Thursday, 23 June 2011

ချာနိုဘိုင်း ညူကလီးယားပြဿနာ ဇာတ်သိမ်း

Chernobyl Nuclear Accident: Last Part

မီးလောင်ခြင်း
ပေါက်ကွဲမှု ၂ခု ဖြစ်တာကနေ အလွန်ပူပီး ရေဒီယိုသတ္တိကြွ နေတဲ့ လောင်စာချောင်းတွေ၊ ပေါင်းဖို နဲ့ အဆောက်အဦရဲ့
 အစိတ်အပိုင်း အစတွေ ဟာ လေထုထဲကို ထိုးတက်သွားပီး တခါ မိုးရွာချသကဲ့သို့ စက်ရုံနဲ့အနီးအနားတဝိုက် ပါတ်ဝန်းကျင်မှာ ပြန်ကျလာပါတယ်။ ထိုးတက်သွားတဲ့အမြင့်က ၁ကီလိုမီတာခန့် မြင့်တယ်လို့ သိရပီး၊ ပြန်ကျလာတဲ့အချိန်မှာတော့ ကြီးမားတဲ့ အရာဝတ္ထု့ တွေက အနီးအနားတဝိုက်မှာ လာကျပီး၊ ပေါ့ပါးတဲ့ အပိုင်းအစတွေနဲ့ ဓါတ်ငွေ့တွေကတော့ ဝေးလံတဲ့နေရာတွေထိ ရောက်ရှိပြန့်နှံ့ကုန်ပါတယ်။
ပေါက်ကွဲမှု့ဖြစ်ပီးတာနဲ့ ပေါင်းဖိုနံပါတ် (၄) ရဲ့ကျန်နေတဲ့ အဆောက်အဦး အစိတ်အပိုင်းတွေမှာ မီးစလောင်ပါတယ်။ ဒါ့အပြင် တခြား တာဘိုင်ခန်း၊ ဒီဇယ်လောင်စာလှောင်တဲ့အခန်း၊ နဲ့ တခြားနေရာတော်တော်များများမှာ ပါ မီးတွေလောင်ပါတယ်။ စက်ရုံနဲ့ အနီးက Pripyat မြို့က မီးသတ်သမား ၁၀၀ ကျော်ခန့် ပေါင်းပီး မီးငြိမ်းသတ်ကြတယ်။ ဒီအုပ်စုဟာ ရေဒီယိုဓါတ်ရောင်ခြည် အပြင်းအထန်ထိမှန်ခြင်းခံရတဲ့လူတွေဖြစ်လာကြတယ်။ ပထမဆုံးမနက် ၁နာရီ ၂၈ မိနစ် မှာ ရောက်လာတဲ့ မီးသတ်သမားအုပ်စုမှာ လူ ၁၄ ယောက်ပါတယ်။ နောက်ထပ် အကူတွေကတော့ မနက် ၄ နာရီထိုးမှထပ်ရောက်လာပါတယ်။ မနက် ၂နာရီ၁၀မိနစ်မှာ တာဘိုင်စက်ခန်းအပေါ်မှာလောင်နေတဲ့ အကြီးဆုံးမီးကို ငြိမ်းသတ်နိုင်ပီး၊ ၂နာရီ ၃၀ မိနစ်မှာတော့ ပေါင်းဖိုအခန်းမှာလောင်နေတဲ့ အကြီးဆုံးမီးကို ထိန်းချုပ်လိုက်နိုင်တဲ့ အဆင့်ကို ရောက်သွားပါတယ်။ မနက် ၅နာရီမှာတော့ ခုနပြောတဲ့မီးတွေကို ငြိမ်းသတ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ဂရက်ဖိုက် မီးစတင်လောင်ကြွမ်းလာပါတော့တယ်။  ဒါ့အပြင် မီးသတ်သမားတော်တော်များများဟာ မီးလောင်နယ်မှာ အဆင့်သင့် စောင့်ဆိုင်းနေရတဲ့အတွက် ရေဒီရေးရှင်းထိတာပိုဆိုး ကုန်ပါတယ်။ အမှန် ဖြစ်သင့်တာကတော့ မီးသတ်သမားတွေကို အလှည့်ကျ ဝင်ရောက်ငြိမ်းသတ်ခိုင်းမယ်ဆိုရင် တော့ အချိန်ကြာကြာရေဒီရေးရှင်းထိခြင်းကို ကာကွယ် တားဆီးနိုင်မှာဖြစ်ပါတယ်။  ဒီဂရက်ဖိုက် မီးလောင်ကြွမ်းမှု့ကြောင့်ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ လေထုထဲကို လွတ်ထွက်သွား ခြင်းကိုတားဆီးဖို့ခက်ခဲသွားပီ ရက် ၂၀ ခန့်ကြာအောင် အဲ့ဒီပစ္စည်းတွေလွတ်ထွက် ပျံ့နှန့် ကုန်ပါတယ်။ ရက် ၂၀ ခန့်ဆိုပေမယ့် ၁၀ ရက်လောက်ကြာပီး ဂရက်ဖိုက် မီးကို ငြိမ်းသတ်ပီးချိန်မှာတော့ အဲ့ဒီလိုလွတ်ထွက်တာ တော်တော်လေးလျော့နည်းသွား တာကို တွေရပါတယ်။
