Thursday, 17 March 2011

Reactor No (4) မှာဘာတွေဖြစ်နေတာလဲ




 

Reactor No (4) မှာဘာတွေဖြစ်နေတာလဲ


ရက်တွေကြာလာတာနဲ့ အမျှ ဓါတ်ပေါင်းဖို တွေရဲ့ အန္တရာယ်ပေး နိုင်မှုတွေလဲ ပြောင်းလိုက်လာတယ်။ ပထမ တုန်းက (၁) နောက် (၃)၊ ပီးတော့ (၂) နောက်တခါ (၃) ကိုပြန်ရောက်သွားတယ်။ ဟော ခု နောက်ဆုံးအခြေအနေကတော့ ပေါင်းဖို နံပါတ် (၄) ပါ။ သိသလောက်တော့ ပေါင်းဖို နံပါတ်လေး က အခြေအနေက အဆိုးဆုံးပဲ။ ဘာလို့လဲဆို ကိုယ်အရင်တုန်းက ပြောခဲ့တယ်မဟုတ်လား၊ ပေါင်းဖို ၁၊ ၂၊ ၃ ဟာ လည်ပါတ်နေတဲ့ အခြေအနေကနေ အရေးပေါ်ရပ်လိုက်ရပီး အအေးပေးစနစ်တွေ ပျက်စီးသွားလို့ တက်လာတဲ့ အပူချိန်၊ ဖိအားတွေကြောင့် ပြသနာတက်လာတယ်ဆိုပေမယ့် သိပ်စိုးရိမ် စရာမရှိဘူးဆိုပီး ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေဖြစ်နေတဲ့ ပြသနာက.တတိယအကာထဲမှာဖြစ်နေတာ။ တတိယအကာဆိုတာ

ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

 

 

 

 

ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

ဒီနေ့ နောက်ထပ် စဉ်းစားပုံတမျိုး ထုတ်ပီး ပေါင်းဖိုအမှတ် ၃၊ ရယ် ပေါင်းဖိုအမှတ် ၄ မှာရှိနေတဲ့ ညူလောင်စာတွေ သိမ်းထားတဲ့ ကန်ကို ရဟတ်ယာဉ်နဲ့ရေလောင်းချတာရယ် ၊ နောက် ပင်လယ်ဘက်ကနေ လဲ သင်္ဘောာကနေရေပိုက်တွေနဲ့ ထိုးပက်ပြီး ရေဖျန်း တာတွေ လုပ်နေတယ် ဆိုပီး ဘီဘီစီ သတင်းမှာကိုယ် တွေ့လိုက်တယ်။ မနေ့ကထဲက ရဟတ်ယာဉ်နဲ့ အဲ့လို့ဖျန်းဖို့စီစဉ်သေးတယ်။ အဲ့တုန်းကတော့ ပိုင်းလော့နဲ့အမှုထမ်းတွေ ရောင်ခြည်သင့်နိုင်တဲ့နုန်းများ လို့ဆိုပီး နောက်ပိုင်းမှာ ဖျက်လိုက်တယ်ကြားတယ်။ ရောင်ခြည်က အပေါ်တည့်တည့်ကို တက်တဲ့ဟာ ကပိုများတယ်လို့ပြောတယ်။ ဒီနေ့တော့ ရောင်ခြည်ထွက်တဲ့ပြင်းအားကျသွားလို့ထင်တယ်။ လုပ်ငန်းပြန်စနေတယ်ဆိုတော့။ နောက် ပိုပီးအဆင်ပြေအောင် ပင်လယ်ဖက်ကနေ သင်္ဘောာနဲ့ ဖျန်းတာဖြစ်မယ်။ အဲ့ဒါကတော့ အပေါ်တည့်တည့်က မဟုတ်ဘူးဆိုတော့ ပိုသက်သာတာပေါ့။

အသိပေးချက်

 

 

 

အသိပေးချက်

ယနေ့ထိ ကိုယ့်ပို့စ်မှာ ရေးထားတဲ့စာတွေကို တတ်နိုင်သလောက် ရှယ်ပေးလို့ ရပါတယ်။ ကိုယ့်ရည်ရွယ်ချက် ကိုက..ခုလတ်တလောဂျပန်မှာ ဖြစ်နေတဲ့အခြေ အနေတွေကို လူတွေကို တတ်နိုင်သလောက် အသိပေးချင်လို့စရေး လိုက်တာပါ။ သိပြီး လုပ်သင့်တယ်ထင်တာကို လုပ်တာကောင်းတယ်။ အဲ့လိုမဟုတ်ပဲ..ဘာမသိညာမသိ.. စိုးရိမ်အလန့်တကြားဖြစ်တာမျိုးကို ရှောင်နိုင်အောင်လို့ပါ။ သိပီး စိုးရိမ်သင့်တယ်ထင်လို့ စိုးရိမ်တာမျိုး၊မ စိုးရိမ်သင့်ဘူးထင်လို့ မ စိုးရိမ်တာမျိုးပဲ ဆိုရင်အကောင်းဆုံးပေါ့ဗျာ။

Scale of Nuclear Accidents

 

 

 

