Wednesday 16 March 2011

Fukushima I Nuclear Power Plant and Its Reactor No(3)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No(3)

ဖူကူရှီးမား နံပါတ် (၁) ညူကလီးယားစက်ရုံ Reactor No (3)
နံပါတ်(၃) ဟာ လောင်စာတောင့် အနေနဲ့ ယူရေနီယမ် သက်သက်မဟုတ်ဘဲ. ယူရေနီယမ် နဲ့ ပလူတိုနီယမ် အရောကို သုံးထားပါတယ်။ MOX fuel  လို့ခေါ်တယ်၊ ဒီလောင်စာ ဟာ ယူရေနီယမ် သက်သက်သုံးတာနဲ့စာရင် ပိုပြီး အန္တရာယ်ကြီးမားတဲ့ ရေဒီယိုသတ္တု ဓါတ်တွေကိုထွက်စေနိုင်တယ်။ဒါကြောင့် ဒီကောင့်ရဲ့ တတိယအကာ လုံခြုံစိတ်ချရမှုဟာ
အခြားပြသနာတက်နေတဲ့ ဓါတ်ပေါင်းဖိုတွေထက်ပိုပြီးအရေးကြီးပါတယ်။

မတ်လ(၁၃) မနက်အစောမှာ ဂျပန်ညူအေဂျင်စီက ကြေညာချက်ထုတ်တယ်။ အဲ့ဒါကတော့ နံပါတ်(၃) အတွက် အရေးပေါ်အအေးပေးစနစ် ရပ်ဆိုင်းသွားတဲ့အကြောင်းပါ။ ဒါကြောင့် လောင်စာတောင့် ဟာ ၃မီတာ ခန့် ရေပေါ်တက်လာတယ်လို့သိရတယ်။ ဒါကြောင့် ၇း၃၀ မှာ ရေငွေ့တွေ ဖေါက်ထုတ်လိုက်တယ်။ ဒါပေမယ့် ဒါဟာ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ ပမာဏ မဟုတ်ဘူးလို့ပြောတယ်။ ၉း၂၅ မှာတော့ ဘိုးရစ် အက်ဆစ် နဲ့ ရေနဲ့ကို မီးသတ်ပိုက်နဲ့ ထိုးထည့်တယ်လို့ပြောတယ်။ နောက်ပိုင်းမှာ ရေသန့်ကုန်သွားသလားတော့ မသိ၊ ထိုးသွင်းတဲ့ ရေကို ပင်လယ်ရေ ပြောင်းသုံးတယ်လို့ပြောတယ်။ ဖြည့်နေရင်းတခါ သိုလှောင်ထားတဲ့ ပင်လယ်ရေ ကုန်သွားလို့ ၂နာရီလောက် ခဏ ရပ်သွားသေးတယ် ပြောတယ်။ နောက်ပိုင်းမှ တခါ ထပ်ဖြည့်ရတယ်ကြားတယ်။

မတ်လ(၁၃) နေ့လည် ၁၁း၁၅ မှာ ထင်တယ် နံပါတ်(၃)မှာ နံပါတ်(၁) မှာ ဖြစ်ခဲ့သလိုပဲ ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု ဖြစ်တယ်၊ အပြင်ဘက်က..အဆောက်အဦးပျက်သွားတယ်။ ပေါက်ကွဲမှုဟာ အတော် ပြင်းထန်တဲ့အတွက် ၂၅မိုင် အကွာကနေတောင် ခံစားရတယ်လို့ဆိုတယ်။ ဒါပေမယ့် တတိယအကာ ဘာမှ..မဖြစ်ဘူးလို့သိရတယ်။ လူ(၁၁) ယောက်ထိခိုက်တယ်လို့ သိရတယ်။ ၁၆ ရက် မနက် ၁၀ နာရီလောက်မယ် NHK က ကီလို ၃၀ အကွာကနေ ရဟတ်ယာဉ်နဲ့ ရိုက်ထားတဲ့ ဗွီဒီယိုမှာ စက်ရုံ (၁) မှာ မီးခိုးတွေ တွေ့တယ်လို့ဆိုတယ်။ တချို့ထင်တာက..အဲ့ဒီ ပေါင်းဖို(၃) ကြောင့်ဖြစ်တယ်လို့လဲပြောကြတယ်။

ကျေးဇူးနော်… ပေါင်းဖို (၄) အကြောင်းသိပ်မကြာခင်ဆက်ပါ့မယ်။
ကိုဆန်းမော် sannmaw.com

1 comment: