Saturday 19 March 2011

Today update news for Japan Nuclear Plant






၁) သတင်းကောင်းကတော့ စက်ရုံကို ဆွဲနေတဲ့ မီးလိုင်းရောက်သွားပီ အဲ့ဒီမီးနဲ့ ပေါင်းဖို ၂ကရေပန့်ကို ကို အရင်စလည်အောင် လုပ်ပီး နောက်ပိုင်းမှာ ပေါင်းဖို ၁..၃..၄ ဆက်လုပ်သွားမယ်လို့ပြောတယ်။ နောက် ပေါင်းဖို ၅ နဲ့ ၆ မှာလည်းအရင်အရေးပေါ်မီးစက်နဲ့လည်နေတာကနေအပိုစက်တွေလည်းထပ်လည်နေပီလို့ပြောပါတယ်။ 

အဆိုးဆုံးအလွန်ဆုံးဖြစ်နို်င်တာကတော့ချာနိုဘိုင်းမှာ ဖြစ်ခဲ့သလို မျိုးထိဖြစ်လာပီး ဆိုရင် တော့
စက်ရုံတခုလုံးကို သဲတွေ၊ ကွန်ကရစ်တွေ စတာတွေနဲ့ဖို့ဖြစ်လိုက်ပီး ရေဒီရေးရှင်းအပြင် ထွက်မလာအောင် လုပ်ဖို့ပဲ ရှိတော့တယ်လို့ တချို့ကလဲ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် အဲ့ဒါက တော့ အဆိုးဆုံးအခြေအနေ ဖြစ်လာရင် သုံးမယ့် နည်းလမ်းသာ ဖြစ်ပီး ခုချိန်ထိတော့ သုံးစရာမလို သေးပဲ ကြိုးစားနေကြတုန်းပါ။ အဆင်ပြေသွားမယ်ထင်ပါတယ် ခင်ဗျာ။

၂) သတင်းဆိုးကတော့ ဖူကူရှီးမားခရိုင် က နွားနို့် နဲ့ အီဘရကီ ခရိုင်က spinach လို့ခေါ်တဲ့ အရွက် မှာ (မြန်မာလို့တော့ ကိုယ်မသိဘူး၊ သိသူများပြောသွားကြပါ။) ရေဒီရေးရှင်း တွေ့ပါတယ် ပြောတယ်။ စားရန်သင့်တော်သောလယ်ဗယ်ထက် များနေတယ်ပြောတယ်။

၃) ၈ရက်ကြာပီးတဲ့အချိန်မှာ အသက်ရှင်သူတယောက်ထပ်တွေ့တယ်ပြောတယ်။ ဝမ်းသာစရာ ပေါ့ဗျာ။
ကဲ အားလုံးသတင်းကောင်းလေးများ နားထောင်နိုင်ပါစေဗျာ။
ကိုဆန်းမော်။ (sannmaw.com)

2 comments:

  1. Spinish is kind of like "Bar Gyi Ywet" the vege we grow at home. But not exactly the same; a little bit different from that. H

    ReplyDelete
  2. spinach is "Hin Nu Nwe"

    ReplyDelete