Scale of Nuclear Accidents

ခုမှ သတိရလို့ ဒီပို့စ်ကို တင်လိုက်တယ်။ ပြောချင်တာက. ဂျပန်ရဲ့ ညူကလီယား အန္တရာယ်ကို အဆင့် (၄) လို့ သတ်မှတ်ထားတယ်ဆိုတာ အရင်ပို့စ်တွေမှာ ပြောခဲ့တယ်။ ဒါပေမယ့် ဘယ်အဆင့်မှာ ဘယ်လောက် စိုးရိမ်ရတယ်။ ဘယ်တုန်းက ဘယ်နိုင်ငံမှာ ဘယ်အဆင့်ထိဖြစ်ပျက်ခဲ့တယ်ဆိုတာ မပြောရသေးတော့ စာဖတ်သူတွေ နိုင်းယှဉ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။
source ကတော့ BBC and UN Nuclear Agency, IAEA နဲ့ ဒီ နေရာတို့ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်တာကို IAEA က သတ်မှတ်တယ်လို့သိရတယ်။ ခုပြောတဲ့အဆင့်သတ်မှတ်ချက်မှာ

အိုင်အိုဒင်းဆား နှင့် Japan Nuclear Accident

 

 

 

အိုင်အိုဒင်းဆား နှင့် Japan Nuclear Accident

မနေ့က သတင်းတွေ နားထောင်ရင်းနဲ့ လူတွေ.. panic ဖြစ်တာကို သွားတွေလိုက်တယ် ။ အင်း panic ဖြစ်တယ်ပြောရမလား၊ ဘယ်လိုပြောရမလဲတော့ မသိဘူး။ သတင်းမှာ ခု အမေရိကားမှာ iodine tablets တွေပြတ်လပ်ကုန် အောင်ရောင်းနေရတယ်ဆိုပဲ။ လူတွေလဲ အပြေးအလွှားဝယ်ကြတာ အင်တာနက် အွန်လိုင်းမှာ လေလံဝင်ပစ်ကြလို့ ဈေးတွေလဲတက်ကုန်တယ်တဲ့။ တစ်ထုပ်ကို ဒေါ်လာ ၅၀၀တောင်ဖြစ်သွားတယ်ဆိုပါ့လား။

Wednesday, 16 March 2011

How a Reactor Shuts Down and What Happens in a Meltdown

 

 

 

How a Reactor Shuts Down and What Happens in a Meltdown

ဒီပို့စ်ကတော့ NYTimes မှာတင်ထားတဲ့ ညူကလီးယားဓါတ်ပေါင်းဖို တခုကို ဘယ်လိုပိတ်သလဲ ဆိုတာရယ် Meltdown ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာ စာဖတ်သူတွေ.အလွယ်တကူနားလည် လွယ်အောင် သရုပ်ဖေါ်ပုံတွေနဲ့ ရှင်းပြထားတာပါ။ အလွန်ကောင်းပါတယ်။ အောက်ကလင့်ကနော တဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.nytimes.com/interactive/2011/03/12/world/asia/the-explosion-at-the-japanese-reactor.html?ref=asia 


နောက်ပိုင်းမှာ ကျန်နေတဲ့ ဓါတ်ပေါင်းဖို အခြေအနေတွေရယ်၊ china syndrome (သို့) Three Mile Island လို့ခေါ်တဲ့ အမေရိကန် နိုင်ငံ မှာ ဖြစ်ခဲ့ တဲ့ အဆင့်(၅) ညူကလီးယား ဓါတ်ပေါင်းဖို မတော် တဆ ဖြစ်မှု ရယ်၊ အလွန်ဆိုးဝါးလှသော နောက်ဆုံးအဆင့် (၇) ညူကလီးယားမတော်တဆမှု့ဖြစ်ပွားခဲ့တဲ့ အရင်ဆိုဗီယက်ပြည်ထောင်စု ယူကရိန်းမှာဖြစ်ခဲ့တဲ့ ချာနိုဘိုင်းညူကလီးယား အန္တရာယ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို လေ့လာပီး ဆက်လက်ရေးသား သွားမယ်လို့တော့

Fukushima I Nuclear Power Plant and Its Reactor No(3)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No(3)

ဖူကူရှီးမား နံပါတ် (၁) ညူကလီးယားစက်ရုံ Reactor No (3)
နံပါတ်(၃) ဟာ လောင်စာတောင့် အနေနဲ့ ယူရေနီယမ် သက်သက်မဟုတ်ဘဲ. ယူရေနီယမ် နဲ့ ပလူတိုနီယမ် အရောကို သုံးထားပါတယ်။ MOX fuel  လို့ခေါ်တယ်၊ ဒီလောင်စာ ဟာ ယူရေနီယမ် သက်သက်သုံးတာနဲ့စာရင် ပိုပြီး အန္တရာယ်ကြီးမားတဲ့ ရေဒီယိုသတ္တု ဓါတ်တွေကိုထွက်စေနိုင်တယ်။ဒါကြောင့် ဒီကောင့်ရဲ့ တတိယအကာ လုံခြုံစိတ်ချရမှုဟာ