော့ချပေးဖို့လိုပါတယ်..အစပိုင်းမှာ ပြောခဲ့သလိုပဲ..ဓါတ်ပေါင်းဖိုဟာ လုံးဝ လေလုံတဲ့ အခန်းဖြစ်ပါတယ်.ပီးတော့ အဲ့ဒီအခန်းထဲမှာ..ရေထည့်ထားပီး..ရေထဲမှာမှ.လောင်စာတောင့်တွေကို နှစ်မြုပ်ထားပါတယ်..ဒီနည်းအားဖြင့် အပူကြောင့်ထွက်လာတဲ့..ရေခိုးရေငွေ့တွေကို အသုံးချပီး တာဘိုင်ကိုလည်ပါစေချင်းဖြစ်ပါတယ်..တခါအဲ့ဒီ ရေခိုးရေငွေ့တွေကိုပဲ.အအေးခံပီးဓါတ်ပေါင်းဖိုထဲကို ပြန်ထည့်ပါတယ်ဒါကြေင့်ဓါတ်ပေါင်းဖိုထဲမှာ ရှီနေတဲ့ ရေလယ်ဗယ်ဟာ အတိုင်းအတာ တခုထိ တည်ငြိမ်ပါတယ်.. တနည်းအားဖြင့်. .လောင်စာတောင့်တွေဟာ.. ရေထဲမှာမြုပ်နေလေ့ရှိပါတယ်

ခုဟာကတော့ ပန့်တွေ..အလုပ်မလုပ်တော့တဲ့အတွက်.. ရေတွေကနေ.. အငွေ့ဖြစ်သွားတဲ့.. အတွက်.. အခန်းထဲမှာ.. pressure ဖိအားဟာ တက်လာပါတယ်..ဒီလိုဖိအား တက်လာတဲ့ အတွက် ကြောင့်..ဓါတ်ပေါင်းဖိုထဲမှာ ရှိနေတဲ့ အပူချိန်ဟာ လည်း အဆမတန် မြင့်တက်လာပါတော့ တယ်.. ကျနော်တို့ ၁၀ တန်းလောက်တုန်းက သင်ခဲ့ရသလိုပါပဲ..ဖိအားအလွန်များတယ်ဆိုရင် အပူချိန်ဟာလဲ အလွယ်တကူ မြင့်တက်လာနိုင်ပါတယ်..

ဒါကြောင့်မို့လို့ ကျနော် တို့..ငါးသလောက်ပေါင်းလို ဟင်းမျိုးကို..ရိုးရိုး အိုးနဲ့ချက်ရင်..နာရီပေါင်းများစွာကြာအောင် ချက်ပြုတ်ရပေ့မယ့် ၊ pressure cooker လိုဖိအားမြှင့် အိုးများနဲ့ ချက်ပြုတ်ရင် အိုးထဲ့မှာ ရှိနေတဲ့ ဖိအားကြောင့် သာမာန်အပူချိန်ထက် အလွန်မြင့်တဲ့ အပူကို အိုးထဲမှာ.ပေးနိုင်ကာ ငါးသလောက်ပေါင်းကို နာရီဝက်တနာရီ အတွင်းမှာ..ရအောင် ချက်ပြုတ်နိုင်တာဖြစ်ပါတယ်။

ဒီတော့ ကျနော်ပြောချင်တာက..ခုနဓါတ်ပေါင်းဖို ရဲ့ အတွင်းမှာ ရှိနေတဲ့ အပူချိန်ကို လျှော့ချနိုင်ရန်အတွက်..ဘာလုပ်လို့ရလဲ ဆိုရင်..ဓါတ်ပေါင်းဖိုမှာ ရှိနေတဲ့..အရေးပေါ် အဆို့ရှင် ဘား လေးတွေကို ဖွင့်ပေးခြင်းအားဖြင့် အထဲမှာ ရှိတဲ့ ရေနွေးငွေ့ တွေကို အပြင်ကို ဖေါက်ထုတ်လိုက်ရင်..ဖိအားလျော့သွားပါလိမ့်မယ်.. ဒါဆိုရင်..အပူချိန်ဟာလည်း အတိုင်းအတာ တခုအထိ ကျသွားပါလိမ့်…ဒီလိုလုပ်ခြင်းအားဖြင့်..complete meltdown ဖြစ်ပေါ်ခြင်းကို..အချိန်ဆွဲထားနုင်ပေမယ့်..မကောင်းတဲ့အချက် ၂ ချက်ကတော့ မလွဲမရှောင်သာဖြစ်လာပါတော့တယ်..

၁ အချက်ကတော့..ဓါတ်ပေါင်းဖို အတွင်းမှာ ရှိနေတဲ့ ရေနွေးငွေ့တွေ..ထွက်ကုန်တဲ့ အတွက်..ရေရဲ့ လယ်ဗယ်ဟာ ကျလာပါလိမ့်မယ်..တနည်းအားဖြင့် လောင်စာတောင့်တွေ ဟာ ဖြည်းဖြည်း ..ဖြည်း ဖြည်း နဲ့ ရေနည်းလာတာနဲ့အမျှ ရေပေါ်ကိုပေါ်လာပါလိမ့် မယ်..သူတို့ရဲ့ ရေနဲ့ လွတ်နေတဲ့ အစိတ်အပိုင်းတွေ.ဟာအလွယ်တကူနဲ့ အပူချိန်မြင့်တက်လာပါလိမ့်မယ်..ဒီလို့မျိုးအပူချိန်အလွန်မြင့်တက်လာတာကို..ထိမ်းသိမ်းနိုင်ဖို့ကတော့အပြင်က..ရေကိုပြန်ထည့်ပေးဖို့ပဲရှိပါတယ်။

အဲ့ဒီတော့ ခု နပြောခဲ့သလိုပဲ..ပုံမှန် cooling system ဖြစ်တဲ့ ပန့်တွေက..အလုပ်မလုပ်တော့တဲ့ အတွက်..ပုံမှန်သွင်းပေးနေတဲ့ ရေကို ထည့်လို့အဆင်မပြေသေးပါဘူး (မှတ်ချက်၊ ။ ဓါတ်ပေါင်းဖိုမှာ သုံးတဲ့ ရေဟာ ဓါတ်သတ်တု တွေမပါတဲ့ အလွန်သန့်စင်တဲံ ရေဖြစ်ဖို့ လိုပါတယ်..ရေဟာ အလွန်သန့်မှသာ..အထက်က ပြောခဲ့သလိုမျိုး လွတ်ထွက်လာတဲ့ နူထရွန် တွေကြောင့် ရေမော်လီကျူးတွေကနေ..ရေဒီယိုသတ်တိကြွှမှု့အနေ နဲ့အလွယ်တကူ အသွင်ပြောင်းသွားတာမျိုးကို ဟန့်တားထားနိုင်ပါလိမ့်မယ်...) ဒါပေမယ့်..အထက်မှာ ရှင်းပြခဲ့သလိုမျိုးပဲ..ဒီလိုရေသန့်ကို သုံးလို့လဲ မရနိုင်ဘူး..ဓါတ်ပေါင်းဖိုကို အအေးခံဖို့က ပိုလို့ အရေးကြီးတယ်ဆိုတဲ့ အချိန်မှာတော့.အလွယ်တကူရနိုင်တဲ့ ပင်လယ်ရေ ကို ပဲ ဓါတ်ပေါင်းဖိုထဲကို သွင်းပေးရပါတော့တယ်..တနည်းအားဖြင့်..ဓါတ်ပေါင်းဖိုထဲမှာ ရှိနေတဲ့  ရေ လယ်ဗယ် ကိုနည်းမသွားအောင် ဒီနည်းနဲ့ပဲ ထိမ်းထားနိုင်မှာ မို့လို့ပါ၊

ဒီလိုမျိုး လုပ်လိုက်တဲ့ အတွက်..မကောင်းတဲ့
နံပါတ် ၂ အချက်အနေနဲ့ကတော့..ရေမော်လီကျူးတွေ..နဲ့ cesium and iodine isotops ကနေလွတ်ထွက်လာတဲ့ နူထရွန် တွေ တိုက်မိလို့ကြောင့် ဖြစ်လာနိုင်တဲ့ ရေဒီယိုသတ်တိကြွှ ပစည်း တွေ..ဟာ ပုံမှန်ထက်ပိုများလာပါတော့တယ်..ဒါကို နည်းချင်ရင် လုပ်လို့ရနိုင်တာ တနည်းရှိပါသေးတယ်..အဲ့ဒါကတော့..boric acid လိုခေါ်တဲ့..အရည်ကို ပင်လယ်ရေနဲ့ ရောပီးသွင်းပေးတာပါပဲ..boric acid ဟာ ခု နပြောတဲ့ နူထရွန် နဲ့ ရေမော်လီကျူးတွေ..ကြောင့် ရေဒီယိုသတ်တိကြွမပြောင်းသွားအောင် တားဆီး ကာကွယ်ပေးပါတယ်..တနည်းအားဖြင့် သူတို့ကို..liquid control rod လို့လဲ ခေါ်နိုင်ပါသေးတယ်၊

ဒါကြောင့် စာဖတ်သူအနေနဲ့ သတင်းတွေမှာ..ကြည့်လိုက်ရင်..sea water + boric acid ဆိုတဲ့ စာသားကို မကြာခန ကြားရ..မြင်ရတတ်တာပါ။ အဲ့ဒီတော့ ပြန်ပြော၇ရင်..ဒီလို ပင်လယ်ရေကို သွင်းပေးပီး..လောင်စာတောင့်ကို..ရေမြုပ်အောင် လုပ်ထားလိုက်..အပူကြောင့် ရေငွေ့ပြန်တာကနေ ဖိအား အပူချိန်တခါပြန်တက်လာတာကို နည်းလာအောင် ရေနွေးငွေ့ တွေကို ဖေါက်ထုတ်လိုက် လုပ်နေရပါတယ်..

ဒီလို ဖေါက်ထုတ်လိုက်တဲ့ ရေနွေးငွေ့တွေမှာ ခု န ရေမော်လီကျူးကနေဖြစ်လာတဲ့ ရေဒီယိုသတ်တိကြွတွေ.ပါလာပါတယ်..ဒါပေမယ့် ဒီကောင်တွေ..၇ဲ့ သက်တမ်းဟာ စက်ကန့်အနည်း ငယ်ပဲ ခံတာမို့ စိုးရိမ်စရာမရှီပါဘူး။ ဒါပေမယ့်..ခုန..ဓါတ်ပေါင်းဖို့ထဲကနေ..ထွက်လာလာခြင်း ရေနွေးငွေ့တွေကို..လေထဲ ကို တိုက်ရိုက်မထုတ်ပဲနဲ့..အပြင်က..မိုးကာ လေကာ နေကာ ဓါတ်ပေါင်းဖိုရဲ့ အပြင်ဆုံး အကာ ဖြစ်တဲ့ ဆောက်အဦးထဲကိုပဲ စွန့်ထုတ်ပါတယ်..

ဒါမှာသာ..ရေမော်လီကျူးရေဒီယိုသတ်တိကြွ ပစည်းဟာ နကိုမူလ ပုံစံ ပြန်ရောက်အောက်အချိန် ရသွားအောင်ပါ..တကယ်တော့အဲ့လို မလုပ်ပဲ လေထဲ တိုက်ရိုက်ထုတ်လိုက်ရင်လဲ..ဘာမှ..မဖြစ်ပါဘူး..ဘာလို့လဲ ဆိုတော့ သူတို့ဟာ ချက်ချင်းဆိုသလိုပဲ နကို မူလ ပုံစံကို ပြန်ပြောင်းသွားလို့ပါ၊ ဒါပေမယ့်..ဂျပန်ဟာ..ဒီမိုကရေစီနိုင်ငံ ဖြစ်တာအဲ့ အညီ.media တွေရဲ့ အပြောအဆိုကနေ တတ်နိုင်သမျှလွတ်ကင်းအောင် လူတွေ..ကိုမလိုအပ်ပဲ..ထိခိုက်ခြင်းကို တတ်နိုင်သမျှရှောင်ရှားနိုင်ရန်အတွှက်..အပြင်ဆုံးအဆောက်အဦးထဲကို..ထုတ်လွတ်တယ်လို့ထင်ပါတယ်။

ဒါပေမယ့် ဒီလို ထုတ်လွှတ်တဲ့ အတွက်ကြေင့်မို့လို့ပဲ..အရင်ရက်တွေမှာ သတင်းမှာ ပါခဲ့တဲ့ ဓါတ်ပေါင်းဖိုပေါက်ကွဲမှုဆိုတာတွေ..ဖြစ်လာပါတော့ တယ်.တကယ်တော့..သတင်းတွေ..က..ပီးစလွယ်ပြောတဲ့သတင်းဌာနက ပြောနေလို့ပါ..တကယ်တော့ဒါဟာ ..ဓါတ်ပေါင်းဖို ပေါက်ကွဲမှူမဟုတ်ပါဘူး..ဓါတ်ပေါင်းဖိုရဲ့.ခုန..ရာသီဥတုဓါတ်က နေ ကာကွယ်ထားတဲ့..အပြင်ဆုံးအကာ အဆောက်အဦး ပေါက်ကွဲသွားတာပါ..

ဒါဆိုရင် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်တာပါလဲ..ဟုတ်ကဲ့ ကျနော်ဆက်ရှင်းပြပါ့မယ်..စကားပြန်ကောက်ရရင်..ခုနဓါတ်ပေါင်းဖိုရဲ့..core ထဲမှာ..လောင်စာတောင့်နဲ့ ရေနဲ့ကို ထည့်ထားပါတယ်..အဲ့ဒီမှာ အပူချိန် ဖိအားအလွန်မြင့်တဲ့အတွက်..ရေနွေးငွေ့တွေ..ထွက်လာတယ်လို့ပြောခဲ့ပါတယ်. အတိအကျပြောရမယ်ဆိုရင်တော့..ဒီလိုအလွန်ပူ အလွန်မြင့်တဲ့ ဖိအားရှိတဲ့အခြေအနေမှာ..ရေနွေးငွေ့တင်မက ပါဘူး..zircaloy ရဲ့ သတ်ထုအကာနဲ့..ရေခိုးရေငွေ့တွေ..ဓါတ်ပြုမှုကနေ..ဟိုက်ဒရိုဂျင် ထွက်လာပါသေးတယ်..

ဒီဓါတ်ငွေ့ဟာ အလွန်ပေါက်ကွဲလွယ်တဲ့ ဓါတ်ငွေ့ဖြစ်ပါတယ်..ဒါကြောင့်..ခုန တုန်းက..တတိယအကာထဲမှာ..ရှိနေတဲ့..ဖိအားတွေကို လျော့ချဖို့အတွက်..အဆို့ရှင်တွေကနေ..အပြင်ဆုံးအဆောက်အဦးထဲကို..စွန့်ထုတ်လိုက်တဲ့ အချိန်မှာ..ဟိုက်ဒရိုဂျင် ဓါတ်ငွေ့တွေ.လဲ ပါလာပါတယ်..နောက်ဒီဟိုက်ဒရိုဂျင်ဓါတ်ငွေ့တွေ..တဖြည်း ဖြည်း များလာတာကနေ..အပြင်ဆုံး အဆောက်အဦးဟာ..ဟိုက်ဒရိုဂျင် ပေါက်ကွဲမှုကြောင့် ပွင့်ထွက်သွားတာပါ..

ဓါတ်ပေါင်းဖိုရဲ့..အခိုင်အခန်း တည်ဆောက်ထားတဲ့..၁၅ စင်တီမီတာထူတဲ့ သံမဏိအကာနဲ့..လုပ်ထားတဲ့ တတိယ အကာက..ဘာမှ..ဖြစ်မသွားပါဘူး..တကယ်တော့..အဲ့ဒီ တတိယ အကာ ဖြစ်တဲ့ ဓါတ်ပေါင်းဖို လုံခြုံမှုဟာ အရေးကြီးဆုံးပါပဲ.. အရင်ရက်တွေ..ကဖြစ်တဲ့ပေါက်ကွဲမှုဆိုတာ အဲ့လိုမျိုးဖြစ်ခဲ့တာပါ..

ဟုတ်ပါပီ ဒါဆိုခုလောလောဆယ်မှာ ဖူကူရှီးမားမှာ ဘာတွေ..ဆက်ဖြစ်နေပါသလဲ..ဒါကိုဆက်ပြောရမယ်ဆိုရင်တော့..စကားပြန်ကောက် စရာရှိတာက..ဓါတ်ပေါင်းဖိုဟာ အပူကြောင့်ရေခန်းနေတယ်..ဒီခန်းကုန်တဲ့ရေကို ကာမိအောင်ပြင်ပကနော..ပင်လယ်ရေ နဲ့ ဘိုးရစ် အက်ဆစ် အရောကို သွင်းပေးနေရတယ်..ရံဖန်ရံခါ..အပူ ဖိအား အလွန်များလာရင်..အပြင်ကို.. ရေနွေးငွေ့တွေ..ဟိုက်ဒရိုဂျင်ဂက်စ် တွေ..မှုတ်ထုတ်ပေးနေရပါတယ်..

