Friday 18 March 2011

ပြင်ဆင်ချက်။ ။ ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

 

 

 

 

ပြင်ဆင်ချက်။ ။ ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

ပြင်ဆင်ဖတ်ရှုပါရန်။ နေ့လယ်က ရေးထားတာမှာ ပေါင်းဖို အမှတ်(၄) ဆိုပီးရေးထားတာ၊ ခု နောက်ဆုံးသတင်းအရ အမှတ်(၄) ကို မဖျန်းဖြစ်ပါဘူးတဲ့၊ ရဟတ်ယာဉ်ပေါ်ကနေရေဒီရေးရှင်းတိုင်းတော့ အမှတ်(၃)က ရေဒီရေးရှင်းပိုများနေတာတွေလို့ ပေါင်းဖိုအမှတ်(၃) ကိုပဲ ၄ ခေါက်ဖျန်းခဲ့တယ်လို့သိရပါတယ်။

(မှတ်ချက်။  ပေါင်းဖိုအမှတ်(၃)မှလဲညူလောင်စာကန်မှာအပူချိန်တက်နေလို့ အဲ့ဒီကိတ်စကိုအရင်ရှင်းနေရတယ်လို့သိရတယ်။ နောက်ပိုင်းရေဒီရေးရှင်းနည်းသွားမှ
သာ ပေါင်းဖို core အတွင်းကိုရေထိုးထည့် တဲ့ အလုပ်ဆက်လုပ်မယ်လို့ထင်ပါတယ်။)
နောက်တချက်ကလဲ ရဟတ်ယာဉ်နဲ့ဖျန်းတာဟာ မထိရောက်တဲ့ နောက်ပိုင်းမှာ မြေကြီးပေါ်ကနေပဲ မီးသတ်ကားတွေနဲ့ ဖျန်းဖို့ဆက်လက်စီစဉ်ခဲ့ပါတယ်။ အဲ့ဒီမှာ သင်္ဘောလို့ရေးခဲ့တာ မှားနေပါတယ်။ မီးသတ်ကားတွေနဲ့လို့ သိရပါတယ်။ အဲ့လိုမီးသတ်ကားနဲ့သတ်ရာမှာ ပထမ ရိုးရိုးမီးသတ်ကားနဲ့ ပက်ပေမယ့် ရေပန့်က ပေါင်းဖို(၃) ရဲ့လောင်စာကန်ကို မရောက်နိုင်လို၊ နောက်ပိုင်းမှာ လေယာဉ်မီးလောင်တာမှာသုံးတဲ့.အထူးမီးသတ်ကားလိုမျိုး ယာဉ်တွေ ၅ စင်းနဲ့ပြောင်းပီးဖျန်းခဲ့တယ်လို့သိရပါတယ်။
အဲ့လိုဖျန်းတာတော့ ထိရောက်တယ်လို့လဲသိရပါတယ်။

2 comments:

  1. They said the cables have been connected to run the cooling system. Do you think it will work?

    ReplyDelete
  2. TEPCO ကတော့ ရေပန့်စက်တွေ ခုစနေမှာ ပြန်စလည်စတင်နိုင်လောက်မယ်ဆိုပီးတော့ ပြောတာတော့ ဖတ်လိုက်ရတယ်ဗျ။ (ကိုဆန်းမော်)

    ReplyDelete