Thursday 17 March 2011

Reactor No (4) မှာဘာတွေဖြစ်နေတာလဲ




 

Reactor No (4) မှာဘာတွေဖြစ်နေတာလဲ


ရက်တွေကြာလာတာနဲ့ အမျှ ဓါတ်ပေါင်းဖို တွေရဲ့ အန္တရာယ်ပေး နိုင်မှုတွေလဲ ပြောင်းလိုက်လာတယ်။ ပထမ တုန်းက (၁) နောက် (၃)၊ ပီးတော့ (၂) နောက်တခါ (၃) ကိုပြန်ရောက်သွားတယ်။ ဟော ခု နောက်ဆုံးအခြေအနေကတော့ ပေါင်းဖို နံပါတ် (၄) ပါ။ သိသလောက်တော့ ပေါင်းဖို နံပါတ်လေး က အခြေအနေက အဆိုးဆုံးပဲ။ ဘာလို့လဲဆို ကိုယ်အရင်တုန်းက ပြောခဲ့တယ်မဟုတ်လား၊ ပေါင်းဖို ၁၊ ၂၊ ၃ ဟာ လည်ပါတ်နေတဲ့ အခြေအနေကနေ အရေးပေါ်ရပ်လိုက်ရပီး အအေးပေးစနစ်တွေ ပျက်စီးသွားလို့ တက်လာတဲ့ အပူချိန်၊ ဖိအားတွေကြောင့် ပြသနာတက်လာတယ်ဆိုပေမယ့် သိပ်စိုးရိမ် စရာမရှိဘူးဆိုပီး ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေဖြစ်နေတဲ့ ပြသနာက.တတိယအကာထဲမှာဖြစ်နေတာ။ တတိယအကာဆိုတာ
ပေဝက်လောက်ထူတဲ့ စတီးကာရယ် နောက် ၂ ပေ၊ ၃ ပေလောက် ထူတဲ့ ကွန်ကရိအကာရယ်စတာတွေ နဲ့ ကာထားတာ ဆိုတော့ အပြင်လောကို တိုက်ရိုက်ပွင့်ထွက်လာဖို့ အခွင့်အလမ်းတော်တော် နည်းတယ်လို့ပြောရမယ်။

ဒါပေမယ့် ပေါင်းဖို နံပါတ် (၄) ရယ်၊ နောက် (၅) ရယ်၊ (၆) ရယ် က အဲ့တုန်းက ရပ်ထားတဲ့ အချိန် ဖြစ်နေတယ်။ ဆိုတော့ ကာ တကယ်ဆိုရင် ရုတ်တရက်ကြည့်ရင် စိုးရိမ်စရာ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါဆိုရင် ဘာလို့ ခု ပြသနာ က တက်လာတာလဲ။ အိုကေ ဒါကို နားလည်ဖို့အတွက် နဲနဲ့ ရှင်းပြစရာရှိတယ်။
ပေါင်းဖိုတွေကို ရပ်ထားတဲ့ အချိန်မှာ ညူလောင်စာတွေကို တတိယအကာထဲကနေ ထုတ်ပီး၊ Reactor ရဲ့ containment building ရဲ့အထက်ဆုံးထပ် မှာရှိတဲ့ ရေကန်ထဲမှာ သိမ်းထားလေ့ရှိတယ်လို့ သိရတယ်။ ဒီကောင်တွေကို ကာထားတဲ့ နံရံဟာ ဘယ်လောက်ထူတယ်ဆိုတာမသိရပေမယ့် တတိယအကာလို့ မဟုတ်ဘူး၊ အဲ့လောက်တောင့်တင်းခိုင်မာမှု မရှိဘူးလို့ သိရတယ်။ အတိအကျကတော့ နောက်ပိုင်း လေ့လာပြီး တွေ့ရင်ထပ်ပြောပေးမယ်လေ၊ ဟုတ်လား။

ဆိုတော့ ပြောချင်တာက..သူတို့ကိုလဲ သိမ်းထားတယ်ဆိုပေမယ့် ဒီအတိုင်းပုံထားလိုက်လို့ရတာ မဟုတ်ဘူး၊ ကန်ထဲထည့်။ အအေးခံစနစ်ရှိနေအောင် ရေဖြည့်၊ boric acid ထည့်ထား ဘာညာ စသည်ဖြင့် လုပ်ထားရတာ။ ဘာလို့လဲဆိုတော့ ညူလောင်စာတွေရဲ့သဘောက ဒီအတိုင်းလွတ်ထားလိုက်ရင် chain reaction ပြန်စနိုင်တယ်။ အဲ့လိုသာ ပြန်စလို့ကတော့ ပွဲပြီးပီ၊ ဘာမှ စဉ်းစားမနေနဲ့၊ ဟုတ်လား။ နောက် သူတို့ရဲ့သဘောက လောင်စာတောင် အဟောင်းလား အသစ်လားကွာသေးတယ်။ အသစ်ဆိုတာ ခု လတ်တလောလေးကမှာ ပေါင်းဖိုထဲက ထုတ်ပိးသိမ်းထားတာမျိုးကိုဆိုလိုတယ်။ ဒါမျိုးက ပိုပြီး active ဖြစ်လွယ်တယ် လို့သိရတယ်။ ဆိုလိုချင်တာ လွယ်လွယ်နဲ့ chain reaction ပြန်ဖြစ်နိုင်တယ်ပေါ့။ ပေါင်းဖို (၅) နဲ့ (၆) မှာ လဲအဲ့လိုသိမ်းထားတယ် လို့သိရတယ်။ဒါပေမယ့်သူတို့ကတော့ လောင်စာဟောင်းတွေလို့ဆိုတယ်။ ဒီလိုဆိုတော့ (၄) လောက်မဆိုးဘူးပြောလို့ရတယ်။ ဒါတောင် ဘာပဲပြောပြော ၅ နဲ့ ၆ မှာလဲ ရှိသင့် တဲ့ အပူချိန်ထက် တိုးလားတယ်လို့ ကြားရတယ်။ အဲ့ဒါဟာ သတင်း ကောင်းတော့ မဟုတ်ဘူး။ တိုးလာတယ် ဆိုပေမယ့် အလွန်အကျွန်တော့ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့ကိုလဲ သတိထားစောင့်ကြည့်နေရတယ်ဆိုတဲ့ အဆင့် မှာ ရှိတယ်။