ပထမရိုးရိုးမီးလောင်တုန်းကတော့ မီးသတ်သမားတွေအနေနဲ့ငြိမ်းသတ်ရတာ အခက်အခဲမရှိပေမယ့်၊ပြင်းထန်တဲ့ ရေဒီရေးရှင်း ကြောင့် မီးသတ်သမား ၃၁ ယောက်ထိအသက်ဆုံးရှုံးမှု့ ရှိခဲ့ပါတယ်။ ပိုဆိုးစေတာကတော့ အထက်က ပြောခဲ့တဲ့ ဂရက်ဖိုက်မီး လောင်တာပါပဲ။ အဲ့ဒီအချိန်က နိုင်ငံတကာမှာကော ဆိုဗိယက်မှာပါ ဂရက်ဖိုက်မီးကို ဘယ်လိုငြိမ်းသတ်ရမယ်ဆိုတဲ့ နည်းပညာ လုံလုံလောက်လောက် မရှိသေးပါဘူး။ နောက်ထပ် စိုးရိမ်စရာအချက်ကတော့ ဂရက်ဖိုက်မီးကို ငြိမ်းသတ်တာ အဆင်မသင့်ရင် ညူလောင်စာချောင်းတွေကနေ လွတ်ထွက်လာမယ့် ရေဒီရေးရှင်း တွေကိုပိုမို များပြားလာအောင် လုပ်သလို ဖြစ်မှာလဲစိုးရိမ် ရပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုဆုံးဖြတ်လိုက်ကြသလဲဆိုရင်၊ ဒီဂရက်ဖိုက်မီးကို ငြိမ်းသတ်ရာမှာ သူ့အဆင့်နဲ့သူ အန္တရာယ် ရှိတဲ့အဆင့် တိုင်းအတွက်စဉ်းစားပီးငြိမ်းသတ်ဖို့ စဉ်းစားဆုံးဖြတ်လိုက်ကြပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ မီးလောင်တာကို တားဆီးဖို့နဲ့၊ ရေဒီယိုသတ္တိကြွတာကို တာဆီးဖို့အတွက် ဘိုရွန်(တန်၄၀)၊ ခဲ သတ္ထု(တန် ၂၄၀၀)၊ ရွံ နဲ့သဲ (တန် ၁၈၀၀)၊  dolomite (တန် ၆၀၀)၊  နောက် sodium phosphate and polymer liquids (တန် ၁၅၀) ခန့် တို့ကို အေပရယ် ၂၇၊ ၂ဂ၊ ၂၉၊ ၃၀ နဲ့ မေ ၁ ရက် ၂ ရက် အတွင်းမှာ ရဟတ်ယာဉ်ပေါင်း ၁၈၀၀ ခန့်သုံးပီး သုံးပီး ဓါတ်ပေါင်းဖို အပေါ်ကနေကြဲချခဲ့ပါတယ်။  အဲ့လိုကြဲချရာမှာ ပထမဆုံးရဟတ်ယာဉ်နဲ့ ကြဲစဉ် ရဟတ်ယာဉ်ကို ဓါတ်ပေါင်းဖို အပေါ်တည့်တည့်ကနေရပ် ပြီးကြဲကြည့်တယ်။ ဒါပေမယ့် အဲ့လိုကြဲရာမှာ ရဟတ်ယာဉ်ကိုအပေါ်တည့်တည့်မှာ ရပ်ထားတဲ့ အတွက် ရဟတ်ယာဉ်မောင်းသူမှာ ပြင်းထန်တဲ့ရေဒီရေးရှင်း ကြရောက်ခြင်းကိုခံစားရတာတွေရတဲ့အတွက်နောက် အခေါက်တွေမှာ ရဟတ်ယာဉ်ကို ရပ်မထားတော့ပဲ ပျံသန်းနေပီးတော့ပဲ ခုနပစ္စည်းတွေကို ကြဲချဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲ့လိုလုပ်လိုက်တဲ့အတွက် ရဟတ်ယာဉ်မောင်းသူတွေမှာ ရေဒီရေးရှင်းထိရောက်မှု့ကိုလျော့ချနိုင်ပေမယ့် အောက်ခြေက အဆောက် အဦးတွေ အပျက်အစီးပိုများလာပီး၊ ပါတ်ဝန်းကျင်ကိုရေဒိယိုသတ္တိကြွပစ္စည်းတွေ ပျံနှံ့မှု့ပို များသွားတဲ့ အဖြစ်အပျက်တွေတော့ ရှိလာခဲ့တယ်။
