Wednesday 16 March 2011

Fukushima I Nuclear Power Plant and Its Reactor No(2)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No(2)

Fukushima Power Plan (1) Reactor No (2)

ပေါင်းဖိုနံပါတ်(၂) ရဲ့ အစဦး အခြေအနေမှာ ဒီဇယ်မီးစက် တောင်အလုပ်လုပ်သေးတယ်လို့သိရတယ်။ ဒါပေမယ့် တနာရီလောက်လည်ပီးရပ်သွားတယ်။ နောက် တခြားက အရေးပေါ်မလာတဲ့ ရွှေလျားမီးစက်နဲ့ ဆက်ပီး အအေးပေးစနစ်လည့်ပါတ်တယ်လို့သိ ရတယ်။ နောက် ပေါင်းဖိုထဲက..ရေလယ်ဗယ်ဟာ တည်ငြိမ်တယ် နည်းသွားတာ မတွေ့ရဘူး။ ဒါကြောင့် ပထမ ပိုင်းမှာ (၂) ဟာ အခြေအနေမဆိုးဘူးလို့ပြောလို့ရတယ်။

ဒါပေမယ့် အဲ့ဒီအခြေအနေဟာ မတ်လ (၁၄)ရက် ညနေ ၃း၂၉ မှာပြောင်းသွားတယ်။ အအေးပေးစနစ် ရပ်တန့်သွားပီး ရေလယ်ဗယ် ကျလာတယ်လို့သိရတယ်။ ဘာကြောင့် ရပ်သွားလဲဆိုရင် ရေပန့်စက်အတွက် လိုအပ်တဲ့ ဆီ
ကုန်သွားလို့ လို့သိရတယ်။ (ဒါနဲ စကားမစပ် ။ခုဂျပန်မှာ ဓါတ်ဆီ။ ဒီဇယ်ဟာ အရမ်းရှားနေပါတယ်။ ပိုက်ဆံရှိတိုင်းတောင် ဝယ်လို့မရပါဘူး။ နာရီပေါင်းတော်တော်ကြာအောင်တန်းစီ ရတယ်လို့သိရတယ်။ ကိုယ်ထင်တာ တော့ ညူစက်ရုံအတွက် ဆီက အရမ်းအရေးကြီးတော့ခွဲတမ်းစောင့်နေတာတော့ မဟုတ်လောက်ဘူး အခြားသော အကြောင်းအရာတခု ခု ကြေင့်သာ အချိန်မှိ မဖြည့်ဆီး နိုင်တာ ဖြစ်မယ်လို့ထင်တယ်။ ဘာကြောင့်ဆိုတာတော့ မသိဘူး)။ အဲ့လို ရေပြန် မဖြည့်နိုင်တဲ့ အတွက် ညူလောင်စာတောင့်ဟာ ရေပေါ်မှာ လုံးဝ ပေါ်လာတယ်လို့သိရတယ်။ ဒါ့ကြောင့် တချို့ပညာရှင်တွေက ညူလောင်စာဟာ full meltdown ဖြစ်သွားတယ်လို့တောင် ထင်ကြတယ်။

