Saturday 19 March 2011

Three Mile Island (TMI) Nuclear Accident or China Syndrome





ကဲ ဟိုတလောကကိုယ် ပြောထားတဲ့ ၃မိုင်အရေးအခင်းလာပါပီဗျာ။ ခု ဂျပန်မှာလဲ အဆင့်(၅) သတ်မှတ်လိုက်တယ်ဆိုတော့၊ ဖြစ်တဲ့လယ်ဗယ်ချင်းတူသွားပီ ဆိုတော့ ဖတ်ရတာ ပိုစိတ်ဝင်စား ဖို့ကောင်းမယ်လို့ယူဆပါတယ်။စဖြစ်တာကတော့ ၁၉၇၉  မတ်လ ၂၈ရက် မနက် ၄နာရီပါ။ အမေရိကန်.ပန်ဆင်လ်ဗေးနီးယားပြည်နယ်. ဟယ်ရစ်ဘာဂ် မြို့နားက ၃မိုင်စက်ရုံမှာပါ။



ဘယ်လိုကနေစဖြစ်တာလဲဆိုတော့ ဖိအားများရင်ပွင့်ရမယ့် အဆို့ကစတင်တာပါ။ သူကဖိအားများလို့တော့ ပွင့်သွားပါတယ်။
  ဒါပေမယ့် ပီးရင်ပြန်ပိတ်သွားရမှာကို မပိတ်ပဲဖြစ်နေတာပါ။ ဟုတ်မပိတ်တော့ဘာဖြစ်လဲ။ ဘာဖြစ်လဲဆိုတော့ ရေငွေ့တွေ ဆက်ထွက်နေတော့ အ အေးခံရမယ့် ရေတွေအငွေ့ပျံပီးပါသွား တဲ့အတွက် အထဲမှာ ရေနည်းလာတာပေါ့။ဒါနဲ့ရေအတော်များများထွက်ပီးသွားတဲ့ အချိန်မှာတော့ မီးတွေမှိတ်
တုတ် မှိတ်တုတ်။ အချက်ပေးသံတွေမည်နဲ့ စတင်အချက်ပေးပါတော့တယ်။


အဲ့ဒီခေတ်တုန်းက ဒီလောက်ခေတ်မမှီသေးတော့ အော်ပရေတာတွေ ကလဲ ကွန်ထရိုးခန်းကနေ ဒီအဆို့ရှင် ကြောင်နေတယ်ဆိုတာ အဲ့တုန်းက မသိပါဘူး။ sensor တွေကလဲမရှိ သေးတာနေမှာပေါ့။သူတို့သိတာ ဘာရှိလဲဆိုတော့။ တစုံတခုတော့ မှားနေပီဆိုတာ သိပါတယ်တဲ့။ ဟုတ်ကဲ့သိမှာပေါ့ အဲ့ဒါတော့..Alarm တွေ မီးတွေ က ဆက်တိုက်အော်နေ.. အချက်ပြနေတာကိုး။ ဒါနဲ့သူတို့က ဘယ်လိုယူဆလဲ ဆိုတော့ကာ
  ပေါင်းဖိုထဲမှာ ရေအေးတွေ အရမ်းများနေတယ်ထင်လိုက်ပါတယ်။ ဒါနဲ့ အရေးပေါ်အအေးပေးတဲ့စက် ကို ပိတ်ချလိုက်တယ်တဲ့။ ဆိုတော့ကာ အအေးပေးတဲ့ရေ နည်းနေတဲ့အချိန်မှာ အအေးပေးစက်ကိုပိတ်ချလိုက်တော့ အဲ့ ဒီ အေးအောင်ထည့်ပေး နေရမယ့်ရေကိုမထည့်တော့ ရေ ပိုနည်းသွားတာပေါ့ဗျာ။ ပိုဆိုးသွားပါတယ်။ ဒါဟာ ဒီအရေးအခင်းကို ဖြစ်ပေါ်စေတဲ့အချက်ပေါ့။ လုံးဝလုပ်သင့်တာနဲ့ပြောင်းပြန်လုပ်ချလိုက် ပါတယ်။ နောက်ပိုင်းမှာ အော်ပရေတာတွေ ဟာရက်တော်တော်များများ ကြာအောင်ပဲ ဒီ meltdownဖြစ်တဲ့ဟာကို နည်းနိုင်သမျှနည်းအောင် ကြိုးစားလုပ်ကို်င် ရပါတော့တယ်။