ဒီနေရာမှာ ဘိုရွန် ဓါတ်ပစ္စည်းကို ညူလောင်စာဓါတ်ပြု့နုန်း လျော့ကျစေရန် သုံးပီး၊ dolomite ကိုတော့ အပူအမြန်လျော့ ကျစေရန်နဲ့ မီးဆက်လက်လောင်ကြွမ်းခြင်းကို ကာကွယ်တားဆီးရန်အတွက် သုံးပါတယ်။ ခဲ့သတ္ထုကိုတော့ ရေဒီရေးရှင်းထွက်တာကို ကာကွယ်ဖို့ရန်နဲ့ ရွံနဲ့သဲကိုတော့ ရေဒီယိုသတ္တိကြွပစ္စည်းတွေ လွတ်ထွက်မသွားအောင်အုပ်ထားဖို့ ရည်ရွယ်ပါတယ်။  နောက်ပိုင်းမှာ တွေရှိချက်အရ ဒီပစ္စည်းတွေဟာ ချချင်တဲ့နေရာပေါ်ကိုတည့်တည့်မတ်မတ် မကျပဲ များသော အားဖြင့် မလိုတဲ့နေရာတွေကိုပျံ့နှံ့ရောက်ရှိကုန်ကြောင်းတွေရတယ်။ သူတို့ကြောင့် အပူကိုအောင်းထားသလိုဖြစ်စေပီး တပါတ် ခန့်အကြာမှာ နောက်ထပ်ပေါက်ကွဲမှု့ကိုထပ်မံ ဖြစ်ပေါ်စေကြောင်းတွေရှိရတယ်။
မတော်တဆမှု့ဖြစ်ပီး ၈ ရက်အကြာမှာတော့၊ လောင်စာချောင်းပျော်ရည်ဟာ ပေါင်းဖိုအောက်ခံ biological shield ကိုဖေါက်ထွက်ပီး ကြမ်းခင်းပေါ်မှာပြန့်ကျဲ့ကုန်တယ်။ ဒီလိုပြန့်ကျဲ့ကုန်တဲ့အတွက် ရေဒီယိုသတ္တိကြွပစ္စည်း တွေပိုမိုထွက် လာနိုင်ပီး သူတို့ကမှ ရေနဲ့ထိတွေ့ဓါတ်ပြု့ကာရေဒီယိုသတ္တိကြွ အခိုးအငွေ့တွေ ထွက်ပေါ်လာမည့် အန္တရာယ်ကို မြင့်မားစေကြောင်းတွေ့ရတယ်။  မေလ ၉ ရက်နေ့မှာတော့၊ ဂရက်ဖိုက်မီးကို ငြိမ်းသတ်နိုင်လိုက်ပီး၊ ဒီပေါင်းဖို ကို လုံးဝ ဖုံးအုပ် ရန်အတွက် ကွန်ကရစ်အကာအရံကို စတင်တည်ဆောက်တယ်။ တနည်းပြောရရင် ဓါတ်ပေါင်းဖိုကို ဂူသွင်းမြုပ်နှံတယ်ပြောရ မှာပေါ့။ ရိုးရိုးဂူသွင်းတာထက် ပိုတာက၊ ဓါတ်ပေါင်းဖိုရဲ့ အောက်ခြေကနေ တူမြောင်းတူးပီး ကွန်ကရစ်ခံလိုက်တယ်၊ ဒီနည်းအားဖြင့် ပေါင်းဖိုကို ရိုးရိုးပိတ်လိုက်တာမဟုတ်ပဲ၊ ပေါင်းဖိုထဲက အရည်ပျော်ပျက်စီးသွားတဲ့ သတ္တုတွေကို မြေအောက်ရေတွေ ထဲကိုရောက်ရှိမသွားအောင် တားထားလိုက်တဲ့သဘောပေါ့။ ဒီအလုပ်ကို လူပေါင်း ၄၀၀ နဲ့ ၁၅ ရက်အတွင်းအပီး ပြု့လုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က စလို့ ချာနိုဘိုင်း ဓါတ်ပေါင်းဖို ယူနစ် ၄ ကို ယနေ့တိုင် ပိတ်ထားလိုက်ပါတော့တယ်ဗျာ။
ကဲ ပီးပါပီ။ အားလုံးကျန်းမာ ရွှင်လန်းကြပါစေဗျာ။
ကိုဆန်းမော်