ဒါပေမယ့်..ဒီလို ပင်လယ်ရေသွင်းပေးနေတာဟာလဲ.. အကြောင်းမညီညွတ်လို့..ရေခန်းသွားတဲ့နုန်းကို ကာဗာ ဖြစ်အောင် သွင်းမပေးနိုင်ရင်..လောင်စာတောင့်ဟာ..ရေထဲမှာ..မြုပ်မနေတော့ပဲ..ရေလယ်ဗယ်နည်းလာတာနဲ့အမျှတဖြည်းဖြည်း ရေပေါ် ပေါ်လာပါလိမ့် မယ်..ဒီလိုရေပေါ် ပေါ်လာတဲ့ အပိုင်းတွေ ဟာ ချက်ချင်းဆိုသလိုပဲ..အပူချိန်မြင့်တက်လာပီး..zircaloy ဆိုတဲ့ သတ်ထု ဆလင်ဒါရဲ့ ရည်ပျော်မှတ် ၂၂၀၀ စင်တီဂရိတ်ကို စရောက်တဲ့ အချိန်က စလို့ ၄၅ မိနစ် ကြာလာရင်.. အရည်စပျော်လာပါလိမ့်မယ်. (ဒါကို ကျနော်တို့အနေနဲ့ partial core meltdown  တစိတ်တပိုင်းအူတိုင်အရည်ပျော်ခြင်းလို့ခေါ်ပါတယ်).

ဒီလို လောင်စာတောင့်ကို ကာထားတဲ့သတ်ထုအရေပျော်သွားတဲ့ အတွက်ကြောင့် အထဲက..ရေဒီယိုသတ်တိကြွပစည်းတွေ.ဖြစ်တဲ့ ယူရေနီယမ်…cesium …idone isotops တွေရယ်.ဟာ ပြင်ပက..ပင်လယ်ရေနဲ့ ထိတွေ့ပါတော့တယ်..ဒီနေရာမှာ..ယူရေနီယမ်ရဲ့ ရေပျော်မှတ်ဟာ ၃၀၀၀ စင်တီဂရိတ်ရှိတဲ့ အတွက် အရည်မပျော်သေးပါဘူး..ပီးတော့ ဒီယူရေနီယမ်သတ်ထုဟာ ရေမှာ မပျောင်ဝင်နိုင်ပါဘူး ..ဘယ်လိုပဲ ဖြစ်ဖြစ်..cesium and iodine isotops ၂ ခု ကတော့ ပင်လယ်ရေမှာ ပျော်ဝင်နိုင်ပါတယ် ၊

ဒါ့ကြောင့် ဒီလိုပျော်ဝင်နေတဲ့ ရေကနေ ဖြစ်လာတဲ့ ရေခိုးရေငွေ့တွေမှာ လဲ..ခုန ရေဒီယိုသတ်တိကြွဓါတ်တွေ ပါလာနိုင်ပါတော့တယ်..ဒါဆိုရင်တော့ ဒါဟာ..ပထမ အမျိုးအစားဖြစ်တဲ့..ရေမော်လီကျူးကနေ ဖြစ်လာတဲ့ ဟာထက် ပိုပီး အန်တရာယ်ကြီးလာပါပီ..ဘာလို့လဲဆိုရင်တော့..ဒီ ၂ ခု ဟာ..ခန တဖြုတ်နဲ့ ပျောက်မသွားပဲ.. ပြင်ပလောကမှာ..ဆက်လက်တည့်ရှိနိုင်ပါတယ် ..

ဒါတွေကို..ပမာဏအလွန်များစွာထိတွေမိရင်.. သိုင်းရွိုက်ကင်ဆာ.အရေ ပြားကင်ဆာလို ရောဂါတွေ..ဖြစ်လာနိုင်ပါတယ်..ဒါပေမယ့်..ခုလောလောဆယ် တွေ.့ရှိ နေရတဲ့ ပမာဏကိတော့ အလွန်နည်းပါတယ်..မူလစာထဲမှာ..ဘယ်လိုပြောထားလဲဆိုရင်..အဲ့ဒီအငွေ့တွေကို..ထုတ်တဲ့ အပေါက်တည့်တည့်နားမှာ သွားထိုင်ပီး ရှုရှိုက်နေရင်တောင်မှ..ဆေးလိပ်စွဲသောက်နေတဲ့ လူလောက် ပဲ အန်တရာယ်ရှိနိုင်တယ် လို့ ဆိုထားပါတယ်.။ ဒါဟာ ပင်ရင်း ထွက်နေတဲ့ နေရာမှာ သွားပီး ရှုရှိုက် ထိမိ နေမှာပါ..တကယ်တော့ ဒီအခိုးတွေဟာ..စက်ရုံနဲ့ ဝေးရာကိုရောက်လေ..ပမာဏအနေနဲ့ လျော့ကြသွားလေပါ..

(မှတ်ချက် ၁ ။  ။ ခုပဲ စာရိုက်နေရင်းနဲ့ သတင်းနားထောင်ကြည့်တော့ ဒီလိုမျိုးရေဒီယိုသတ်တိကြွပစည်းတွေကို စတင်တွေနေရပါပီတဲ့..ဒါပေမယ့် စက်ရုံဂိတ်ဝနားမှာ..စမ်းသပ်ကြည့်တော့ တွေတဲ့ပမာဏဟာ လူတွေကို အန်တရာယ်ဖြစ်စေနိုင်တဲ့ ပမာဏ မဟုတ်ဘူးလို့ပြောပါ့တယ်၊ ဒါပေမယ့်…သတင်း တခုမှာ လဲ..ပေါက်ကွဲမှုဖြစ်နေတဲ့ ဓါတ်ပေါင်းဖို ရဲ့ကီလိုမီတာ ၂၀ အတွင်းက လူတွေကိုတော့ ရွှေပြောင်းပီးသွားပါပီ..
ပီးတော့ ၂၀ နဲ့ ၃၀ ကီလိုမီတာကြားလူတွေကိုတော့..အိမ်ထဲက အိမ်ပြင်မထွက်ဖို့.တံခါးတွေ ပြတင်းတွေကို လုံခြုံစွာ ပိတ်ထားဖို့..aircon ကိုပိတ်ထားဖို့..သူက အပြင်က..လေထု အိမ်ထဲရောက်လာမှာ စိုးလို့ထင်တာပဲ..နောက်အပြင်က ပြန်လာရင် ဝတ်ထားတဲ့..အဝတ်အစားတွေကို..အဝတ်လျှော်စက်နဲ့မလျှော်ဖို့..စတာတွေ..ပြောနေတာတွေ့ ရပါတယ်..ဒါကတော့..ကီလိုမီတာ ၂၀ နဲ့ ၃၀ ကြားမှာ နေထိုင် နေတဲ့ လူတွေ..ကိုပြောတာပ့ါ..ကီလိုမီတာ ၃၀ ကျော်က လူတွေကိုတော့..အထူးကြေညာချက်နဲ့ တာမြစ်တာတော့မရှိပါဘူး..နောက် ကီလိုမီတာ ၃၀ အတွင်း ကို လေယာဉ်မပျံသန်းရ ဇုံ
ဆိုပီး ကြေညာလိုက်ပါပီ။

မှတ်ချက် ၂ ။ ။ ဒီဆောင်းပါးရဲ့ နောက်ဆက်တွဲ အနေနဲ့ လောလောဆယ် ဘယ်နားမှာ..ရေဒီရေးရှင်းလယ်ဗယ် ဘယ်လောက်ထိ ပျံနှံ့နေ တယ်.. ဘယ် လောက် ပမာဏ (လယ်ဗယ်) ကို ရောက်ရင်လူတွေ အတွက်အန်တရာယ်ရှိနိုင်တယ်ဆိုတာ ကို ရှာဖွေလေ့လာပီး သတ်သတ်ထပ်မံတင်ပြပေးပါဦးမယ်..)

ခုလောလော ဆယ်ကတော့ ကျနော်ရဲ့ ဘာသာပြန်ကိတ်စကို ဆက်လိုက်ကြသေးတာပေါ့နော်..
အဲ့ဒီတော့ ခု န ဆောင်းပါး ကို ပြန်ကောက်ရရင်.ပင်လယ်ရေ ဖြည့်ပေးနေတာ မလုံလောက်ရင် partial meltdown ဖြစ်ပါမယ်..အဲ့ဒီလိုမျိုး ဟာ က ကြာလာရင်..ဓါတ်ပေါင်းဖိုထဲမှာ ရှိတဲ့ ရေဟာ လုံးဝ ကုန်ခန်းသွားရင် ဘာတွေ..ဆက်ဖြစ်ပါ့မလဲ…ဟုတ်ကဲ့ အဲ့ဒါဆိုရင်တော့..ပင်လယ်ရေ ထပ်ဖြည့်နေတာကို လဲ ရပ်ဆိုင်းလိုက်မယ်..အပူက လဲ မကုန်သေးဘူး ဆက်လက်ထွက်နေတယ် ဆိုရင်တော့ ဓါတ်ပေါင်းဖိုထဲက..ရေဟာ ဖြည်းဖြည်း နဲ့ လုံးဝကုန်သွားပီး နောက်ဆုံးမှာတော့ လောင်စာတောင့် ဟာ ရေထဲက နေ လုံးဝပေါ်တဲ့ အဆင့် ကို ရောက်လာပါမယ်..

အဲ့ဒီအချိန်မှာ တော့ လောင်စာတောင့်မှာ ရှိတဲ့အပူချိန်ဟာ တရှိန်ထိုးတက်လာပီးတော့ total core meltdown လို့ခေါ်တဲ့ လုံးဝအရည်ပျော်ကျသွားတဲ့အခြေအနေ ဖြစ်လာပါမယ်..ဒါဆိုရင်..ဓါတ်ပေါင်းဖိုထဲမှာ ရှိနေတဲ့ ပထမ ဆုံးအကာနဲ့..ဒုတိယ အကာ တွေဟာ..အရည်ပျော်သွားပါပီ၊။ ဒီအခြေအနေမှာ..တတိယ အကာ ဟာ အလွန်အရေးကြီးလာပါတယ်..သူက..ခု န အရည်ပျော်ကြလာတဲ့..လောင်စာတွေ..ကို လုံအောင်လုပ်ထားဖို့ အလွန်အရေးကြီးပါတယ်။

(သူတိုမှာ အလွန်ပြင်းထန်တဲ့ ရေဒီယိုသတ်တိကြွမှူတွေ..ရှိပါတယ်..လူနဲ့ တိုက်ရိုက်တွေ့ဖို့မပြောနဲ့ မလှမ်း မကမ်းနားရောက်သွားရင်ကို အလွန်ပြင်းထန်တဲ့ ရောက်ခြည်ထိမှန်ပီး..ချက်ချင်းဆိုသလို..သို့ သိပ်မကြာခင်မှာပဲ သေဆုံးနိုင်ပါတယ်.. အနည်းဆုံးကတော့.. အရေပြားကင်ဆာ.. တခြားကင်ဆာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်..

ဒါကြောင့်သူတို့ရှိနေတဲ့ တတိယအကာ ကို တအားခိုင်ခံ့ လုံခြုံအောင် တည်ဆောက်ထားရခြင်းဖြစ်ပါတယ်။။ ခု န ကလို လုံးဝ အရည်ပျော်ကြသွားချိန်မှာ ၂ မျိုး ဆက် လက်ဖြစ်ပွားနိုင်ပါတယ်..