ဒါကြောင့် နံပါတ် (၂) ဟာ ပထမပိုင်းမှာ အခြေအနေကောင်းနေရာကနေ.ပြန်ဆိုးသွားတာဖြစ်တယ်။ မတ်(၁၄) မတိုင်ခင်ကဆိုရင် ကိုယ်တို့သတင်းနားထောင်လိုက်ရင် နံပါတ်(၁) နဲ့ နံပါတ်(၃) အကြောင်းကို အများဆုံးကြားရတာဖြစ်တယ်..နံပါတ်(၂) အကြောင်းသိပ်မပါဘူး။
မတ်လ(၁၄) ည ၁၀း၂၉ မှာတော့ ရေလယ်ဗယ်ကို ပေါင်းဖို တဝက်ထိ ပြန်လည်ဖြည့်လိုက်နိုင်တယ်လို့သိရတယ်။ ဒါပေမယ့် ညူလောင်စာဟာ ရေအောက်ကို လုံးဝ မြုပ်တဲ့ အဆင့်ထိတော့ မရောက်သေးဘူး။ ဒါကြောင့် သေချာပေါက်ကတော့ အနည်းငယ် သို့ ဒီထက်ပိုများတဲ့ meltdown ကတော့ ဖြစ်မှာ သေချာတယ်လို့ ပြောလို့ရတယ်။ နောက်ပိုဆိုးသွားတာက..ည ၁၁း၀၀ နာရီနောက်ပိုင်းမှာ လောင်စာတောင့်ဟာ ရေပေါ်ကို ဒုတိယအကြိမ်အနေ နဲ့ လုံးဝပြန်ပေါ်သွားပြန်ပါတယ်။ ဒီ(၂) ရဲ့အအေး ပေးစနစ်က ဘာလို့ရပ်သွားတာလဲ ဆိုတော့၊ မတ်လ(၁၄) မနက် ၁၁း၁၅ မှာ ပေါင်းဖို နံပါတ် (၃) မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု့ကြောင့်လို့သိရတယ်။ အဲ့ဒီပေါက်ကွဲမှု့ကြောင့် နံပါတ်(၂) ရဲ့ အအေးပေးစနစ်မှာ သုံးနေတဲ့ ပန့်. ၅ လုံးအနက် ၄ လုံးက ချက်ချင်းဆိုသလို ရပ်သွားတယ်။ နောက်ပိုင်းမှာ ၅ ခု မြောက် ပန့်လည်း ရပ်သွားတယ်။  ဒါကြောင့် ပေါင်းဖိုထဲက.ရေငွေ့တွေ အတော်များများ ကို ဖေါက်ထုတ်လိုက်ရတယ်။ အကျိုးဆက်အနေနဲ့ ရေလယ်ဗယ်ကျသွားတယ်။  ပိုဆိုးသွားတာက ရေပြန်ဖြည့်ပေးတဲ့ ဘက်က..အဆို့ကို မတော်တဆပိတ်မိလိုက်တဲ့အခါ ပြန်လည်အစားပေးတဲ့ ရေမရတော့တဲ့ အတွက် လောင်စာတောင့်ဟာလုံးဝရေပေါ်ပြန်ပေါ်လာတယ်။

ဒါဟာ ဒုတိယအကြိမ်ရေပေါ်ပြန်ပေါ်တာဖြစ်တယ်။ နောက်ပိုင်း မတ်လ(၁၅) သတင်းအရ ရေကို ၁.၂ မီတာရောက်အောင် ပြန်ဖြည့်နိုင်ပြီလို့သိရတယ်။
ဒါပေမယ့် ၁၅ ရက် မနက် ၆း၁၄ မှာ (၂) မှာ ပေါက်ကွဲမှုဖြစ်ပြီး ပေါင်းဖို့ရဲ့ အတွင်းပိုင်း က pressure-suppression system ပျက်စီးသွားတယ်လို့ယူဆရတယ်။ ဒါဟာ တတိယ ပေါက်ကွဲမှုဖြစ်တယ်။ ပထမ နံပါတ် (၁)၊ နောက် နံပါတ် (၃) နဲ့ ခု နံပါတ် (၂) တို့ပေါက်ကွဲ ခဲ့တယ်။ ဒါပေမယ့် နံပါတ်(၂)ပေါက်ကွဲမှု့ဟာ တတိယအကာ အတွင်းမှာဖြစ်တယ်လို့ပြောတယ်။

ဒါ့ကြောင့်နံပါတ် (၂) ရဲ့ အပြင်အကာအဆောက်အဦးဟာပျက်စီးသွားခြင်းမရှိတာကိုတွေ့ရမယ်။
၁၆ ရက် မနက်မှာတော့ လောင်စာတောင့်ပျက်စီးမှုဟာ ၃၃% လို့ကြေညာတယ်။
Reactor No (3) ဆက်လက်ဖေါ်ပြပါမည်။

ကိုဆန်းမော် sannmaw.com

No comments:

Post a Comment