Wednesday, 1 June 2011

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၆)


Chernobyl Nuclear Accident Part 6 

စမ်းသပ်မှု့လုပ်စဉ်အတွင်းမှာ အဲ့ဒီက လူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုခံယူချက်ရှိလဲဆိုရင် လွန်ကဲ သော ကိုယ့်ကိုယ် ကို ယုံကြည်မှု့ဆိုတဲ့ (over-confidence) ရှိနေပါတယ်။ ဘာလို့လဲဆိုရင် အဲ့ဒီအချိန်တုန်းက ဓါတ်ပေါင်းဖို ဟာ နောက်ဆုံးပေါ်ဖြစ်တဲ့အပြင် တခြားသော RBMK type ညူစက်ရုံတွေ ရဲ့ စံပြ မော်ဒယ်ဖြစ်ပါတယ်။ ဒီလို စက်ရုံမှာ တာဝန်ထမ်းဆောင်ရတဲ့လူတွေဟာလဲ.. သက်ဆိုင်ရာနယ်ပယ်မှာ စံပြအဖြစ်ရွေးချယ် ခံခဲ့ရတဲ့ လူတွေဖြစ်တဲ့ အခါကျတော့ သူတို့ စိတ်ထဲမှာ သူတို့ကို သူတို့ (Elite Crew) သိပ်တော်တဲ့လူတွေ လို့ ခံစားနေရတဲ့ သဘောထားရှိနေခဲ့တယ်လို့ ယူဆရတယ်ပေါ့။ 

Tuesday, 31 May 2011

Chernobyl Nuclear Accident Part 5

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၅)

ယူနစ်(၄) ပေါင်းဖို ကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု့တွေလုပ်ရန်အတွက် အနေနဲ့ ၁၉၈၆ အေပရယ် ၂၅ ရက် နေ့မှာ ပိတ်ချ လိုက်ရန် အစီအစဉ်ရှိပါတယ်။ ဒီလိုပိတ်မည့် ကိစ္စရှိတဲ့ အပေါ်မှာ မှ စမ်းသပ်ချက်လုပ်ပီး ပိတ်ဖို့ စဉ်းစားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာက သူတို့လုပ်မယ့် စမ်းသပ်ချက်က ပေါင်းဖို ပိတ်သွားဖို့ လိုအပ်တဲ့ လျှပ်စစ်စွမ်းအားကို အခြားပြင်ပ ကနေ မယူဘဲ ဓါတ်ပေါင်းဖိုကနေ ပဲ ပြန်လည် ရယူပီး ပိတ်ကြည့်ချင်တာပါ။ တနည်း ရှင်းပြရမယ်ဆိုရင်တော့ ပေါင်းဖိုကို ပိတ်လိုက်ရင် ရိုးရိုး ဓါတ်ဆီ၊ ဒီဇယ် စတဲ့ သဘာဝ လောင်စာသုံးတဲ့ စက်တွေလို ဒီတိုင်း ပိတ်ချလိုက်လို့မရပါဘူး။ သူဟာ ညူကလီးယားလောင်စာကို သုံးထားတာ ဖြစ်တဲ့အတွက် လောင်စာတွေကို ဆက်လက်အအေးခံဖို့ အတွက် အအေးပေးစနစ် (ရေစုပ်စက် တွေ၊ ပန်ကာတွေ) စတာတွေကို ဆက်လက် လှည့်ပါတ်နေဖို့လို့ပါတယ်။ အဲ့ဒီအတွက် လျှပ်စစ် စွမ်းအားလို့ပါတယ်။ ဒီလိုတဲ့ လျှပ်စစ် စွမ်းအားကို ရနိုင်တဲ့ နည်းက ယေဘုယျ အားဖြင့် ၃ နည်း ရှိပါတယ်။

Monday, 30 May 2011

Chernobyl Nuclear Accident Part 4

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၄)

ဒီ ချာနိုဘိုင်း ညူကလီးယားစက်ရုံမှာ RBMK-1000 Type ဓါတ်ပေါင်းဖို အမျိုးအစား unit-1, unit-2, unit-3, unit-4 ဆိုပီး ၄ လုံး ရှိပါတယ်။ အဲ့ဒီထဲက မှ unit-1 နဲ့ unit-2 ကို ၁၉၇၀ နဲ့ ၁၉၇၇ မှာ တည်ဆောက် ခဲ့ပီး။ ယူနစ် ၃ နဲ့ ၄ ကိုတော့ ၁၉၈၃ မှာ တည်ဆောက်ပြီးခဲ့တယ်။ ဒါ့အပြင် ယူနစ် ၅ နဲ့ ၆ ဟာလည်း ပေါက်ကွဲမှု့ဖြစ် တုန်းက တည်ဆောက်နေဆဲ အခြေအနေမှာဖြစ်တယ်လို့သိရတယ်။ အဲ့ဒီထဲကမှ ယူနစ် ၄ မှာ အေပရယ် ၂၆ ရက် ၁၉၈၆ မှာ ပေါက်ကွဲမှု့ဖြစ်ခဲ့တယ်။
 ပေါက်ကွဲမှု့ဖြစ်စေတဲ့ အဓိက ကျတဲ့ အချက် အလက်တွေက တော့ အောက်ပါအတိုင်းဖြစ်တယ်။

Sunday, 29 May 2011

Chernobyl Nuclear Accident Part 3

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၃)

မနေ့က ဓါတ်ပေါင်းဖိုကနေ လျှပ်စစ်ဘယ်လိုထုတ်သလဲဆိုတာထိပြောပီးသွားပီ။ တခုပြောဖို့ကျန်သွားတာက ပေါင်းဖိုရဲ့ graphite blocks တွေကြားမှာ နိုက်ထရိုဂျင် နဲ့ ဟီလီယမ် ဓါတ်ငွေ့ အရောကို ထည့်ပီး လှည့်ခိုင်းထားတယ်။ ဘာ့ကြောင့်လှည့်ခိုင်းထားတာလဲ ဆိုရင်တော့ graphite တွေကို အောက်စီဂျင်နဲ့ဓါတ် ပြုပီး oxidation ဖြစ်ပေါ်မှု့ကနေ ကာကွယ်ဖို့နဲ့ လောင်စာချောင်းတွေက ထွက်လာတဲ့ အပူစီးကူး မှု့ကို ပိုမို ကောင်းမွန် အောင် ပြု့လုပ်ပေးဖို့ဖြစ်တယ်။

