Thursday 17 March 2011

ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

 

 

 

 

ညူဓါတ်ပေါင်းဖို အမှတ် ၄ အား ရဟတ်ယာဉ်ဖြင့်ရေဖျန်းခြင်း နှင့် ဂျပန်နိုင်ငံ

ဒီနေ့ နောက်ထပ် စဉ်းစားပုံတမျိုး ထုတ်ပီး ပေါင်းဖိုအမှတ် ၃၊ ရယ် ပေါင်းဖိုအမှတ် ၄ မှာရှိနေတဲ့ ညူလောင်စာတွေ သိမ်းထားတဲ့ ကန်ကို ရဟတ်ယာဉ်နဲ့ရေလောင်းချတာရယ် ၊ နောက် ပင်လယ်ဘက်ကနေ လဲ သင်္ဘောာကနေရေပိုက်တွေနဲ့ ထိုးပက်ပြီး ရေဖျန်း တာတွေ လုပ်နေတယ် ဆိုပီး ဘီဘီစီ သတင်းမှာကိုယ် တွေ့လိုက်တယ်။ မနေ့ကထဲက ရဟတ်ယာဉ်နဲ့ အဲ့လို့ဖျန်းဖို့စီစဉ်သေးတယ်။ အဲ့တုန်းကတော့ ပိုင်းလော့နဲ့အမှုထမ်းတွေ ရောင်ခြည်သင့်နိုင်တဲ့နုန်းများ လို့ဆိုပီး နောက်ပိုင်းမှာ ဖျက်လိုက်တယ်ကြားတယ်။ ရောင်ခြည်က အပေါ်တည့်တည့်ကို တက်တဲ့ဟာ ကပိုများတယ်လို့ပြောတယ်။ ဒီနေ့တော့ ရောင်ခြည်ထွက်တဲ့ပြင်းအားကျသွားလို့ထင်တယ်။ လုပ်ငန်းပြန်စနေတယ်ဆိုတော့။ နောက် ပိုပီးအဆင်ပြေအောင် ပင်လယ်ဖက်ကနေ သင်္ဘောာနဲ့ ဖျန်းတာဖြစ်မယ်။ အဲ့ဒါကတော့ အပေါ်တည့်တည့်က မဟုတ်ဘူးဆိုတော့ ပိုသက်သာတာပေါ့။


ဒါနဲ့ စကားမစပ် ခုချိန်ထိသိသလောက် သေဆုံးတယ်လို့ သေချာသိတဲ့လူအရေအတွက် ၅၁၇၈ ဦးရှိသွားပီ ပြောတယ်။ နောက်သိပ်မကြာခင် ကိုဘေး တုန်းက ဟာထက် ကျော်သွားမယ်လို့ယူဆရတယ်။ ကိုဘေးတုန်းက တော့ ၆၅၀၀ ကျော်လို့ကြားပါတယ်။ အဲ့တုန်းက အစိုးရက အကူအညီကို အများကြီး လုံလုံလောက်လောက် ချက်ချင်းမပေးခဲ့တဲ့အတွက်.. နောက်ပိုင်းမှာ အပြစ်တင်ခံလိုက်ရတယ် ကြားတယ်။ ခုကတော့ ငလျင် လှုပ်ပီး၊ ဆူနာမီ ဖြစ်ပီးပီးချင်း တော့ ကယ်ဆယ်ရေးကို ပထမစစ်သား ၅သောင်း၊ နောက်ချက်ချင်းလိုပဲ တသိန်းအထိ တိုးမြင့်ပီး လုပ်တယ်ကြားတယ်။ အရင် ကိုဘေး လိုမဖြစ်အောင် လို့ လုပ်တာနေမယ်။ အဲ့ဒါကတော့ ကောင်းတယ်။

ဒါပေမယ့် အစိုးရအတွက် ဆိုးသွားတာက၊ ညူ ကိတ်စ ပေါ်လာတာ ဆိုးသွားတယ်။ ညူဓါတ်ပေါင်းဖိုတွေကလဲ..ပထမ တလုံး ၂ လုံး ကနေ..ပြသနာဖြစ်တဲ့ ဓါတ်ပေါင်း ဖို က ထပ်တိုးလာ လိုက် ။ တော်ကြာ ငြိမ်သွားပီ ထင်ရတဲ့ ဓါတ်ပေါင်းဖိုက ထဖြစ်လိုက် ဆိုတော့ ကြာတော့ လူတွေလဲ..ဘယ်ဟာ ကို ယုံရမှန်းမသိတော့ဘူး။ တော်တော်များများတော့ သွေးပျက်လာကြပီ။ တော်တော် များများ က ဂျပန်အစိုးရ နဲ့ TEPCO ကထုတ်ပြန်တဲ့ သတင်းတွေဟာ ၁၀၀% စိတ်မချရဘူး လို့ ထင်ကုန်ကြပြီ။ ခုဆိုရင် အိုဆာကာ၊ နာဂိုယာဘက် သွားတဲ့ ကျည်ဆန်ရထား၊ အမြန်ရထားတွေမှာ လူတွေအပြည့်ပဲလို့ကြားတယ်၊ လေဆိပ်တွေမှာလဲ တခြားနိုင်ငံကို သွားမယ့်ခရီးသွားတွေနဲ့ပြည်ကျပ်နေတယ်ကြားတယ်။ တချို့လဲ ဂျပန်တွေ. တချို့လဲ နိုင်ငံခြားသားတွေပေါ့။ နောက် ပြင်သစ်လိုင်းလားတော့မသိဘူး (လုပ်ဖ်သန်ဆာအဲ့ယားလိုင်း) က တိုကျိုဘက်ကို မပျံတော့ပဲ တခြား မြို့တွေဘက် ပြောင်းပီးတော့ ပျံတယ်ကြားတယ်။ china airline ကလဲ သူ့ခရီးစဉ်တွေကို cancel လုပ်တယ်ကြားတယ်။ အမေရိကန်နဲ့ ပြင်သစ် ကလဲ စင်းလုံးငှားတွေ နဲ့ နိုင်ငံသားတွေ..လိုက်ချင်ရင်လိုက်ရအောင် လာခေါ်နေပီး ဆိုလားပဲ။

နောက် ဗြိတိန် နဲ့ ပြင်သစ်ကတော့ ကြေညာချက်ထုတ်တာက တိုကျိုနဲ့ ဝေးရာကိုသွားနိင်ရင်ကောင်းတယ်ဆိုလားပဲ။ ဘာလို့ဆို တိုကျိုက..ညူစက်ရုံကနေ ကီလို ၂၅၀ လောက်ပဲ ဝေးတာကိုး။ တကယ်လို့ ညူစက်ရုံက ထိမ်းမနိင် သိမ်းမရ ဖြစ်ပီး။ အဲ့ဒီအချိန် လေကြောင်းကလဲ သင့်နေတယ်ဆိုရင်၊ ရေဒီယိုသတ္တိကြွှတွေ ရောက်လာနိုင်တာကိုး။ ဂျပန်နဲ့ မျက်နှာချင်းဆိုင် အမေရိကန် အနောက်ဘက် ကမ်းက လူတွေလဲ သွေးပျက်နေတယ်ကြားတယ်။ ပင်လယ်ခြားထားတယ် ဆိုပေမယ့် ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုရင် ၊ဘယ်လောက်ပြင်းသလဲ..ဘယ်လောက်လေတိုက်သလဲ ၊ ဘယ် ဖက်ကို တိုက်နေသလဲ ပေါ်မူတည်ပီး ရေဒီယိုသတ္တိကြွက ရောက်လာနိုင်တယ်လို့ပြောတဲ့ သူတွေကလဲ ပြောနေကြတာဆိုတော့၊ ခု အိုင်အိုဒင်း ဆားတွေ အပြေးအလွှားဝယ်ကြ၊ စု့ကြနဲ့ အတော့်ကို ရုတ်ရက်ခတ်နေတယ်ကြားတာပဲ။

အင်း ဘာပဲ ပြောပြော ကိုယ်ကတော့ ခုချိန်မှာ အိမ်တွေ ဆူနာမီ ထဲ ပါသွားတဲ့ ၊ကယ်ဆယ်ရေးစခန်းက သူတွေ။ ခုထိကယ်မဲ့သူနဲ့ မတွေ့သေးလို့ ကျန်နေနိုင်သေးတဲ့အသက်ရှင်နေသူတွေကို အတော်သနားမိတယ်။ သူတို့ဟာ ညဆိုလဲ အအေးဒါဏ်အတော်ခံရတယ်။သုညနီးပါးအအေးဒါဏ်ရယ်၊ အစားအစာ၊သောက်ရေ၊ ဆေးဝါးတွေကလဲရှားပါးလာပီကြားတယ်။ နောက်ဘာပဲပြော တချို့ကယ်ဆယ်ရေးစခန်းတွေက ညူစက်ရုံနဲ့ဆို သိပ်ဝေးတာ မဟုတ်ဘူးလေ။ သူတို့လဲကြောက်မှာပဲ။ စိတ်မကောင်းဘူးဗျာ။ အဲ့ဒီအချိန်ကိုယ်က ဘာပဲပြောအိမ်နဲ့ ယာနဲ့ အနွေးပေးစက်။ အဲ့ယားကွန်း ရေခဲသေတ္တာနဲ့ ကောင်းကောင်းနေနိုင်သေးတယ်။ ဟိုလူတွေနဲ့ စာရင်အများကြီးတော်သေးတာပေါ့။

လောလောဆယ်ဝေးရာကိုထွက်မသွားနိုင်တဲ့လူတွေကတော့ အဲ့လိုလေး တွေးပီး လုပ်စရာရှိတာလုပ် နိုင်ရင်တော့ ကောင်းတယ်။ မဟုတ်လဲ ဒါကြီးထိုင်တွေးပီး စိတ်ညစ်နေလဲ အလကားမဟုတ်လား။ အဆင်ပြေလို့ ဝေးရာသွားတဲ့လူတွေလဲ ကောင်းပါတယ်၊ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ကြတာ မဟုတ်ဘူးလား။ အနည်း ဆုံးလူတော်တော်များများထွက်ကုန်တယ်ဆို ကျန်ခဲ့တဲ့ လူတွေအတွက် လျှပ်စစ်။ အစားအစာ၊ ရေ ၊ဆေးဝါးတွေ..အတွက်မျှသုံးစရာမလိုတော့ ပိုအဆင်ပြေလာမယ်ထင်တာပဲ။

ဒီကြားထဲ အလေးစားဆုံးကတော့ မီးသတ်သမားတွေ။ ညူစက်ရုံမှာလုပ်နေတဲ့ အလုပ်သမားတွေ၊ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေပဲ။ သူများတွေအစိုးရိမ်ကြီးနေချိန်မှာ ဒီလိုကိုယ့်တာဝန်ကိုယ် ဆက်လုပ်နေတဲ့စိတ်ဓါတ် ကတော့ ရေလည်မိုက်တယ် လို့ခံစားရတယ်။ ဒါဟာ ဂျပန်တွေ ရဲ့ နမူနာယူစရာစိတ်ဓါတ်လို့ ထင်တာပဲ။ သူတို့ရဲ့စည်းကမ်းရှိ ပုံကတော့ အတော် လေးစားဖို့ကောင်းပါတယ်။ အစား။အသောက်ဆေးဝါး ဆိုရင်လဲ တိုးဝှေ့လု့ယက်နေတာ မရှိဘူး။ တန်းစီပီး အစဉ်လိုက်ပဲ၊ ကောင်းတယ်၊ မိုက်တယ်။ ဘယ်လောက်ပဲ ညူစက်ရုံသတင်းတွေ ဆိုးဝါးနေပါစေ၊ ခုထိစည်းကမ်းတကျ နေနိုင်တာကို ချီးကျုးတယ်ဗျာ။ တကယ်ပါ။

ကိုယ်တို့နိုင်ငံလဲ နောက်မှာ အဲ့လိုဖြစ်လာအောင် လုပ်လို့ရရင်ကောင်းမယ်လို့ ခံစားရတယ်။

ဂျပန်နိုင်ငံ အမြန်အဆင်ပြေပါစေ။

ကိုဆန်းမော် ( sannmaw.com )

2 comments:

  1. Thank you for your updated posts.
    Keep writing.

    Glad to hear that u r safe.

    ReplyDelete
  2. ခုလိုဂျပန်မှာငလျှင်ဘေးကြီးကျရောက်တော့မှပဲ ဂျပန်ပြည်သူနဲ့အစိုးရကြားထဲကထားရှိတဲ့အပြန်လှန်ယုံကြည်မှုကို ကိုယ်တွေ့ကြုံအံ့သြမိတော့တယ်။ အရင်ကဆို လွှတ်တော်မှာ အမတ်တွေအတိုက်အခံတွေဖြစ်လိုက် ပြည်သူတွေကလည်း စိတ်ထဲရှိတာ၊မကျေနပ်တာ၊လုပ်ပေးစေချင်တာပြောလိုက်၊ ပညာရှင်တွေကလည်းအားမနာပါးမနာထောက်ပြလိုက်၊ဆွေးနွေးလိုက်၊သုတေသနလုပ်လိုက် မြင်ရတာ အပိုင်းပိုင်းကွဲနေသလိုပါပဲ။ တကယ်တော့အားလုံးစုစည်းညီညာလေးစားမှုရှိလို့သာ ဒီလိုမျိုးတွေလုပ်နိုင်ခဲ့တာပါလားလို့ တွေးမိတယ်။
    ခုဆိုအားလုံးက အစိုးရသတင်းထုတ်ပြန်ချက်ကိုစောင့်နေကြတယ်။ အန္တရာယ်နဲ့အရမ်းကိုနီးကပ်နေပြီး ဘယ်တော့ထပေါက်မလည်းမသိတဲ့အချိန်မျိုးမှာ ဂျပန်တွေရဲ့အစိုးရပေါ်ယုံကြည်မှုကိုအခြေခံတဲ့တည်ငြိမ်သွေးအေးမှုမျိုးနဲ့ အလုပ်ပျက်မခံတဲ့ဂျပန်ထုံးစံ ကိုထင်ရှားစွာတွေ့ရတယ်။ အခက်ခဲတွေကြားက ပညာယူစရာတွေပါပဲ

    ReplyDelete