Wednesday 16 March 2011

Fukushima I Nuclear Power Plant and Its Reactor No (1)

 

 

 

Fukushima I Nuclear Power Plant and Its Reactor No (1)

Fukushima Daichi Nuclear Power Plant
ဖူကူရှီးမား နံပါတ် (၁) ညူကလီးယားစက်ရုံ
ဒီနေ့တော့ ကိုယ်.. ဖူကူရှီးမား စက်ရုံနဲ့ ပါတ်သက်တဲ့ နောက်ခံအချက်အလက်လေး။ အခေါ်အဝေါ်လေးတွေကို နားလည်သွားအောင် ရှင်းပြဖို့စိတ်ကူးထားတယ်။ ဒါမှသာ သတင်းဖတ်ရင်၊နားထောင်ရင် ဘာကိုပြောနေတယ်ဆိုတာ သေချာနားလည်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ကွဲပြားအောင်ပြောချင်တာက. ဂျပန် ဖူကူရှီးမာ ခရိုင်မှာ ညူကလီးယား စွမ်းအင်ကို ထုတ်ပေးတဲ့ ညူကလီးယားစက်ရုံ ၂ ရုံရှိပါတယ်။ အဲ့ဒါတွေက တော့ ဖူကူရှီးမား စက်ရုံနံပါတ် (၁) နဲ့ စက်ရုံနံပါတ် (၂) တို့ 
ဖြစ်ပါတယ်၊ ဂျပန်လိုတော့ ဖူကူရှီးမား ဒိုင်းအိချိ  နဲ့ ဖူကူရှီးမား ဒိုင်းနိ ။ အင်ဂလိပ်လိုကတော့ Fukushima Plant No(1) and Fukushima Plant No (2) လို့ခေါ်ပါတယ်။ ဒီအခေါ်အဝေါ်တွေကို သေချာမှတ်ထားဖို့လိုပါတယ်။ ဒါမှသာ သတင်းဖတ်ရင် ဘာကိုပြောနေတယ်ဆိုတာ နားလည်မှာဖြစ်တယ်။

အထက်ကပြောခဲ့တဲ့ ဖူကူရှီးမား စက်ရုံ နံပါတ် (၁) မှာ မှ ညူကလီးယား ဓါတ်ပေါင်းဖို Nuclear Reactor (၆) လုံးရှိပါတယ်။ အဲ့ဒါတွေကိုတော့ Reactor No (1)..Reactor No (2).. to Reactor No(6) စသည်ဖြင့် ခေါ်ပါတယ်။ စက်ရုံ နံပါတ် (၂) မှာလည်း အဲ့လို ဓါတ်ပေါင်းတွေ.၄ လုံးရှိပါတယ်။ အခေါ်အဝေါ်တွေကတော့ Reactor No (1) to Reactor No(4) ဆိုပီးရှိတယ်။ စက်ရုံ ၂ ခု ပေါင်းဆိုရင် ဓါတ်ပေါင်းဖို စုစုပေါင်း (၁၀) လုံး ရှိပါတယ်။

ခုပြသနာတက်နေတာက စက်ရုံနံပါတ် (၁) မှာပါ။ အဲ့မှာ မှ..ဓါတ်ပေါင်းဖို ၆ လုံးအနက် ပထမ ၃ လုံး က ငလျင်လှုပ် စဉ်မှာ လည်ပါတ်နေတဲ့ အခြေအနေ ဖြစ်ပီး။ ကျန်တဲ့ (၃) လုံး ကတော့ အဲ့တုန်းက ရပ်ထားတယ်လို့သိရပါတယ်။

လည်ပါတ်နေတဲ့ ဓါတ်ပေါင်းဖို နံပါတ် (၁) ကနေ (၃) အထိက ငလျင်လှုပ် လှုပ် ခြင်း အရင်ပို့စ် က ရှင်းပြခဲ့သလိုပဲ Auto Shutdown လုပ်လိုက်ပါတယ်။ နောက် ဓါတ်ပေါင်းဖိုကို ဆက်လက်အအေးခံဖို့အတွက် မီးစက်တွေက နောက်ဆက်တွဲဝင်လာတဲ့ ဆူနာမီ လှိုင်းတွေအောက်မှာရောက်သွားတဲ့အတွက်ကြောင့် ပုံမှန်အလုပ်မလုပ်တော့ ပါဘူး။

ပထမတော့မီးစက်ကပုံမှန်ခဏလည်သေးတယ်ပြောတယ် နောက်ချက်ချင်းဆိုသလိုပြန်ရပ်သွားတယ်ပြောတယ်။  ဒါကြောင့် အရေးပေါ်ဘက်ထရီနဲ့ ဆက်လက် အအေးခံတယ်။ ဒါပေမယ့် ဘက်ထရီ အားမကုန်ခင် (၈) နာရီ အတွင်း မှာ နောက်ထပ် မီးစက် တွေ ကို ပို့ဖို့အတွက်က..လမ်းပန်းဆက်သွယ်ရေး ပျက်စီးသွားပါတယ်။

ဒါပေမယ့် တခြားနီးစပ်ရာစက်ရုံ (ကိုယ့်စိတ်ထင်  စက်ရုံနံပါတ် (၂) လို့ထင်တယ်၊ မသေချာပါ) တွေကနေ အပို ဘက်ထရီတွေ..မီးစက်တွေဟာ ၁၃ နာရီ အတွင်း ရောက်လာတယ်လို့တော့သိရတယ်။ ပုံမှန်အားဖြင့် အဲ့ဒီမီးစက် က ထုတ်ပေးမယ့် လျှပ်စစ်ဓါတ်ကို အရေးပေါ် ဆက်ပေးရမယ့် မီးပလပ်ပေါက်မှာ ထိုးသွင်းပီး ဆက်လိုက်ရုံပါပဲ.။

ဒါပေမယ့် အဲ့ဒီမီးပလပ်ပေါက် တွေ ဆင်ထားတဲ့ အဆောက်အဦး မြေအောက်ထပ်မှာလို့သိရတယ် ဆူနာမီ ကြောင့် ရေတွေဝင်ပြီး လစ်သွားပါပြီ။ သုံးမရတော့ဘူး။ ဒါကြောင့် ဘက်ထရီ လဲ အားကုန်သွားတဲ့အခါ မှာတော့ ဓါတ်ပေါင်း ဖိုမှာ အပူချိန် ဖိအား စတာ တွေ..မြင့်တက်လာပါတော့တယ်။
အဲ့ဒီနောက်ပိုင်း မှာတော့ ဖြစ်တာတွေကို ဓါတ်ပေါင်းဖိုနံပါတ် အလိုက်ပြောသွားပါ့မယ်။ စက်ရုံကတော့ နံပါတ် (၁) စက်ရုံပါ။

Reactor No (1)
မတ်လ (၁၁) ညနေ ၄း၃၆ မှာ အရေးပေါ်အခြေအနေ ကို နံပါတ် (၁) နဲ့ (၂) အတွက် ကြေညာတယ်။
(၁၂) ရက်နေ့ မနက်အစောပိုင်း မှာတော့ နံပါတ် (၁) ကနေ ပရက်ရှာ နဲ့ အပူချိန်လျှော့ရန် အဆို့ရှင်တွေကနေ ဂက်စ် နဲ့ ရေငွေ့တွေ ကို ထုတ်လိုက်တယ်။ အဲ့ဒီအချိန်က စလို့ လေထု ထဲ့မှာ  ရေဒီရေးရှင်းတွေ စဖြစ်လာတယ်၊ တွေ့လာတယ်။ဒါပေမယ့်အဲ့ဒီ ဟာက ရေမော်လီကျူးနဲ့ နူထရွန် တိုက်မိလို့ ဖြစ်လာတဲ့အမျိုးအစားဆိုတာ တွေ့ရတယ်။ တနည်းအားဖြင့် ညူလောင်စာအရည်ပျော်လို့ဖြစ်လာတဲ့ cesium and iodine isotops အမျိုးအစားတွေ မတွေ့ရသေးဘူး ။ ဒါ့ကြောင့် အဲ့ဒီ ချိန်ထိ partial meltdown မဖြစ်သေးဘူးလို့ကောက်ချက်ချနိုင်တယ်။

ရေငွေ့တွေ စွန့်ထုတ်လိုက် တဲ့ အကျိုးဆက် အနေနဲ့ ပေါင်းဖိုထဲမှာ ရေနည်းလာတယ်။  ဒါကြောင့် ရေပြန်ဖြည့်ဖို့ လိုလာတယ်။ အချိန်မှီ ပြန်မဖြည့်နိုင်ရင် ညူလောင်စာ ဟာ ရေထဲကနေ ပေါ်လာမယ်။ ဒါဆို အပူချိန်မြင့်တက်လာပီး ညူလောင်စာရဲ့ အပြင်ကာ Zircaloy သတ္တုအရည် စပျော်လာလိမ့်မယ်။

အဲ့လိုဖြစ်လာရင် ယူရေနီယမ် နဲ့ cesium and iodine isotops ရေဒီယိုသတ်တိကြွပစည်းတွေ..ရေနဲ့ထိလိမ့်မယ်..ယူရေနီယမ်က ရေမှာ မပျော်ဝင်ပေမယ့် cesium and iodine isotops တို့ကရေမှာပျော်ဝင် ပီး နောက်တခါ ထပ်ထုတ် လိုက်မယ့် ရေခိုး ရေငွေ့တွေ နဲ့ အပြင်လေထုကို ရောက်သွားနိုင်တယ်။ ဒါဆိုရင်တော့ ပိုအန္တရာယ်ကြီးလာပီ။ ဘာလို့လဲဆိုရင် သူတို့ကကြတော့ အချိန်ခဏ နဲ့ ပျောက်ပျက်မသွားဘဲ..ပိုကြာကြာ ရပ်တည်နိုင်လို့ပဲ။
(၁၂) ရက် မနက် ၁၀း၃၀ မှာတော့ ခု န cesium and iodine isotops ရေဒီရေးရှင်းတွေကို စတွေလာရပီ။ ဒါဟာ partial meltdown စဖြစ်လာပီး ဆိုတဲ့သဘောပဲ။

နောက် (၁၂)ရက် ညနေ ၃း၃၆ မှာတော့ နံပါတ် (၁) ပေါင်းဖိုမှာ ပေါက်ကွဲမှု့ဖြစ်တယ်။ နောက်ပိုင်းတွေ့ရှိချက်အရ ဒါဟာ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့တွေ များလာတာကနေ ဖြစ်တယ်လို့သိရပီး (အဲ့လိုဘာလို့ ဖြစ်တာလဲဆိုတဲ့ ဖြစ်စဉ်ကို မနေ့ကပို့စ် မှာ အသေးစိတ် ပြန်လည်ဖတ်ရှုနိုင်ပါတယ်)  အပြင်ဘက်ဆုံးက မိုးဒါဏ် လေဒါဏ် ခံနိုင်အောင် ဆောက်ထားတဲ့ reactor building ဖြစ်တယ်ဆိုတာ သိရတယ်။ တကယ့် ပေါင်းဖိုရဲ့ အတောင့် တင်းဆုံး ပေဝက်ခန့်ထူတဲ့စတီးနဲ့လုပ်ထားတဲ့တတိယအကာ ကတော့ ဘာမှ မထိခိုက်ဘူး လို့သိရတယ်။  (ဒါကို နောက်ပိုင်း ထပ်ပြောရင် အပြင်အဆောက်အဦး ဟိုက်ဒရိုဂျင်ပေါက်ကွဲမှုလို့ပြောမယ်) အဲ့ဒီပေါက်ကွဲမှုကြောင့် အလုပ်သမား (၄)ယောက်ဒါဏ်ရာရတယ်လို့သိရတယ်။

နောက် အဲ့နေ့ ညနေ ၅း၃၅ မှာ NHK (ဂျပန်သတင်းအေဂျင်စီ) က ကြေညာချက်ထုတ်တယ်။ ဖူကူရှီးမား တဝိုက်မှာ ရှိတဲ့နေထိုင်သူတွေကို အိမ်ထဲမှာ နေရန်၊ တံခါး၊ပြတင်းပေါက်တွေ ပိတ်ထားရန်၊ အဲ့ယားကွန်းမသုံးရန်၊ ပါးစပ် နှာခေါင်း တွေကို Mask အုပ်ထားရန်၊ ရိုးရိုးရေပိုက်ကလာတဲ့ရေ (tap water) ကိုမသောက်ရန်၊ (ပုံမှန်အားဖြင့် ဂျပန်မှာ tap water ဟာ သောက်ရန်စိတ်ချရပါတယ်) နောက် စက်ရုံနဲ့ ကီလိုမီတာ ၂၀ ပါတ်လည်အတွင်းကို (၁၂မိုင်) လေယာဉ်မပျံသန်းရဇုံသတ်မှတ်လိုက်ပါတယ်။ စက်ရုံထဲမှာ ရှိနေတဲ့ ဆေးအဖွဲ့ နဲ့ တခြားပညာရှင် တွေနဲ့ဖွဲစည်းထားတဲ့ ရေဒီရေးရှင်း ကိတ်စကို ကိုင်တွယ် ကုသမယ့် အဖွဲ့ကို ၅ကီလိုမီတာ အကွာထိ ရဟတ်ယာဉ်တွေနဲ့ ရွှေပြောင်းလိုက်တယ်။

နောက် (၁၂)ရက် ည ၈း၀၅ မှာ အအေးခံစနစ်အတွက် boric acid + ပင်လယ်ရေစသုံး ပီး ပေါင်းဖိုထဲကို စသွင်းတယ်။ ပေါင်းဖိုပြည့်အောင် ၅-၁၀ နာရီ ထိကြာအောင် ဖြည့်ရနိုင်ပြီး ပေါင်းဖိုအေးသွားအောင်ဆိုရင် ၁၀ ရက်လောက် အချိန်ကြာနိုင်တယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် ပေါင်းဖိုထဲကို လုံးဝသန့်တဲ့ ရေကိုသာ ထည့်ရတယ်။ ခုလိုပင်လယ်ရေထည့်လိုက်တဲ့ အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ရေဒီယိုသတ္တိကြွပစည်းတွေ ထွက်လာနိုင်တယ်။

ဒါပေမယ့် တခြားနည်းလမ်းမရှိတော့ သုံးရတာပါ။  ဒီလိုဖြည့်တဲ့ လုပ်ငန်း ဟာ မတ်(၁၄) မနက် ၁း၁၀ နာရီမှာ ရပ်သွားတယ်။ ဘာလို့လဲဆိုတော့ စက်ရုံက ရေကန်ထဲမှာ ပင်လယ်ရေ ပြတ်သွားလို့..လို့သိရတယ်။ အလားတူပဲ ပေါင်းဖို နံပါတ် (၃) မှာလဲ ရပ်လိုက်ရတယ်။ ဒါပေမယ့် မနက် ၃း၂၀ မှာ ပြန်လည်စတင်တယ်။
မတ်လ (၁၆) ရက်မှာတော့ နောက်ဆုံးအခြေအနေက..လောင်စာရဲ့ ရ၀% ဟာ ပျက်စီး သွားပီလို့သိရပါတယ်။

ပေါင်းဖိုနံပါတ် (၂) အကြောင်းကို ဆက်လက်တင်ပါမယ်။

ကိုဆန်းမော် sannmaw.com

2 comments:

  1. နံပါတ်(၂)လုပ်ပါဦးဗျ

    ReplyDelete
  2. very interesting and thank you alot for your time on explainating these stuffs.

    ReplyDelete