Friday 18 March 2011

ဖူကူရှီးမားကြောင့် ဂျပန်အစိုးရ တရုတ်ရဲ့ နှပ်ပစ်ခံရခြင်း

 

 

 

ဖူကူရှီးမားကြောင့် ဂျပန်အစိုးရ တရုတ်ရဲ့ နှပ်ပစ်ခံရခြင်း


ဇတ်လမ်းကတော့ အတော်အခံရခက်ဖို့ကောင်းပါတယ်။ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးနေမယ်။
တရုတ်ကွန်မြူနစ်ဟာ ဘယ်တုန်းက မှ နိုင်ငံတကာ ကိုအသိမပေးပဲ (နောက်ဆုံးသူ့နိုင်ငံသားတွေတောင် အသိပေးတာမဟုတ်ဘူး၊တိုင်းပြည်တိုးတက်အောင်လုပ်တာတော့ မှန်တယ်။ ဒါပေမယ့်သူလုပ်ချင်ရာလုပ်တဲ့ ၊ပြည်သူလူထု့ကိုမျက်စိပိတ်နား ပိတ်။ ဟိုဟာပိတ်၊ဒီဟာပိတ်၊အင်တာနက်လိုဟာမျိုးတောင်ပိတ်ထားတယ်။ အဲ့လိုလုပ်ထားတဲ့အစိုးရပါ) လုပ်ချင်ရာလုပ်တဲ့သူကလာပီး၊ ဂျပန်အစိုးရကိုအပြစ်တင်သတဲ့ဗျိုး၊ ကြားလို့မှကောင်းကြသေးရဲ့လား၊ အရပ်ကတို့ရေ။



ဖြစ်တာက ခု တရုတ်မှာလဲ သွေးပျက်ပီး အိုင်အိုဒင်းဆားတွေ..ပြတ်လပ်ကုန်တဲ့အထိ ဝယ်ကုန်ကြပီဆိုပဲ၊ ဒါကို တရုတ်အစိုးရက လူတွေက မလိုသေးပါဘူး မဝယ်ကြပါနဲ့ဦး၊ ဒါဟာတရုတ်ပြည်နဲ့အဝေးကြီးပါ.လေကလဲ တခြားဘက်ကိုတိုက်နေပါတယ်။ တကယ်ရောက်လာခဲ့သည်ရှိတောင်အန္တရာယ်မရှိနိုင်ပါဘူး ဘာညာ တားတယ်ပေါ့ဗျာ။ တားလဲ တားတားပဲ ဝယ်တဲ့ လူတွေကလဲ ဂရုမစို်က်ဘူး။ ကိုယ့်ရှိမှ ကိုယ်စားရတာ ၊သူများအားကိုးလို့မရဘူးလို့ ဘဝပေးအသိနဲ့တွေးကြပုံရတယ်။
ကြည့်ရတာ သူတို့လဲ သူတို့အစိုးရကို မယုံဘူးနေမှာပေါ့။ ကိုယ်တို့ဆီကလူတွေကြနေတာပဲ။ဒါနဲ့ အိုင်အိုဒင်းဆားတွေ အလုအယက်ဝယ်ကြလေသတည်းပေါ့ဗျာ။ တရုတ်အစိုးရကလဲ..ဒါသူတိုင်းပြည်က လူတွေ သူ့မယုံတာ သူ့အပြစ်မဟုတ်ဘူး။ ဂျပန်ကောင် အစိုးရ သတင်းထိမ်ချန်တယ်ပေါ့။ ခင်ဗျားတို့ဒီလို လုပ်လို့ ကျုပ်လူတွေတောင် ကျုပ်ကိုမယုံဘူးတွေ၊ ဘာတွေ ဖြစ်ကုန်တယ်။
ကြေညာချက်ထုတ်တယ် ဂျပန်အစိုးရ ပွင့်လင်းသင့်ပါတယ်။ ဘာညာပေါ့။ မိုက်လားဗျ ကြေညာချက်က။