အိုကေ.ဒါဆို ပေါင်းဖို (၄) ဘက် ပြန်ကြည့်ရအောင်။ ဖြစ်တာက. တမြန်မနေ့လား၊ မနေ့ကလား မသိပေါင်းဖို (၄) ဘက်က မီးလောင်တာတွေ့ရတယ်။ နောက်ပေါက်ကွမှုဖြစ်ပီး နံရံမှာ အပေါက်ကြီးဖြစ်နေတယ်ကြားတယ်။ ချုပ်လိုက်တော့ ပေါင်းဖို (၄) ရဲ့ လောင်စာသိမ်းတဲ့ ကန်ကရေခန်းသွားတယ်ဆိုလား။ အဲ့ဒီရေကို အချိန်မှီ ပြန်မဖြည့်နိုင်ရင် အပူတွေ နင်းကန်တက်လားပီး (ချာနိုဘိုင်း လောက် မဆိုးရင်တောင်မှ) ချာနိုဘိုင်းလိုဖြစ်သွားနိုင်တယ်၊ ဒါမှမဟုတ် ၃မိုင်ကျွှန်း အရေးအခင်းလိုဖြစ်သွားနိုင်တယ်။
ဒါပေမယ့် ဖိအားမြှင့်အခန်းမဟုတ်တဲ့အတွက် အပူကချက်ချင်း ဝုန်းဒိုင်းတော့ pressure cooker လိုတက်မလာနိုင်ဘူးလို့ယူဆရတယ်။

လောလော ဆယ်ကတော့ ခန်းသွားတဲ့ ရေတွေကို အမြန်ပြန်ဖြည့်ဖို့အရေးကြီးတယ်။ ရေမရှိရင် နူထရွန်လွတ်ထွက်နုန်းက ပိုမြန်လာမယ်။အဲ့ဒါဆို chain reaction ဖြစ်ဖို့အခွင့်အလမ်းပိုတက်လာမယ်။ ဒါကြောင့် အခု အဲ့ဒီလှောင်ကန်ကို အရေးတကြီး ရေပြန်ဖြည့်ဖို့လုပ်နေတာပဲ။ ရေတင်မဟုတ်ဘူး boric acid တွေလဲ အများကြီးထပ်ဖြည့်ဖို့လုပ်နေတယ်။ boric acid ကလဲ chain reaction ကို နည်းသွားအောင် လုပ်ပေးတယ်လေ။ ခု ဟာ ကို နားမလည်ရင် ပထမဆုံးပို့စ်ကို အရင်ပြန်ဖတ်လိုက်ဦးနော် ဟုတ်လား။

မနေ့က သတင်းမှာ တောင်ကိုရီးယားကလဲ သင်ဘောတစ် စင်းလား ၂စင်း လား မသိ boric acid တွေ ပို့ပေးနေတယ်လို့ပြောသံကြားလိုက်ရတယ်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယားကလဲ လန့်တယ်လေ။ မလန့်လို့ဖြစ်မလား ဂျပန်နဲ့ က အလွန်နီးတာကိုး။ လေယာဉ်နဲံဆိုရင် promotion ကာလ ဆိုရင် သူတို့ဆီသွားတာက..ဂျပန်ပြည်တွင်းသွားတာထက်တောင် တခါတရံသက်သာသေးတယ်။ အဲ့လောက်နီးတာ။

ဆိုတော့ ကိုရီးယားတွေလည်း ဂျပန်ကို အရင်သမိုင်းကြောင်းတွေရှိလို့ မကျေနပ်ဘူးပြောပြော ၊ ခုဟာတော့ လက်ပိုက်ကြည့်နေလို့မရဘူးလေ။ အင်းတောင်ကိုရီးယားကတော့ တကယ်ကို စေတနာပါတာလဲဖြစ်နိုင်ပါတယ်။ ကိုယ်တို့ဝန်ကြီးချုပ်တောင် ဂျပန်ကို ဝမ်းနည်းကြောင်းစာပို့လိုက်တယ် ဆိုတယ့်အကြောင်း ၅ ရက် အကြာမှာ မြန်မာ့သတင်းစာမှာ ကြေညာတယ်ဆိုလားပဲ။ ကောင်းပါလေ့ဗျာ။

ကဲတော်သေးပီဗျာ ။ အပြင်သွားပီးဈေးဝယ်ထွက်လိုက်ဦးမယ်။
ညပိုင်းမှ သတင်းထူးရင်ထပ်တင်လိုက်ဦးမယ်။ မကြာမကြာ လာကြည့်ကြ၊ လာလည်ကြဦးပေါ့။
အားလုံးအဆင်ပြေကြပါစေဗျာ။
ကိုဆန်းမော် (sannmaw.com)

1 comment:

  1. ဟုတ်ကဲ့ ဟုတ်ကဲ့ မကြာမကြာ လာလည်ပါမယ်။

    BOU (http://www.blissofus.com)

    ReplyDelete