Saturday 19 March 2011

Perigee Moon (or) Super Full Moon





ဒီနေ့ 19 March 2011. စနေနေ့ညမှာ ထွက်မယ့် .. လ.. ကနှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံးဖြစ်မယ် ဆိုပါ့လား။ ကြည့်ဖြစ်အောင် ကြည့်ပါတဲ့ CNN မှာ ဖတ်လိုက်ရတယ်။ ဒါကိုလွတ်သွားရင်  နောက်တကြိမ်ဒါမျိုးပြန်မြင် ရဖို့ ၂၀၂၉  ထိထပ်စောင့်ရမယ်ပြောတယ်။


တချို့ပညာရှင်တွေကလဲ ဒီလို အလွန်တရာကြီးမားတဲ့ လပြည့် ဖြစ်တဲ့ အချိန်မှာ ဆိုရင် ငလျင်ကြီးတွေ လှုပ်တတ်တယ်လို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ လ.က ကမ်ဘာနဲ့ နီးလာတယ်မဟုတ်လား။ အဲ့လိုဆိုတော့ လဆွဲအားကြောင့်

ကမ်ဘာမြေကြီးထဲက ကျောက်လွှာထုတွေကို သက်ရောက်တဲ့ ဆွဲအား များလာလို့ ဘာညာ၊ ဘာညာ... စသည့်ဖြင့်ပေါ့လေ၊ပြောကြပါတယ်။

ပညာရှင်တော်တော်များများကတော့ အဲ့လိုပြောတာ သက်သေအထောက်အထားမလုံ လောက်ဘူးလို့လဲပြော ပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်ကြီးတွေ လှုပ်ခဲ့တဲ့ အဖြစ်တွေကို ပြန်ကြည့်လိုက်ရင် ဒီလိုလပြည့်နေမျိုး မဟုတ်လဲ လှုပ်ခဲ့တာမျိုးရှိပါတယ် ဆိုပီး ပြန်လည် ထောက်ပြပြော ဆိုတာတွေလဲ တွေရတယ်။

ဘာပဲပြောပြော.. အလွန်ကြီးပီး နှစ် ၂၀ လောက်မှာ တကြိမ်လောက် မြင်ရတဲ့ ..လ..ကိုတော့ စောင့်ကြည့် ပြီး၊ အဲ့ဒီလရောင်အောက်.လဟာပြင်..မှာ တီးဆိုင်ထိုင်ရင်းဖြစ်ဖြစ်၊ ဘီယာလေးစုပ်ရင်း ဘော်ဒါတွေနဲ့ စကားပြောလိုက်၊ အမြည်းလေးစားလိုက်နေရရင်သော်လည်းကောင်း.. ဒါမှမဟုတ် အိုမာခရမ်ရဲ့ကဗျာ ထဲကလိုစာသားနဲ့
  ခပ်ဆင်ဆင် ချစ်သူတယောက်၊ ဝိုင်တခွက်.ကဗျာတအုပ်နဲ့ လရောင်ဆမ်းတဲ့သစ်ပင်အောက်မှာ ငြိမ့်လိုက်ရတယ်ဆိုရင်လဲ မဆိုးဘူးနော့်။

ဒီလိုစိတ်ကူးရင်ပီး တကယ်လုပ်နိုင်တဲ့သူတွေလုပ်လို့ရအောင် လက်တို့လိုက်တာပါဗျာ။ ကိုယ်တို့ကတော့ လုပ်နိုင်သေးပါဘူး၊ လောလောဆယ်တစ် ယောက်ထဲ..ဖုန်းမောင့် တစ်ကိုယ်ထဲပေါ့ဗျာ။
အားလုံးပဲ လရောင်ခံစား ကြည်နူးနိုင်ကြပါစေဗျာ။

ကိုဆန်းမော် (sannmaw.com)

9 comments:

  1. sorry for you. OK will make sure I see the moon tonight. Thanks. H

    ReplyDelete
  2. တို့ကြည့်ခဲ့တယ်။

    ReplyDelete
  3. ဘယ်သူလဲ တို့အရှေ့ကဝင်သွားတာ။

    ReplyDelete
  4. မနက်ဖြန်ညလဲကြည့်ရမယ်ဝေ့. စနေနေ့ည. လမ်းပေါ်မှာ ဒန်တန့်တန်.

    ReplyDelete
  5. အဲ.ငလျင်မလှုပ်ဘို့တော့လိုတယ်။ ဟူး။

    ReplyDelete
  6. တစ်ယောက်ထဲလဲပျော်လို့ရတာဘဲ.ပျော်တတ်ရင်ပေါ့။

    ReplyDelete
  7. Yeah I've seen it. It's mid night here and shinning so bright.I thought I've seen bigger moon than this before 5 years ago in Lashio. But this is also pretty big and so beautiful. H

    ReplyDelete
  8. ဘာဖြစ်လို့သူက အနားကပ်လာတာလဲ၊
    သူအနားကပ်လာတာ အန္တရာယ်များပါဘိသနဲ့၊
    ဟင်း သိပ်မကပ်နဲ့ (လ ကို ပြောပါတယ်)။

    ReplyDelete
  9. လကိုကြည်.ပီးပီ။
    ဂျပန်ပြည်ကြီးအမြန်ဆုံးအဆင်ပြေပါစေလို.ဆုတောင်းနေပါတယ်။ဝိုင်၂ပုလင်းဝယ်ထားတယ်။အားလုံးအဆင်ပြေသွားရင် အိုမာခရမ်ထဲကလိုမျိုးဝိုင်တင်မကပါ ဘီယာပါတိုက်ဦးမယ်။ဂျပန်ကိစ္စအဆင်ပြေဖို.ဆုတောင်းပေးပါ။ :)
    MMYK

    ReplyDelete