တရုတ်မှာ လဲ ဝယ်တာ အတော်ဆိုး ဆိုပဲဗျ။ စူပါမားကတ်တခုဆို အရင်ဆားထားတဲ့နေရာက အကုန်ရောင်းကုန်လို့ စင်ရဲ့ အဆင့် ၅ ဆင့် လုံး ဆန်အိတ်တွေနဲ့ ဖြည့်လိုက်ရတယ်တဲ့။ ဟော နောက်တဆိုင်ကြတော့ လာဝယ်တဲ့ လူတွေဆီက ပိုက်ဆံကြိုပီး စဘော်တောင်းထားသတဲ့ ၊ဒီနေ့တော့ ကုန်နေပီ။ ရတဲ့အချိန်ကြရင်ချန်ထားမယ်ပေါ့။ ကျုပ်တို့ပြည်မှာဆိုရင်တော့ ဘာတဲ့လေပါတ်ကားခေါ်မလား ။ ပစည်းက မရှိသေးဘူး လေနဲ့ ရောင်းထားလို်က်ပီ။ တရုတ်မှာ ဆိုတော့ တရုတ်လေပါတ်ကားပေါ့။ တော်တော်များများက ဘယ်ကနေအိုင်အိုဒင်းဆား အကြောင်းကို သိလဲ ဆိုတော့ QQ ချက်ကနေသိတာတဲ့ ၊ အဲ့ဒီ chat က တရုတ်မျာ တော်တော် ခေတ်စားတယ်ဆိုပါ့လား။

နောက်တရုတ်အဖွားကြီး တယောက်ကတော့ သူ့သမီး ကျောင်းဆရာမကို ကုန်တိုက်သွားပီး ဆားဝယ်ခိုင်းတာ၊ ဟိုကျောင်းဆရာမ တဆိုင်လဲမရ၊ နောက်တဆိုင်လဲ မရ နဲံ သုံးလေးဆိုင် လောက်ရှာပီးတော့ သူလဲစိတ်မရှည်တာပြန်လာပီး။ သူအမေကို မရဘူးပေါ့။ ခုမရလဲအရေးမကြီးသေးပါဘူး။ ဂျပန်နဲ့ကလဲ အဝေးကြီးပါ ဘာညာသူ့အမေ သက်သာအောင်ပြောတာ နေမှာပေါ့ဗျာ။ အဲ့ဒါကို အဖွားကြီးက မရခဲံ့လိုဆို ခီးနေတာကနေ။ သူ့သမီးပြောတာကြားတော့။ ငါ့ကို လက်ချာ လာရိုက်မနေနဲ့လို့ပြန်ပြောလိုက်သတဲ့။

အင်းကြားတာတော့ တရုတ်တင်မဟုတ်ဘူး။ ကိုရီးယားမှာ လဲ ဒီလိုပဲ တဲ့ ဆားပြတ်လတ်နေပီးပြောတယ်။ လူတွေလဲသွေးပျက် လာရင်မလွယ်ဘူးနော်... လုပ်ချင်ရာလုပ်ကြတာပဲ။

ဒါနဲ့ သတင်းကောင်းတခုကတော့ ခုညပိုင်း NHK ကနေ မိုးလေဝသ သတင်းကြေညာတာ နားထောင်လိုက်ရတယ်။ ကောင်းတယ်ဗျာ ။ လေက အနောက်ဘက်ကနေ. အရှေဘက်ကိုတိုက်မယ်တဲ့ အနည်း ဆုံး ၃ရက်လောက်တော့ ကြာမယ်ထင်တယ်။ ဆိုလိုချင်တာက ဒါဆိုရင် ၃ရက်စာတော့ စိတ်ချသွားရပီပေါ့။ ရေဒီယိုသတ္တိကြွပစည်းတွေက ပင်လယ်ထဲကိုပါသွားတော့မှာ ဆိုတော့ ။  ဒါပေမယ့် ဒီချိန်ဆို အမေရိကားက လူတွေ.သွေးပျက်ကလှည့်လားမသိဘူး။ ဘာလို့ဆို အဲ့ဖက်မှာ ပင်လယ် ကျော်ပီးရင် အမေရိကားရောက်တာကိုးဗျ။