Saturday, 28 May 2011

Chernobyl Nuclear Accident Part 2

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၂)

၁၉၈၆ မှာ (USSR) လို့ခေါ်တဲ့ ဆိုဗီယက်မှာ ညူဓါတ်ပေါင်းဖို ၄၃ လုံးကနေကမ္ဘာစွမ်းအင် ရဲ့ ၁၀ ရာခိုင်နုန်း လောက်ကို ထုတ်ပေးနေတယ်လို့သိရတယ်။ မီဂါဝပ်အားဖြင့်ကတော့ ၂သောင်း၇ထောင်လောက်ရှိမယ်။ အဲ့တုန်းက နောက်ထပ် ပေါင်းဖို ၃၆လုံးကို တည်ဆောက်နေဆဲ ဖြစ်ပီး မီဂါဝပ် ၃သောင်း ၇ ထောင် လောက်ထုတ်ဖို့မှန်းထားခဲ့တယ်လို့သိရတယ်။ ၁၉၈၆ တုန်း ညူကလီးယားပေါက်ကွဲမှု့မ တိုင်ခင်မှာ ချာနိုဘိုင်းမှာ နောက်ဆုံးပေါ် ဓါတ်ပေါင်းဖိုအမျိုးအစား RBMK-type ၄ လုံးလည်ပါတ် နေတယ်လို့သိရပီး၊

Chernobyl Nuclear Accident Part 1

ချာနိုဘိုင်း ညူကလီးယားပြဿနာ အပိုင်း (၁)


ကဲဒီနေ့တော့ မကောင်းမွန်ဝင်း မနေ့က ကွန်းမန့် လာရေးသွားတော့ တွန်းအားလေး ရှိတုန်း စာနည်းနည်း ရေးတင် လိုက်ပါဦး မယ်ဗျာ။ မကောင်းမွန် ဝင်း နဲ့ တခြားသောစာဖတ်သူများဗျာ ခုလိုလာရောက်အားပေးတာ ကျေးဇူးပါနော့်။ ခုတလောက ဘွဲ့အတွက် သီးစစ်စာအုပ် ရေးနေတာဆိုတော့ ဘလောဂ့် ဘက်မလှည့်နိုင်တာ အတော်ကြာသွားတယ်။ ဆောရီးဗျာ ခုစာအုပ်ရေးတာတော့ အကြမ်းလက်စ သပ်ထားပီ ဆိုတော့ တပါတ် ၂ ပုဒ် ၃ ပုဒ်လောက်တော့ ရေးနိုင်မယ်လို့ တော့ ယူဆရပါတယ်။ အဲ့ Presentation လုပ်ရမယ့်ရက်နီးလာရင်တော့ တခါ ခနလောက်တော့ ရပ်သွားဦးမယ်ထင်တယ်နော်။ ဒါကတော့ စကား မစပ် ကြိုပီး အသိပေးထားတဲ့သဘောပါ။ ဒီနေ့ ကတော့ အရင်တုန်းက ပြောထားတဲ့ အကြွေးကျန်နေသေးတဲ့ ချာနိုဘိုင်းအကြောင်း အခန်းဆက်ဆောင်းပါး ပထမပိုင်းကို တင်မယ်လို့စိတ်ကူးတယ်။ အခန်းဆက်ဖြစ်သွား တဲ့သဘောကတော့ ခုတလော သီးစစ် အတွက် ပြင်ဆင်ရတာရယ် ကြောင့်အချိန်သိပ်မရတာရယ်နောက် ချာနိုဘိုင်းအကြောင်းက နည်းနည်းရှည်တာဖြစ်တဲ့အတွက် အခန်းဆက်ဖြစ်သွားကြောင်းပါဗျာ။