ပထမ တမျိုးကတော့..အဲ့ဒီ ဓါတ်ပေါင်းဖိုကို ဘာမှ..ဆက်မလုပ်တော့ ပဲ အချိန်အတော် ကြာအောင် ပစ်ထားလိုက်ရပါမယ့်..ဘယ်လိုပဲ ဖြစ်နေပစေ..ဓါတ်ပေါင်းဖိုထဲမှာ ရှိနေတဲ့..အပူတွေဟာာ chain reaction ရပ်သွားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ တဖြည့်းဖြည်းလျော့နည်းလာပါလိမ့်မယ်.ဒါဟာ ရက်အတန်ကြာ သို့ လပိုင်း အထိကြာသွားနိုင်ပါတယ်..ဘာပဲဖြစ်ဖြစ် အချိန်တခု ကြာလို့..ဓါတ် ပေါင်းဖို လုံးဝ အေးသွားပီး ဆိုတဲ့ အချိန်မှာ တော့ အဲ့ဒီကျတော့မှ.ဓါတ်ပေါင်းဖိုကို ပြန်ဖွင့်ရပါ့မယ် ပီးရင်…အရည်ပျော်လို့ အောက်ကို ပြုတ်ကျနေတဲ့..(ခုချိန်မှာ တော့ အခဲပြန်ဖြစ်နေပါပီ) ယူရေနီယမ်လောင်စာနဲ့ အခြားရေဒီယိုသတိကြွစိမ့်ဝင်နေတဲ့ ဓါတ်ပေါင်းဖို အစိတ်အပိုင်း အပျက်အစီးတွေကို..ပြန်လည့်သန့်စင်တဲ့စက်ရုံ ကို ပို့ပီး ပြန်သန့်စင်လို့ ရတာ သန့်စင်..မရနိုင်တာ တွေကို တော့ အပီးတိုင်ဖျက်စီး သို့မဟုတ် လုံးဝ လုံခြုံစိတ်ချရတဲ့နေရာ ( လူတွေနဲ့ ဝေးတဲ့နေရာ) မှာ စွန့်ပစ်ရပါ့ မယ်။

နောက် ဓါတ်ပေါင်းဖို ကို ပြန်လည်ပြုပြင်ပီး သုံးလို့ရရင်..ပြန်သုံး သို့မဟုတ် သုံးမရရင်တော့ လုံးဝ အပီးတိုင် ပိတ်ပစ် လိုက်ရပါ့မယ်.။
ဒီလို လုံးဝပိတ်ပစ် လိုက်ရတဲ့အခြေအနေကို တော့ အမေရိကားမှာ ဖြစ်ခဲ့တဲ့ ၃မိုင်ကျွှန်း ( three mile island) ဓါတ်ပေါင်းဖိုအရေး အခင်း ဖြစ်ပါတယ် အဲ့ဒီအရေးအခင်းက ဒုတိယ အမျိုးအစားပါ..
အဲ့ဒီ ဒုတိယ တမျိုးကိုတော့ တရုတ်ရောဂါလက်ခဏာ (china syndrome) လို့ခေါ်ပါတယ်..အမေရိကား ၃မိုင် ကျွှန်း မှာ ဖြစ်ခဲ့တဲ့အခြေအနေပါ..အဲ့ဒီတုန်းက. .အရည်ပျော်ကျသွားတဲ့. လောင်စာတောင့်တွေဟာ control rod တွေရဲ့ ထိမ်း ချုပ်မှု့အောက် ကနေ လွတ်ထွက်သွားပါတယ်..ဒါ့ကြောင့် cahin reaction ဖြစ်စဉ် ပြန်လည် စတင်ပါတယ်..

ဒါကြောင့် အပူဟာ တဖြည်းဖြည်းနဲ့ ပြန်တက်လာပါတယ်..ဒီအရည်ပျော်ကျသွားတဲ့ core ဟာ တနေရာထဲမှာ ပြုတ်ကျသွားလို့ ဒီလိုchain reaction အခြေအနေပြန်လည်ဖြစ်ပေါ်လာတယ်လို့ပြောပါတယ်.. အဲ့လို chain reaction ပြန်လည်ဖြစ်ပေါ်လာတာကြောင့်မို့လို့..အပူချိန်ဟာ တဖြည်းဖြည်း တက်လာပီး ဒီအရည်ပျော် core ဟာ သူနဲ့ထိတွေ့သမျှကို တိုက်စားပါတော့တယ်..ဒီလိုတိုက်စားလာတဲ့အတွက်ကြောင့်မို့လို့..

တတိယအကာကော သူအောက်က..ခံထားတာမှန်သမျှကိုဖေါက်ထွက် ပီး နောက်ဆုံးမှာတော့..အောက်ဘက်က..မြေကြီးပေါ်ထိရောက်သွားပီ.တခါ ဆက်လက်ပီး အဲ့ဒီမြေကြီးကို ပါ တိုက်စားပြစ်ကာ..နောက်ဆုံး ကမ္ဘာ့အလယ်ခေါင်မှာ ရှိနေတဲ့ သံရည်ပျော်လုံးကြီး ဆီအထိရောက်သွားပါတော့တယ်..အဲ့မှာ တော့ ဘာတွေ..ဆက်ဖြစ်နေလဲ သိဘူးဗျ..ဟဟ..

အဲ့ဒီ ၃ မိုင် အရေး အခင်း ဓါတ်ပေါင်းဖိုပြသနာ အပီးမှာ တော့ အဲ့ဒီ ကျွှန်းကို လုံးဝ quarantine (အသွားအလာမလုပ်ရ ကန့်သတ် သီးခြားနယ်မြေ) နယ်အဖြစ်သတ်မှတ်လိုက်တယ်လို့ သိရှိရပါတယ် ခင်ဗျာ။ အဲ့ဒီ ၃မိုင် အရေးအခင်း ကို နိုင်ငံတကာ အနူမြူ စွမ်းအင်အေဂျင်စီ က အန်တရာယ်အဆင့် လယ်ဗယ် 5 (five) အနေနဲ့သတ်မှတ်ပါတယ်တဲ့.. သူတို့ရဲ့ အဲ့လိုအန်တရာယ်အဆင့် က..၁ ကနေ အမြင့်ဆုံး ၇ အထိ ရှိတယ်လို့ သိရပါတယ်…အရင် ၁၉၈၀ တဝိုက်က..ဆိုဗိယက်ယူနီယမ်- ယူကရိမ်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ချာနိုဘိုင်းညူကလီးယားစက်ရုံပေါက်ကွဲမှုကတော့.. လယ်ဗယ်အနေနဲ့..နောက်ဆုံးအဆင့် ရ (seven) ရှိပါတယ်..သူကတော့ လုံးဝကို တတိယအကာ ကြီးက..ပွင့်ထွက်သွားတာပါ။