 နောက် ကျူးပစ် မှာ လဲ ကောလ ဟလ တင်ထားတာ တွေ့လိုက်ရတယ်။ ဘာတဲ့ ခု မြန်မာ ပြည်မှာကျတော့ ရိုးရိုးဆားတွေ ဈေးတက်နေပီတဲ့ ။ ဘာလို့လဲဆိုတော့ ဂျပန်က ညူကလီးယားတွေ ပင်လယ်ထဲစိမ့်ဝင်လာရင် နောက်ထုတ်မဲ့ ဆားတွေမှာ ရေဒီယိုဓါတ်တွေပါလားမှာ ဆိုတော့ ခုကင်းကင်းရှင်းရှင်းဟာ ကို ဝယ်ထားမှ ဖြစ်မယ်ဆိုလားပဲ။ ဟုး လွယ်ဘူးဗျ..လွယ်ဘူး..ပြောတော့ မရဘူးဗျ. အသိဥာဏ်မရှိရင် သူများပြောသမျှဟုတ်နိုးနိုးဆိုတာကိုး။ မြန်မာပြည်မှာ ကလဲ မျက်စိပိတ် နားပိတ်ဆိုတော့ ဟုတ်ချင်လဲ ဟုတ်နေမှာပဲ။ ဂျပန်အစိုးရ ကံကောင်းသွားတာက၊ သူကရိုးရိုးဆားဆိုတော့ အလွယ်နဲ့ကုန်စရာအကြောင်းမရှိတော့ ကိုယ်တို့အစိုးရက ဂျပန်အစိုးရ ကို အပြစ်တင်စရာမလိုတော့ဘူးပေါ့ဗျာ။ နို့မဟုတ်ရင် သူလဲ ဂျပန်အစိုးရ ပွင့်လင်းသင့်ပါတယ် လုပ်နေဦးမယ်။

ဘယ်သူကံကောင်းတာလဲတော့ မသိဘူး။ တချို့လူတွေ ကံဆိုးပေမယ့် တချို့ကြတော့သိပ်ကံကောင်းတယ်ဆိုတဲ့ ချစ်ကောင်းသီချင်းပဲ ဆိုနေရတော့မယ်ထင်တယ်။ ပိတ်သတ်ကြီးတို့ရော ဘယ်လိုထင်လဲ ဗျ။
ကဲဘာပဲပြော ကိုယ်ကတော့ အားလုံးကံကောင်းစေချင်ပါတယ်။

ကိုဆန်းမော် (sannmaw.com)


4 comments:

  1. I guess I should make a move to buy iodine salt tomorrow. You never know, we live in DR in Carribean. We felt an earthquake the day before yesterday it was 5.4 scared to death but it was okay. Thanks for the interesting postings. Please keep writing.

    ReplyDelete
  2. အမှန်တော့ တရုတ်ပြည်သူတွေက ဂျပန်အစိုးရထက်သူတို့အစိုးရကိုပိုပြီးမယုံတာ ထင်ပါတယ်။ တခုခုဖြစ်လာရင် အစိုးရကိုထိုင်စောင့်နေတာထက် ကြိုတင်ကာကွယ်ထားတာကောင်း၏ဆိုပြီး ဆားတွေကြိုဝယ်ထားတာပေါ့။ဒါပေမဲ့ ဂျပန်အစိုးရအတွက်တော့ တရုတ်အစိုးရအဲလိုပြောလိုက်တဲ့အတွက် သူ့မှာဘာထိခိုက်မှုမှမဖြစ်သွားပါဘူး။ အခုလက်ရှိသူ့အတွက်အရေးကြီးဆုံးတာက သူ့တိုင်းပြည်ကပြသနာတွေအရင်ဖြေရှင်းဖို့ပဲ။ သူ့ကိုဂျပန်ပြည်သူတွေက ယုံကြည်မှုရှိနေဖို့ကသူ့အတွက် ပိုအရေးကြီးပါတယ်။

    For your references, see what Malaysian PM's wife say on japan disaster,

    http://ireport.cnn.com/docs/DOC-571969?ref=email

    ReplyDelete
  3. တကယ်ရင်ဆိုင်နေရတဲ့ ခေါင်းဆောင်တွေကိုလည်း နားလည်ပါတယ်၊ ပြည်သူတွေကိုလည်း စာနာမိပါရဲ့။ ဆုတောင်းပေးရုံပဲ တတ်နိုင်တော့ သစ္စာဆို မေတ္တာပို့ရုံပဲရှိတာပေါ့။

    ReplyDelete
  4. ဆားသည်မဟုတ်တော့ကံမကောင်းလိုက်ဘူးဗျာ.

    ReplyDelete