Friday 18 March 2011

ယနေ့ ညနေပိုင်းဂျပန်သတင်း




ခုညနေပိုင်းထိသိသလောက်သတင်းတွေကတော့

၁) ညူကလီယား အန္တရာယ်အဆင့်ကို တိုးလိုက်တယ်ကြားတယ်၊ အရင် ၄ ကနေ ခု ၅ လို့ပြောတယ်၊တနည်း အားဖြင့် ဒါဟာ အမေရိကန်က ၃မိုင်ကျွန်းအရေးအခင်းနဲ့ အဆင့် တူသွားပီ ပြောလို့ရတယ်။



၂) သေဆုံးသူအရေအတွက် ၆၅၀၀ ကျော်သွားပီ၊ ကိုဘေး ငလျင်တုန်းက သေတဲ့လူထက်များသွားပီ။

၃) နောက် ပါဝါလိုင် အသစ်ဆွဲပြီး ပေါင်းဖိုတွေက ရေစက်တွေကို ပြန်မောင်းဖို ဟာ ကတော့ နက်ဖြန် စနေ နေ့လောက်မှာ စနိုင်မယ်လို့ခန့်မှန်းတယ် လို့ TEPCO ကပြောတယ်တဲ့။

၎) မီးသတ်ကား တွေနဲ့ ပေါင်းဖို နံပါတ် ၃ ကို ရေပက်ဖျန်းတာကတော့ ဆက်လုပ်နေတုန်းပဲ၊ပေါင်းဖို ၄ မှာတော့ ရေရှိနေသေးတယ်လို့ယူဆလို့ ၃ ကို အရင်လုပ်နေတယ်ပြောတယ်၊ နောက်တချက်ကလဲ ပေါင်းဖို ၃ မှာ သုံးနေတဲ့ ညူလောင်စာက အန္တရာယ် အများဆုံးလို့ပြောပါတယ်။ သူက ရိုးရိုး ယူရေနီယမ်မဟုတ်ဘဲ ပလူတိုနီယမ်နဲ့ရောထားတာဖြစ်တဲ့အတွက် လူကိုထိရင် ပိုအန္တရာယ်များတယ်ပြောပါတယ်။

၅) အမေရိကန်က သူနိုင်ငံသားတွေ ပြန်ချင် ပြန်လို့ရအောင် စင်းလုံးငှားလေယာဉ် လွတ်လိုက်တယ်လို့ပြောတယ်။ by force တော့မဟုတ်သေးဘူးတဲ့။ နေချင်သေးတဲ့လူလဲ နေလို့ရတယ်ပေါ့လေ။

ဒါနဲ့စကားမစပ်မြန်မာပြည်မှာဆားဈေးတွေတက်နေတယ်ဆိုတာတကယ်ပါတဲ့..ဝယ်ချင်တိုင်းတောင် ဝယ်လို့မရတော့ပါတဲ့။ တချက်ကတော့ တရုတ်နယ်စပ်က ဈေးကြီးပေးဝယ်နေလို့ပါတဲ့။ ဈေးကတော့ ၅ ဆလောက်တက်သွားပီပြောတာပဲ။ ကိုယ့်ကိုတော့ မန်းလေး ကသူငယ်ချင်းတယောက်ကပြောတာပါ။



ညပိုင်းသတင်းထူးရင်တခါ ထပ်တင်ပေးပါ့မယ်။
သတင်းကောင်းတခုကတော့
လစ်ဗျားမှာလဲ no-fly zone လုပ်မယ်ဆိုတာ UN ကအတည်ပြု့လိုက်ပီလို့ပြောပါတယ်။ တော်သေးတာပေါ့ဗျာ။
သေမယ့်လူတွေ နည်းကုန်တာပေါ့။
 
စာလာဖတ်တာ ကျေးဇူး၊

ကိုဆန်းမော် ( sannmaw.com )

3 comments:

  1. ကျေးဇူးပါ

    ReplyDelete
  2. အမာခံ့ပရိသတ်ရှိသကိုး။

    ReplyDelete
  3. thks a lot,ako....we get many knowledge from ur web page...wanna read more n more....

    ReplyDelete