ဒီလိုမျိုး ဘာလို့ အဲ့လိုပွင့်ထွက်သွားတာလဲဆိုရင်..ဆိုဗီယက်ယူနီယမ်က ညူကလီးယားဓါတ်ပေါင်းဖို ကိုဆောက် တုန်းကတည်းက..စံချိန် စံညွှန်း တွေနဲ့ ကိုက်မှီအောင် မဆောက်ခဲ့တဲ့အတွက် ကြောင့် အဲ့လို ဖြစ်သွားတယ်လို့ကြားပါတယ်။ ခု ဂျပန်မှာ တော့..အဲ့လို မျိုး မဟုတ်ပဲ..စံချိန်စံညွှန်းတွေနဲ့ ကိုက်အောင် ဆောက်ထားလို့..ဒီလို့မျိုးပွင့်ထွက်သွား တဲံ့ကိတ်စ မျိုး ကတော့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်..ခင်ဗျာ

(မှတ်ချက်။ ။ ဒါကြောင့်မို့လို့..ခုဂျပန်က..ညူဓါတ်ပေါင်းဖိုမှာ..complete core meltdown ဖြစ်လို့ အရည်ပျော်ပြုတ်ကျသွားတဲ့အချိန်မှာ..တနေရာထဲမှာ စုပုံမနေပဲ..အပိုင်းပိုင်း အစစ ဖြစ်ပီး..ပြန့်ကျဲပြုတ်ကျသွားအောင် စီမံထားတယ်လို့သိရပါတယ်..ဒီနည်းအားဖြင့် chain reaction ပြန်လည်စတင်မယ့် အဖြစ်အပျက် ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်)

အဲ့ဒီတော့ ခုန တုန်းက..အဆိုးဆုံး total core meltdown ဖြစ်ခဲ့ရင်တောင်မှ..ဘယ်လိုအကျိုးဆက်တွေ..ဆက်ဖြစ်လာနိုင်တယ်ဆိုတာ..ဆက်ပြောပါ့မယ်

၁။ ညူကလီးယား စက်ရုံအနေနဲ့က..စိတ်ချရတဲ့ အဆင့်မှာ ရှိပါတယ်

၂။ စိုးရိမ် အမှတ်အနေနဲ့ကတော့ လယ်ဗယ် 4 (four) အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒါဟာ total core meltdown အနေနဲ့ ဆိုရင်.ပထမ အမျိုးအစားမျိုး..ဆက်လက်ဖြစ်ပွားသွားမယ်လို့ ယူဆရပါတယ်..ဆိုလိုချင်တာက..core ဟာ လုံးဝ အရည်ပျော်သွားမယ် ဒါပေမယ့် တတိယ အကာ ကို ဖေါက်ထွက်ပီး မြေကြီးအတွင်းကို ဆက်လက်တိုးဝင်သွားတဲ့ ဒုတိယ ဟာမျိုးအဖြစ်ပြောင်းမသွားနိုင်ဘူးလို့ဆိုရပါ့မယ်။

ဒါကြောင့် အလွန်ဆုံး ဖြစ်တဲ့ လယ်ဗယ် ၄ ဟာ ညူကလီးယားစက်ရုံပိုင်ရှင်အတွက်တော့ သတင်းဆိုးလို့ပြောရပေမယ့် သာမာန်လူတွေ..အတွက်ကတော့.. ဘာမှ..မထိခိုက်စေဘူးလို့ပြောလို့ရပါတယ်။ ဒါက စက်ရုံအတွက် အဆိုးဆုံး အခြေအနေကိုပြောတာပါ

၃။ အလွန်များတဲ့ ဖိအားနဲ့ အပူချိန်ကို လျော့ချနိုင်ဖို ဖေါက်ထုတ်လိုက်ရတဲ့..ဂက်စ် နဲ့ ရေခိုးရေငွေ့တွေကြောင့်..ဓါတ်ရောင်ခြည်တွေ ပျံ့လိမ့်မယ်..ဒါပေမယ့်..ဒီဓါတ်ရောင်ခြည်တွေဟာ..စက်ရုံနားမှာသာများပြားပေမယ့်..စက်ရုံနဲ့ဝေးလေ..ပမာဏလျော့သွားလေ ပါပဲ၊ နောက်ဆုံးအဲ့ဒီစက်ရုံထဲမှာ နေတဲ့ဓါတ်ရောင်ခြည်သင့်တဲ့လူတောင်မှ..ဆေးလိပ်အမြဲသောက်တဲ့လူတယောက်မှာ ဖြစ်တဲ့ အန်တရာယ်ပြု့မှုလောက်တောင်မများပါဘူး။

၎။  ခုနဓါတ်ပေါင်းဖို အအေးခံရာမှာ သုံးတဲ့..ပင်လယ်ရေဟာ ရေဒီယိုသတ်တိကြွတွေ..စိမ့်ဝင်နေတဲ့အတွက်..ဒီအတိုင်း စွန့်မပြစ်ပဲ ပြန်လည် သန့်စင်ဖို့လိုပါတယ်။ ဒါလဲ..စက်ရုံပိုင်ရှင်အတွက်..ငွေကုန်ပေါက်ပေါ့ခင်ဗျာ။

၅။ နောက် reactor ကို တစစီ ဖြုတ်ပီး ပြန်လည်သန့်စင်ခြင်း ပြင်ဆင်ခြင်း စတဲ့ လိုအပ်တဲ့ လိုဆောင်ချက်တွေကို လုပ်ရပါ့မယ်

၆။ ပီးတော့ လောင်စာချောင်းတွေရယ် စက်ရုံးတခုလုံးရယ်ကို..အစအဆုံး စစ်ဆေးရေးဝင်ရပါ့မယ်..ဒီကိတ်စကတော့ ၄ ..၅ နှစ် အချိန်ယူသွားနိုင်ပါတယ်

၇။ နောက် ဂျပန်ရဲ့ ညူကလီးယား ဓါတ်ပေါင်းဖို အားလုံး ကို ငလျှင်ဒါဏ် ၉.၀ခံနိုင်ရည် ရှိအောင် ပြန်လည် အားဖြည့်မှုတွေ..လုပ်ရပါ့မယ်။

၈။ အဲ့ဒီတော့ အဆုံးသတ်အနေနဲ့ကတော့..ဂျပန်နိုင်ငံရဲ့ အကြီးဆုံးပြသနာက..ခု လောလော ဆယ် ဖြစ်နေတဲ့ ညူကလီးယားဓါတ်ပေါင်းဖို ပြသနာ မဟုတ်ဘူး။ အဲ့ဒီ ဓါတ်ပေါင်းဖိုက..မထိန်းနိုင်ရင် အလွန်ဆုံး total core meltdown ဖြစ်ပီး..ပိတ်လိုက်ရတာပဲရှိမယ်ဒါပေမယ့် ဒီဂရက်ကြောင့်နောက်ဖြစ်လာမယ့် ပြသနာက..ပိုကြိးမားပါတယ်

အဲ့ဒါတွေကတော့
ညူကလီးယား ဓါတ်ပေါင်းဖို အားလုံးကို ပိုပီး  အင်အားကြီးငလျှင်ဒါဏ်ခံနိုင်အောင်
အဆင့်မြှင့် ခြင်း ပြန်လည် စစ်ဆေးခြင်းတွေ လုပ်ရပါ့မယ်.. အဲ့ဒါက..နှစ်နဲ့ ချီပီး အချိန်ယူလိမ့်မယ်..အဲ့ဒီအချိန်အတွင်းမှာ ဂျပန်မှာ ညူကလီးယားဓါတ်ပေါင်းဖိုတွေက ရနေတဲ့ လျှပ်စစ်ဓါတ် မရတော့ဘူး အဲ့ဒါဟာ ဂျပန်ရဲ့..လျှပ်စစ်သုံးစွဲမှု..၁၅ ရာခိုင်နုန်းခန့်ကို..ဖြတ်တောက်ပစ်လိမ့်မယ်  ဒါဆိုရင်..ဂျပန်မှာ အဲ့ဒါကို ကာဗာဖြစ်အောင် လျှပ်စစ်သုံးစွဲခတွေ..တိုးကောက်ရမယ်..နောက်အခြား လျှပ်စစ် ဓါတ်ကို ထုတ်ပေးနိုင်တဲ့ စက်ရုံတွေ..ထပ်ဆောက်ဖို့လိုရင်လို လိမ့်မယ် ဥပမာ ဂက်စ်တာဘိုင် လိုဟာမျိုးပေါ့။ ဒါ့ကြောင့်..တခြားလောင်စာဈေးနုန်းတွေ..တက်လာလိမ့်မယ်.. ရေနံ။ ဂက်စ်..စတာတွေပေါ့.

ကဲစာရိုက်တာလဲ တော်တော်ရှည်သွားပီဗျာ ကိုယ်လဲ လက်တော်တော် ညောင်းသွားပါပီ။ ဒီနေ့တော့ဒီလောက်ပါပဲ..နောက်တခါကြမှ..လိုမယ်ထင်တာလေးတွေ..သိသင့်တယ်ထင်တာလေးတွေ..ထပ်ပြောပါဦးမယ်..စာဖတ်သူအပေါင်းအားကျေးဇူးတင်ပါတယ်..

မှတ်ချက်။ ။ ခုဆောင်းပါကို..အားလုံးအလွယ်တကူနားလည်လွယ်အောင် ဆီလျော်အောင်ဘာသာပြန်ခြင်းသာဖြစ်တဲ့အတွက်.အတိအကျနားလည်ချင်သူစာဖတ်သူတွေဆိုရင်တော့.အချက်အလက်အမှားအမှန်ကို.ဆောင်းပါးအစမှာ ဖေါ်ပြထားတဲ့.မူရင်း ဝက်ဆိုက်ရဲ့ဆောင်းပါးနဲ့တွဲဖက်ဖတ်ရှုပီး တိုက်ဆိုင်ကြည့်ပါရန် ပြောကြားလိုပါတယ်။

ကိုဆန်းမော် ( www.sannmaw.com )

6 comments:

  1. ကျန်းမာပါစေမင်္ဂလာပါ-
    စာဖေါင့်နဲနဲကြီးလို့ရရင်ကြီးပေးစေချင်တယ်-
    ရေးပေးလို့ဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။
    သတင်းဆိုတာမှန်တာကပိုကောင်းတာပေါ့ဗျာ-

    ReplyDelete
  2. ကိုစန်းမော်ရေ
    ကျေးဇူးတင်ပါတယ်
    တလုံးချင်းနားလည်အောင်အချိန်ပေးဖတ်ရပေမဲ့၊
    အတော်ကိုရှင်းလင်းသွားတာမို့
    နောက်ဆက်တွဲလည်းအချိန်ရရင်ရေးပါဦး

    ReplyDelete
  3. ဆရာရဲ့ စာရေးမှန်း မသိဘူး
    ခုတော့ အမြဲလာဖတ်တော့မယ်

    ReplyDelete
  4. သေသေချာချာရှင်းပြပေးထားတာတွေအတွက်ကျေးဇူးတင်ပါတယ်။
    face book မှာ share လုပ်လို.ရနိုင်ပါမလားခင်ဗျာ။

    ReplyDelete
  5. share လုပ်လို့ရပါတယ် ကြိုက်သလိုလုပ်ပါ။ ကျေးဇူးတင်ပါတယ်။
    နောက်ဆက်တွဲတွေ ဆက်လာမယ်ဗျ ကျော်နှင်းဆီလွင်ရေ။
    ကို/မဂျစ်တူကျေးဇူးတင်တယ်ဗျ။ ဖေါင့်ကိုအကြီးနဲ့ပြောင်းလိုက်ပါတယ်။
    စာအမြဲလာဖတ်မယ့်သူကိုလဲကြိုဆိုပါတယ်။

    ReplyDelete
  6. Thank you for sharing your wisdom & time.

    ReplyDelete