ဒီနောက်ပိုင်းမှာတော့ ဒီစက်ရုံကိုပိတ် အန္တရာယ်ရှိတဲ့ ဟာတွေဖယ်ရှား ဘာညာလုပ်ကိုင်ရတာ ၁၂နှစ် အချိန်ကြာပီး အဲ့တုန်းက ဒေါ်လာ ၉ ၇၃ သန်း ကုန်ကျခဲ့ပါတယ်တဲ့။ ဒါပေမယ့် ကံကောင်းသွားတဲ့အချက်တချက်ကတော့ ရေဒီရေးရှင်း နည်းနည်းလေးပဲထွက်ခဲ့ပါတယ်။ ပီးတော့ နောက်ပိုင်းလေ့လာချက်တွေအရဒီအဖြစ်အပျက်ကြောင့် ကျန်းမာရေး နဲ့ပါတ်သက်ပီး ဆိုးဆိုးဝါးဝါးထိခိုက်တာ တွေမရှိခဲ့ကြောင်းပြောပါတယ်။ ကင်ဆာရောဂါဖြစ်တာတွေ တိုးမလာဘူး။ မြုံသွားတယ်ဘာညာဆိုတာလဲမတွေ့ခဲ့ရဘူးတခြားရေဒီရေးရှင်းနဲ့ပါတ်သက်တဲ့ရောဂါတွေလဲသိသိ သာသာတက်မလာခဲ့ပါဘူးတဲ့။

နောက်ပိုင်းမှာ ဒီစက်ရုံကိုပြန်လည်ပါတ်ပေ မယ့် နှစ်ပေါင်းများစွာကြာပီးမှ လို့ပြောပါတယ်။ အရည်ပျော်သွားတဲ့ပေါင်းဖိုကိုတော့ ဒီအတိုင်းထားပီး နောက်ထပ်အသစ်တည်တယ်ထင်ပါတယ်။
အဲ့ဒီအရေးအခင်းဖြစ်တော့ ပြည်နယ်အုပ်ချုပ်ရေးမှုးက ကိုယ်ဝန်ဆောင်တွေ. ကလေးတွေကို ချက်ချင်းဖယ်ရှား ပါတယ်။ နောက်ပိုင်းမှာ တော့ ဖယ်ရှားတဲ့လူပေါင်း ၇၅၀၀၀ ထိရောက်သွားတယ်ပြောတယ်။ သူကပြောတာတော့ အန္တရာယ်တော့ မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့သဘောဆိုပီးပြောပါတယ်။
လူတွေကို အတင်းပြောင်းခိုင်းတာတော့မဟုတ်ဘူး ကိုယ့်သဘော နဲ့ ကိုယ် ဆုံးဖြတ်ခိုင်းတယ်လို့ပြောတာပဲ။ တချို့လဲ ဆက်နေတယ်။ တချို့လဲသွားတယ်ပေါ့။ ဘယ်သူကမှတော့ အဲ့ဒီအချိန်မှာ ဘာကအမှန် ဆုံးဖြတ်ချက်ဆိုတာ သေချာမသိပါဘူးတဲ့။ ခုတိုကျိုမှာဖြစ်သလိုနေမှာပေါ့ဗျာ။ထင်တာပဲ။ဟုတ်လားတော့မသိဘူး။


ဖြစ်ပီး ၅ ရက်မြောက်မှာတော့ အမေရိကန်သမတ ဂျင်မီကာတာ လာကြည့်ပါတယ်။ လာတဲ့ ရည်ရွယ်ချက် ကတော့ နိုင်ငံသားတွေနဲ့ နိုင်ငံတကာကို အခြေအနေတွေ စိုးရိမ်စရာမရှိကြောင်း။ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင် နေကြောင်းပြချင်လို့လာတာ လို့သိရပါတယ်။ ဘာလို့လဲဆို အဲ့ဒီအချိန်မှာ တော်တော်များများကလန့် နေကြပါပီ။ မလန့်တဲ့ လူတွေလဲရှိသေးတာပေါ့လေ။ ဒါပေမယ့် သူအဲ့လိုလာလည်ပီးမှ ခုန မလန့်တဲ့ လူတွေတောင် လန့်ကုန်တယ်ပြောတယ်ဗျ. မလန့်ပဲ နေမလား။ သူက ဘယ်လိုလာသလဲ ဆိုတော့၊ အကာအကွယ်တွေ. အဖုံးအအုပ်တွေ နဲ့သေသေချာချာကာကွယ်ပီးမှစက်ရုံထဲဝင်တယ်ဆိုပဲ။ အဲ့တော့ ဒါကို တီဗွီမှာ မြင်လိုင်ရတဲ့ လူတွေကစဉ်းစားပီပေါ့ဗျာ။


ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကြောင့်လူတွေ မသေခဲ့ဘူးဆိုပေမယ့် အမေရိကန်သမိုင်းမှာ တော့ တော်တော်များများမေ့မရခဲ့တဲ့အဖြစ်ပါ။ဒီအဖြစ်အပျက်ကြောင့်အမေရိကန်ရဲ့ ညူပေါင်းဖိုတည်ဆောက်မှု့တွေဆယ်စုနှစ်နဲ့ချီပီးတုန့်ဆိုင်းသွားပါတယ်။ဆောက်လက်စက်ရုံတွေ. လည်ပါတ်နေတဲ့ စက်ရုံတွေကိုစစ်ဆေးရေးတွေ.. ညွှန်ကြားချက်အသစ်တွေ၊ပေါ်လစီအသစ်တွေနဲ့
  တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါတော့တယ်။ ပိုကောင်းသွားတာပေါ့ဗျာ။ မဟုတ်ရင် ဒီလိုမဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးတာ တွေဖြစ်လာနိုင်ပါတယ်။ အပ်နဲ့ ထွင်းရမှာကို ပုဆိန် နဲ့ ပေါက်ရကိန်း တွေပေါ်လာနိုင်ပါတယ်။အမေရိကန်ကတော့ အဲ့ဒီနောက်ပို်င်းမှာ ညူကနေ စွမ်းအင်ထုတ်တဲ့ စီမံကိန်းတော်တော်များရပ်ဆိုင်းလိုက်ပီး။ တခြားဘက်တွေကို ပဲ ဦးစားပေးတော့ တယ်ကြားတယ်။ ဒါ့ကြောင့် ရေနံဈေးတွေ.. ကျောက်မီးသွေးဈေးတွေ တက်လာတာ။ အသုံးများလာတာနေမယ်။ အဲ့ဒါတွေ သုံးတော့လဲ ဘာပြသနာတက်လဲဆိုတော့ ကမ္ဘာကြီးပူနွေးလာ မှု့ဆိုတာကြီးက အချိန်နဲ့ အမျှပြသနာတက်လာနေပါတော့တယ်။ဆိုတောို့ယ်တို့ဘယ်လိုနေကြရင်ကောင်းမယ်ထင်ပါသလဲ။ ထင်မြင်ချက်လေးတွေရေးခဲ့ကြပါဦးဗျ။


ကဲကမ္ဘာကြီးအေးချမ်းပီး.ရေဒီရေးရှင်းတွေလဲနဲ့ပါစေဗျာ။

ကိုဆန်းမော် (sannmaw.com)

1 comment:

  1. ကမ္ဘာမြေငြိမ်းချမ်းပါစေ။

    ReplyDelete